Thursday, October 31, 2013

ဥာဏ်ကောင်းလွန်းတဲ့  ဘွားဘွား (အပြုံး..လက်ဆောင်)


ဘဏ်တစ်ခုကို အဘွားကြီးတစ်ယောက် ရောက်လာတယ် ။
ပေါင်တစ်သန်း အပ်ဖို့ ဘဏ်သူဋ္ဌေးကို ပြောတယ် ။
ဘဏ်သူဋ္ဌေး ။ ။ ဒီလောက်များတဲ့ ငွေတွေ ဘယ်လိုရှာလာခဲ့တာပါလဲ ။
ဘွားဘွား ။ ။ ငါက အလောင်းအစားနဲ့ အကျိုးပေးတယ်လေ ။ အဲဒီလို ရှာလာတာ ။
ဘဏ်သူဋ္ဌေး ။ ။ မဖြစ်နိုင်တာပဲ ။



ဘွားဘွား ။ ။ ဒါဖြင့် မနက်ဖြန် မင်းတင်ပါးမှာ တက်တူးထိုးပြီးသား ဖြစ်နေရမယ် ဆိုတာကို
ပေါင်တစ်သောင်းကြေး လောင်းမလား ။
ဘဏ်သူဋ္ဌေး ။ ။ ဟာဗျာ..ကျွန်တော့်တင်ပါးမှာ ဘာလို့ တက်တူးထိုးရမှာလဲ ။ လောင်းရင် ကျွန်တော်ပဲ
အချောင်ပေါင်တစ်သောင်းရနေမှာပေါ့ ။ အလကား မလိုချင်ပါဘူး ။

ဘွားဘွား ။ ။ မလောင်းဘူးဆိုရင် မင်းဘဏ်မှာ ငါ့ငွေတွေ မအပ်တော့ဘူး ။
ဘဏ်သူဋ္ဌေး ။ ။ ကဲ..ဒီလိုဆိုရင်လည်း လောင်းမယ်ဗျာ ။

ဘွားဘွား ။ ။ အိုကေ..သဘက်ခါ ရှေ့ နေနှစ်ယောက်နဲ့ အတူတူ ငါပြန်လာခဲ့မယ် ။
ကြားရက်တွေထဲမှာ သူဠေးက သဘောကျပြီး တပြုံးပြုံးနဲ့ ပေါ့ ။

တင်ပါးမှာ ဘာတက်တူးမှ ထိုးစရာမလိုဘူး ။

ဒီအဘွားကြီး ဒီတစ်ခါတော့ ရှုံးပေါက်ပဲ ။ ပေါင်တစ်သောင်း အလကားသက်သက်

ပေးချင်လို့ လာလောင်းတာဆိုပြီး တွေးနေတယ် ။

သတ်မှတ်ထားတဲ့ ရက်ရောက်တော့ အဘွားကြီးက လူနှစ်ယောက်နဲ့ ရောက်လာတယ် ။

သက်သေပြဖို့ အဘွားကြီးက ပြောလိုက်တာနဲ့....

ဘဏ်သူဋ္ဌေးက ဘောင်းဘီချွတ်ပြီး ဖင်ဗူးတောင်း ထောင်ပြတယ် ။

ဘဏ်သူဋ္ဌေး ။ ။ ဟဲဟဲ..အဘွားရေ..အဘွားရှုံးပြီနော် ။ တစ်သောင်းလေး မစပါဦး ။

ဘွားဘွား ။ ။ အေး..ဒီမှာ တစ်သောင်း ။

ပါလာတဲ့ လူထဲက တစ်ယောက်က မေ့ လဲမလိုဖြစ်နေလို့ ဘဏ်သူဋ္ဌေးက အဘွားကြီးကို မေးတယ် ။

ဘဏ်သူဋ္ဌေး ။ ။ အဲဒီတစ်ယောက်က နေမကောင်းလို့ လား ။

ဘွားဘွား ။ ။ သြော်..ဒီလူလား..အရှုံးသမားလေ ။

ဘဏ်သူဋ္ဌေး ဖင်လှန်ပြမယ် ဆိုတာကို မယုံဘူးဆိုလို့

ပေါင်တစ်သိန်းကြေး လောင်းထားတာ အခု သူရှုံးပြီလေ ။ အဲဒါကြောင့်ပါ ။

Credit - Original Writer
မောင်သော်

Source: အထာကျတဲ့ အာဂ ဟာသများ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...