သစ်ထူးလွင် သတင်းစုစည်းမှု (၃၁-၁၀)
သစ်ထူးလွင် |
- အဖိုးတန် ကျောက်မျက်တွင်းတစ်ခု ချင်းတောင်၌တွေ့ရှိ
- မိုင်းရှူး - တောင်ကြီးလမ်း သုံးရက်ဆက်တိုက် ဓါးပြတိုက်မှုဖြစ်
- ကမ္ဘာ့ဘဏ်၏ အခြေပြစာရင်းတွင် မြန်မာအောက်ဆုံးက ပါဝင်နေ
- သူရိယအလင်းဂျာနယ် စာနယ်ဇင်းကျင့်ဝတ် ချိုးဖောက်
- တောင်ကြီး တန်ဆောင်တိုင်တွင် လောင်းကစားနှင့် ပျော်ပွဲရွှင်ပွဲ အမည်ခံ လောင်းကစားမှုများ ခွင့်ပြုမည်မဟုတ်
- အစ္စလမ်မစ်သူပုန်များ ဝင်လာမည့်ကို မြိတ်ဒေသခံများ စိုးရိမ်
- ဓာတ်အားခ အပြောင်းအလဲကြောင့် မီးခိုးသုံးမှု ပိုများလာနိုင်
- ဒေါ်အောင်ဆန်းစုကြည် Bologna မြို့သူဆုနဲ့ ဒဿနိက ဒေါက်တာဘွဲ့ ကို လက်ခံ
- မြန်မာ့ဆန်တင်ပို့မှု ၃၈ ရာခိုင်နှုန်း ကျဆင်း
- မောင်တောမြို့ပေါ်ရပ်ကွက် မီးရှို့ရာတွင် ပါဝင်သူ ၆၈ ဦး ထောင်ဒဏ်ငါးနှစ်စီချမှတ်ခံရ
- နှစ်လုံးထီ ရောင်းသည်ဆိုပြီး ရှာဖွေခံရ၍ အမျိုးသမီးကြီးတစ်ဦး သတိလစ်သေဆုံး
- ပြည်လွှတ်တော်အမတ်ကို ကျပ်သိန်းပေါင်းနှစ်သောင်း ရလိုမှုဖြင့်တရားစွဲဆို
- ဒုက္ခသည်စခန်းများတွင် သန်းခေါင်စာရင်းကောက်မည်
- တောင်ငူ၊ ရေတာရှည်နှင့် ဆွာမြို့တို့တွင် လူရှစ်ထောင်ခန့် ရေဘေးတွေ့ကြုံ
- စာသင်ကျောင်းများ အနီးတစ်ဝိုက် ဆေးလိပ်ဆိုင် ၁၀ ဆိုင် ပိတ်သိမ်းရန် သတိပေး
- တရုတ်နိုင်ငံက လင်းနို့ကနေ SARS ရောဂါဖြစ်ပွား
- ကရင်ပြည်နယ် သံတောင်မြောက်ပိုင်းမှ ဗိုလ်ကြီးတစ်ဦးကို နယ်ကျော်လက်နက် သယ်ဆောင်မှုဖြင့် စစ်ဆေးနေ
- မြန်မာ့ရဲတပ်ဖွဲ့ ခေတ်မီရေး EU ကူမည်
- အမေရိကန်ထောက်လှမ်းရေးဌာန Google နဲ့ Yahoo လျှို့ဝှက်အသုံးချ
- အခြားပါတီများကို ရန်ဖက်လိုသဘောမထားဖို့ ဦးရွှေမန်းပြော
- ဒေါ်အောင်ဆန်းစုကြည် ဘိုလော့နာ ရောက်ရှိ
- လူနာများ သယ်ထုတ်ရန် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် မှ KIA အား တောင်းဆို
- အောက်တိုဘာလ(၃၀)ရက်နေ့ ထုတ် 7Day News ဂျာနယ် အတွဲ ၁၂၊ အမှတ် ၃၄
- အောက်တိုဘာလ(၃၀)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ
- အောက်တိုဘာလ(၃၀)ရက်နေ့ ထုတ် ကြေးမုံနေ့ စဉ် သတင်းစာ
Posted: 31 Oct 2013 04:35 AM PDT
