Monday, July 29, 2013

မြန်မာနိုင်ငံကို ပထ၀ီအနေအထား၏ စိန်ခေါ်မှု။။။ မျိုးသန့်

March 30, 2013 at 6:53pm
မြန်မာနိုင်ငံ၏ တောတောင်ရေမြေ ပထ၀ီတည်နေရာပြပုံ
http://upload.wikimedia.org/wikipedia/commons/e/ef/Burma_topo_en.jpg
မြန်မာနိုင်ငံ၏ တောတောင်ရေမြေ ပထ၀ီတည်နေရာပြပုံ http://upload.wikimedia.org/wikipedia/commons/e/ef/Burma_topo_en.jpg

နိဒါန်း
မြန်မာနိုင်ငံသည် အရှေ့တောင်အာရှအတွင်း ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ တရုတ်၊ လာအိုနှင့်ထိုင်းနိုင်ငံတို့ဖြင့် နယ်နမိတ်ချင်း ထိစပ်နေပြီး၊ အိန္ဒိယသမုဒ္ဒရာကနေ မုတ္တမပင်လယ်ကွေ့အတွင်းမှာ ရေပြင်ပိုင်နက်များ တည်ရှိနေတယ်။

အိမ်နီးနားချင်းနိုင်ငံများထဲတွင် ကမ္ဘာပေါ်မှာ လူဦးရေအများဆုံး ထိပ်တန်းစာရင်းဝင်ဖြစ်ကြသည့် တရုတ်နိုင်ငံ (နံပတ် (၁) စာရင်းဝင် သန်းပေါင်း တစ်ထောင် သုံးရာ လေးဆယ် ကိုးကျော်) ၊ အိန္ဒိယနိုင်ငံ (နံပတ် (၂) စာရင်းဝင် သန်းပေါင်း တစ်ထောင် နှစ်ရာ နှစ်ဆယ်ကျော်) နှင့် ဘင်္ဂလားဒေ့ရှ် (နံပတ် (၈) စာရင်းဝင် သန်းပေါင်း တစ်ရာ ခြောက်ဆယ် သုံးကျော်) တို့တတွေ အကြားတွင် မြန်မာနိုင်ငံဟာ တည်ရှိ နေတယ်။

နိုင်ငံတွင် ပေါကြွယ်ဝလှသည့် သဘာဝသယံဇာတများဖြစ်သော ပတ္တမြား၊ နီလာ၊ ပုလဲနှင့် ကျောက်စိမ်းတို့အပါအ၀င် တခြားသော ကျောက်မြတ်ရတနာများအပြင် သဘာဝတွင်းထွက်ပစ္စည်းများဖြစ်သည့် အဖြိုက်နက်၊ သွပ်၊ ခဲ၊ ငွေ၊ ကြေးနီ၊ လယ်ယာ၊ သစ်တော၊ ရေထွက်ပစ္စည်းများ၊ ရေနံနှင့် သဘာဝဓါတ်ငွေ့များထွက် ရှိတယ်။

အနောက်ဖက်ရှိ နယ်နမိတ်ချင်းထိစပ်နေသော ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယတို့လို အိမ်နီးနားချင်း နိုင်ငံများကို တောင်တန်းတွေက ပိုင်းခြားထားတယ်။ ထို့ကြောင့် ခြိမ်းခြောက်မှုတွေက လွယ်လွယ်နဲ့ မလာနိုင်ပေ။ အရှေ့မြောက်ဘက်တွင် တောင်တန်းတွေပဲ တရုတ်နိုင်ငံဘက်မှာ အကာအကွယ် ပေးထားဒါကို တွေ့ရှိရမှာ ဖြစ်တယ်။
တောင်တွေကာရံနေသော ရှေ့ဟောင်း ပုဂံမြို့ပြနိုင်ငံ
http://emergingfrontiersblog.files.wordpress.com/2012/10/bagan-in-myanmar_bagan-view_581221.jpg
တောင်တွေကာရံနေသော ရှေ့ဟောင်း ပုဂံမြို့ပြနိုင်ငံ http://emergingfrontiersblog.files.wordpress.com/2012/10/bagan-in-myanmar_bagan-view_581221.jpg

