ကယ်လီဖိုးနီးယားတွင် ငလျင်လှုပ်မည်ဟု ကောလာဟလများ ထွက်ပေါ်
Author: lubo601 | 10:17 PM | No မှတ်ချက် |
Cloud Cuckoo Land shared Zin Yaw's photo.
မြွေနဂါးသဖွယ်
ရှည်လျားသည့် လှော်တက်ငါးကြီးများကို တွေ့ရှိရပါက ခြောက်ခြားစရာ အတွေ့အကြုံများ ကြုံရမည်ဟု ဂျပန်ရှေးဟောင်း ဒဏ္ဍာရီများက ယုံကြည် ညွှန်းဆိုကြ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ကမ်းခြေဒေသတွင် လှော်တက်ငါးခေါ် ကြီးမားရှည်လျားသည့် ငါးကြီးများ ကမ်းတင် သေဆုံးသည့်နောက် ငလျင်ကြီး လှုပ်ခတ်နိုင်ကြောင်း ကောလာဟလများ ပျံ့နှံ့လာခဲ့သည်။
အရှည် (၁၄)ပေ နီးပါးမျှ ရှိသည့် လှော်တက်ငါးကြီး တစ်ကောင်သည် အိုးရှင်းဆိုက် မြို့အနီး ကမ်းခြေတွင် သောင်တင် သေဆုံးနေသည်ကို တွေ့ရှိရသည်။ ယင်းမတိုင်မီ (၅)ရက်မျှကလည်း အလားတူ ငါးကြီးတစ်ကောင်သည် ကယ်လီဖိုးနီးယားတွင် သေဆုံးနေခဲ့သေးသည်။ ယင်းငါးကြီးမှာ ပိုမိုကြီးမားပြီး (၁၇)ပေမျှထိ အရှည်ရှိခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ လူမှုကွန်ရက် ဝက်ဘ်ဆိုက်များတွင် ရှေးဟောင်း ဂျပန် ဒဏ္ဍာရီ ယုံတမ်းတစ်ခုကို ကိုးကားပြီး တုန်လှုပ်စရာ ကောလာဟလများ ပျံ့နှံ့လာခြင်း ဖြစ်သည်။
မြွေနဂါးသဖွယ် ရှည်လျားသည့် လှော်တက်ငါးကြီးများကို တွေ့ရှိရပါက ခြောက်ခြားစရာ အတွေ့အကြုံများ ကြုံရမည်ဟု ဂျပန်ရှေးဟောင်း ဒဏ္ဍာရီများက ယုံကြည် ညွှန်းဆိုကြသည်။ သာမန်အားဖြင့် လှော်တက်ငါးများသည် အလွန်ရှားပါးပြီး တွေ့မြင်ရန် ခက်ခဲလေ့ရှိကြောင်း သိရသည်။ သို့သော်လည်း ရက်ပိုင်းအတွင်း လှော်တက်ငါး အသေကောင်နှစ်ခု ဆက်တိုက်လိုလို ကမ်းတင်လာသည့်နောက် ယုံတမ်းများအပေါ် အယူသီးသူအချို့က ယုံကြည် ကြောက်ရွံ့လာကြသည်။ လှော်တက်ငါးတို့သည် အလွန်နက်ရှိုင်းသော ပင်လယ်ပြင်အောက်ခြေတွင် နေထိုင်ပြီး ကမ်းခြေသို့ လာရောက်လေ့ မရှိချေ။ ဇီဝဗေဒ ပညာရှင် တစ်ဦးဖြစ်သူ ရုဖ်ဇက်တာကမူ ဒုတိယမြောက် ငါးကြီးကို စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ရောဂါပိုး ပါဝင်မှု အလွန်နည်းပါးပြီး ချက်ပြုတ်စားသောက်ရန် အသင့်တော်ဆုံး ရှိနေကြောင်း အရွှမ်းဖောက်ခဲ့သည်။ "စားလို့ကောင်းမယ့်ပုံပဲ။ တစ်ခုပဲရှိတယ်။ ခင်ဗျားမှာ (၁၃)ပေလောက်ရှည်တဲ့ ဒယ်အိုးတော့ လိုမှာပေါ့လေ"ဟု ၎င်းက ရယ်ရယ်မောမော ဆိုသည်။ အမေရိကန် သုတေသီများသည် ဂျပန်နိုင်ငံ၊ ဖူကူရှီးမား နျူကလီးယား ဓာတ်ပေါင်းဖို ယိုစိမ့်မှုနှင့် ယခုငါးများ သေဆုံးမှု ဆက်နွယ်ခြင်း ရှိမရှိ စမ်းသပ်ခဲ့သော်လည်း ရေဒီယို သတ္တိကြွနေမှု အထောက်အထား မတွေ့ရှိခဲ့ချေ။ လှော်တက်ငါးကြီးများသည် ပေ(၅၀)နီးပါးမျှထိ ကြီးထွားနိုင်ကြပြီး ရေအနက် ပေ(၃၀၀၀)ကျော်မျှတွင် ကျင်လည် ကျက်စားတတ်ပြီး အပူပိုင်းဒေသ သမုဒ္ဒရာများတွင် နေထိုင်လေ့ရှိကြောင်း သိရှိရသည်။
Credit To: Planet Myanmar Network @[385811024844506:274:Zin Yaw]
- ပြန်လည်မျှဝေပါ
- Facebookသို့
- Twitterသို့
- Google+သို့
- Stumbleသို့
- Diggသို့
0 comments:
Post a Comment