သစ်ထူးလွင် သတင်းစုစည်းမှု (၂၆-၁၀)
သစ်ထူးလွင် |
- သစ်ခိုးထုတ်မှု ကေအိုင်အေနှင့် မသက်ဆိုင်ဟုဆို
- အငြိမ်းစားဗိုလ်ချုပ်မှူးကြီး
သန်းရွှေ နိုင်ငံရေးတွင် ပါဝင်ပတ်သက်၍မရတော့ဟု ဦးရွှေမန်းပြော - ဥပဒေသစ်အရ အစိုးရအဖွဲ့ဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ ၀င်ငွေခွန်ပေးဆောင်ရမည်
- ဌာနေပျောက် တိုင်းရင်းသား
- ယဉ်ကျေးမှုအမွေကို ကိုယ်ကမထိန်းလျှင် ဘယ်သူထိန်းမလဲ
- လွတ်မြောက် ဗုံးဖောက်ခွဲသူများ ဖမ်းဆီးနိုင်ရေး အာဆီယံ ရဲတပ်ဖွဲ့ အကူအညီ ရယူဆောင်ရွက်နေဟုဆို
- မလေးရှားတွင် ဒဏ်ရာ ပြင်းထန်စွာ ရရှိထားသည့် မြန်မာအမျိုးသမီးကို ရန်ကုန်ပြန်ခေါ်ရန် စီစဉ်
- ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှို
င်နှင့် KNPP တို့ တွေ့ဆုံမည့် အစီအစဉ်ပျက် - မြန်မာနိုင်ငံတွင် လူမျိုးတုံး သတ်ဖြတ်မှု မရှိဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား
- ဘင်္ဂလာဒေခ်ျ့ မတည်ငြိမ်မူ လူ ၇ ဦးသေဆုံးပြီး လူပေါင်း ၄၅၀ ဒဏ်ရာရ
- မြောက်ဥက္ကလာပမြို့နယ်၊ မေဓါဝီလမ်းပေါ်တွင် အမျိုးသားတစ်ဦး ဦးခေါင်းပြတ်ရှ ဒဏ်ရာများဖြင့် သေဆုံး
- ဒုက္ခသည် ၇၀၀ ကျော် အီတလီ ကယ်တင်
- ဆော်ဒီသူတွေ ကားမမောင်းဖို့ အစိုးရသတိပေး
- စစ်တပ်ကို လူထုချစ်စေချင်
- ကချင်ဒုက္ခသည်စခန်း တပ်မတော် ၀င်ရောက်မှုအကြောင်းရင်း တိုင်းမှူးရှင်းပြ
- အာဆီယံဥက္ကဌ မြန်မာအတွက် ဟန်ဂေရီအစိုးရ ကူညီထောက်ပံ့
- ဒေါ်အောင်ဆန်းစုကြည် Sandhurst စစ်တက္ကသိုလ်မှာ မိန့်ခွန်းပြော
- ကချင်ဒုက္ခသည်တွေကူညီရေး ကုလဌာနေကိုယ်စားလှယ်ပန်ကြား
- အောက်တိုဘာလ(၂၆)ရက်နေ့ ထုတ် မြန်မာ့အလင်းနေ့ စဉ် သတင်းစာ
- အောက်တိုဘာလ(၂၆)ရက်နေ့ ထုတ် ကြေးမုံနေ့ စဉ် သတင်းစာ
- အောက်တိုဘာလ(၂၄)ရက်နေ့ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ - ၄၊ အမှတ် - ၁၆၈
- အောက်တိုဘာ(၂၁)ရက်နေ့ထုတ် မြန်မာတောင်သူကြီးများ ဂျာနယ် အတွဲ(၅) အမှတ်(၆၈)
Posted: 26 Oct 2013 01:33 AM PDT
ကချင်ပြည်နယ် မန်စီမြို့နယ်တွင် တပ်မတော်က ဖမ်းဆီးရမိသော တရားမဝင် သစ်များသည် ကေအိုင်အေနှင့် သက်ဆိုင်ခြင်း မရှိကြောင်း ကေအိုင်အို ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က The Voice သို့ ပြောသည်။ တပ်မတော်နှင့် ကေအိုင်အေ တပ်ရင်း ၁၂ တို့ ဗန်းမော်ခရိုင် မန်စီမြို့နယ်တွင် နှစ်ရက်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် တပ်မတော်က သစ်ခိုးထုတ်မှုကို ဖမ်းဆီးရန် စစ်ကြောင်းထိုးစဉ် ကေအိုင်အေနှင့် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခြင်း ဖြစ်ကြောင်း တပ်မတော်က ပြောဆိုခြင်းအပေါ် ဦးလနန်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။ --- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 26 Oct 2013 01:28 AM PDT
အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 26 Oct 2013 01:42 AM PDT
