အရာရာတိုင်းဟာ “၀င်လေ ထွက်လေ”
“၀င်လေ ထွက်လေ”ဆိုတာ အများသိပြီးသားဖြစ်တဲ့ “အာနာပါန ကမ္မဌာန်း” အာရုံပါဘဲ။
အသက်ရှူမှုဖြစ်စဉ်ကို စူးစိုက်ကြည့်ခြင်းအားဖြင့်
အဲဒီ အသက်ရှူမှုဖြစ်စဉ်ကို စူးစိုက်ကြည့်ရာမှ ဖျတ်ကနဲ ၀င်လာတဲ့ အတွေးတစ်စကို ဆန့်ထုတ်လို့ မျှဝေလိုက်ပါတယ်။
သက်ရှိတိုင်းဟာ ဘ၀တစ်ခုရလာပြီဆိုရင် သဘာဝကပေးလိုက်တဲ့ လက်ဆောင်က ပါလာပြီးသားပဲ။ အဲဒါက “၀င်လေ ထွက်လေ” ဆိုတဲ့ ပုံမှန်အသက်ရှူမှုပဲပေါ့။ လူသားအပါအ၀င် သတ္တ၀ါအားလုံးဟာ ဒီ “၀င်လေ ထွက်လေ” အသက်ရှူမှုပေါ်မှာ တန်ဘိုးထားပြီး အသက်ရှင်ရပ်တည် နေကြရတယ် ဆိုတာ အားလုံးမငြင်းနိုင်တဲ့ အရာပါ။ မိမိတို့ရဲ့ ခန္ဓာကိုယ်ကို အသက်ရှူမှုဖြစ်စဉ်နဲ့ ထောက်ပံ့ ထားကြရတယ်လေ။ အဲဒီဖြစ်စဉ် ရပ်သွားတာနဲ့ တပြိုင်တည်း ခန္ဓာဟာပျက်စီးပြီး ဘ၀တစ်ခုလည်း ပြီးဆုံးသွားကြရတယ်ပေါ့။
ဒါ့ကြောင့် ဘ၀မှာ ဘာအရေးကြီးဆုံးလဲ??? လို့မေးရင်…….
“၀င်လေ ထွက်လေ” က အရေးကြီးဆုံးပါပဲလို့ ဖြေလိုက်မယ်။
အဲဒီ “၀င်လေ ထွက်လေ” ကို စူးစိုက်ကြည့်မိတဲ့အခါ…
ဝင်လေနဲ့ ထွက်လေ အလုပ်(၂)ခုပေါင်း ဆောင်ရွက်ပြီးပါမှ အသက်ရှူမှုဖြစ်စဉ်တစ်ခု ပြီးပါတယ်။
ဝင်လေ တစ်ခုထဲနဲ့လည်း အသက်မရှင်နိုင်သလို၊ ထွက်လေ တစ်ခုထဲနဲ့လည်း အသက်မရှင်နိုင်ပါ။
ဝင်လေပေါ်မှာလည်း ပိုရှူ၍ မရသလို၊ ထွက်လေကိုလည်း လျှော့ထုတ်၍ မရပါ။ သူတို့(၂)ခုဟာ အပိုအလိုမရှိ ကွက်တိဖြစ်လို့ နေပါတယ်။ ဟန်ချက်ညီညီနဲ့ တစ်ခုပြီးရင် တစ်ခု ကပ်လျက်သား ကပ်လျက်သား တွဲလို့ ပါလာတယ်။
ဝင်လေနဲ့ ထွက်လေ ညီညွတ်မျှတနေမှလည်း လောကီမှာရော လောကုတ္တရာနယ်ပယ် နှစ်ခုစလုံးမှာ နေလို့ထိုင်လို့ ကောင်းပြီး မိမိလိုရာ ရှေ့ခရီးကို ဆန့်ထွက်နိုင်ပါမယ်။
မိမိတို့ နေ့စဉ်ကျင်လည်နေကြရတဲ့ လောကထဲ ကြည့်လိုက်ရင်လည်း……
