သစ်ထူးလွင် သတင်းစုစည်းမှု (၃၀-၁၀)
သစ်ထူးလွင် |
|
- ရဲများက လယ်သမားများကို ခြိမ်းခြောက်ပြီး ကင်မာရာများကို ပျက်စီးခဲ့
-
အငြိမ်းစားဗိုလ်ချုပ်မှူးကြီး
သန်းရွှေ ယခုထိသြဇာရှိတုန်းလား - ဟိန္ဒားသတ္တုတွင်းအတွက် ဂျာမဏီက ယူထားသည့် အကြွေးပြန်ဆပ်ရမည်
- စစ်တောင်းမြစ်ရေလျှံပြီး ကျေးရွာများ ရေဘေးကြုံနေရ
- အောင်မြင်မှု ဆိုတာ စိတ်ဓာတ် ရေးရာ ကြောင့်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော
- မြန်မာဘာသာဖြင့် အမုန်းပွားဖွယ်ကိစ္စများ ရေးသားနေသူတို့အား စောင့်ကြည့် ဖျက်သိမ်းရန် ဝန်ထမ်းတစ်ဦး ဖေ့စ်ဘွတ်မှ ခန့်အပ်ထားပြီ
-
အထက်မင်းလှမြို့နယ် ထန်းကိုင်းရေနံမှော် တစ်ပတ်အတွင်းဖယ်ရှားပေးရန်အမိန်
့ထုတ် - မလေးသို့ခိုးထွက်သည့် ဘင်္ဂါလီအများစု ရသေ့တောင်တွင် တိမ်းရှောင်နေဟုဆို
- အမုန်းတရားမရှိသဖြင့် အောင်မြင်မှုရခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော
-
မောင်တောကြိမ်ချောင်းဈေးမီးလော
င်၊ ဆိုင်ပေါင်း ၁၀၀ နီးပါး မီးထဲပါ - အဆောက်အအုံများ တရားမဝင် တည်ဆောက်မှုအား တရားစွဲရာ တွင် မြေရှင်သာမက ပန်းရန်၊ လက်သမားအဆင့်အထိ အရေးယူတော့မည်
- KIO ထိန်းချုပ်နယ်မြေအတွင်းမှ စစ်ရှောင်ဒုက္ခသည် ငါးရာကျော် အစိုးရထံသို့ ခိုလှုံခွင့် တောင်းခံ
- လှိုင်သာယာတွင် သေနတ်ဖြင့်ရမ်းကား
- ဘင်္ဂလာ လူမှောင်ခို စက်လှေမှ ဖမ်းမိသူ ၃၆ ဦး ရှိပြီ
- ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး ဦးဆောင်သည့် နေပြည်တော် အထူးစစ်ဗျူဟာ အ၀ိုင်းခံထားရ
- တိုင်းရင်းသားလက်နက်ကိုင် ညီလာခံ လိုင်ဇာမှာ ဒီနေ့စ
- ဘင်္ဂလားဒေ့ရှ် စက်လှေပျက်က ထွက်ပြေးသူ ၁၈ယောက် ထပ်မိ
- ကချင်ဆွေးနွေးပွဲကနေ အပစ်အခတ်ရပ်စဲရေး အောင်မြင်ဖို့ ဒေသခံတွေမျှော်လင့်
- Huawei ဖုန်းကုမ္ပဏီကို သြစီ ဝင်ခွင့်မပေးတဲ့အပေါ် တရုတ်ဒေါသထွက်
- Tiananmen ရင်ပြင် ကားတိုက်မှု သံသယရှိသူတွေကို လိုက်လံရှာဖွေ
- ဒေါ်စုကို ဂုဏ်ထူးဆောင် Turin မြို့တော်သူဆုချီးမြှင့်
- သံတွဲပဋိပက္ခနဲ့ဆက်နွယ်ပြီး ဖမ်းထားသူ ၁၄ ဦးအမှု စတင်
- ဥရောပမုန်တိုင်း ၁၃ ဦးထက်မနည်း သေဆုံး
- ထိုင်းနယ်စပ် ဒုက္ခသည်စခန်းများမှာနေထိုင်သူ နှစ်သောင်း လျော့ကျ
- အမြန်လမ်းမကြီး ပြွန်ပေါက်အတွင်း တွေ့ရှိရသည့် အမျိုးသမီးအလောင်းနှင့် ပတ်သတ်၍ ရဲစခန်းအသီးသီးသို့ အကူအညီတောင်းခံ
Posted: 30 Oct 2013 06:42 AM PDT