နိုင်ငံတော်သမ္မတအပါအ၀င် ပြည်ထောင်စုအဆင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ပုဂ္ဂိုလ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ ချီးမြှင့်ငွေစရိတ်နှင့် အဆောင်အယောင်များဆိုင်ရာ ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းအရ အဆိုပါပုဂ္ဂိုလ်များအားလုံးသည် ၀င်ငွေခွန် ပေးဆောင်ရတော့မည်ဖြစ်သည်။ အဆိုပါပုဂ္ဂိုလ်များသည် ယခင်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ထုတ်ပြန်ထားသည့် ဥပဒေများအရ ရရှိသည့်ဝင်ငွေအသီးသီးပေါ်တွင် ၀င်ငွေခွန် ကောက်ခံခြင်းမှ ကင်းလွတ်စေရမည်ဟူ၍ပါရှိသည်။ ---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 26 Oct 2013 01:14 AM PDT
''ကယန်းဆိုတာ 'ကန်'နဲ့ 'ယန်း'နဲ့ ပေါင်း စပ်ထားတာ။ 'ကန်'ဆိုတာ ပိုင်နက်နယ်မြေ၊ 'ယန်း'ဆိုတာလူမျိုး။ပိုင်နက်နယ် ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 26 Oct 2013 01:04 AM PDT
မြိုင်မြို့နယ် ဗိမာန်မရွာမှ မနော ရမ္မာကျောင်းကြီး၏ အတွင်းအဆင် တန်ဆာတို့က ခမ်းနားထယ်ဝါလှသည်။ အမိုးမျက်နှာကြက်မှသည် ကျောင်းတိုင် လုံးများထိ မည် သည့်နေရာမှ အလွတ် အလပ်မရှိရအောင် ရွှေချခြင်း ရွှေဇဝါ ရေးသားခြင်း ပန်းပြောက်ပန်းခက် နတ် သိကြားဗြဟ္မာရုပ်များဖြင့် တန်ဆာဆင် ထားသည်။ ကျောင်း အတွင်း သို့ ဝင် ရောက်လာသူကို မဝံ့မရဲ ဖြစ်သွားအောင် ထိုခမ်းနားထည်ဝါမှုက ဖမ်းစားထားနိုင် သည်။ --- ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 26 Oct 2013 12:57 AM PDT
လွတ် မြောက်နေဆဲဖြစ်သော ဗုံးဖောက် ခွဲမှု များနှင့်ပတ်သက်သည့် အဓိက တရားခံနှင့် အပေါင်းအပါများ ကို နယ်စပ်မှ ထွက်ပြေးမှုမရှိစေ ရန် အာဆီယံရဲတပ်ဖွဲ့နှင့်ပူးပေါင်း ဆောင် ရွက်နေ ပြီ ဖြစ်ကြောင်း နေပြည်တော် ရှိ မှုခင်းရဲတပ်ဖွဲ့မှ အဆင့်မြင့် အရာရှိတစ်ဦးက ထုတ် ဖော်ပြောကြားလိုက်သည်။ ယင်းကဲ့သို့ ထွက်ပြေးတရား ခံ စောနေတိုးနှင့်ပတ်သက်၍ သတင်းကွင်းဆက်များ ရရှိထား ပြီဖြစ်သော်လည်း တရားခံကိုမူ ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း၊ အာဆီယံရဲတပ်ဖွဲ့ဝင်များကို အ ဆိုပါတရားခံနှင့်ပတ်သက်၍ သ တင်းအချက်အလက်များ ပေး ထားပြီဖြစ်ကြောင်း သိရသည်။ --- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 26 Oct 2013 12:31 AM PDT
မလေး ရှားနိုင်ငံတွင်ဒဏ်ရာအပြင်း အထန်ရရှိထားသည့် အမျိုးသမီးကို မြန်မာနိုင်ငံ သို့ ပြန်လည်ခေါ် ဆောင် သွားမည်ဖြစ်ကြောင်း သီတဂူအထောက် အကူပြုအဖွဲ့ မှ တာဝန်ရှိသူ က ပြောသည်။ မလေးရှား၌ အောက်တိုဘာ ၁၈ရက်ကတိုက်ခိုက်ခံရပြီး ဒဏ် ရာရ ကာ ဆေးရုံတက်နေရသော မြန်မာအမျိုးသမီးကို သီတဂူအ ထောက် အကူပြုအဖွဲ့မှ လေယာဉ် စီးနိုင်သည့် အနေအထားရပါက မြန်မာ နိုင်ငံသို့ ပြန်ခေါ်လာပေး မည်ဖြစ်ကြောင်း သိရသည်။ --- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 26 Oct 2013 12:24 AM PDT
