Wednesday, October 23, 2013

Paco အမြန်ပြန်လာပါ သားကို အဖေချစ်တယ်


တစ်ခါတုန်းက စပိန်နိုင်ငံမှာ ဂျော့ခ်ျ ဆိုတဲ့လူတစ်ယောက်ရှိပါတယ် ။ တစ်နေ့တော့သူ့သားဖြစ်သူ Paco နဲ့ ကိစ္စတစ်ခုမှာ ငြင်းခုံစကားများကြရင်း အဖေဖြစ်သူက သားဖြစ်သူကို အတော်လေးဆူပူကြိမ်းမောင်းမိလိုက်တယ် ။ 

တစ်နေ့မနက်အိပ်ရာကထတော့ Paco ကို မတွေ့ရတော့ပါဘူး သူ .. အိမ်ပေါ်ကနေထွက်သွားတယ် ။ ဖခင်ဖြစ်သူရဲ့စိတ်ထဲမှာတော့ “ မှားသွားပြီ ” ဆိုတဲ့နောင်တအကြီးအကျယ်ရနေခဲ့တယ် ။ ကြာကြာစဉ်းစားလေလေ ထပ်ခါထပ်ခါစဉ်းစားလေလေ သူ့ဘ၀အတွက် သူ့သားဟာ အရေးအကြီးဆုံးပါပဲ ။ ဘယ်ကိစ္စမဆို သူ့သားလောက်အရေးမကြီးဘူး ။ 

ဒါကြောင့် သူဟာ သူ့သားကို ပြန်တွေ့အောင်ရှာမယ် .. သူနဲ့သူ့သားရဲ့ဆက်ဆံရေးကို ကောင်းမွန်အောင်ပြန်လည်တည်ဆောက်မယ်လို့ဆုံးဖြတ်လိုက်တယ် ။ ဒီလိုနဲ့လူသွားလူလာ အလွန်များတဲ့ မြို့လယ်ခေါင်က စတိုးဆိုင်ကြီးတစ်ဆိုင်ကို ဖခင်ဖြစ်သူက သွားတယ် ။ ပြီးတော့ အဲဒီမှာ သူ ကြော်ငြာစာတမ်းအကြီးကြီးချိတ်လိုက်တယ် ။ 

“ Paco အမြန်ပြန်လာပါ သားကို အဖေချစ်တယ် မနက်ဖြန်မနက်အဖေ့ကို ဒီနေရာမှာ လာတွေ့ပါ ” လို့ရေးထားတယ် ။ 

တစ်နေ့မနက် ဖခင်ဖြစ်သူက စတိုးဆိုင်ရှေ့ကိုရောက်လာတဲ့အခါ Paco ဆိုတဲ့နာမည်နဲ့ကလေး ၇ ယောက်လောက်ဆိုင်ရှေ့မှာစောင့်နေတာကို သူတွေ့လိုက်ရတယ် ။ မိဘရဲ့ မေတ္တာနဲ့ခေါ်တဲ့အသံကို ဖခင်မဲ့သားတွေရဲ့တုံ့ပြန်မှုတစ်ခုအနေနဲ့ပေါ့ ။ 

“ ကလေးအားလုံးရဲ့စိတ်ထဲမှာ ဒီကြော်ငြာစာရေးတဲ့သူဟာ ငါ့အဖေဖြစ်မှာပဲ ငါ့ကို လက်ကမ်းကြိုနေမှာပဲဆိုတဲ့ အသိ မျှော်လင့်ချက်နဲ့ ပြေးလာခဲ့ကြတာပဲ ဖြစ်ပါတယ် ” 

===========================

သားသမီးတိုင်းအတွက် မိဘမေတ္တာက အလိုအပ်ဆုံးဖြစ်သလို မိဘတိုင်းအတွက်လည်း သားသမီးတိုင်းက အဖိုးမဖြတ်နိုင်တဲ့ရတနာတွေပါပဲ ။ သားသမီးတွေအနေနဲ့မိဘများကို အထင်အမြင်လွဲမှားခြင်းမှ ကင်းဝေးနိုင်ကြပါစေ ။ 