ဖလမ်း အောက်တိုဘာ ၃ဝ ချင်းပြည်နယ် ဖလမ်းမြို့တွင် အဖိုးတန်ကျောက်မျက် ''Chrysoprase" တွင်းတစ်ခုကို En-Jin ကုမ္ပဏီ ကရှာဖွေတွေ့ရှိခဲ့သည်ဟု သိရသည်။ ယခု ရှာဖွေတွေ့ရှိကြသည့် Chrysoprase ကျောက်မျက်သည် Semi Prious Stone ဟု ခေါ်သော သလင်းကျောက် အမျိုးအစားတစ်ခုဖြစ်ကြောင်း၊ သက်ဆိုင်ရာမှလည်း အတည်ပြုပြီးဖြစ်ကြောင်း En-Jin ကုမ္ပဏီမှ ဒါရိုက်တာ လာလ်းရမ်းပမ်းနာက ပြောသည်။ ''ကျွန်တော်တို့ ရှာဖွေတွေ့ရှိထားတဲ့ကိစ္စကို အထက်အာဏာပိုင်တွေထံကိုလည်း အကြောင်းကြားထားပြီးပါပြီ။ တူးဖော်ခွင့်ကိုလည်း မကြာခင်မှာ ရရှိနိုင်တော့မယ်လို့ မျှော်လင့်ရပါတယ်'' ဟု လာလ်းရမ်းပမ်းနာက ပြောသည်။ ဓာတ်ပုံများတွင် တွေ့ရှိချက်အရ ¤င်းကျောက်မျက်များသည် ပတ္တမြားကဲ့သို့အစိမ်းရောင်သန်း ချင်းပြည်နယ် ဖလမ်းမြို့နယ်ရှိ တောင်ကြောတစ်ခုတွင် Chrysoprase ကျောက်မျက်အမြောက်အမြား ထွက်ရှိနိုင်ပြီး တစ်ပိဿာလျှင် ငွေကျပ် ၂ဝဝဝဝ ကျော်ခန့်ဖြင့် ပေါက်ဈေးရှိသည်ဟု သိရသည်။ (ထန်းငါ) သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း | ||
Posted: 31 Oct 2013 02:53 AM PDT
သျှမ်းပြည်တောင်ပိုင်း မိုင်းနောင်မြို့နယ်( မိုင်းရှူး - တောင်ကြီးလမ်းမပေါ်) ၌ ဓါးပြတိုက်မှု သုံးရက်ဆက်တိုက် ဖြစ်ပွားခဲ့ကြောင်း ဒေသခံ များပြောပြချက်အရ သိရပါသည်။ အောက်တိုဘာ ၂၆ - ၂၈ ရက်နေ့အထိ တောင်ကြီး - မိုင်းရှူး လမ်းမပေါ် ဟဲဆိုင်ရွာနှင့် ဟန်နားကျေးရွာကြား အက်စ်ကွေ့ ခေါ် နေရာ ၌ ဓါးပြသုံး ယောက်က တူမီးသေနတ်ကိုင်ကာ နေ့စဉ် ဓါးပြတိုက်နေကြောင်း၊ ဗင်ကားများ၊ ဘီအဲမ်ကားများ၊ ဖိုးဝှီးဟိုင်းလက် ကားများအား ဟန့်တား၍ ဓါးပြတိုက်ခဲ့ကြောင်း၊ နေ့စဉ်ပိုက်ဆံကျပ်သိန်းချီနှင့် ရွှေဆွဲကြိုးများ၊ လက်စွပ်များ ဓါးပြတိုက်ခံကြောင်း ဒေသခံခရီး သွားများက ပြောပြသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 31 Oct 2013 02:50 AM PDT
မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်းလဲ မှုတွေကြောင့် နာမည်ကောင်းရနေပေမယ့် ကမ္ဘာ့ဘဏ်က အင်္ဂါနေ့မှာထုတ်ပြန်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းဆောင်ရွက်ရေး သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 31 Oct 2013 02:40 AM PDT
ပြည်တွင်း အပတ်စဉ်ထုတ် သူရိယအလင်းဂျာနယ်ရဲ့ ရေးသားဖော်ပြချက်တွေဟာ စာနယ်ဇင်းကျင့်ဝတ်နဲ့ မညီဘူးလို့ မြန်မာဂျာနယ်လစ်ကွန်ရက်က သဘောထားထုတ်ပြန်လိုက်ပါတယ်။ သူရိယအလင်း ဂျာနယ်ဟာ မကြာသေးခင်ကမှာ လူတစုက ညအချိန်မတော် ဂျာနယ်တိုက်ကို ၀င်ရောက်စီးနင်းခံခဲ့ရတယ်လို့ သတင်းတွေ ထွက်ခဲ့တဲ့ဂျာနယ် ဖြစ်ပါတယ်။ ဒီဂျာနယ်မှာ ရေးသားဖော်ပြထားချက်တွေဟာ အချက်အလက် မပါဘဲ ပုဂ္ဂိုလ်ရေး တိုက်ခိုက်နေတာတွေ များလို့ အခုလို သဘောထားထုတ်ပြန်ရတာလို့ ဂျာနယ်လစ်ကွန်ရက်က အထွေထွေအတွင်းရေးမှူး ဦးမြင့်ကျော်က ပြောပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
