ကျောင်း
Author: lubo601 |
9:49 PM |
No မှတ်ချက် |
မိုးကြာညို မိုး shared Thanda Win's photo.
ကွမ်းခြံကုန်းမြို့နယ် ရေတိမ်ကျေးရွာလေးဟာ လူဦးရေ တစ်ထောင်ကျော်ရှိတဲ့ ရွာလေးပါ။ လယ်ဧက ၃ ထောင်ကျော်ရှိတယ်။ လက်လုပ်လက်စားထက် လယ်ပိုင်များတယ်။ ရွာဦးကျောင်းဆရာတော်က သာရေး၊ နာရေးတို့အတွက် သြဇာကြီးလှတဲ့ ရပ်ရွာခေါင်းဆောင်ပေါ့။ ကျေးရွာတို့ရဲ့ ထုံးစံ ဆရာတော်ပြီးရင် အားလုံးပြီးတယ်။
ရွာထဲက အစိုးရမူလတန်းကျောင်းမှာ ကျောင်းသား ၁၂၀ လောက်ရှိတယ်။ အလယ်တန်းရောက်ရင်တော့ ကွမ်းခြံကုန်းမြို့ပေါ်ကကျောင်းက
မိုးတွင်းဆိုရင် အင်မတန် ဒုက္ခများပေါ့။ တတ်နိုင်သူတွေကတော့ မြို့မှာ အိမ်ငှားပြီး ကလေးကို ကျောင်းထားကြတယ်။ ဒါကြောင့်လည်း အလယ်တန်းကျောင်းသားက အတန်းအားလုံးပေါင်းမှ ၂၀ လောက်ပဲရှိတော့တယ်။ မြန်မာ့ပညာရေးစနစ်ရဲ့ Drop out rate ကို ကြည့်ချင်ရင် ဝေးဝေးရှာစရာမလိုဘူး။ ရန်ကုန်ကနေ ၂ နာရီပဲ ကားစီးသွားရင် ရေတိမ်သွားမယ့် ကားလမ်းဘေးကို ရောက်ရော။
ကလေးတွေရဲ့ ပညာရေးကို ရေတိမ်ရွာမှာ ရေတိမ်မနစ်ရလေအောင် ဆရာတော်က ကြိုးပမ်းတယ်။ ကိုယ်ထူကိုယ်ထ မူလွန်ကျောင်းဖွင့်ဖို့ ကြံစည်တယ်။ ပထမနှစ်က ငါးတန်းကလေးတွေကို ဆရာမငှားပြီး သင်တယ်။ ဒုတိယနှစ်မှာ ၆ တန်း၊ အခုတော့ ၇ တန်း။ တစ်တန်းကို ကျောင်းသား ၁၀-၁၅ ယောက်လောက်ရှိတယ်။ ဆရာမလခက တစ်လကို ငါးသောင်း၊ နေစားရိတ်၊ စားစရိတ်၊ ခရီးစားရိတ်ငြိမ်း။ ရွာလေးတစ်ရွာရဲ့ ဘုန်းတော်ကြီးအနေနဲ့ ခေါင်းခဲစရာပေါ့။
နီးစပ်ရာ လူမှုအဖွဲ့တွေ၊ ဒကာ ဒကာမတွေထံက အလျှင်းသင့်သလို အလှူခံရတယ်။ သို့ပေမယ့်လည်း ဆရာတော်ကတော့ စိတ်ပျက်အားလျော့တယ်ဆိုတာမရှိဘူ
ဆရာတော်နဲ့ တွေ့ရတဲ့အခါ ၀မ်းသာ ၀မ်းနည်း အမြဲဖြစ်မိတယ်။ ဒီလို ကျေးရွာက ယုံကြည်စိတ်ချအားကိုးရတဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ကို မြင်ရလို့ အားတက်မိသလိုပဲ ဆရာတော်လုံ့လပြုနေတဲ့ ကျောင်းကလေးဟာ ကမ္ဘာ့ပညာရေးကို ခြေဖျားမမီတာ စိတ်မကောင်းဖြစ်မိတယ်။ ကြိုးစားသမျှ သဲထဲရေသွန်သလိုများ ဖြစ်နေမလားလို့ စိတ်ပူမိတာလည်း ခဏ ခဏပဲ။ ပြောတော့ ပြောမပြရက်သလို ပြောလို့လည်း မထွက်ဘူးလေ။
