“ခွေးလိမ္မာပြိုင်ပွဲ”
လာ့ဗေးဂတ်စ် မြို့မှာ ခွေးလိမ္မာပြိုင်ပွဲ ကျင်းပနေတယ်...
ပြိုင်ပွဲဝင်ခွေးက လေးကောင်ထဲရယ်။
ပထမတစ်ကောင်က အင်ဂျင်နီယာရဲ့ ခွေး
ဒုတိယတစ်ကောင်က စာရင်းကိုင်ရဲ့ ခွေး
တတိယတစ်ကောင်က ဓာတုဗေဒပညာရှင်ရဲ့ ခွေး
နောက်ဆုံးတစ်ကောင်က စည်ပင်ဝန်ထမ်းရဲ့ ခွေး
အင်ဂျင်နီယာက သူ့ခွေးကို ခေါ်ပြီး ခိုင်းလိုက်တယ်... ..
"ကဲ... ပလူတို၊ မင်းရဲ့စွမ်းရည်ကို ပြလိုက်စမ်း"
ဆိုပြီး … ပလူတိုကို ခဲတံရယ်၊ ပေတံရယ် စာရွက်တစ်ရွက်ရယ် ပေးလိုက်တယ်
ပလူတိုက အဲဒီစာရွက်ပေါ်မှာ အဆောက်အဦးပုံစံတခုကို ဆွဲပြလိုက်တယ်
ဒီခွေး လိမ်မာပါပေတယ်လို့ အားလုံးက ချီးကျူးကြတယ်
စာရင်းကိုင်ကလည်း သူ့ခွေးကို ခေါ်ပြီး ခိုင်းလိုက်တယ်... ..
"ကဲ... တက်ဒီ၊ မင်းရဲ့စွမ်းရည်ကို ပြလိုက်စမ်း"
ဆိုပြီး တက်ဒီကို ကွတ်ကီးမုန့် ၁၂ ခု ပေးလိုက်တယ်
တက်ဒီက ကွတ်ကီးတွေကို ၃ခု ၄ပုံ ပုံပြတယ်
ပြီးတော့ ၆ခု ၂ပုံ ပုံပြင်ပြီး ပုံပြလိုက်တယ်
ဒီခွေး လိမ်မာပါပေတယ်လို့ အားလုံးက ချီးကျူးကြတယ်
နောက်..
ဓာတုဗေဒဆရာကလည်း သူ့ခွေးကို ခေါ်လိုက်တယ်…
“ကဲ… ဂရာဖီ၊ မင်းရဲ့စွမ်းရည်ကို ပြလိုက်စမ်း”
ဆိုပြီး နွားနို့တစ်ဗူးနဲ့ သကြားတစ်ပန်းကန်ပေးလိုက်တယ်
ဂရာဖီက နွားနို့ကို ၂ခွက် အညီအမျှခွဲပြီး သကြားထည့်လိုက်တယ်
ပြီးတော့ ဇွန်းနဲ့ သေချာမွှေထားလိုက်တယ်
ဒီခွေး လိမ်မာပါပေတယ်လို့ အားလုံးက ချီးကျူးကြတယ်
နောက်ဆုံး…
စည်ပင်ဝန်ထမ်းက သူ့ခွေးကို ခေါ်လိုက်တယ်
“ကဲ… ဒိန်းဂျား၊ မင်းရဲ့ အစွမ်းကို ပြလိုက်စမ်း”
ဆိုပြီး စာရွက်တစ်ထပ်နဲ့ ဘောပင်တစ်ချောင်းပေးလိုက်တယ
ဒိန်းဂျားက ချက်ခြင်းပဲ စာပွဲပေါ်ခုန်တက်လိုက်တယ်...
ပြီးတာနဲ့ ကွတ်ကီးတွေကို အကုန်ယူစားလိုက်တယ်
ပြီးတာနဲ့ နွားနို့ ၂ခွက်လုံးကို ကောက်မော့လိုက်တယ်
ပြီးတာနဲ့ အိမ်ပုံစံစာရွက်ပေါ်မှာ ချေးပါချလိုက်တယ်
ပြီးတာနဲ့ ခုနက ခွေးသုံးကောင်ကို လှည့်ပတ်မာန်ဖီပြီး သေးနဲ့ပန်းလိုက်တယ်
ပြီးတာနဲ့ အဲဒီခွေးတွေက သူ့ကို ဝိုင်းကိုက်ပါတယ်လို့ ရီပို့ရေးပြီး ဒိုင်လူကြီးတွေကို တိုင်တယ်
ပြီးတာနဲ့ သူ့ဒဏ်ရာတွေကို ကုသဖို့ ဆေးဖိုးဒေါ်လာ ၃၀၀ တင်တောင်းတယ်
ပြီးတာနဲ့ ဆေးခွင့်တစ်ပတ်တင်ပြီး အိမ်ပြန်သွားပါလေရော… …
ကိုင်း… ညီ/ညီမလေးတို့ရေ…
ပုံပြင်လေးကတော့ ဒါပါပဲကွယ်
ဒါ အမေရိကန်ပြည်မှာနော်
ညီ/ညီမလေးတို့ အထင်မှားပြီး လာဆဲမှာစိုးလို့ ကြိုပြီး ဆိုင်းဘုတ်တင်ထားတာပါကွယ်
သန်၎ကို-ပုံပြင်ပြောသည်။
https://www.facebook.com/
0 comments:
Post a Comment