တောင်ကြီး တန်ဆောင်တိုင်တွင် လောင်းကစားနှင့် ပျော်ပွဲရွှင်ပွဲ အမည်ခံ လောင်းကစားမှုများ ခွင့်ပြုမည်မဟုတ်
Posted: 31 Oct 2013 02:58 AM PDT
နိုဝင်ဘာ ၁၀ ရက်၌ စတင်ကျင်းပမည့် တောင်ကြီး တန်ဆောင်တိုင် ပွဲတော်တွင် လောင်းကစားဝိုင်းများ၊ ပျော်ပွဲရွှင်ပွဲ အမည်ခံ လောင်းကစားမှုများကို ခွင့်ပြုမည် မဟုတ်ကြောင်း မီးပုံးပျံပြိုင်ပွဲ ကျင်းပရေးဆပ်မကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးတင်ဝင်းက အောက်တိုဘာ ၃၀ တွင် မဇ္ဈိမကိုပြောသည်။ ၎င်းက “သည်တစ်နှစ်တော့ လောင်းကစားဝိုင်းတွေ၊ ပျော်ပွဲရွှင်ပွဲအမည်ခံ လောင်းကစားတွေ မထည့်ဘူး၊ အရင်နှစ်ကလည်း ကျွန်တော်တို့ လောင်းကစားပွဲ အနေနဲ့ ခွင့်ပြုခဲ့တာ မဟုတ်ပါဘူး၊ ပျော်ပွဲရွှင်ပွဲအနေနဲ့ သတ်မှတ်ပေးတာကို သတ်မှတ်ချက် ဘောင်ကျော်ပြီးတော့ လောင်းကစားဝိုင်းတွေက ပုံစံပြောင်းပြီး လုပ် ဆောင်လာတာတွေရှိခဲ့တယ်”ဟုဆိုသည်
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 31 Oct 2013 02:23 AM PDT
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် မောတောင်ရွာအနီး၊ သစ်တောကြိုးဝိုင်း အတွင်းသို့ အိမ်နီးချင်း ထိုင်းနိုင်ငံမှ အစွန်းရောက် အစ္စလမ်မစ် သူပုန်များ ဝင်လာမည့်ကို မြိတ်ဒေသခံများ စိုးရိမ်နေကြောင်း ဒေသခံတစ်ဦးက People Power သို့ ဆက်သွယ်ပြောကြားသည်။ ထိုင်းနိုင်ငံနှင့် ရှမ်းပြည်နယ်စပ်ဆက်နေသော နယ်စပ် နေရာဖြစ်သည့် ယင်းသစ်တော ကြိုးဝိုင်းအတွင်းရှိ မြေဧက ၁၀၀၀၀ကို Moon as star (ကြယ်နှင့်လ) ကုမ္ပဏီမှ နှစ်၃၀ မြေအဌားစာချုပ်ဖြင့် ဌားရမ်းလုပ်ကိုင်ရန် သစ်တော ဝန်ကြီးဌာနသို့ လျှောက်ထားကြောင်း ၎င်းကရှင်းပြသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 31 Oct 2013 01:51 AM PDT
လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနက ပြင်ဆင်သတ်မှတ်လိုက်သည့် လျှပ်စစ်ဓာတ်အားခ နှုန်းထားသည် သင့်တင်မျှတသော်လည်း စီးပွားရေး လုပ်ငန်းများ အနေဖြင့် အနည်းနှင့် အများ ဓာတ်အားခ တိုးမြှင့် ပေးဆောင်ရန်ရှိသည့် အတွက် တရားမ၀င်နည်းလမ်းဖြင့် ဓာတ်အား ရယူသုံးစွဲခြင်း (သို့) မီးမှောင်ခို မှု ပိုများလာနိုင်သည်ဟု သက်ဆိုင်ရာ တာဝန်ရှိသူများက ပြောကြားသည်။ နိုဝင်ဘာလ ၁ ရက်နေ့တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စတင်အကျိုးသက်ရောက် မည့် ပြင်ဆင် သတ်မှတ်လိုက်သည့် ဓာတ်အားခ နှုန်းထားများမှာ အိမ်သုံးမီတာများအတွက် တစ်ယူနစ်လျှင် --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 31 Oct 2013 01:27 AM PDT