နှစ်ဖက်တပ်များအကြား ယုံကြည်မှု တည်ဆောက်ရန်အတွက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) အဖွဲ့တို့ အောက်တိုဘာလ ၂၅ ရက်နေ့တွင် တွေ့ဆုံရန် စီစဉ်ထားသော်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မအားလပ်သဖြင့် တွေ့ဆုံရန် အစီအစဉ် ပျက်သွားကြောင်း KNPP အတွင်းရေးမှူး ဦးရွှေမျိုးသန့်က ပြောကြားသည်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် တွေ့ဆုံရန် အောက်တိုဘာ ၂၅ ရက်နေ့ တွင် KNPP စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဘီတူး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် နေပြည်တော်သို့ သွားရောက်ခဲ့သော်လည်း တွေ့ဆုံခွင့် မရခဲ့ကြောင်း ၎င်းကဆိုသည်။ --- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 26 Oct 2013 12:21 AM PDT
မြန်မာနိုင်ငံတွင် အစ္စလာမ် ဘာသာဝင်များကို လူမျိုးတုံး သတ်ဖြတ်မှု မရှိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာလ ၂၄ ရက်နေ့က ဘီဘီစီနှင့် တွေ့ဆုံ မေးမြန်းမှု တစ်ရပ်တွင် ပြောဆိုလိုက်သည်။ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများတွင် လူမျိုးတုံး သတ်ဖြတ်မှုများ ရှိလာသည်ဟု နိုင်ငံတကာ၏ စွပ်စွဲမှုများအပေါ် မေးမြန်းရာ တွင် ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ --- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 25 Oct 2013 08:32 PM PDT
မြန်မာ အိမ်နီးချင်း ဘင်္ဂလာဒေခ်ျ့ နိုင်ငံမှာ မနေ့က ပေါ်ပေါက်ခဲ့တဲ့ လက်ရှိ အစိုးရပါတီ ထောက်ခံသူတွေနဲ့ အတိုက်အခံပါတီ ထောက်ခံသူတွေ အကြား အပြန်အလှန် တိုက်ခိုက်မူ အတွင်း လူ ၇ ဦး သေဆုံးပြီး လူပေါင်း ၄၅၀ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ အတိုက်အခံ ဘင်္ဂလာဒေခ်ျ့ အမျိုးသား ပါတီ (BNP) ကို ထောက်ခံသူတွေဟာ မနေ့က လက်ရှိ အစိုးရပါတီ အ၀ါမီလိဂ် ထောက်ခံသူတွေ၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ နိုင်ငံ အနှံ့အပြားမှာ ထိပ်တိုက် ရင်ဆိုင် တိုက်ခိုက်မူတွေ ဖြစ်ပွားခဲ့ကြတယ်လို့ ဆိုပါတယ်။ --- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 25 Oct 2013 08:19 PM PDT
ရန်ကုန်၊ အောက်တိုဘာ ၂၄
၂၄.၁၀.၂၀၁၃ရက်နေ့ ၀၄၀၀အချိန် မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်၊ မေဓါဝီလမ်းပေါ်တွင် ဦးခေါင်း သွေးထွက်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦး သေဆုံးနေ၍ ယာဉ်ထိန်းတပ်ဖွဲ့စု - ၂ မှ တပ်ဖွဲ့ဝင်များသည် မြောက်ဥက္ကလာပဆေးရုံသို့ ပိုအပ်ခဲ့ပြီး ၁၀၀၀အချိန် မှုခင်းဆရာဝန်မှ ရင်ခွဲစစ်ဆေးခဲ့ရာ သေဆုံးသူ အောင်နိုင်ဦး (ဘ)ဦးကျော်ဦး၊ (က)ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်နေသူတွင် ဦးခေါင်းဝဲဘက်ပြတ်ရှဒဏ်ရာ (၁)ချက်၊ ငယ်ထိပ်ပြတ်ရှဒဏ်ရာ (၁)ချက်၊ ငယ်ထိပ်ဘေးပြတ်ရှဒဏ်ရာ (၁)ချက်တို့ရရှိကာ ဦးနှောက်အမှေးပေါက်ပြီး ဦးနှောက်အတွင်း သွေးဝင်သေဆုံးခြင်းဖြစ်ကြောင်း သိရှိရသဖြင့် မြောက်ဥက္ကလာပမြို့မရဲစခန်း(ပ) Yangon Police | ||
