Wednesday, October 23, 2013

ဘစည် (စင်ကာပူ) မှ ဧရာဝတီ အောင်ဇော်သို့ အိတ်ဖွင့်ပေးစာ

သို့ /

#ဧ၇ာဝတီ သတင်း ဋ္ဌာန က အစ်ကို အောင်ဇော် ခင်ဗျာ.....
မြန်မာ နိုင်ငံဖွား ညီ အစ်ကို အရင်းတစ်ယောက်လို ခံစားပြီး ဒီစာကိုေ၇းလိုက်ခြင်းပါ အစ်ကိုေ၇...။ ကျွန်တော် တို့ တွေ မြန်မာပြည်မှာ မွေးခဲ့ကြတယ်...။ အစ်ကိုဟာ ဆိုရင် မြန်မာ နာမည် လှလှ လေးနဲ့  ထက်ထက် မြက်မြက် အယ်ဒီတာ ကြီး တစ်ယောက် အဖြစ် မီဒီယာကြီး တစ်ခုရဲ့  အကြီးအကဲ တစ်ဦးတောင် ဖြစ်လာခဲ့တယ် ။

ရပ်တည် အောင်မြင်နေတဲ့ မီဒီယာကြီးနာမည်က ဧရာဝတီ(The Irrawaddy News) အဖြစ် အောင်မြင်နေတဲ့ မီဒီယာ တစ်ခု အဖြစ်ပေါ့..။ တကယ်တော့ မြန်မာပြည်အတွက် ဂုဏ်ယူစရာပါ...။

ဒီလို ထက်မြက်တဲ့ အရေအသွေးတွေ ၊ အတွေးအခေါ်တွေ ၊ စွမ်းဆောင်ရည်တွေ အားလုံးကို စုစည်းပြီး မိမိ ကို မွေးဖွားပေးခဲ့တဲ့ အမိ မြန်မာ ပြည်ကို ကျေးဇူးဆပ် သိတတ်ကာ လူပီသစေချင်မိတာပေါ့ဗျာ.....။ အတ္တ ၊ မာန် ၊ မာန ၊ ကျော်ဇောချင်စိတ် ၊ လွှမ်းမိုးလိုစိတ် ၊ လူအထင်ကြီး လိုစိတ် ၊ ကြီးမြတ်လိုစိတ် ၊ ကျော်ကြားလိုစိတ် ဒါတွေဟာ လူသားတိုင်းမှာ အနည်း နှင့် အများ ရှိတတ်ကြပါတယ်..။ ပြန်စဉ်းစားရင် ဒါတွေ ဟာ ပူလောင်မှု့ တွေ ကိုပဲ ဦးတည်စေပါတယ်...အစ်ကို..။ ဆိုးကျိုးတွေကို ပဲ ဖြစ်စေပါတယ် ။ မိမိ အတွက် ၊ မိမိ သာလျှင် ၊ မိမိ မှန်တယ် လို အမြဲထင်လာတဲ့ အခါ ပညာတတ်တဲ့ သူတွေအတွက် ဒီအတွေးအခေါ်ကနေ အစွန်းကို ခဏလေးနဲ့  ရောက်သွားတတ်ပါတယ်...အစ်ကို.။

အဲတော့ ပညာတတ်ပီပီ မိမိရဲ့  မာန် မာနကို အသိ ဆိုတဲ့ ချွန်းနဲ့  အချိန်မှီ ထိန်းအုပ်ပြီး မာန် မာန တို့  ဆွဲဆောင်ရာ လမ်းကြောင်းမှားတွေပေါ် ကနေ လမ်းကြောင်းမှန်ပေါ်ကို ပြန်ရောက်စေချင်တာ ကျွန်တော့်ရဲ့ စေတနာပါ..။ အဲတော့ လူပီသတဲ့ အတွေးအခေါ်နဲ့  မိမိကို မွေးဖွားပေးခဲ့သော နိုင်ငံ နှင့် မိမိ နိုင်ငံသားတွေကို မိမိ တတ်စွမ်းသလောက် မိမိ ကိုယ်စွမ်း ဥာဏ်စွမ်းရှိသလောက် စောက်ရှောက်မှု့ ပေးကြတာဟာ တကယ်တော့ မင်္ဂလာ တစ်ပါး ပါ..အစ်ကို.။ အဲဒီလို စောက်ရှောက်မှု့  ပေးနိုင်တဲ့ စွမ်းဆောင်ရည်ရှိတဲ့ လူပီသတဲ့ အတွေးအခေါ်များကို ပီပီ ပြင်ပြင် အသုံးချပြီး မိမိ နိုင်ငံနဲ့  မိမိ ပြည်သူ အတွက် ဆိုတဲ့ အသုံးချမယ် ဆိုရင်......ပြည်သူတွေ ရဲ့  လေးစားခြင်း ၊ အားကိုးခြင်း ကို ခံရတဲ့ မီဒီယာ အဖြစ် ရပ်တည်ဖို့  အားလုံးမှာ လိပ်ပြာ သန့် သန့် နဲ့  စောင့်နေကြပါတယ်..။