ဒေါ်အောင်ဆန်းစုကြည်ဟာ အီတလီနိုင်ငံ မြောက်ပိုင်း Bologna မြို့မှာ ဂုဏ်ထူးဆောင် Bologna မြို့သူဆုနဲ့ Aula Magna တက္ကသိုလ်ကပေးအပ်တဲ့ ဂုဏ်ထူးဆောင် ဒဿနိက ဒေါက်တာ ဘွဲ့ကို လက်ခံခဲ့ပါတယ်။ ဘွဲ့ယူမိန့်ခွန်းပြောကြားခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်ဟာ ကြာသပတေးနေ့မှာ Parma မြို့ကို သွားရောက်ပြီး ဂုဏ်ထူးဆောင်မြို့သူဆု လက်ခံမှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပငါးနိုင်ငံခရီးစဉ်ဟာ နိုဝင်ဘာလ ၂ ရက်နေ့မှာ အဆုံးသတ်မယ်လို့ သိရပါတယ်။ RFA Burmese | ||
Posted: 31 Oct 2013 01:24 AM PDT
မြန်မာနိုင်ငံရဲ့ ဆန်တင်ပို့မှုဟာ မနှစ်ကနဲ့နှိုင်းစာရင် ၃ဂ ရာခိုင်နှုန်း ကျဆင်းသွားခဲ့တယ်လို့သိရပါတယ်။ မနေ့ကဖြန့်ချိတဲ့ နယူးယောက်မြို့ အခြေစိုက် International Business Times နိုင်ငံတကာ စီးပွားရး အင်တာနက် အွန်လိုင်းသတင်းစာမှာ ဖော်ပြချက် အရဆိုရင် ပြီးခဲ့တဲ့ ဧပြီလကနေ အောက်တိုဘာလ အတွင်း မြန်မာနိုင်ငံကနေ နိုင်ငံခြားကိုတင်ပို့ခဲ့တဲ့ ဆန်တန်ချိန်ဟာ ၄ သိန်းခွဲပဲရှိပါတယ်။ အရင်နှစ် အဲဒီကာလအတွင်းမှာတော့ တန်ချိန် ၇ သိန်း ၃ သောင်း တင်ပို့နိုင်ခဲ့ပါတယ်။ ဒါကြောင့် ဒီနှစ်အတွင်း ဆန်တန်ချိန် ၁ သန်းခွဲလောက် တင်ပို့မယ်လို့ မြန်မာအစိုးရရဲ့ မူလခန့်မှန်းထားချက်နဲ့ အဆမတန်ကွာခြားနေပြီး အမေရိကန်စိုက်ပျိုးရေးဌာနရဲ့ ခန့်မှန်းချက်အရဆိုရင် အများဆုံးတန်ချိန် ၇ သိန်းခွဲလောက်အထိပဲ တင်ပို့နိုင်မှာဖြစ်လို့ ရည်မှန်းချက်ကို ဘယ်လိုမှ မမှီနိုင်တော့ဖူးလို့ ပညာရှင်တွေကပြောပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 31 Oct 2013 01:22 AM PDT
၂၀၁၂ခုနှစ် ဇွန်လ ဆူပူအကြမ်းဖက်မှု၊ မီးရှို့မှုဖြစ်စဉ်တွင် မောင်တောမြို့ပေါ်ရပ်ကွက် ဗိုလ်မှူးရွာ မီးရှို့မှုတွင် ပါဝင်ကျူးလွန်သူ အိုင်အင်န်ဂျီအိုဝန်ထမ်း နှစ်ဦး အပါအ၀င် ၆၈ ဦးကို အောက်တိုဘာ ၃၀ ရက်က ဘူးသီးတောင်မြို့နယ်၊ တရားရုံးက ထောင်ဒဏ် ငါးနှစ်စီ ချမှတ်လိုက်ပြီး ငါးဦးကို တရားသေလွတ်ပေးလိုက်ကြောင်း သတင်းရရှိသည်။ အဆိုပါပြစ်မှုကျူးလွန်သူများကို သက်ဆိုင်ရာက လိုက်လံဖမ်းဆီးခဲ့ရာ ဗိုလ်မှူးရွာမီးရှို့မှုတွင် ပါဝင်ကျူးလွန်သူ ၇၄ ဦးကို ဘူးသီးတောင်မြို့နယ်တရားရုံးသို သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 31 Oct 2013 01:19 AM PDT
