Tuesday, October 29, 2013

IQ နိမ့်တဲ့ ကျနော်

Thanlay Ko October 29, 2013 at 5:26am
1.
ဒီအသက်ဒီအရွယ်ထိ ရောက်ခဲ့ပြီ
စာတွေလည်း သင့်တင့်လျှောက်ပတ်သလောက် သင်ခဲ့ပြီ
ဒါပေမယ့် တချို့အကြောင်းအရာတွေကို ခုထိနားမလည်နိုင်သေးဘူးဗျာ။


2.
ငယ်ငယ်က တာဇံဇာတ်ကားတွေကြည့်တော့ ဇာတ်လိုက်တာဇံက ကျားသစ်ရေလေး ခါးပတ်လို့
ဒါနဲ့ အဖေ့မေးကြည့်တယ်
"ဘာလို့တာဇံက အင်္ကျီမဝတ်တာလဲ" လို့
ဒီတော့ အဖေက ပြန်ဖြေတယ်... ...
"ဟ တောထဲနေတဲ့ လူရိုင်းပါဆိုမှ အင်္ကျီချုပ်စရာ အပ်မရှိဘူး၊ အပ်ချည်မရှိဘူး၊ အဝတ်စ မရှိဘူး၊ ဘာအသုံးအဆောင် ပစ္စည်းမှ မရှိဘူးကွ"
"မုတ်ဆိပ်ရိတ်ဓားရော ရှိလား"
"မုတ်ဆိပ်ရိတ်ဓားလည်း မရှိဘူး၊ သားလှီးဓားလည်း မရှိဘူး၊ ထင်းခုတ်ဓားလည်း မရှိဘူး"
"ဒါဆို မုတ်ဆိပ်ရိတ်ဓားမရှိပဲနဲ့ ဘာလို့ တာဇံမှာ မုတ်ဆိတ်မွေး နုတ်ခမ်းမွေး မရှိတာလဲဟင်"
...ဆိုတော့ အဖေက... ...
"အဲဒီ မင်းယောက်ဖတာဇံက အခြောက်ကြီးမိုလို့ အမွေးမပေါက်ဘူး အင့်ဟာ"
"ဖုန်း... အား"
"အဲဒါ ပေါက်ပေါက်ရှာရှာ မေးအုံး"
... ဆိုပြီး နဘန်တချက်ကျင်းခံလိုက်ရတယ်
ကဲ ခက်ဘူးလားဗျာ


3.
ကျနော် တက္ကသိုလ်တက်တော့ ပင်မဆောင်ကြီးအောက်မှာ ကျပ်စေ့ထည့်ပြီးဆက်ရတဲ့ ဖုန်း ၂လုံးရှိတယ်။
တစ်လုံးမှာ ရေးထားတာက "မြို့တွင်းပြော" တဲ့
နောက်တစ်လုံးမှာ ရေးထားတာက "အဝေးပြော" တဲ့
တကယ်ဆို...
တစ်လုံးက 'မြို့တွင်းပြော' ဆိုရင် နောက်အလုံးက 'မြို့ပြင်ပြော' ဖြစ်သင့်တယ်
ဒါမှမဟုတ်...
'အဝေးပြော' ဆိုတာကို မပြင်ချင်ဘူးဆိုရင် ဟို 'မြို့တွင်းပြော' ဆိုတဲ့ကောင်ကို 'အနီးပြော' လို့ ပြောင်းသင့်တယ်
ဒါမှ ဟာမိုနီဖြစ်မှာကိုးဗျ

အဲဒီတုန်းက ကျနော်တို့ ဆရာတွေရဲ့ နာမည်တောင် ဟာမိုနီဖြစ်သေးတာ
ကြည့်လေ...
မော်ကွန်းထိန်းက ဆရာ ဦး လှကြီး တဲ့
ပါမောက္ခချုပ်က ဆရာဦး ညီ လှငယ် တဲ့
ကဲ ဘယ်လောက် လိုက်ဘက်လဲ
ဖုန်းကျမှ ဟာမိုနီပျက်နေတာ

4.
စင်္ကာပူကို ထွက်လာတော့မှ လေယာဉ်ပျံ ပထမဆုံးစီးဖူးတာ
စင်္ကာပူမှာ အလုပ်လုပ်နေတဲ့ သူငယ်ချင်းနဲ့ ကပ်လိုက်လာမိလို့တော်သေးတာဗျ
လေယာဉ်ပေါ်ခါးပတ် ဘယ်လိုပတ်ရမှန်း မသိဘူး၊
အိမ်သာ ဘယ်မှာရှိမှန်းမသိဘူး
ထိုင်ခုံက ခေါက်စားပွဲကို ဘယ်လိုချရမှန်းမသိဘူး
ကျန်တာတွေကတော့ ထားပါ
အဲဒီ အသက်ကယ်အင်္ကျီဆိုတာကြီးကိုတော့ ဘဝင်မကျဘူးဗျာ
ဘယ့်နှယ့် လေယာဉ်က လေထဲမောင်းတာမဟုတ်ဘူးလား၊
တကယ်ဆို ရေပေါ်ပေါ်စေတဲ့ အဲဒီအင်္ကျီက သင်္ဘောစီးမှ ပေးရမှာလေ
လေယာဉ်ပျံမှာ ပေးရမှာက လေထီးဗျ လေထီး
လေယာဉ်တခုခုဖြစ်လို့များ အပေါက်ဖွင့်ပြီး အဲဒီအင်္ကျီကြီးဝတ် ခုန်ချကြည့်ပါလား
အပြင်မှာ လေပဲရှိတာ ရေမရှိဘူး၊
မာလကီးယားမှာပဲဟာ အပိုတွေ ပေးနေသေးတယ်
နော့်