နှိုင်းယှဉ်စရာကလည်း ဝေးဝေးလံလံမဟုတ်တဲ့ အိမ်ကသမီးပဲ။ သူ့ကို ဘိုကျောင်းမှာထားတယ်။ ပထမတန်းမှာပဲ အင်္ဂလိပ်လို တရွှတ်ရွတ်ပြောပြီး အင်္ဂလိပ်စာအုပ်ငှားဖတ်နေပြီ။ မြန်မာစာကလည်း မသင်မနေရဆိုတော့ သင်တယ်။ အတန်းထဲမှာ ကျောင်းသား ၂၀ ပဲရှိတယ်။ ဆရာမက ၂ ယောက်။ Children centered approach ဆိုတာ စာတွေ့မဟုတ်၊ လက်တွေ့။ ဆရာမက ကျောင်းသားတစ်ဦးချင်းကို ခြေဆုံးခေါင်းဖျား မသိချင်လည်း သိမှာပဲ။ တခြားသင်နေတဲ့ သိပ္ပံ၊ လူမှုရေး၊ စည်းကမ်း၊ အတွေးအခေါ်ပိုင်းတွေမှာလည်း အိမ်ကလူကြီးတွေတောင် တစ်ခါ တစ်ခါ အံ့သြရတယ်။ သင်္ဘောအရာရှိဖြစ်တဲ့အဖေကို ဖေဖေ ပင်လယ်ထဲကို အမှိုက်ပစ်ချလို့ မရဘူးနော်ဆိုတဲ့ သတိပေးသံမျိုး၊ အိမ်က မီးပလပ်ပေါက်ထဲမှာ ပလပ်ခေါင်းတွေအများကြီးနဲ့ တစ်ပြိုင်နက်မသုံးရဘူးဆိုတာမျို
ဒါတွေပြောလို့ ဘိုကျောင်းကို အထင်ကြီးချီးမွမ်းလိုတာ မဟုတ်ပါဘူး။ သူ့ကျောင်းက ဆရာမတွေက မြန်မာတွေချည်းပါပဲ။ ကလေးတွေကို သင်ပေးဖို့လိုတယ်၊ သင်ပေးလို့ရတယ်ဆိုတာပါ။ မြန်မာတွေလည်း အခွင့်ရှိရင်သင်နိုင်ပါတယ်။ တစ်ချိန်က အာရှမှာ ထိပ်တန်းဆိုတာ အမှတ်ရရင် အင်္ဂလိပ်ပညာရေးစနစ်ကို ကျေးဇူးတင်စရာတွေ အတော်ရှိပါတယ်။ မကောင်းတာတွေက တစ်ပိုင်းပါ။
ကိုယ့်ကလေးနဲ့ ယှဉ်ရင် ရွာက ကလေးတွေအတွက် ၀မ်းနည်းမိတယ်။ ကိုယ့်ကလေးကို တခြားနိုင်ငံက ကလေးတွေနဲ့ယှဉ်ပြန်တော့လည်း အားမလို အားမရဖြစ်မိပြန်တယ်။ သူတို့လောကမှာ လူတော်တွေကြား အပြိုင်အဆိုင်နဲ့ ရှိသမျှ အားကုန်ထုတ်လို့ ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားကြ
ဒါတွေကို ရှိသမျှခွန်အားညှစ်လို့ ရုန်းကန်နေရတဲ့ ဆရာတော်ကိုတော့ ဘယ်တော့မှ ပြောရက်မှာ မဟုတ်ဘူး။ အနည်းဆုံးတော့ ဆရာတော်အတွက် ပညာပါရမီကုသိုလ်တွေဖြစ်မှာပါ။ ဒီဆရာတော်လိုမျိုး ဒီလို တာဝတိံ သာစိတ်ထားမျိုးနဲ့ နိုင်ငံတော်ပညာရေးကို ဦးဆောင်နိုင်ရင်လေ ----------------------- ။
- ပြန်လည်မျှဝေပါ
- Facebookသို့
- Twitterသို့
- Google+သို့
- Stumbleသို့
- Diggသို့
0 comments:
Post a Comment