မရမ်းကုန်းမြို့နယ် အမှတ် (၂) ရပ်ကွက် ဦးအောင်မင်းလမ်း နေအိမ် တစ်လုံးတွင် နှစ်လုံးထီ ရောင်းသည်ဟုဆိုကာ ရဲတပ်ဖွဲ့ဝင်များ၏ ဝင်ရောက် ရှာဖွေမှုကြောင့် အသက် ၆၀ အရွယ် အမျိုးသမီးကြီးတစ်ဦး နှလုံးရပ်၍ သတိလစ် သေဆုံးခဲ့မှု အောက်တိုဘာလ ၃၀ ရက် ညနေ ၃ နာရီက ဖြစ်ပွားခဲ့ကြောင်း အဆိုပါလမ်း နေထိုင်သည့် ရာအိမ်မှူး ဦးမြင့်အုန်းက The Voice သို့ ပြောကြားသည်။ မရမ်းကုန်းမြို့နယ် ဘုရင့်နောင် နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သေဆုံးသူ ဒေါ်ခင်အုန်းမြင့် (ခ) ဒေါ်ပို၏ အိမ်ကို အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများ ပါဝင်ခြင်းမရှိဘဲ ဝင်ရောက် ရှာဖွခဲ့ရာ နှလုံးရောဂါရှိသူ အဆိုပါ အမျိုးသမီးမှာ ကြောက်လန့်ကာ ဇောချွေးများ ပြန်ပြီး သတိလစ် မေ့မြောသွားခဲ့သောကြောင့် ၎င်း၏ သားသမီးများက အင်းစိန်ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း ယင်းနေ့ ညနေ ၄ နာရီက လမ်းခုလတ်တွင် သေဆုံးခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 31 Oct 2013 01:11 AM PDT
ပြည်မြို့မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်အမတ်ဦးဝင်းမြင် သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 31 Oct 2013 01:04 AM PDT
၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူမှုမှာ ပြည်ပ ဒုက္ခသည်စခန်းတွေက လူဦးရေစာရင်းတွေလည်း ပါနိုင်အောင် ဒေသခံ အစိုးရအာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး သန်းခေါင်စာရင်း ကောက်သွားမယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနက ပြောပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိ လူဦးရေ ဘယ်လောက်ရှိနေပြီးလဲဆိုတာ သိရဖို့ ၂၀၁၄ ခုနှစ် မတ်လမှာ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမယ့် အစီအစဉ်တွေထဲမှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေအပြင် ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေတဲ့ ဒုက္ခသည်တွေစာရင်းပါ ထည့်သွင်း ကောက်ယူသွားမယ်လို့ လူဝင်မူကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနက ပြောပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 31 Oct 2013 12:42 AM PDT