အရှေ့ဘက်ရှိ ရှမ်းတောင်တန်းတွေပေါ်တွင် များပြားလှသော လူမျိုးစုများစွာ မှီတင်းနေထိုင်လျက်ရှိ၍ နိုင်ငံရေးဆိုင်ရာနယ်နိမိတ်ကို လွယ်ကူစွာတွေ့ရှိနိုင်တယ်။ အဲဒီအချက်က လာအိုနှင့် ထိုင်းနိုင်ငံတို့ဖြင့် သမိုင်းကြောင်းအရ ဆက်သွယ်ရေးနှင့် ပဋ္ဋိပက္ခတွေဟာ မကြာခဏဆိုသလို့ ဖြစ်ပေါ်စေခဲ့တယ်။ ယခုလို ပထ၀ီအနေအထားအရ တောင်တွေ ကာရံထားသောအချက်က နိုင်ငံအတွက် လုံခြုံရေးကောင်းစေခဲ့တယ်။

သို့သော် တည်ရှိနေသော ပထ၀ီအနေအထားအရ မြန်မာနိုင်ငံအတွက် အစဉ်အမြဲကြုံတွေ့နေသည့်စိန်ခေါ်မှု (၂) ရပ် တည်ရှိ နေတယ်။ (၁) ပြည်ပမှ လာသော စိန်ခေါ်မှုဖြစ်သည့် ကျူးကျော်မှု၊ဖိအားနှင့် ပတ်သက်မှု နှင့် (၂) ပြည်တွင်းမှ ရှိနေသော စိန်ခေါ်မှုများ ဖြစ်နေသည့် တိုင်းရင်းသားလက်နက်ပဋိပက္ခ တို့ဖြစ်တယ်။ ယင်း စိန်ခေါ်မှု (၂) ရပ်စလုံးက ပထ၀ီအနေအထားနှင့် အဓိက ဆက်စပ်နေပြီး၊နိုင်ငံဟာ သမိုင်းစဉ်တလျှောက်လုံးမှာ ကြုံတွေ့နေခဲ့ရသော စိန်ခေါ်မှုများ ဖြစ်နေတယ်။


(၁) ပြည်ပမှ လာသော စိန်ခေါ်မှုဖြစ်သည့် ကျူးကျော်မှု၊ ဖိအားနှင့်ပတ်သက်မှု
မြန်မာနိုင်ငံ၏ အဓိကတည်နေရာသည် ဧရာဝတီမြစ်နှင့် ဧရာဝတီမြစ်ကြော တလျောက် မြေသြဇာကောင်းမွန်သော မြေပြန့်ဒေသတွေ ဖြစ်ပြီး၊ ၎င်းတို့ကို တောင်တွေက ကာရံထားတယ်။ ထိုကြောင့်ပြည်ပမှ ကျူးကျော်ရေးသမားတွေအတွက် များစွာ အထိနာစေတဲ့ သမိုင်းတော့ ရှိခဲ့တယ်။

ပုဂံရာဇာဝင်ကို ပြန်ကြည့်လျင် မြောက်ပိုင်းရှိ ယနေ့တရုတ်နိုင်ငံနယ်နမိတ်နဲ့ ထိစပ်နေသော ဟန်တွန်တောင်တန်းဘက်ကနေ မွန်ဂို (တရုတ်) တပ်တွေသည် (၁၂၇၇) ခုနှစ် နှင့် (၁၂၈၃) ခုနှစ်တို့တွင် ဧရာဝတီမြစ်ဝှမ်းဆီသို့ (၂) ကြိမ်တိုင်တိုင် လာရောက် ကျူးကျော်ခဲ့ဒါ နိုင်ငံသမိုင်းမှာ တွေ့ရှိရမှာ ဖြစ်တယ်။ သို့သော် မွန်ဂို (တရုတ်) တပ်တွေ မြန်မာနိုင်ငံကို ရေရှည် ထိန်းချုပ်ထားနိုင်ဖို့ မဆိုထားနဲ့ တိုက်ခိုက်ပျက်စီးပြီး၊ များမကြာမှီတွင် ပြန်လည်းဆုတ်ခွာခဲ့ရတယ်။ အကြောင်းက အပူဒဏ်နှင့် ဌက်ဖျားဒဏ်တို့ကို မခံနိုင်သောကြောင့်ဟု သမိုင်းမှာ ဆိုထားတယ်။

