Tuesday, October 29, 2013

တွေးမိသမျှ ဗြုပ်စဗျင်းတောင်း (၉)


အာဏာရမှသာ တိုင်းပြည်ထူထောင်နိုင်မယ် ၊ ဒီမိုကရေစီ ထူထောင်နိုင်မယ်ဆိုတာ အာဏာနိုင်ငံရေး အယူအဆ သက်သက်သာဖြစ်တယ် ။ ဒီမိုကရေစီ စံနစ်ဆိုတာ အာဏာရှင်စံနစ်လို တဦးတယောက်ထဲက အာဏာ လက်ဝါးကြီးအုပ်ထားနိုင်ခွင့်မရှိဘူး ။

တဦးတယောက်ထဲရဲ့ ခေါင်းဆောင်မှုအောက်မှာ မရှိဘူး ။ အာဏာနိုင်ငံရေးကို ရွံမုန်းလို့ တိုက်နေကြတုန်း အာဏာလိုချင်မှု ၊ အာဏာထိန်းချုပ်လိုမှုတွေ ရှေ.တန်းရောက်လာတာ မြင်နေရတယ် ။ ဒီမိုကရေစီဆိုတာ ပြည့်သူ့အာဏာ ၊ တဦးတယောက်ရဲ့ အာဏာမဟုတ်ဘူး ။ အားလုံးပါဝင်နိုင်ရမယ် ၊ ပွင့်လင်းမြင်သာမှု ရှိရမယ်ဆိုတဲ့ အခြေခံမူတွေဟာ ဒီမိုကရေစီရဲ့ အနှစ်သာရတွေပဲ ဖြစ်တယ် ။
စစ်တပ်ကိုအသုံးချပြီး အာဏာချုပ်ကိုင်ခြင်း ၊ စီးပွားရေးကို အသုံးချပြီး အာဏာချုပ်ကိုင်ခြင်း နဲ့ နိင်ငံရေးကိုအသုံးချပြီး အာဏာဆုပ်ကိုင်ခြင်း တွေကို အာဏာနိုင်ငံရေးလို့ခေါ်တယ် ။
စစ်အာဏာရှင်မှ အာဏာနိုင်ငံရေးမဟုတ်ဘူး ။ နိုင်ငံရေးအရ အာဏာချုပ်ကိုင်လိုမှုဟာလည်း အာဏာနိုင်ငံရေးပဲ ။ စစ်အာဏာရှင်ကလည်း အကြောင်းပြချက်နဲ့ အာဏာချုပ်ကိုင်သလို ၊ နိုင်ငံရေးသမားကလည်း နိုင်ငံရေးအကြောင်းပြချက်နဲ့ အာဏာချုပ်ကိုင်တာပဲ ။
စီးပွားရေးပိတ်ဆို့မှုကို အကြောင်းပြ အသုံးချတာလည်း အာဏာနိုင်ငံရေးပဲ ။
သက်ဦးဆံပိုင် အတွေးအခေါ်ဖြစ်တဲ့ ငါမှတပါး အခြားမရှိဆိုတဲ့ အယူအဆတွေဟာ ၂၁ ရာစုနဲ့ အံမဝင်တော့ဘူး ။ ကျွန်တော်တို့ဟာ ဒီလိုအတွေးအခေါ်တွေကို တော်လှန်ခဲ့လို့ ဒီနေ့ရလဒ်တွေကို ပိုင်ဆိုင်နေကြတာဖြစ်တယ် ။ လက်ရှိရလဒ်တွေပိုမိုကောင်းမွန်ဖို့အတွက်
အာဏာနိုင်ငံရေးနဲ့ ပုဂ္ဂိုလ်ရေး ကိုးကွယ်ခြင်းတွေကို အမြစ်ဖြတ်ပစ်ရမယ် ။
သူသူငါငါ နိုင်ငံရေးလုပ်နိုင်စွမ်းရှိတယ်ဆိုတဲ့ အတွေးအခေါ်တွေပိုင်ဆိုင်သင့်တယ် ။ တဦးတယောက်ကသာ နိုင်ငံကို ဦးဆောင်နိုင်မယ်ဆိုတဲ့ အတွေးအခေါ်ဟာ ပဒေသရာဇ် အတွေးခေါ် မင်းလောင်းမျှော်ဝါဒ သက်သက်သာဖြစ်တယ် ။
နိုင်ငံရေးသမားတွေ သမ္မတဖြစ်ချင်တဲ့ ကိစ္စဟာ အဆန်းမဟုတ်ပေမဲ့ သမ္မတ ဖြစ်ရေးကို တိုင်းပြည်အရေးထက် ရှေ.တန်းတင်လာမယ်ဆိုရင် တိုင်းပြည်မငြိမ်သက်မှုတွေ နိုင်ငံရေးမငြိမ်မသက်ခြင်းတွေ ကြီးထွားလာနိုင်တယ် ။