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်တွင် စစ်တောင်းမြစ်၏ စိုးရိမ်ရေမှတ်အထက် ၇၅ စင်တီမီတာ ကျော်လွန်လာပြီး ရေကြီးမှုကြောင့် တောင်ငူ၊ ရေတာရှည်နှင့် ဆွာမြို့နယ်တို့အတွင်းရှိ ကျေးရွာအုပ် စုပေါင်း ၃၀ ကျော်မှ လူရှစ်ထောင် နီးပါးမှာ ရေဘေးဒုက္ခသည် စခန်းပေါင်း ၂၁ ခုတွင် ပြောင်းရွှေ့ နေထိုင်နေကြရကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းများထံမှ စုံစမ်းသိရှိရသည်။ အောက်တိုဘာ ၃၀ ရက်နေ့ နံနက် ၆ နာရီအချိန်မှ စတင်ကာ တောင်ငူမြို့ပေါ်တွင် ရေဘေး ဒုက္ခသည်စခန်း ၁၃ ခု၊ ကျေးရွာပေါင်း ၁၁ ရွာ၊ ရပ်ကွက်ငါးခုမှ အိမ်ထောင်စု ၁၂၁၆ စု၊ လူဦးရေ စုစုပေါင်း ၅၁၁၂ ဦးကို မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် အခြေခံပညာ အထက်တန်း ကျောင်းအချို့တွင် နေရာချထားပေးပြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ရေဘေးသင့် အိမ်ထောင်စုများကို လိုအပ်သော ထောက်ပံ့ကူညီမှုများ လုပ်ဆောင်ပေးနေပြီ ဖြစ်ကြောင်း တောင်ငူမြို့နယ် အုပ်ချုပ်ရေးမှူးက ပြောကြားသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 31 Oct 2013 12:40 AM PDT
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်အတွင်း စာသင်ကျောင်း ခုနစ်ကျောင်း အနီးတစ်ဝိုက်ရှိ ဆေးလိပ်အရောင်းဆိုင် ၁၀ ဆိုင်ကို ပိတ်သိမ်းရန် စားသုံးသူ ကာကွယ်ရေးအသင်းက အောက်တိုဘာလ ၃၀ ရက်နေ့တွင် လိုက်လံ နှိုးဆော်ခဲ့ကြောင်း အဆိုပါအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က The Voice သို့ ပြောကြားသည်။ ယင်းဆေးလိပ် အရောင်းဆိုင်များသည် စာသင်ကျောင်း၏ ကိုက်တစ်ရာ ပတ်လည်တွင် တည်ရှိသော ဆိုင်များဖြစ်ကြောင်း၊ ပထမအဆင့်အနေနှင့် သတိပေး ပိတ်သိမ်းမှုပြီးပါက ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေအတိုင်း အရေးယူသည်အထိ ဆောင်ရွက်ရန် ရှိကြောင်း ၎င်းကဆက်လက် ပြောဆိုသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 30 Oct 2013 08:27 PM PDT
၂၀၀၂ ခုနှစ်နဲ့ ၂၀၀၃ ခုနှစ်အတွင်းဖြစ်ခဲ့တဲ့ SARS ရောဂါဟာ တရုတ်နိုင်ငံက လင်းနို့တွေကနေ ပြန့်ပွားလာတာဖြစ်တယ်လို့ သြစတြေးလျသိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။ ဆားစ် ရောဂါကြောင့် လူပေါင်း ၇၇၀ ကျော် သေဆုံးခဲ့ရပါတယ်။ ဆားစ်ရောဂါဟာ လင်းနို့ကနေ ပြန့်ပွားလာတာ ဖြစ်နိုင်တယ်လို့ သိပ္ပံပညာရှင် အသိုင်းအဝိုင်းက အရင်ကတည်းက သံသယရှိခဲ့ပေမယ့် ခုအခါမှသာ အတည်ပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီရောဂါဟာ မြင်းခွာပုံသဏ္ဍာန်ရှိတဲ့ လင်းနို့ horseshoe bat ကနေ ပြန့်ပွားလာတာ ဖြစ်ပြီး လင်းနို့တွေရဲ့ မစင်ကနေ အဓိက ပြန့်ပွားလာတာ ဖြစ်ပါတယ်။ ဒီလို တွေ့ရှိချက်တွေကြောင့် ကမ္ဘာပေါ်မှာ ဆားစ်ရောဂါ ထပ်မဖြစ်ပွားတော့အောင် ကြိုတင်ကာကွယ် ထိန်းချုပ်မှုတွေ ပြုလုပ်နိုင်မှာဖြစ်ကြောင်း သိရပါတယ်။ ဆားစ်ရောဂါဟာ အသက်ရှုရခက်ခဲစေတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ By Cameron Best and Margaret Paul ABC Radio Australia | ||
