Thursday, October 31, 2013

Trial Version Software တွေကို Full Version ဖြစ်အောင် Patch File အသုံးပြု၍ Install ပြုလုပ်နည်းနဲ့ ဖြေရှင်းနည်း


Fig ~ 1
ကျွန်တော် ဒီ တစ်ခါပြောပြပေးမဲ့ Post လေးကတော့ ကျွန်တော်တို့ တစ်ခါတစ်ရံ ကိုယ်အသုံးလိုတဲ့ Software တွေကိုစိတ်ကြိုက် Download လုပ် Install လုပ်ကြပြီး ကိုယ့် ကွန်ပျူတာထဲမှာ ထည့်သွင်းအသုံးပြုကြတာပေါ့ဗျာ။ဒါပေမဲ့ တစ်ချို့ Software ထုတ်လုပ်လိုက်တဲ့ Company တွေက Freeware အနေနဲ့ အလကားအသုံးပြုခွင့်ပေးထားပြီး တစ်ချို့ Software တွေကျတော့ Trial Version အနေနဲ့ အသုံးပြုခွင့်ပေးထားပြီး ပိုက်ဆံပေးဝယ်ရတဲ့ ပုံစံမျိုးပေါ့ဗျာ။
တခြား နိုင်ငံတွေ အနေနဲ့ အဲ့လို ၀ယ်ပြီး အသုံးပြုရတာ အဆင်ပြေတယ်ဆိုပေမဲ့ ကျွန်တော်တို့ မြန်မာလူမျိုးတွေ အတွက်ကတော့ အဲ့လိုသာ သုံးနေရရင် အိမ်ပါပေါင်ရမလို ဖြစ်နေကြတယ်လေ။ဒါတွေ ထားပါတော့ဗျာ။ကျွန်တော် အခု ပြောချင်တာက Trial Version Software တွေကို Full Version ဖြစ်အောင်ဆိုပြီး  Patch File တို့ Crack File တို့ Key Gen တို့ Serial Number တို့ မျိုးစုံရှိကြပါတယ်။အဲ့ဒီ ထဲကမှ အခု ကျွန်တော် ရှင်းပြမှာကတော့ Patch File ကို Install လုပ်ပြီး Full Version ဖြစ်အောင် ပြုလုပ်တဲ့ နည်းလေး ကျွန်တော် သိသလောက် အတက်နိုင်ဆုံး ရှင်းပြပါ့မယ်ဗျာ။Patch File တွေ Install လုပ်နည်းကတော့ Software တွေပေါ်မူတည်ပြီး တူချင်မှ တူပါလိမ့်မယ်။ဒါကိုတော့ ကျွန်တော်တို့က သချာင်္မှာလို ပုံသေနည်းအသေမမှတ်ပဲ မိမိ ဦးနှောက်ကို အသုံးပြုပြီး အခက်အခဲကို ဖြေရှင်းရမှာပေါ့ဗျာ။အခု ကျွန်တော် နမူနာ Software တစ်ခုဖြစ်တဲ့ CardRecovery ဆိုတဲ့ Software ကို Full Version ဖြစ်အောင် Patch File Install ပြုလုပ်ခြင်းကို ကျွန်တော် ဓာတ်ပုံတွေနဲ့ တကွ အသေးစိတ်ရှင်းပြပါ့မယ်ဗျာ။အခု ကျွန်တော် ရှင်းပြမဲ့ နည်းကတော့ လွယ်ကူလျင်မြန်ပြီး ဘယ် Software မျိုးလာလာ အဲ့ဒီ နည်းလမ်းလေးနဲ့ အသုံးပြုဖြေရှင်းနိုင်ပါတယ်ဗျာ။အခု ကျွန်တော်တို့က CardRecovery ဆိုတဲ့ Software ကိုအသုံးပြုဖို့ မိမိ ကွန်ပျူတာမှာ Install လုပ်ထားတယ်ဆိုပါစို့ ။Install လုပ်ပြီးတော့ Destop မှာ CardRecovery ဆိုတဲ့ Shortcut Icon လေးပေါ်နေမှာလိမ့်မယ်။အဲ့ဒီ Icon လေးကို ဖွင့်ပြီး ကျွန်တော်တို့က အသုံးပြုဖို့ စရတော့မယ်ပေါ့။သူ့မှာ ပေးထားတဲ့ Step အဆင့်အတိုင်း ကျွန်တော် က ကျွန်တော့ ကွန်ပျူတာရဲ့ Data ထဲကနေ ဖျက်ပြစ်မိတဲ့ ဓာတ်ပုံတွေကို Recovery ပြန်ယူတာပေါ့ဗျာ။အဲ့ဒီမှာ နောက်ဆုံးအဆင့်အနေနဲ့ Recovery လုပ်ထားတဲ့ Data တွေကို ပြန်ရယူပြီး Save မှတ်ပြီး သိမ်းထားမယ်ပေါ့ဗျာ။အဲ့ဒီမှာ ပြဿနာစတက်တာပါပဲ။အောက်က ပုံလေးအတိုင်း ကျွန်တော်တို့ကို Buy Now , Enter Key , Close ဆိုပြီး Box ကျလာပြီး ကျွန်တော့ကို ဒီ Software အသုံးပြုဖို့ ပိုက်ဆံပေးမလား။ဒါမှ မဟုတ် ပိုက်ဆံပေးဝယ်ထားတဲ့ Serial Key ကိုထည့်သွင်းပြီး အသုံးပြုမလားပေါ့ဗျာ။ခက်တာက ကျွန်တော်က ပိုက်ဆံပေးဝယ်ထားတဲ့ Serial Key ကျွန်တော့မှာမှ မရှိတာဗျ။အဲ့ဒီတော့ ကျွန်တော်တို့တွေ Download လုပ်တုန်းက ပါလာတဲ့ Patch File ကို Install လုပ်ပြီး Full Version ဖြစ်အောင် လုပ်မယ်ပေါ့ဗျာ။