သို့သော် ပထ၀ီအနေအထားအရ ရရှိခဲ့သော လုံခြုံတွေကို တဖြည်းဖြည်းနဲ့ ခြိမ်းခြောက်ခံလာရတယ်။ အကြောင်းက တောင်အာရှနှင့် အရှေ့တောင်အာရှတိုက်တို့ကို ကိုလိုနီပြုရန် ဥရောပတိုက်မှ ရောက်လာသော ပေါ်တူဂီ၊ ဒတ်ခ်ျတို့ဖြစ်ခဲ့ပြီး၊ (၁၉) ရာစုနှစ်များကို ရောက်ရှိလာသောအခါ ပြင်သစ်နှင့် အင်္ဂလိပ်တွေက - မြန်မာနိုင်ငံအပါအ၀င် အရှေ့တောင်အာရှဆီသို့ ကုန်သွယ်ရေး၊ သာသနာပြုရေးနှင့် နောက်ဆုံး စစ်ရေးအထိပါ ပါဝင်လာတော့တယ်။

ဗြိတိသျှတွေက ပထမ အင်္ဂလိပ်-မြန်မာစစ်ကို (၁၈၂၄) မှ (၁၈၂၆)အထိ၊ ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ကို (၁၈၅၂) မှ (၁၈၅၃) အထိ နှင့် တတိယ အင်္ဂလိပ်-မြန်မာစစ်ကို (၁၈၈၅) မှ (၁၈၈၆) အထိ ဖြစ်လာပြီး၊ အဆုံးမှာ မြန်မာနိုင်ငံဟာ ဗြိတိသျှ အိန္ဒိယ၏ လက်အောက်ခံဖြစ်လာခဲ့ရတယ်။

သယံဇာတနှင့် သဘာဝထွက်ကုန်များပေါကြွယ်ဝမှုတွင်- ကမ္ဘာ့ ပတ္တမြားထုတ်လုပ်မှု၏ (၉၀) ရာခိုင်နှုန်းသည် မြန်မာနိုင်ငံမှ လာဒါဖြစ်နေပြီး၊ ကမ္ဘာပေါ်တွင် ကျွန်းသစ်ထုတ်လုပ်မှု၏ (၇၅) %ကို ထုတ်လုပ်နိုင်တယ်။ မြန်မာနိုင်ငံ၏ သမိုင်းမှာ နိုင်ငံခြားသို့ ဆန်တင်ပို့မှုမှာလည်း အကြီးမားဆုံး ဖြစ်ခဲ့တယ်။ ဗြိတိသျှအုပ်ချုပ်ထားချိန် (၁၉၁၅) ခုနှစ်လောက်မှာ ကမ္ဘာပေါ်တွင် ရေနံစိမ်း ထုတ်လုပ်မှုအဆင့် (၁၄) အထိ ရှိခဲ့တယ်။ အထူးသဖြင့်- သဘာဝဓါတ်ငွေ့နှင့် ရေနံတွေကြောင့် မြန်မာနိုင်ငံကို နိုင်ငံခြားမှ နယ်ချဲ့အင်္ဂလိပ်နှင့် ဂျပန်တို့လို ကျူးကျော်ရေးသမားတွေ၏ ပစ်မှတ်ထားခြင်း ခံခဲ့ရတယ်။

ဒုတိယကမ္ဘာစစ်ဖြစ်ပွားချိန်မှာ ဗြိတိသျှတွေက မြန်မာနိုင်ငံတွင်ရှိသော ရေနံတူးစင်များအပါအ၀င် အဖြိုက်နက်၊ သွပ်၊ ခဲ၊ နှင့် ငွေတို့၏ တူးဖော်တွင်းများကို ဂျပန်တွေလက်ထဲ ရောက်ရှိ မသွားစေရန် ဖျက်စီးခဲ့ကြတယ်။ ဂျပန်အ၀င်နှင့် အင်္ဂလပ်ပြန်အ၀င်တို့တွင် မြန်မာနိုင်ငံဟာ စစ်မြေပြင်သလင်းအဖြစ် စစ်ဒဏ်ကို (၂) ကြိမ်တိုင်တိုင် ခံခဲ့ရတယ်။ ဒါတွေအားလုံးဟာ ပထ၀ီအနေအထားဖြင့် ဆက်စပ်နေတယ်။ နောက်ပြီးတော့-

ဒေသဆိုင်ရာကို ပြန်ကြည့်လျင် မြန်မာနိုင်ငံဟာ ပထ၀ီအနေအထားအရ အိန္ဒိယသမုဒ္ဒရာ၊ အရှေ့တောင်အာရှနှင့် တရုတ်နိုင်ငံ တောင်ပိုင်းတို့အကြားတွင် ပေါင်းကူးတံတားဖြစ်နေတယ်။ ၎င်းအချက်ကို အသုံးချ တတ်လျင် နိုင်ငံအတွက် အကျိုးရှိနိုင်သလို၊ အသုံး မချတတ်လျင် နိုင်ငံအတွက် အန္တာရယ်ရှိနိုင်ကြောင်းကို မြန်မာနိုင်ငံသမိုင်းမှာ သက်သေတွေ ရှိခဲ့တယ်။