အဆောက်အဦတွေ ဆောက်တဲ့အခါမှာ ၀င်လေနဲ့ ထွက်လေ စနစ်ကျပါမှ နေလို့ကောင်းတဲ့ အဆောက်အဦတစ်ခု ဖြစ်လာနိုင်ပါတယ်။ လက်တွေ့အရ ပြောရရင်တော့ အခု တောင်ကြီးမှာ အေးလွန်းလို့ဆိုပြီး တံခါးတွေ အလုံပိတ်နေလိုက်တယ်။ ကြာလာတော့ နေလို့မကောင်းတော့ဘူး။ လှောင်လာပြီး အသက်ရှူမ၀တော့ဘူး။ တံခါးလေး တစ်ချပ်လောက်တော့ “ဟ” ထားလိုက်မှ နေလို့ အဆင်ပြေသွားတယ်။ ဒါလည်း ၀င်လေ ထွက်လေပါဘဲ။
ကောင်းမွန်တဲ့ ဘ၀တစ်ခု ရရှိပိုင်ဆိုင်ဖို့ရာ မိမိတို့မိသားစုအတွက် စီးပွားဥစ္စာတွေ ရှာကြ၊ ဖွေကြ၊ စုဆောင်းကြရတယ်။ ဒါပေမဲ့ အဲဒါကိုချည့်ပဲ ဇောင်းပေးလွန်းနေရင် “၀င်လေ” ကိုချည့်ပဲ ပြင်းပြင်းရှူသွင်းနေသလို…တ
မိမိရဲ့ ခန္ဓာကိုယ် ပုံမှန်လည်ပတ်နိုင်ရေးအတွက်
မိတ်ဆွေအပေါင်းအသင်းများနဲ့
အတိအကျဆိုရရင်တော့….”၀င်လေ ထွက်လေ” ဆိုတာ အရာရာတိုင်းအတွက် “အတ္တလျော့ချရေး” မှာ အင်မတန်မှ အသုံးဝင်လှတာကို ပြတ်သားစွာ တွေ့မြင်လိုက်ရပါတယ်။
ဒါကြောင့် နယ်ပယ်တိုင်း၊ ပရ၀ုဏ်တိုင်းမှာ “၀င်လေ ထွက်လေ” အပေးအယူ မျှတဖို့လိုတယ်လို့ ထင်မိပါတယ်။
မိဘနဲ့ သားသမီး၊ မိသားစု တစ်စုနဲ့တစ်စု၊ မိတ်ဆွေအပေါင်းအသင်း တစ်ဦးနဲ့ တစ်ဦး၊ လူမျိုးစု တစ်စုနဲ့ တစ်စု၊ အဖွဲ့အစည်းတစ်ဖွဲ့နဲ့ တစ်ဖွဲ့၊ တိုင်းနိုင်ငံများ အချင်းချင်း၊ လောကတစ်ခုနဲ့ တစ်ခု အကြား အပေးအယူ(၀င်လေ ထွက်လေ) သာ မျှတညီညွတ်ခဲ့ကြရင်……..
ယခုလို “စစ်ပွဲ” ဆိုတာတွေ ရှိဖို့လိုပါအုံးမလား….။
ယခုလို “သဘာဝလွန် ဖောက်ပြန်မှု” တွေရော ဖြစ်လာပါ့မလား….။
အပေးအယူ(၀င်လေ ထွက်လေ) ကိုမျှတစွာ မသုံးပဲ၊ တစ်ဖက်, ဖက်ကို ပိုမိပါက ပုံမှန်ဖြစ်စဉ်မှ ယိုင်သွားပြီး၊ အချိန်တစ်ခုမှာတော့ ဂေဟစံနစ်ကြီး ပျက်သုန်းသွားမည်မှာ ဧကံအမှန်ပါပဲ
0 comments:
Post a Comment