အောက်တိုဘာလ ၂၉ ရက်နေ့က တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ကမြောကင်းတံတားအနောက်ဘက်တွင် အစိုးရကသိမ်းယူထားသော လယ်ယာမြေများတွင် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ရန်အတွက် မြေများ ဖြည့်နေရာ လယ်သမားများက တားဆီးသောကြောင့် ရဲများက လယ်သမားများကို ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။ အဆိုပါ လယ်မြေများထဲတွင် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ရန်အတွက် ထားဝယ်ဖွံ့ဖြိုးရေးကုမ္ပဏီက တာဝန်ယူထားပြီး ၎င်း၏မြေကားများက စပါးစိုက်ထားသော လယ်ကွင်းထဲတွင် မြေများဖြည့်နေသောကြောင့် လယ်သမားများက တားဆီးရာ မြေကားမောင်းသူများက တာဝန်ရှိသူများကို ခေါ်မည်ဟု ပြောဆိုပြီး မိနစ် ၃၀ ခန့်ကြာသောအခါ တိုင်းအုပ်ချုပ်ရေး အတွင်းရေးမှူးနှင့် ရဲများရောက်ရှိလာပြီး ရိုင်းစိုင်း ကြိမ်းမောင်းသော စကားများပြောဆိုပြီး လယ်သမားများကို ကျူးကျော်သူများဟု ပြောဆိုကာ သေနတ်များဖြင့် ချိန်ရွယ်ခဲ့ကြောင်း သိရသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 30 Oct 2013 06:02 AM PDT
လွန်ခဲ့သောလပေါင်း ၃၁ လက အငြိမ်းစား ယူသွားခဲ့သူ တစ်ဦး၏ မကြာမီက ပြောစကား တစ်ခွန်းကြောင့် နိုင်ငံရေး စိတ်ဝင်စားသည့် ပြည်သူများကြား ဂယက်ရိုက်သွားခဲ့သည်။ သာမန်အငြိမ်းစား တစ်ဦးပြောလျှင် ထိုသို့မဖြစ်နိုင်သော်လည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်(ငြိမ်း) ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ပြောစကားကြောင့်သာ ယခုလို ဂယက်ရိုက်ခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် သီတင်းကျွတ်ကာလတွင် ပြည်ထောင်စု လွှတ်တော်နာယက ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် မိသားစုသည် အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ သွားရောက်ဂါရ၀ပြုခဲ့သည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 30 Oct 2013 05:52 AM PDT
လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ လောက်ကတည်းက ဟိန္ဒားသတ္တုတွင်း စီမံကိန်းအတွက် မြန်မာနိုင်ငံက အနောက်ဂျာမနီဆီကနေ ချေးယူထားတဲ့ ဂျာမနီမတ်ငွေ ၁၇ သန်းထဲက ငွေတွေ ပြန်ဆပ်ရဖို့ ကျန်ရှိနေတယ်လို့ သတ္တုနဲ့ သယံဇာတရေးရာ လွှတ်တော်ကော်မတီက ပြောကြားလိုက်ပါတယ်။ မဆလ အစိုးရလက်ထက် ၁၉၇၄ ခုနှစ်ကတည်းက ဟိန္ဒားသတ္တုတွင်း စီမံကိန်းအတွက် ချေးထားတဲ့ငွေတွေကို ပေးဆပ်ခဲ့ခြင်းမရှိဘဲ အခုမှ ပဲရစ်ကလပ်အဖွဲ့ဝင်နိုင်ငံတွေကို ပြန်ဆပ်ဖို့ သတ္တုတွင်း ၀န်ကြီးဌာနက တောင်းခံလာတဲ့အပေါ် မေးမြန်းရာကနေ ဒီကိစ္စ သိရှိတာလို့ သတ္တုနဲ့ သယံဇာတရေးရာ လွှတ်တော်ကော်မတီ အတွင်းရေးမှူး ဦးလှဆွေက ပြောပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 30 Oct 2013 05:45 AM PDT