ပြည်ပဖိအားတွေအားကိုးခြင်း ၊ ပြည်တွင်းမှာ မငြိမ်သက်မှုတွေ ဖန်တီးခြင်းတွေနဲ့ အာဏာဆုပ်ကိုင်လိုခြင်းဟာ အာဏာနိုင်ငံရေး အရှိန်မသေခြင်းရဲ့ သဘောပဲ ။ ကိုယ့်ရဲ့အာဏာကို တိုင်းပြည်ရဲ့ အရေးထက် ရှေ.တန်းတင်နေခြင်းတွေပဲဖြစ်တယ် ။
ဒီမိုကရေစီစံနစ်ဟာ အာဏာနိုင်ငံရေးကို လုံးဝ ဆန့်ကျင်တဲ့ စံနစ်ပဲဖြစ်တယ် ။ အေးငြိမ်းစွာ ဒီမိုကရေစီ စံနစ်ကို ကူးပြောင်းဖို့စိတ်ကူးရှိတယ် ဆိုရင် အာဏာနိုင်ငံရေးကို အသက်သွင်းနေခြင်းဟာ မှားယွင်းမှုတခုပဲ ။
တိုင်းပြည်မငြိမ်သက်ရင် အရင်ဆုံးခံရမဲ့သူတွေက တောသူတောင်သားတွေ၊ အောက်ခြေဝန်ထမ်းတွေနဲ့ လက်လုပ်လက်စားတွေပဲ ။ တိုင်းပြည်ကို ဆင်းရဲတွင်းထဲက ရုန်းမထွက်နိုင်ရခြင်း အကြောင်းတရားတွေဟာ ဂျာအေး သူ့အမေရိုက်သလို အာဏာရလိုခြင်းတွေ
အပေါ်မှာ အခြေခံနေလို့ ရာစုနှစ်ဝက်ကျော် အာဏာနိုင်ငံရေး အယူအဆအောက်က မထွက်နိုင်ခဲ့ကြဘူး ။ အာဏာနိုင်ငံရေးဟာ နိုင်ငံရေး မငြိမ်သက်ခြင်းကိုဖန်တီးလိမ့်မယ် ။ နိုင်ငံရေး မငြိမ်သက်လေ တိုင်းပြည်ဟာ ဆင်းရဲလေ ဖြစ်နေအုန်းမှာပဲ ။
ကမ္ဘာအရှည်ကြာဆုံး နှစ် ၆၀ ကျော်ပြည်တွင်းစစ်ရဲ့ အခြေခံအကြောင်းတရားဟာ အာဏာနိုင်ငံရေးကြောင့်ပဲ ။ ပြည်တွင်းငြိမ်းချမ်းရေးဆိုတာ အာဏာနိုင်ငံရေး ချုပ်ငြိမ်းခြင်းရဲ့ သင်္ကေတ ၊
ကမ္ဘာ.နိုင်ငံတွေ အမှားတွေဆီက သင်ခန်းစာယူနေကြချိန် အရိုန်အဟုန်နဲ့ စီးပွားရေးနယ်ချဲ့နေကြချိန် ၊ မြန်မာနိုင်ငံဟာလည်း အာဏာနိုင်ငံရေး အယူအဆတွေကနေ ရုန်းထွက်သင့်ပြီ
လူဆိုတာ မျက်စိထဲ မြင်နေကြားနေကျ ဖြစ်လာရင် ကောင်းမှုဖြစ်စေ ၊ မကောင်းမှု ဖြစ်စေ သာမာန် ထမင်းစားရေသောက် ကိစ္စလိုဖြစ်လာတယ် ။ အမှားတွေကို ဖြစ်ရိုးဖြစ်စဉ် သဘာဝတရားလို့ထင်လာတယ် ။ အမှားတွေကြာတော့ အမှန်တွေ ဖြစ်လာတယ် ။
ပြည်တွင်းမှာ အရိုးစွဲနေတဲ့ အာဏာနိုင်ငံရေးအတွေးအခေါ်တွေ ၊ ပိုဂ္ဂိုလ်ရေးကိုးကွယ်တာတွေ ၊ မင်းလောင်းမျှော်တာတွေဟာ ဓလေ့ထုံးတမ်း အရ ၃၇ မင်းနတ်တွေကို ကိုးကွယ်နေကြသလိုဖြစ်နေတယ် ။ ဘာကြောင့် ၊ ဘာအတွက်လည်းဆိုတဲ့ အကြောင်းပြချက်တွေကတော့ လက်တွေ.မဆန်သော ၊ လိုရာဆွဲသော ၊ ဝေဝေဝါးဝါး အကြောင်းပြချက်တွေသာ ပေးကြလိမ့်မယ် ။
အခြားနိုင်ငံတွေလို ပြည်ပထွက် စီးပွားရေးနယ်ချဲ.ဖို့နေနေသာသာ ၊ ပြည်တွင်းကို ပြည်ပ ရင်းနှီးမြုပ်နှံမှုတွေ ဝင်လာရေးကိုပင် ပိတ်ပင်လိုသော အာဏာရူး။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...