5.
စင်္ကာပူမှာ အလုပ်လုပ်တော့ အလုပ်ပွဲစားအေဂျင့်ကောင်းမှုနဲ့ ပညာတခြား အလုပ်တခြား လုပ်လိုက်ရသေးတယ်။
 ‘ကွန်ဒုံ’ ဖြန့်ချိတဲ့ ကုမ္မဏီမှာ Logistic Supervisor လေ
ကွန်ဒုံပက်ကင်တွေကို သူတို့ပို့ဆိုတဲ့နေရာ သွားပို့ရတာပါပဲ

အဲဒီမှာ နားမလည်ပြန်တာက ပစ္စည်းတွေ ပို့တဲ့အခါ
“Shipment” လုပ်မယ် ဆိုပြီး ကျွန်းပေါ်မှာပဲ ပို့ပေးခဲ့ရတယ်။
“Cargo” လုပ်မယ်ဆိုပြီး သင်္ဘောဆိပ်ပို့ပြီး သင်္ဘောနဲ့ တင်သွားတယ်
တကယ်က…
Shipment ဆို သင်္ဘောနဲ့ တင်သင့်တယ်
Cargo လုပ်မယ်ဆိုရင် ကားနဲ့ ပို့သင့်တယ်
ခုတော့ ပြောင်းပြန်

6.
ပြီးတော့ ကွန်ဒုံတွေနဲ့ ပတ်သက်ပြီး နားမလည်တာတွေ အများကြီး ကြုံခဲ့ရတယ်
ထူးထူးဆန်းဆန်းဗျာ ကွန်ဒုံတွေကို ထုတ်လုပ်တဲ့အခါ မတူတဲ့ရနံ့တွေနဲ့ ထုတ်လုပ်တာဗျ
ငှက်ပြောသီးရနံ့၊ စတော်ဘယ်ရီရနံ့၊ နာနတ်သီးရနံ့ ဘာညာနဲ့
အဲဒီကွန်ဒုံတွေကို အနံ့ထည့်ပေးရအောင် စားမယ့်သောက်မယ့်ဟာလည်း မဟုတ်
ဘယ်သူတွေကများ သုံးခါနီး အနံ့ခံနေကြပါလိမ့်
ကျနော်စဉ်းစားလို့ကို မရတာ
နောက်တခုက အရောင်မျိုးစုံထုတ်တယ်
ထားပါလေ အရောင်မျိုးစုံထုတ်တာကတော့
ပူစီပေါင်းတောင် အရောင်အမျိုးမျိုးထုတ်သေးတာ

ခက်တာက ဘာအရောင်နဲ့ ထုတ်ထုတ်
အဲဒီကွန်ဒုံက ဖောက်ထွင်းမြင်ရတဲ့ အကြည်ရောင်လေးဗျ
အင်္ဂလိပ်ဆိုရင်တော့ Transparent ဖြစ်တယ်ဆိုပါတော့ဗျာ
ကဲ…
သူက ဘာကို ဖောက်မြင်စရာလိုလို့ဒုန်း
ကျနော် ဥာဏ်မမှီဘူးဗျာ

7.
အခု…
ဒီ ကိုရီးယားကုမ္မဏီမှာ ကိုရီးယားတွေနဲ့ တွဲလုပ်တော့ သူတို့ကိုလည်း နားမလည်တာတွေ ရှိတယ်
ထမင်းလေးများ စားပြီးရင် တယောက်ကို သွားတိုက်တံတစ်ခြောင်းစီနဲ့ သွားတွေ တန်းစီပြီးတိုက်ကြတယ်။
ကောင်းတာပေါ့ တစ်ကိုယ်ရေသန့်ရှင်းမှု ဂရုစိုက်ကြပါတယ်
အဲ…
အိမ်သာကဆင်းလာရင်တော့ လက်မဆေးကြဘူးဗျ (အများစုပေါ့၊ တချို့ကတော့ ဆေးတယ်)
ဆိုတော့… ကိုယ့်မှာ သူတို့ကိုင်ဖွင့်သွားတဲ့ အိမ်သာတံခါးလက်ကိုင်ဖုတောင် တစ်ရူးနဲ့အုပ်ပြီး ကိုင်ရတယ်
ဟုတ်တယ်လေ သူ့ဟာက ဘာကိုင်လာမှန်းမသိ ညာကိုင်လာမှန်းမသိ
ညွံဂျရာဂျီး

8.
တလောက ကြားလိုက်တယ်
‘အရွယ်မရောက်သေးတဲ့ ကလေးငယ်ကို မုဒိမ်းကျင့်ရင် သေဒဏ်အပြစ်ပေးတဲ့ ဥပဒေပြဒါန်းဖို့ လွှတ်တော်မှာတင်တဲ့အခါ ကန့်ကွက်ခံရတယ်’ တဲ့
ကျနော်နားလည်တာက…
ပြစ်ဒဏ်တွေကို တိုးလိုက်ရင် ပြစ်မှုကျူးလွန်သူတွေ လျှော့နည်းသွားတယ် ဆိုတာပါပဲဗျ
တခြား ပညာပေးတာတို့၊ ကြိုတင်ကာကွယ်တို့တော့ ရှိကောင်းရှိပါမယ်
ဒါတွေလည်း လုပ်ရမှာပ့ါ
ဒါပေမယ့် ပြစ်ဒဏ်တိုးရင် ပြစ်မှုလျော့တယ် ဆိုတဲ့ သီအိုရီကတော့ မှန်နေဆဲပဲလေ
ခုတော့ …
ဘာလို့ ပြစ်ဒဏ်မတိုးချင်ကြတာပါလိမ့်
ဥာဏ်မမှီပြန်ဘူးဗျာ။


သန်၎ကို-ဥာဏ်တုံးပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...