မိုးအဆက်မပြတ် ရွာသွန်းခဲ့ပြီး ဆည်ရေ လွှတ်မှုတွေကြောင့် ပဲခူးတိုင်း အတွင်း စစ်တောင်းမြစ်တ လျှောက်က ကျေးရွာတွေမှာ မြစ်ရေလျှံပြီး စပါးခင်းတွေ ပျက်စီးမယ့် အန္တရာယ်နဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ မိုးအဆက်မပြတ် ရွာသွန်းပြီး ဆွာ၊ သောက်ရေခပ်၊ ခပေါင်းနဲ့ ပေါင်းလောင်ဆည်တွေ ရေလွှတ်တဲ့အတွက် ပဲခူးတိုင်း၊ တောင်ငူ၊ ရေတာရှည်၊ ဆွာနဲ့ သာဂရမြို့နယ်အတွင်းက စစ်တောင်းမြစ် တလျှောက်က ကျေးရွာ ၁၀ ရွာကျော် ရေနစ်မြှုပ်မှုခံနေရတာပါ။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 30 Oct 2013 05:41 AM PDT
အောင်မြင်မှုဆိုတာ
အဓိကအားဖြင့် စိတ်ဓါတ် ရေးရာကြောင့်သာ ပေါ်ပေါက်ရ ရှိနိုင်တာ ဖြစ်ကြောင်း
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ မနေ့က
အင်္ဂါနေ့မှာ အီတလီနိုင်ငံ အနောက်မြောက်ပိုင်း Turin မြို့က
ပေးအပ်ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်မြို့သူဆုကို လက်ခံခဲ့စဉ်အတွင်း ထည့်သွင်း
ပြောဆိုခဲ့တာပါ။ နေ့လယ်စာ စားခဲ့တုန်းက တစ်ယောက်က ကျမရဲ့ မြန်မာပြည်အရေး
ရုန်းကန်ရင်ဆိုင်တဲ့ နေရာမှာ အောင်မြင်မှုနဲ့ အားထုတ်မှုကြားက
အဆက်အစပ်အကြောင်း မေးပါတယ်၊ တကယ်တော့ အောင်မြင်တယ်ဆိုတာ
ရုပ်ပိုင်းပြည့်စုံမှုထက် စိတ်ပိုင်းပြည့်စုံမှုကြောင့် ဖြစ်ရတာပါ၊
ကျမတို့ရဲ့ ဒီမိုကရေစီရုန်းကန်မှု ခရီးတလျှောက်မှာ ခါးသည်းမှု၊ ဒေါသ၊
အမုန်းတရားတွေကို ကျော်လွန်နိုင်ခဲ့ကြပါတယ်၊---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 30 Oct 2013 05:17 AM PDT
ဖေ့စ်ဘွတ်ပေါ်တွင်မြန်မာဘာသာဖြင် သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 30 Oct 2013 05:13 AM PDT
မကွေးတိုင်း ဒေသကြီး သရက်ခရိုင် အထက် မင်းလှမြို့အတွင်းရှိ ထန်းကိုင်း ရေနံမှော်အား တစ်ပတ်အတွင်း ဖယ်ရှား ပေးကြရန် စက်တင်ဘာ ၉ ရက်တွင် သရက်ခရိုင် ရဲမှူးကြီး၏ အမိန့်အရ အသံချဲ့စက်ဖြင့် လည်းကောင်း၊ စာများဖြန့်ဝေ၍ လည်းကောင်း အသိပေး ကြေညာခဲ့ကြောင်း သိရသည်။ ကြေညာချက်တွင် အထက်မင်းလှမြို့နယ် ထန်းကိုင်း ရေနံမှော်အတွင်း ရေနံတွင်းတူးသူများ၊ ရေနံခပ်သူများ၊ ရေနံစိမ်း ရောင်းဝယ်သူများနှင့် ဈေးဆိုင်ဖွင့်သူများ တစ်ပတ်အတွင်း အပြီး ဖယ်ရှားပေးရန် ဖော်ပြထားသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 30 Oct 2013 05:08 AM PDT