Posted: 25 Oct 2013 07:57 PM PDT
စစ္စလီ ရေလက်ကြားမှာ နေ့ရောညပါ ပြုလုပ် နေတဲ့ ဒုက္ခသည် စောင့်ကြည့်ရေး လုပ်ငန်းစဉ် တွေအတွင်း လူပေါင်း ၇၀၀ ကျော်ကို ကယ် တင်ခဲ့ပြီလို့ အီတလီ အာဏာပိုင်တွေက ပြော ပါတယ်။ ဒုက္ခသည် အများစုဟာ ဆီးရီးယားက ထွက်ပြေးလာ ကြသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ အခုလ အစောပိုင်းက အီတလီ နိုင်ငံ ကမ်းလွန် ပင်လယ်ပြင် တဝိုက်မှာ သင်္ဘောတွေ မြုပ်လို့ ရွှေ့ပြောင်း ဝင်ရောက်လာသူ ၃ ရာကျော် သေဆုံး ခဲ့ရပြီးနောက် ဥရောပ သမဂ်ဂကနေ ကင်းလှည့် စောင့်ကြည့်မှုတွေကို တိုးမြှင့် ဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့အပြီး အီတလီက အခုလို ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 25 Oct 2013 07:55 PM PDT
အမျိုးသမီးတွေ ကားမောင်းခွင့် ကန့်သတ်ထားတာကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတခု စနေနေ့မှာ ကျင်းပဖို့ စီစဉ်ထားတာကို ဖျက်သိမ်းဖို့ Saudi Arabia ပြည်ထဲရေးဝန်ကြီးက နိုင်ငံတွင်းအမျိုးသမီးထုကို သတိပေးလိုက်ပါတယ်။ အမျိုးသမီးကားမောင်းခွင့် အခွင့်အရေးကို ထောက်ခံဆန္ဒပြသူတွေ၊ ထုတ်ပြန်ထားတဲ့ တားမြစ်ချက်ကို ချိုးဖေါက်သူတွေကို ဥပဒေအတိုင်းအရေးယူသွားမှာဖြစ်ေ သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 25 Oct 2013 07:37 PM PDT
ဥရောပ ငါးနိုင်ငံ ခရီးစဉ် ဒုတိယ နောက်ဆုံး နိုင်ငံ အဖြစ် ဗြိတိန် နိုင်ငံကို ရောက်နေတဲ့ ဒေါ်အောင်ဆန်း စုကြည်ဟာ မနေ့ တုန်းကတော့ ဆန်းဒ် ဟပ်စ် တော်ဝင် စစ်တက္ကသိုလ်မှာ မိန့်ခွန်း ပြောခဲ့ပါတယ်။ စစ်ယူနီဖောင်း အပြည့် ဝတ်ဆင် ထားကြတဲ့ ဗြိတိသျှ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး နစ်ဟောင်တန်၊ နောက် တခြား ဗိုလ်ချုပ်တွေ၊ အရာရှိကြီး တွေနဲ့ ဗြိတိန် အပါအဝင် နိုင်ငံတကာက ဗိုလ်လောင်းတွေ ရှေ့မှာ မိန့်ခွန်းခြွေဖို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည် ကို ပန်ကြားခဲ့ တာဖြစ် ပါတယ်။ --- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 25 Oct 2013 06:11 PM PDT
ပြီးခဲ့တဲ့ အောက်တိုဘာ၂၂ရက်နေ့က အစိုးရတပ်များ ဗန်းမော်မြို့အနီး မန်စီမြို့နယ်အတွင်းရှိ မုန်းတင်ပါဒုက္ခသည်စခန်းကို ၀င်ရောက်ခြင်းဟာ နယ်မြေကျွမ်းကျင်မှုရရှိရန်နဲ့ ပြည်သူများနဲ့ ထိတွေ့နိုင်ရန် ဆောင်ရွက်ခြင်းဖြစ်တယ်လို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနောင်က ပြောဆိုပါတယ်။ ဒီနေ့ညနေပိုင်းက ငြိမ်းချမ်းရေးအကျိုးဆောင်PCG အဖွဲ့ဝင်သုံးဦးနဲ့ ဒုက္ခသည်စောင့်ရှောက်ရေးအဖွဲ့ KBC က တာဝန်ခံတစ်ဦးတို့ကို မြောက်ပိုင်းတိုင်းတိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနေုာင်က မြစ်ကြီးနားမြို့ မလိခရိပ်သာမှာ ခေါ်ယူတွေ့ဆုံပြီး ခုလိုရှင်းပြခဲ့တာပါ။ အစည်းအဝေးကို တက်ရောက်တဲ့ PCG အဖွဲ့က ဦးဆန်းအောင် ပြောတာကတော့.. --- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 25 Oct 2013 06:09 PM PDT