Full Version မဖြစ်မိ Key တောင်းနေတဲ့ ပုံပေါ့။
အဲ့ဒီအခါ စိတ်မပူပါနဲ့။ကျွန်တော်တို့ ခုနက Destop မှာရှိနေတဲ့ CardRecovery ဆိုတဲ့ Shortcut Icon ကို Right Click နှိပ်လိုက်ပါ။ပေါ်လာတဲ့ စာကြောင်းတွေထဲကမှ Open File Location ဆိုတဲ့ စာတန်းလေးတွေကို  တွေ့အောင်ရှာ Click လိုက်ပါ။Windows XP မှာကျတော့ Properties ကိုသွားရမှာ ဖြစ်ပါတယ်။ပြီးရင် အဲ့ဒီမှာ Open File Target ဆိုတဲ့ ဖိုင်လေးကို ဖွင့်ရမှာဖြစ်ပါတယ်ဗျာ။ကျွန်တော်ကတော့ Windows 7 မှာ အသုံးပြုထားတဲ့  အောက်က ဓာတ်ပုံ အတိုင်းပေါ့ဗျာ။

Open File Location ကိုရှာပြီး Click လိုက်ပါ။
ဒါဆိုရင် CardRecovery Software ရဲ့ File Extensions နေရာကို ရောက်သွားပါလိမ့်မယ်။အဲ့ဒီ ပုံကတော့ ကျွန်တော်တို့ CardRecovery Software Download ဆွဲတုန်းက တစ်ခါတည်း ပါလာတဲ့ Patch File ကိုမထည့်ရသေးတဲ့ ပုံပေါ့ဗျာ။