မလေးရှားသို့ လှေတစ်စင်းဖြင့် ထွက်ပြေး လာသည့် ဘင်္ဂါလီအ များစုမှာ မုန်တိုင်းကြောင့်ဆက် လက်မထွက်ခွာနိုင်ဘဲ ရသေ့ တောင်မြို့နယ်၊ ချိန်ခါလီကျေး ရွာအနီးတွင် ထွက်ပြေးတိမ်းရှောင် နေကြောင်း သိရသည်။ ဘင်္ဂါလီ ၁၈ဝဦးကို တင် ဆောင်လာသည့် အဆိုပါမော် တော်ဘုတ်မှာ ဘင်္ဂလားပင်လယ် အော်အတွင်း မုန်တိုင်းအန္တရာယ် ကို ခိုလှုံရန် အောက်တိုဘာ ၂ရ ရက် နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ရှိ ချိန်ခါ လီကျေးရွာအနီးသို့ ကမ်းကပ်စဉ် ယင်းကို ဒေသခံများမြင်တွေ့ပြီး သက်ဆိုင်ရာသို့ အကြောင်းကြား ရာ ရသေ့တောင်အခြေစိုက် ခမရ (၂၃၄) မှတပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး သန်းထွဋ်ဝင်း ဦး ဆောင်၍ အဆိုပါဘင်္ဂါလီများ အား လိုက်လံဖမ်းဆီးရာ ဘင်္ဂါလီ ၁၈ဝဦးအနက် ၁၈ဦးကို မော်တော် ဘုတ်နှင့်အတူ ဖမ်းဆီးနိုင်ခဲ့ပြီး ကျန်ဘင်္ဂါလီများမှာ ထွက်ပြေး တိမ်းရှောင်သွားကြောင်း စစ်တွေ ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ရုံးမှ သိရသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 30 Oct 2013 04:38 AM PDT
အမုန်းတရားတွေမရှိခဲ့လို့ အောင်မြင်မှုတွေ ရတာလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အောက်တိုဘာလ ၂၉ ရက်နေ့ အီတလီ နိုင်ငံက ချီးမြှင့်တဲ့ တူရင်းန်မြို့တော်သူဆု လက်ခံရယူပြီး ပြောကြားတဲ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုလိုက်တာပါ။ “ကျမနေအိမ် အကျယ်ချုပ်ကျခံနေရတဲ့ အချိန်မှာ မကြာခဏ စဉ်းစားမိပါတယ်။ ကျမ စစ်အာဏာရှင်ကို စတင်မုန်းတဲ့နေ့ဟာ ကျမ ရှုံးနိမ့်မယ့်နေ့လို့။ ဒါပေမယ့် ကျမသူတို့ကို ဘယ်တော့မှ မမုန်းပါဘူး။ ဒါတွေကြောင့် ကျမနဲ့ အတူ ကျမလူတွေလည်း အကြိမ်ကြိမ် အောင်မြင်မှုတွေ ရလာတာပါ။ ကျမတို့ကြိုးစားဖို့ မျှော်လင့်နေတာက အမုန်းတရားမဟုတ်ပါဘူး။ ခါးသီးမှုတွေ ခံစားနေရလို့လည်း မဟုတ်ပါဘူး။ နားလည်မှုတွေ အခြေခံအားဖြစ်တော့ လူ့တန်ဖိုးတွေကို မျှဝေကြတာတွေ နဲ့ မတူကွဲပြားမှုတွေအကြားမှာ အောင်မြင်တွေရလာတာဖြစ်ပါတယ်။” --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 30 Oct 2013 04:13 AM PDT