ဒေသတွင်း ပေါင်းကူးတံတား ဖြစ်နေသော မြန်မာနိုင်ငံ
ဒေသတွင်း ပေါင်းကူးတံတား ဖြစ်နေသော မြန်မာနိုင်ငံ

ဘီစီ (၂၀၀) ပျူမြို့ပြနိုင်ငံများတည်ရှိချိန်လောက်က မြန်မာနိုင်ငံဟာ အိန္ဒိယနှင့် တရုတ်နိုင်ငံအကြား ကုန်သွယ်ရေးဆိုင်ရာ လမ်းကြောင်းဖြစ်ခဲ့ဖူးတယ်။ ထို့ကြောင့် အဲဒီခေတ်တွင် အိန္ဒိယဘက်မှလာသော ဗုဒ္ဓဘာသာနှင့် ဟိန္ဒူယဉ်ကျေးမှုတို့က ပျူလူမျိုးများအပေါ် များစွာ လွှမ်းမိုးမှုများ ရှိခဲ့ပြီး၊ နှစ်ဘက်ကုန်သွယ်ရေးဖြင့် ပျူမြို့ပြနိုင်ငံများတို့ တိုးတက်စည်ပင်ခဲ့တယ်၊ ဒါပေမယ့် မြောက်ပိုင်း ယနေ့အခေါ် ယူနန်ပြည်မှာ တည်ရှိခဲ့တဲ့ နန်ဇူတွေ၏ တိုက်ခိုက်ခဲ့ခြင်းကြောင့် နောက်ပိုင်းတွင်  ပျူမြို့ပြနိုင်ငံများ ပျက်စီးခဲ့ရတယ်။

ယနေ့ဆိုလျင် စစ်အေးခေတ်အတွင်း (၁၉၆၂) ခုနှစ်မှ စ၍ နိုင်ငံဟာ အထီးကျန်ဖြစ်ခဲ့ပြီး၊ (၁၉၈၈) ခုနှစ်အရောက်တွင် ဒီမိုကရေစီရေးလှုပ်ရှားမှုပေါ်ပေါက်လာရာ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေးကို ဖိနှိပ်ခဲ့သောကြောင့် အာဏာသိမ်းစစ်ကောင်စီကို အမေရိကန်ဦးဆောင်သော အနောက်နိုင်ငံတွေက စီးပွားရေး ပိတ်စို့ထားခဲ့တယ်။

မြန်မာကမ်းရိုးတန်းရှိ သဘာဝဓါတ်ငွေ့ထွက်ရှိနိုင်မှု ကာလနှင့် အခြေအနေပြပုံ http://www.bangkokpost.com/media/content/20120227/363580.jpg
မြန်မာကမ်းရိုးတန်းရှိ သဘာဝဓါတ်ငွေ့ထွက်ရှိနိုင်မှု ကာလနှင့် အခြေအနေပြပုံ http://www.bangkokpost.com/media/content/20120227/363580.jpg

ထို့ကြောင့် စစ်ကောင်စီအနေဖြင့် အဓိက စီပွားရေးကို တရုတ်၊ စင်္ကာပူ၊ ဖိလစ်ပိုင်၊ တောင်ကိုရီယား၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတွေဖြင့်သာ လုပ်ကိုင်နိုင်ခဲ့ရာတွင် အများဆုံးကို တရုတ်နိုင်ငံနှင့် လုပ်ခဲ့ဒါကို တွေ့ရှိရမှာ ဖြစ်တယ်။ သို့ဖြစ်၍ တရုတ်နိုင်ငံက မြန်မာနိုင်ငံအတွင်း ပင်လယ်ဆိပ်ကမ်းတွေ၊ ရေနံနှင့် ဓါတ်ငွေပိုက်လိုင်းတွေ၊ လမ်းတွေနှင့် မီးရထားလမ်းတွေကို တည်ဆောက်လာဒါကို ယနေ့တွင် တွေ့ရှိရမှာ ဖြစ်တယ်။