Posted: 30 Oct 2013 08:16 PM PDT
ကရင်ပြည်နယ် သံတောင်မြောက်ပိုင်းမှ ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးကို လက်နက်နယ်ကျော်သယ် ဆောင်လာမှုဖြင့် ဖမ်းဆီးစစ်ဆေးနေသည်ဟု လှိုင်သာယာရဲစခန်းမှ စခန်းမှူးရဲအုပ်ဌေးဝင်းက အောက်တို ဘာ ၃၀ တွင် မဇ္ဈိမကို ပြောကြားလိုက်သည်။ “ကျွန်တော်တို့ လက်နက်ကိုင်ဆောင်သူကိုချုပ်ရက် သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 30 Oct 2013 06:34 PM PDT
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို အဆင့်မြှင့်တင်ပေးဖို့ ဥရောပသမဂ္ဂက အစိုးရနဲ့ သဘောတူညီမှု ရရှိပြီးဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂရဲ့ သံအမတ်ကြီးဖြစ်လာတဲ့ မစ္စတာ ရိုလန်ကိုဘီယာ က ပြောလိုက်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ ပြန်လည်ထူထောင်ရေးတွေမှာလည်း EU ဥရောပသမဂ္ဂက ဆက်လက် အကူအညီပေးသွားမယ်လို့ ပြောပါတယ်။ အပြည့်အစုံကိုတော့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂရဲ့ သံအမတ်ကြီး မိတ်ဆက်ပွဲကို ကိုယ်တိုင်တက်ရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုအောင်ရဲမောင်မောင် က သတင်းပေးပို့ထားပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 30 Oct 2013 06:24 PM PDT
ကမ္ဘာအနှံ့က သတင်းအချက်အလက်တွေကို ရယူဖို့ အင်တာနက် ကုမ္ပဏီကြီးတွေဖြစ်တဲ့ Google နဲ့ Yahoo တို့က အသုံးပြုတဲ့ ဆက်သွယ်ရေး ကွန်ယက်တွေကို အမေရိကန် အမျိုးသားလုံခြုံရေးအေဂျင်စီက လျှို့ဝှက် ဖောက်ဝင်တာတွေ လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်သစ်တရပ် ထပ်ထွက်လာပါတယ်။ NSA အမေရိကန် အမျိုးသားလုံခြုံရေးအေဂျင်စီရဲ့ ကန်ထရိုက်တာဟောင်း Edward Snowden ဖောက်ထုတ်လိုက်တဲ့ အချက်အလက်တွေနဲ့၊ နားကြီး မျက်စိကြီး အာဏာပိုင်တွေနဲ့ မေးမြန်းချက်တွေကို အခြေခံပြီး NSA အမေရိကန် အမျိုးသားလုံခြုံရေး လျှို့ဝှက် အစီအစဉ်အချို့ကို သိရတယ်လို့ ဗုဒ္ဓဟူးနေ့ထုတ် The Washington Post သတင်းစာကြီးမှာ ရေးသားဖော်ပြပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 30 Oct 2013 05:29 PM PDT