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကြိမ်ချောင်းဈေး မီးလောင်သဖြင့် ဆိုင်ခန်းပေါင်း ၁၀၀ နီးပါးခန့် မီးထဲပါသွားသည်ဟု သတင်း ရရှိသည်။ အောက်တိုဘာလ ၂၉ ရက် ယမန်နေ့ ညဥ့် ၁၂ နာရီမှ စတင်လောင်ကျွမ်းခြင်း ဖြစ်ပြီး နံနက် ၄ နာရီမှ မီးငြိမ်းသွားသည်ဟု အမည်မဖေါ်လိုသူ စရဖ အရာရှိ တစ်ဦးက ပြောသည်။ “ ပေါ့ဆမီးပါ။ ဈေးဆိုင်တွေထဲမှာ မီးကြွင်းမီးကျန်တွေ ရှိရာကနေ စလောင်ကျွမ်းတာပါ။ ဆိုင်ခန်း ၈၀ ကျော် မီးထဲပါသွားပါတယ်” ဟု ၎င်းက ဆိုသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 30 Oct 2013 04:11 AM PDT
အဆောက်အအုံများ တရားမဝင်တည်ဆောက်မှုအတွက် တရားစွဲဆို ရာတွင် မြေရှင်သာမကဘဲ ပန်းရန်၊ လက်သမားအ ဆင့်ထိ တရားစွဲဆို မှု ဆောင်ရွက်သွားမည်ဟု ရန်ကုန်စည်ပင် အဆောက်အအုံဌာနမှ ဌာနမှူး ဦးမောင်မောင်ဇော်ကပြောသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေကို ယခုနှစ် စက်တင်ဘာလ တွင်အတည်ပြုခဲ့ပြီးဖြစ်ပြီး ယင်းဥပဒေအတိုင်း ဆောင်ရွက်သွားမည်ဟု ၄င်းက ပြောသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 30 Oct 2013 04:06 AM PDT
KIO ထိန်းချုပ်နယ်မြေအတွင်းမှ စစ်ရှောင်ပြည်သူ ၅ဝဝ ကျော် မြန်မာ အစိုးရထိန်းချုပ်နယ်မြေအတွင်းသိ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 30 Oct 2013 04:03 AM PDT
လှိုင်သာယာမြို့နယ်၊ အမှတ် ၁ ရပ်ကွက်၊ဦးဥတ္တမလမ်းတွင်အောက်တိ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 30 Oct 2013 03:48 AM PDT
ရခိုင်ပြည်နယ် ရသတော့င်မြို့နယ်သို့ ၀င်ရောက် ဆိုက်ကပ်လာသော လူမှောင်ခို စက်လှေမှ ထွက်ပြေး ပုန်းရှောင်နေသူများကို နယ်မြေခံ လုံခြုံရေး တပ်ဖွဲ့ဝင်များမှ လိုက်လံ ရှာဖွေ ဖမ်းဆီးနေရာ ယမန်နေ့ (အောက်တိုဘာလ ၂၉) ရက်နေ့ထိ ဖမ်းဆီးမိသူ အရေအတွက်မှာ ၃၆ ဦး ရှိသွားပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။ ၎င်းထွက်ပြေးတိမ်းရှောင်နေသူများကိ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 29 Oct 2013 08:47 PM PDT
ကချင်
လွတ်လပ်ရေး တပ်မတော် (KIA ) တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၁၂) သည်
အစိုးရ အထူး စီမံထားသည့် နေပြည်တော် စစ်ဗျူဟာ (၂) အား (၇) ရက် တိုင်တိုင်
ဝိုင်းထားဆဲ ဖြစ်သည့် အပြင် စစ်ကူ လာပေး နေသည့် အထူး စစ်ဗျူဟာ (၃) ကိုလည်း
ယနေ့ မနက် ပိုင်းတွင် ထပ်မံ တိုက်ခိုက် နေဆဲ ဖြစ်သည်ဟု KIA တပ်ရင်း (၁၂)
တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး လဘန်ဂျွန်းအောင် (Major Labang Jawn Awng) က
ဆိုပါသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 29 Oct 2013 08:21 PM PDT
ပြည်တွင်းပြည်ပ အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေ ရဲ့ ၃ ရက်ကြာ ထိပ်သီးညီလာခံကို တရုတ်မြန်မာနယ်စပ် ကချင်ပြည်နယ်က ကေအိုင်အို ဌာနချုပ်ရှိရာ လိုင်ဇာမြို့မှာ ဒီကနေ့ စတင်တော့မှာ ဖြစ်ပါတယ်။ ဒီလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များ ညီလာခံကို ကျင်းပဖို့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO က အစိုးရနဲ့ မြစ်ကြီးနားမှာ နောက်ဆုံးတွေ့တုန်းက တောင်းဆိုခဲ့တာ ဖြစ်ပြီး အစိုးရဘက်ကလည်း သဘောတူခဲ့ပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 29 Oct 2013 08:15 PM PDT
ဘင်္ဂလားဒေ့ရှ်ကနေ မလေးရှားကို လူမှောင်ခို တင်ပို့တဲ့ စက်လှေကနေ ထွက်ပြေး ပုန်းအောင်းနေတဲ့ လူပေါင်း ၁၈၀ ခန့် ကို မြန်မာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက လိုက်လံ ဖမ်းဆီးနေတဲ့ နေရာမှာ မနေ့ကလည်း နောက်ထပ် လူတော်တော်များများကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ အဲဒီလှေပေါ်ပါ လူတွေထဲက ၁၈ ယောက်ကို လွန်ခဲ့တဲ့ တနင်္ဂနွေနေ့က ဖမ်းဆီး မိခဲ့တာဖြစ်ပြီး အခု နောက်ထပ် ၁၈ ယောက် ထပ်မံ ဖမ်းဆီး ရမိခဲ့တာ ဖြစ်ပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 29 Oct 2013 06:31 PM PDT
မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ အပစ်အခတ် ရပ်စဲရေးတွေ ဖြစ်ထွန်းလာဖို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အားလုံးပါဝင်မယ့် ဆွေးနွေးပွဲကို မနက်ဖြန်မှာ KIO ကချင်လွတ်မြောက်ရေးအဖွဲ့ ဌာနချုပ်ရှိတဲ့ တရုတ်-မြန်မာနယ်စပ်က လိုင်ဇာမြို့မှာ ကျင်းပတော့မှာပါ။ ဒီဆွေးနွေးပွဲနဲ့ပတ်သက်လို့ ဒေသခံ တိုင်းရင်းသားတွေဘက်ကလည်း မျှော်လင့် ချက်တွေ ရှိနေပါတယ်။ လိုင်ဇာမြို့ကိုရောက်နေတဲ့ ဗွီအိုအေ၀ိုင်းတော်သား ကိုဇော်ဝင်းလှိုင်ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 29 Oct 2013 05:40 PM PDT