Patch File မထည့်ရသေးတဲ့ ပုံ
အခု ကျွန်တော်တို့ လုပ်ရမှာက ခုနက CardRecovery File ကို Download ဆွဲတုန်းက ပါလာတဲ့ Patch File ကို Copy ကူးယူတဲ့ အဆင့်ပေါ့ဗျာ။အောက်က ပုံလေး အတိုင်း Copy ယူလိုက်ပေါ့ဗျာ။အမှန်ဆို ကျွန်တော် ဒီ အဆင့်ကို ချန်ထားခဲ့ချင်တာပါ။ဒါပေမဲ့ နားမလည်သေးတဲ့ သူတွေ ရှိနေသေးလို့ ကျွန်တော် အချိန်ကုန်ခံပြီး ရှင်းပြပေးခြင်းဖြစ်ပါတယ်ဗျာ။အောက်က ပုံလေးအတိုင်းပေါ့ဗျာ။

Patch File ကို Click တစ်ချက်ထောက် Right Click နှိပ်ပြီး Copy ကူးယူလိုက်ပါ။
ပြီးသွားရင် ခုနက ကျွန်တော်တို့ ဖွင့်ထားတဲ့ CardRecovery ရဲ့ File Extensions ကိုသွားပြီး Right Click နှိပ်ပြီး Paste ချလိုက်ပါ။အောက်က ပုံလေးအတိုင်းပေါ့ဗျာ။

ခုနက Copy ကူးထားတဲ့ Patch File ကို CardRecovery ရဲ့ File Extensions ထဲသို့ Paste ကူးထည့်ပုံ
အခုဆိုရင် Software Download လုပ်တုန်းက ပါလာတဲ့ Patch File ကို Software File Extensions ထဲကိုလဲ ကူးထည့်ပြီးသွားပြီ ဆိုတော့ ကျွန်တော်တို့က Install လုပ်ဖို့ပဲ ကျန်တော့တာပေါ့နော်။အဲ့ဒီ Patch File လေးကို Click နှစ်ချက်နှိပ်လိုက်ပါ။အဲ့ဒီမှာ Patch ဆိုတဲ့ Buttom လေးကို Click လိုက်ပေါ့ဗျာ။အောက်က ပုံလေးအတိုင်းပေါ့ဗျာ။
Patch Buttom လေးကို Click ပြီး X ဖြင့်ထွက်လိုက်ပါ။

ဒါဆိုရင် ကျွန်တော်တို့ ခုနက Trial Version ဖြစ်နေတဲ့ ပိုက်ဆံတောင်းနေတဲ့ Software ကို ပြန်ဖွင့်ကြည့်လိုက်ပါဦး။ခုနကလို Buy Now တို့ Enter Key တို့ ပေါ်မလာတော့ဘဲ Full Version အနေနဲ့အဆင်ပြေစွာ အသုံးပြုလို့ရသွားတာကို တွေ့ရမှာ ဖြစ်ပါတယ်ဗျာ။အောက်က ပုံလေး အတိုင်းပေါ့ဗျာ။

Patch File Install ပြုလုပ်ခြင်း ပြီးဆုံးသွားတဲ့ Software တစ်ခုရဲ့ ဓာတ်ပုံလေးပါ။
ကဲ.....ဗျာ။ဒီလောက်ဆိုရင် ကျွန်တော့ IT Bank က စာဖတ်ပရိတ်သတ်ကြီးတွေ ဘယ် Software ပဲလာလာ Full Version Software တွေထဲက Patch File သာ ပါလာခဲ့ပြီဆိုရင် ကျွန်တော် ရှင်းပြထားတဲ့ နည်းလေးအတိုင်းသာ Install လုပ်ပြီး အသုံးပြုကြပေတော့ဗျာ။အခု ကျွန်တော်ရှင်းပြတဲ့ နည်းကတော့ အလွယ်ဆုံးနဲ့ အရှင်းဆုံး Post ဖြစ်ပါလိမ့်မယ်ဗျာ။ဘာမှ အခက်တွေ့စရာမလိုအောင် ကျွန်တော်ရှင်းပြပေးထားပြီးပြီပဲလေနော်။
ကြိုးစားလျက်.....!
(Yekyawphyo)
http://welcometoitbank.blogspot.com/2013/02/trial-version-software-full-version.html မှ ...

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...