သက်တန့်ချို
မူရင်း - Paco , come Home by Alan Cohen
တစ်ခါတုန်းက စပိန်နိုင်ငံမှာ ဂျော့ခ်ျ ဆိုတဲ့လူတစ်ယောက်ရှိပါတယ် ။ တစ်နေ့တော့သူ့သားဖြစ်သူ Paco နဲ့ ကိစ္စတစ်ခုမှာ ငြင်းခုံစကားများကြရင်း အဖေဖြစ်သူက သားဖြစ်သူကို အတော်လေးဆူပူကြိမ်းမောင်း မိလိုက်တယ် ။

တစ်နေ့မနက်အိပ်ရာကထတော့ Paco ကို မတွေ့ရတော့ပါဘူး သူ .. အိမ်ပေါ်ကနေထွက်သွားတယ် ။ ဖခင်ဖြစ်သူရဲ့စိတ်ထဲမှာတော့ “ မှားသွားပြီ ” ဆိုတဲ့နောင်တအကြီးအကျယ်ရနေခဲ့တယ် ။ ကြာကြာစဉ်းစားလေလေ ထပ်ခါထပ်ခါစဉ်းစားလေလေ သူ့ဘ၀အတွက် သူ့သားဟာ အရေးအကြီးဆုံးပါပဲ ။ ဘယ်ကိစ္စမဆို သူ့သားလောက်အရေးမကြီးဘူး ။

ဒါကြောင့် သူဟာ သူ့သားကို ပြန်တွေ့အောင်ရှာမယ် .. သူနဲ့သူ့သားရဲ့ဆက်ဆံရေးကို ကောင်းမွန်အောင်ပြန်လည်တည်ဆောက်မယ်လို့ဆုံးဖြတ်လိုက်တယ် ။ ဒီလိုနဲ့လူသွားလူလာ အလွန်များတဲ့ မြို့လယ်ခေါင်က စတိုးဆိုင်ကြီးတစ်ဆိုင်ကို ဖခင်ဖြစ်သူက သွားတယ် ။ ပြီးတော့ အဲဒီမှာ သူ ကြော်ငြာစာတမ်းအကြီးကြီးချိတ်လိုက်တယ် ။

“ Paco အမြန်ပြန်လာပါ သားကို အဖေချစ်တယ် မနက်ဖြန်မနက်အဖေ့ကို ဒီနေရာမှာ လာတွေ့ပါ ” လို့ရေးထားတယ် ။

တစ်နေ့မနက် ဖခင်ဖြစ်သူက စတိုးဆိုင်ရှေ့ကိုရောက်လာတဲ့အခါ Paco ဆိုတဲ့နာမည်နဲ့ကလေး ၇ ယောက်လောက်ဆိုင်ရှေ့မှာစောင့်နေတာကို သူတွေ့လိုက်ရတယ် ။ မိဘရဲ့ မေတ္တာနဲ့ခေါ်တဲ့အသံကို ဖခင်မဲ့သားတွေရဲ့တုံ့ပြန်မှုတစ်ခုအနေနဲ့ပေါ့ ။

“ ကလေးအားလုံးရဲ့စိတ်ထဲမှာ ဒီကြော်ငြာစာရေးတဲ့သူဟာ ငါ့အဖေဖြစ်မှာပဲ ငါ့ကို လက်ကမ်းကြိုနေမှာပဲဆိုတဲ့ အသိ မျှော်လင့်ချက်နဲ့ ပြေးလာခဲ့ကြတာပဲ ဖြစ်ပါတယ် ”

===========================

သားသမီးတိုင်းအတွက် မိဘမေတ္တာက အလိုအပ်ဆုံးဖြစ်သလို မိဘတိုင်းအတွက်လည်း သားသမီးတိုင်းက အဖိုးမဖြတ်နိုင်တဲ့ရတနာတွေပါပဲ ။ သားသမီးတွေအနေနဲ့မိဘများကို အထင်အမြင်လွဲမှားခြင်းမှ ကင်းဝေးနိုင်ကြပါစေ ။

သက်တန့်ချို
မူရင်း - Paco , come Home by Alan Cohen

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...