အကြောင်းက မလက္ကာရေးလက်ကြားတွင် ပင်လယ်ဓါးပြတွေ ပေါများပြီး၊ ပြည့်ကြပ်လာနေသော ရေကြောင်းလမ်းအစား မြန်မာနိုင်ငံမှ တဆင့် ပင်လယ်ထွက်ပေါက်အဖြစ် အသုံးချနိုင်ရန် ရည်ရွယ်နေတယ်ဟု အနောက်နိုင်ငံတွေက သုံးသပ်ကြတယ်။ သန်းပေါင်းထောင်ကျော်ရှိ တရုတ်ပြည်၏ မဟာဈေးကွက်ကြီးကို စီးပွားရေး အင်အားကြီးနိုင်ငံတွေတိုင်က အမြဲစိတ်စားနေတယ်။

မြန်မာနိုင်ငံဟာ ဒေသတွင်းမှာ ကုန်သွယ်ရေးလမ်းကြောင်း အသစ်ဖြစ်လာဖွယ်ရှိနေပုံ http://business.nikkeibp.co.jp/article/eng/20120220/227394/map.jpg
မြန်မာနိုင်ငံဟာ ဒေသတွင်းမှာ ကုန်သွယ်ရေးလမ်းကြောင်း အသစ်ဖြစ်လာဖွယ်ရှိနေပုံ http://business.nikkeibp.co.jp/article/eng/20120220/227394/map.jpg

တရုတ်နိုင်ငံ၏ ဆောက်လုပ်ရေးလုပ်ငန်းများ ဆက်ရှိနေလျင်၊ တချိန်မှာ မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံ၏ စစ်ရေး၊ စီးပွားရေးနှင့် နိုင်ငံရေးတံခါးပေါက် ဖြစ်လာနိုင်စရာ ရှိတယ်ဟု တချို့က သုံးသပ်နေကြတယ်။ မည်သို့ပင် ဖြစ်စေ၊
နိုင်ငံနှင့် နိုင်ငံအတွင်းရှိ တိုင်းရင်းသားများအားလုံးအတွက် ကောင်းကျိုး ရှိ မရှိ အပေါ်တွင် တည်ပေမယ်။

မြန်မာဟာ တရုတ်အတွက် ပင်လယ်ထွက်ပေါက် ဖြစ်လာဖွယ်ရှိနေ ပြပုံ။ http://community.middlebury.edu/~scs/maps/China%20to%20Bay%20of%20Bengal%20Transportation.jpg
မြန်မာဟာ တရုတ်အတွက် ပင်လယ်ထွက်ပေါက် ဖြစ်လာဖွယ်ရှိနေ ပြပုံ။ http://community.middlebury.edu/~scs/maps/China%20to%20Bay%20of%20Bengal%20Transportation.jpg


(၂) ပြည်တွင်းမှ ရှိနေသော စိန်ခေါ်မှုဖြစ်နေသည့်တိုင်းရင်းသားလက်နက် ပဋိပက္ခ
အဲဒီလို ပထ၀ီအနေအထားအရ နိုင်ငံ၏ နယ်နမိတ်တလျောက်ရှိ တောတောင်ထူထပ်သည့် ဒေသများတွင် မြောက်မြားစွာသော တိုင်းရင်းသားလူမျိုးပေါင်းစုံ မှီတင်းနေထိုင်နေကြတယ်။ ယင်းအချက်က အရှေ့တောင်အာရှရှိ မြန်မာနိုင်ငံအတွက် ထူးခြားချက်တရပ်ဖြစ်တယ်။

အထူးသဖြင့်- နယ်စပ်ဒေသများတွင် လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အစိုးရတပ်တွေ၏ လက်နက်ကိုင်ပဋ္ဋိပက္ခတွေဟာ လွတ်လပ်ရေးရရှိပြီးမှ စတင်လာရာ- ယနေ့ဆိုလျင်- ကမ္ဘာပေါ်မှာ သက်တမ်း ရှည်ကြာဆုံးသော ပြည်တွင်းလက်နက်ကိုင် ပဋ္ဋိပက္ခတခု ဖြစ်နေတယ်။

ရလဒ်က နိုင်ငံတွင်း ပိုင်နက်မြေတွေကို တည်ငြိမ်စွာ ထိန်းမထားနိုင်တော့ပဲ၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ဖို့ မဆိုထားနဲ့ ရှိပြီးသော လူသားအရင်းအမြစ်များနှင့် အသက်အိုးအိမ်စည်းစိမ်များပါ ဆုံးရှုံးနေခြင်းတို့ဖြင့်- တိုင်းရင်းသားပြည်သူလူထုတရပ်လုံး အတိဒုက္ခ ပင်လယ်ဝေနေရတယ်။