မီဒီယာဆိုတာ မျှတမှု့ ရှိရတယ် ဆိုတာ အစ်ကို လဲ ခဏ ခဏ ပြောခဲ့ဖူးပါတယ်...။ ဒါပေမယ့် မီဒီယာ ဆိုတာ ကိုတော့ လူသတ် လက်နှက် အဖြစ် အသုံး မချ သင့် ပါဘူး..။ အရင် ဦးသန်းရွှေ အစိုးရလက်ထက်က မီဒီယာတွေ ကို အတော် လေးကို နှိပ်ကွပ်ခဲ့ပါတယ် ..။ အဲဒီတုန်းကဆို လေလှိုင်းပေါ်က လူသတ်သမား လို့ တောင် တင်စားခေါ်ဝေါ်ခဲ့ကြတယ် အစ်ကို..။ အရင်ကတော့ အဲဒီ တင်စားခေါ်ဝေါ်တာဟာ စိတ်ပညာ စိတ္တဗေဒ ကို အခြေခံအသုံးပြုပြီး ပြည်သူကို အယုံသွင်းတယ်လို့  ကျွန်တော် အရင်က ထင်နေခဲ့တာပါ..။ ဒါပေမယ့် အခု မီဒီယာ လွတ်လပ်ခွင့်တွေ အစပျိုးလာတဲ့ လက်ရှိ အစိုးရ အုပ်ချုပ်နေတဲ့ အချိန်မှာကို မြန်မာနိုင်ငံ အနောက်ခြမ်း ရခိုင်ပြည်ကြီးမှာ လူသတ်မှု့ တွေ ၊ လူမျိုးရေး ပြသနာတွေ ဖြစ်လာအောင် ဘာသာရေးကို အသုံးချပြီး ကမ္ဘာ မီဒီယာတွေကိုပါ အသုံးပြုပြီး ထိုးနှက် လုပ်ကြံခဲ့ကြတယ် ဆိုတာ အားလုံး အသိပါ..။

လေလှိုင်းပေါ်က လူသတ်သမား ဆိုတာ အမှန်ပဲ ဆိုတာ လက်တွေ့ ကျမှပဲ ယုံကြည်ခဲ့ရတယ်...အစ်ကို.။ အဲတော့ ဒီလို လေလိုင်းပေါ်က လူသတ်သမားတွေ ကိုကျွန်တော်တို့  တွေ ဘယ်လို တားဆီးမလဲ ၊ ဘယ်လို ဖော်ထုတ် မလဲ ၊ ဘယ်လို တွန်းလှန်မလဲ ဆိုတာကို ပဲ ကျွန်တော် တို့ တွေ စဉ်းစားပြီး လူသားအားလုံးကို အကျိုးပြု တဲ့ အစီအစဉ်တွေ ၊ မှန်ကန်တဲ့ လုပ်ရပ်တွေကို ပဲ ဖော်ဆောင်ပေးပါလို့  လေးစားစွာ တောင်းဆိုချင်ပါတယ် အစ်ကို...။ လေလှိုင်းပေါ်ကနေ လူသတ်တဲ့ လုပ်ရပ် ၊ မိမိ တိုင်းပြည် နဲ့  နိုင်ငံသားတွေ ကို သစ္စာဖောက် တဲ့ လုပ်ရပ် ၊ အမေကျော်ဒွေးတော် လွမ်းတဲ့ လုပ်ရပ် ၊ မိမိ အတ္တအကျိုးစီးပွားကို ရှေ့ တန်းတင်ပြီး အများအကျိုးစီးပွားကို ပျက်စီးစေတဲ့ လုပ်ရပ်တွေ ကို လုပ်ခြင်းဟာ တကယ်တော့ ခွေးထက်နှိမ့်တဲ့ အရည်အချင်းတွေပါ..။

ကောင်းမွန်တဲ့ (Attitude ) နဲ့ သာ အလုပ်လုပ်ပါ အစ်ကို..။ လူ ၊ နတ်တွေ ပါ သာဓုခေါ်ပါတယ်..။ အဲတော့ ပညာတွေ ဘယ်လောက် တော်တော် ၊ အတွေး အခေါ် နဲ့  လုပ်ရည် ကိုင်ရည်တွေ ဘယ်လောက်ပဲ ရှိရှိ ၊ ရည်ရွယ်ချက် (Attitude ) မမှန်တာနဲ့  အားလုံးဟာ ချော်ထွက်ကုန်စေပါတယ် အစ်ကို...။ သတိပေးချင်တာက ဒါလေးပါ...။အောက်က စာတွေ ကို ဖတ်ကြည့်ပါ ..။ အဲဒီလို တစ်စိတ်ကို တစ်အိတ်ထိ ဖြစ်အောင် တော့မလုပ်စေချင်ဘူးပေါ့ဗျာ...။

ကျေးဇူးတင်ပါတယ် အစ်ကို အောင်ဇော်..။

ညီငယ် ဘစည်(စင်ကာပူ) 9.10.2013

#ဟာလာဝတီ (Irrawaddy) မီဒီယာမှ အောင်ဇော်တို့  ဦးစီးပြီး သံတွဲ မငြိမ်မသက်မှု အကြောင်း သတင်းဇာတ်လမ်း ရိုက်ကူးကာ ကမ္ဘာ့ မီဒီယာတွင် ဖြန့် ချီရန် စီစဉ်နေကြောင်း သံတွဲ မြို့ ခံ NLD ပါတီဝင်များမှ ယင်းဇာတ်လမ်း ရိုက်ကူးရန် ကမန်ကုလားများကို လူစုပေးမည် ဖြစ်ကြောင်း တာဝန်ခံသတင်းထောက်မှာ Steve Tekna ဖြစ်ကြောင်း သတင်းရရှိပါသည်။

AboutArakan
5

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...