မြန်မာနိုင်ငံ အာဆီယံဥက္ကဌ တာဝန်ယူဆောင်ရွက်တာကို ထောက်ခံအားပေးကူညီတဲ့အနေနဲ့ ဥရောပတိုက် ဟန်ဂေရီနိုင်ငံက အမေရိကန်ဒေါ်လာ ၄ သောင်းကျော်တန်ဖိုးရှိတဲ့ အဆင့်မြင့်ကွန်ပျူတာ အထောက်အကူပြုပစ္စည်းတွေ ဒီနေ့ ပေးအပ်လှူဒါန်းလိုက်ပါတယ်။ အီးယူဥရောပသမဂ္ဂ ဥက္ကဌလုပ်ခဲ့ဖူးတဲ့ ဟန်ဂေရီနိုင်ငံက မြန်မာနိုင်ငံကို အခုလို အကူအညီပေးဖို့ ထိုင်းနိုင်ဆိုင်ရာ ဟန်ဂေရီသံအမတ်ကြီး Mr. Danes TOMAJ ဦးဆောင်တဲ့အဖွဲ့ဟာ ဘန်ကောက်မြို့ မြန်မာသံရုံးမှာ ဒီနေ့ သဘောတူစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့တယ်လို့ မြန်မာသံအမတ်ကြီး ဦးတင်ဝင်းက ပြောပါတယ်။ --- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 25 Oct 2013 06:03 PM PDT
ဗြိတိန်နိုင်ငံကိုရောက်ရှိနေတဲ့ NLD ဥက္ကဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ Sandhurst (ဆန်းဒတ်စ်) တော်ဝင် စစ်တက္ကသိုလ်ကိုသွားရောက်ပြီး လေ့လာခဲ့သလို ဗိုလ်လောင်းတွေကိုလည်း မိန့်ခွန်းပြောကြားခဲ့ပါတယ်။ မနေ့ကတော့ မြောက်အိုင်ယာလန်ကို သွားရောက်ပြီး ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင် ပတ်သက်တဲ့ နိုင်ငံရေး အင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာပါ။ အသေးစိတ်ကိုတော့ ဗြိတိန်နိုင်ငံခြားရေးရုံးကို ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင် က ပြောပြပေးပါမယ်။ --- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 25 Oct 2013 05:59 PM PDT
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် နမ်လင်းပါနဲ့ မုန်းဒိန်ပါရွာအနီး အစိုးရတပ်တွေနဲ့ ကေအိုင်အေ ကချင်တပ်တွေအကြား တိုက်ပွဲတွေဖြစ်ခဲ့လို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကချင်စစ်ပြေးဒုက္ခသည်တွေကို ချက်ချင်းစာနာမှု အကူအညီတွေ ပံ့ပိုးနိုင်ရေးအတွက် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ်က ပန်ကြားလိုက်တဲ့အကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ရဲ့ပြောခွင့်ရသူက သောကြာနေ့ကပြောဆိုလိုက်ပါတယ်။ သက်ဆိုင်သူတွေ အားလုံးအနေနဲ့ လွတ်လပ်စွာလှုပ်ရှားသွားလာခွင့်
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 25 Oct 2013 05:55 PM PDT
| ||
Posted: 25 Oct 2013 05:52 PM PDT
| ||
Posted: 25 Oct 2013 05:48 PM PDT
| ||
Posted: 25 Oct 2013 05:46 PM PDT
အောက်တိုဘာ(၂၁)ရက်နေ့ထုတ် မြန်မာတောင်သူကြီးများ ဂျာနယ် အတွဲ(၅) အမှတ်(၆၈) ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ |
0 comments:
Post a Comment