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအနေနဲ့ တခြားပါတီတွေကို ရန်ဖက်လို့ သဘောမထားဘဲ လုပ်ဖော်ကိုင်ဖက်လို သဘောထားကြဖို့ ၊ ရွေးကောက်ပွဲမှာတော့ ယှဉ်ပြိုင်ဘက်လို့ သဘောထားပြီး အနိုင်ရအောင် ကြိုးစားကြဖို့ ပါတီဝင်တွေကို ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။ ဒီကနေ့ သာယာဝတီ၊ ကျွန်းလှနဲ့ ပင်းတယမြို့နယ်တွေက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင် ၆၀၀ နီးပါးလောက် ပြည်ထောင်စု လွှတ်တော်ကို လာရောက်လေ့လာစဉ် သူရဦးရွှေမန်းက အခုလို ပြောခဲ့တာပါ။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 30 Oct 2013 05:24 PM PDT
အီတလီ နိုင်ငံမှာ ရောက်ရှိနေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌနဲ့ ကော့မှူးမြို့နယ် လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်ပိုင်းမှာ ဘိုလော့နာ မြို့မှာ မြို့တော်ဝန်က ပေးအပ်တဲ့ ဂုဏ်ထူးဆောင် ဘိုလော့နာ မြို့တော်သူ ဆုကို လက်ခံရယူ ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဘိုလော့နာမြို့က Bologna Alma Mater University တက္ကသိုလ်က ပေးအပ်တဲ့ ဂုဏ်ထူးဆောင် ဒဿနိကဗေဒ ပါရဂူဆုကို လက်ခံရယူခဲ့ပြီး အခမ်းအနားကို တက်ရောက်လာကြတဲ့ ပရိတ်သတ်ကို မိန့်ခွန်း ပြောကြားခဲ့တယ်လို့ အဲဒီအခမ်းအနားကို တက်ရောက်ခဲ့တဲ့ မြန်မာ အမျိုးသမီးတစ်ဦးက ဘီဘီစီကို ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန်မှာတော့ ပါမား မြို့မှာ အီတလီရောက် မြန်မာ လူမျိုးတွေနဲ့ တွေ့ဆုံဖို့ ရှိတယ်လို့လည်း သိရပါတယ်။ ဘီဘီစီ (မြန်မာပိုင်း) | ||
Posted: 30 Oct 2013 05:19 PM PDT
လူနာများ သယ်ထုတ်ရန် အတွက် လမ်းကြောင်း ရှင်းပေး ပါရန် မြောက်ပိုင်း တိုင်းစစ်ဌာန ချုပ်မှ ကချင် လွတ်လပ်ရေး တပ်မတော် KIA ဌာနချုပ်အား အကြောင်းကြား ခဲ့သည်ဟု KIA စစ်ရုံးချုပ် အရာရှိ တဦးက ဆိုပါသည်။ “ KIA တပ်ရင်း (၁၂) ဂွင်မှာ ဖြစ်တဲ့ တိုက်ပွဲမှာ ထိခိုက်မှု များပုံ ရတယ်ဗျ။ အဲဒီတော့ သယ်ထုတ်ဖို့ လမ်းကြောင်း ရှင်ပေးဖို့ KIA ဌာနချုပ် ကို တောင်းဆို လာတာ ရှိပါတယ်။ ဘယ်လို အကြောင်းပြန် လိုက်တာတော့ ကျနော်မသိ လိုက်ဘူး။ ဒါပေမဲ့ အဲဒီဖက်မှာ ဒီနေ့လည်း တိုက်ပွဲ ဆက်ဖြစ် နေတုန်း ပါဘဲ” ဟု စစ်ရုံးချုပ် အရာရှိက ဆိုသွားခဲ့ ပါသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 30 Oct 2013 05:04 PM PDT
| ||
Posted: 30 Oct 2013 04:48 PM PDT
| ||
Posted: 30 Oct 2013 04:18 PM PDT
|
0 comments:
Post a Comment