July 17, 2013 at 3:17am
ပြည်ထောင်စုမြန်မာနိုင်ငံ ဗုဒ္ဓဘာသာသာသနာသည် နိုင်ငံသားအများဆုံးကိုးကွယ်ရာ
ဘာသာသာသနာ ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်များ၏ လက်ထပ်ထိမ်းမြားရေး၊
အမွေခွဲဝေရေး၊ သားသမီးမွေးစားရေး စသည့် မိသားစုကိစ္စ၊
အိမ်ထောင်မှုကိစ္စများကို မြန်မာဓလေ့ထုံးတမ်းဥပဒေအရ ဆုံးဖြတ်ရသည်။
အလားတူပင်
အမှုသည်များသည် မိုဟာမေဒင်ဘာသာဝင် ဖြစ်လျှင်
မိုဟာမေဒင်တရားဥပဒေအရ လည်းကောင်း၊ ဟိန္ဒူဘာသာဝင်ဖြစ်လျှင်
ဟိန္ဒူတရားဥပဒေအရလည်းကောင်း၊ ခရစ်ယာန်ဘာသာဝင်ဖြစ်လျှင် ခရစ်ယာန်တရားဥပဒေ
အရလည်းကောင်း၊ ဆုံးဖြတ်ကြရသည်။ အမှုသည်များ၏ ယုံကြည်ကိုးကွယ်ရာဘာသာကိုလိုက်
ဆုံးဖြတ်ရသော ကြောင့် ၄င်းဥပဒေကို
ပုဂ္ဂလိကဆိုင်ရာ ဥပဒေဟုခေါ်သည်။