တရုတ်နိုင်ငံပိုင် Huawei တယ်လီဖုန်းကုမ္ပဏီကို သြစတြေးလျအစိုးရက သြစတြေးလျနိုင်ငံမှာ ဝင်ခွင့်မပေးတဲ့အပေါ် တရုတ်အစိုးရက ဝေဖန်မှု လုပ်လိုက်ပါတယ်။ သြစတြေးလျနိုင်ငံမှာ အင်တာနက် မြန်နှုန်း ဒိထက်မက မြန်ဆန်ဖို့အတွက် အစိုးရက ကြိုးစားနေပြီး အဲဒီအတွက် နိုင်ငံတကာက ကုမ္ပဏီကြီးတွေကို ဝင်ခွင့် ပေးထားပေမယ့် တရုတ်ပိုင် ကုမ္ပဏီကို ဝင်ခွင့် ပိတ်ပင် ထားတာဖြစ်ပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 29 Oct 2013 05:25 PM PDT
တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်က နာမည်ကျော် Tiananmen ရင်ပြင်မှာ မနေ့တုန်းက SUV ကားတစင်းနဲ့ ၀င်တိုက်မိရာက မီးလောင်ခဲ့တဲ့ ဖြစ်ရပ်နဲ့ ဆက်နွယ်ပြီး မတည်မငြိမ်ဖြစ်နေတဲ့ Xinjiang ဒေသက သံသယရှိသူ ၂ ယောက်ကို ရဲတွေက လိုက်လံ စုံစမ်းနေပါတယ်။ လူ ၅ ဦးသေဆုံးပြီး ၃၈ ယောက် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ရတဲ့ အဖြစ်အပျက်နဲ့ ပတ်သက်လို့ အာဏာပိုင်တွေ စုံစမ်းနေသလို၊ လုံခြုံရေးနဲ့ တည်ငြိမ်ရေးအတွက် ဆောင်ရွက်နေတဲ့အကြောင်း တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရသူ Hua Chunying က ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲ အတွင်းမှာပဲ ပြောဆိုခဲ့တာပါ။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 29 Oct 2013 05:06 PM PDT
ဥရောပ ၅ နိုင်ငံကို ခရီးထွက်နေတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အင်္ဂါနေ့မှာ အီတလီနိုင်ငံ Turin မြို့ကို ရောက်နေပြီဖြစ်ပြီး နေ့လည်ပိုင်းမှာ ဂုဏ်ထူးဆောင် Turin မြို့တော်သူ ဆုကို လက်ခံရယူမှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်တဲ့ နောက်ဆုံးသိရတဲ့ အခြေအနေကို ပြောပြပေးပါ။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက် က တင်ပြထားပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 29 Oct 2013 05:03 PM PDT
ရခိုင်ပြည်နယ် သံတွဲမြို့နယ်အတွင်းမှာ မကြာသေးခင်ကဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ဆက်နွယ်ပြီး သဗြုချိုင်ကျေးရွာနဲ့ ဆင်ခေါင်းကျေးရွာတွေက ဖမ်းဆီးထိန်းသိမ်းထားသူ ၁၄ ဦးကို ဒီကနေ့ သံတွဲမြို့နယ်တရားရုံးမှာ မီးရှို့မှု၊ အားပေးကူညီမှု စတဲ့ပုဒ်မတွေနဲ့ တရားစွဲဆိုလိုက်တယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သံတွဲမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဦးခင်ဇော်က RFA ကို အခုလိုပြောပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 29 Oct 2013 04:58 PM PDT
တနင်္လာနေ့တုန်းက မိုင် ၁၀၀ နှုန်းရှိတဲ့ မုန်တိုင်းကြီးတခု ဗြိတိန်တောင်ပိုင်း၊ နယ်သာလန်၊ ပြင်သစ်နဲ့ ဂျာမဏီနိုင်ငံတို့ကို ဖြတ်သန်းတိုက်ခိုက်သွားတဲ့အတွက် သစ်ပင်တွေလဲ၊ မြေနိမ့်ပိုင်းတွေ ရေကြီးနဲ့ လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်ခဲ့ရပါတယ်။ လူပေါင်း ၁၃ ယောက်အထိ သေဆုံးခဲ့ရတယ်လို့ သတင်းရရှိပါတယ်။ ဗြိတိန်နိုင်ငံမှာဆိုရင် ၅ နှစ်တာကာလအတွင်း အဆိုးရွားဆုံးဖြစ်တဲ့ ဒီမုန်တိုင်းကြီးကြောင့် လူ ၂ ဦး သစ်ပင်ပိ သေဆုံးသွားပြီး ကလေးငယ် ၁ ဦးလည်းပဲ သေဆုံးသွားခဲ့ပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 29 Oct 2013 04:59 PM PDT
ထိုင်းမြန်မာနယ်စပ်
ဒုက္ခသည်စခန်းအချို့မှာ နေထိုင်သူလူဦးရေဟာ ဘဝတိုးတက်မှုနည်းပါးလာတဲ့အတွက်
တဖြည်းဖြည်းလျှော့ကျလာတာ ပြီးခဲ့တဲ့တစ်နှစ်ကာလအတွင်း
နှစ်သောင်းခန့်ရှိသွားပြီလို့ သိရပါတယ်။ ထိုင်းနိုင်ငံ နယ်စပ်တစ်လျှောက်
ဒုက္ခသည်စခန်း ၉ ခုမှာ ရိက္ခာအကူအညီပေးနေတဲ့ ဒုက္ခသည် အကူအညီပေးရေး TBC
အဖွဲ့အစည်းကြီးရဲ့မှတ်တမ်းမှာ ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလက လူဦးရေ ၁သိန်း
၎သောင်းခန့် နေထိုင်နေကြတယ်လို့ ဖော်ပြခဲ့ပေမယ့် အခုနှစ် စက်တင်ဘာလ
စာရင်းဇယားအရတော့ လူဦးရေ ၁သိန်း ၂သောင်းကျော်ပဲရှိတော့ကြောင်း
ဖော်ပြပါရှိပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 29 Oct 2013 04:05 PM PDT
ဖြူးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် (၁၁၉/ ၄) နှင့် (၁၁၉/၅) အကြားြ>ွပန်ပေါက် အမှတ် (၁၂ဝ/၂) အတွင်းဒဏ်ရာ များနှင့် ပုပ်ပွနေသည့် အမျိုးသမီး အလောင်းနှင့်ပတ်သက်၍ အမှုမှန် ဖော်ထုတ်နိုင်ရေးအတွက် ဖြူးအမြန် လမ်းရဲစခန်းက အောက်တိုဘာ ၂၁ ရက်တွင် ရဲစခန်းများသို့ ကူညီစုံစမ်း ပေးနိုင်ရန် အကြောင်းကြားထား ကြောင်း သိရသည်။ အမှုမှာ အောက်တိုဘာ ၁၈ ရက် နံနက် ၈ နာရီခွဲခန့်က အထက် ဖော်ပြပါနေရာတွင် ပုပ်ပွနေသော အမျိုးသမီးတစ်ဦး၏ အလောင်းကို တွေ့ရှိရကြောင်းသတင်းအရ ဖြူး အမြန်လမ်းရဲစခန်းက တာဝန်ယူ၍ ဒုရဲအုပ်ဝင်းနိုင် ဦးစီးရဲတပ်ဖွဲ့ဝင်များက အသိသက်သေများနှင့်အတူ သွား ရောက်စစ်ဆေးခဲ့ရာ အမည်၊ နေရပ် မသိရသော ပုပ်ပွနေသည့် အမျိုးသမီး အလောင်းကို ရင်ညွန့်ထိုးသွင်း ဒဏ်ရာတစ်ချက်၊ ဝဲလက်မောင်း ထိုးသွင်းဒဏ်ရာ တစ်ချက်တို့ဖြင့် သေဆုံးနေ ကြောင်းတွေ့ရပြီး လက် ချောင်း၊ ခြေချောင်းများမှာ ပျက်စီးနေ သည်ကို တွေ့ရသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
0 comments:
Post a Comment