(၁၈၈၆) ခုနှစ်က မြန်မာနိုင်ငံ မြေပုံhttp://upload.wikimedia.org/wikipedia/commons/8/89/Burma_indo_china_1886.jpg
(၁၈၈၆) ခုနှစ်က မြန်မာနိုင်ငံ မြေပုံhttp://upload.wikimedia.org/wikipedia/commons/8/89/Burma_indo_china_1886.jpg

(၁၈၈၅) ခုနှစ် ဗြိတိသျှတွေက မြန်မာနိုင်ငံကို လုံးဝ သိမ်းပိုက်ပြီးနောက် မြေပြန့်နှင့် တောင်တန်းဒေသ အုပ်ချုပ်ရေးတို့ကို ဖေါ်ထုတ်ခဲ့တယ်။ ချင်းတောင်တန်း၊ ကချင်တောင်တန်း၊ ရှမ်းကုန်းမြေမြင့်၊ ကရင်နီတောင်တန်းနယ်တွေဟာ သူတို့ လူမျိုးစုခေါင်းဆောင် (စော်ဘွား၊ ဒူးဝါး) တွေနဲ့ သူတို့ အုပ်ချုပ်စေပြီး တောင်တန်းဒေသလို့ သတ်မှတ်ခဲ့တယ်။

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးအတွက် ပြည်မနှင့် တောင်တန်းမှာ တာဝန်ရှိ ခေါင်းဆောင်တွေက ခက်ခဲ့စွာဖြင့် ပင်လုံသဘောတူညီမှု (စာချုပ်) ကို ရယူခဲ့ကြပြီး၊ ပင်လုံသဘောတူညီမှုကို အခြေခံပြီး၊ လွတ်လပ်သော ပြည်ထောင်စု မြန်မာနိုင်ငံအဖြစ် သန္ဓေတည် ခဲ့ကြတယ်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များ သွေးမြေကျခံပြီး၊ အနာဂတ်မြန်မာနိုင်ငံဟာ ဘယ်လိုမျိုးပုံစံရှိရမယ် ဆိုဒါကို ပင်လုံစာချုပ်ဖြင့် ပုံကြမ်းကို ဖော်ခဲ့ကြတယ်။ ထူးခြားပြီး၊ များပြားစွာသော တိုင်းရင်းသားများ ရှိနေခြင်းကြောင့် အလွန်တရာ အရေးကြီးသည့် တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေးနှင့် တိုင်းပြည်လူထု ညီညွတ်ရေး ထို့ညီညွတ်ရေး (၂) ရပ်တည်ရှိလျင် တည်ရှိသလောက် အခွင့်အရေးရရှိနိုင်ကြောင်းကို အမျှော်အမြင်ကြီးမားသည့် အမျိုးသားခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်းက သူ လုပ်ကြံ မခံရမှီ (၁၉၄၇) ခုနှစ် အစောပိုင်း အချိန်တွင် အောက်ပါ အချက်ကို မိန့်ကြားခဲ့တယ်။

ကျုပ်တို့ဟာ ဒီတိုင်းပြည်မှာ အစိုးရဖြစ်အောင် အတင်းအဓမ္မ လုပ်ယူတာ မဟုတ်ဘူး။ တိုင်းပြည်လူထုရဲ့ ထောက်ခံမှုနဲ့ ကျုပ်တို့ အစိုးရ ဖြစ်နေတာ။ တိုင်းပြည်က မကြည်ညိုဘူးဆိုတာ ကျုပ်တို့ သိတဲ့ တနေ့မှာ ကျုပ်တို့လည်း မနေဘူး။ တွယ်မနေပါဘူး။ ထွက်မှာပါပဲ။ ကျုပ်တို့ဟာ ရာဇ၀င်မှာ အရေးခံရမယ့် လူစားမျိုးတွေလား၊ အဆဲခံရမယ့် လူစားမျိုးတွေလားဆိုတာ ခင်ဗျားတို့ ကိုယ်တိုင် သိပါလိမ့်မယ်။ တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေး၊ တိုင်းသူပြည်သား လူထုညီညွတ်ရေးအဲဒီညီညွတ်ရေး နှစ်ခု မရှိသမျှ ကာလပတ်လုံး ဘယ်အစိုးရတက်တက်၊ ဘယ်အစိုးရကလုပ်လုပ် ဟိုလူ့ မျက်နှာချိုသွေးရ၊ ဒီလူ့ မျက်နှာချိုသွေးရနဲ့ ဖာသယ်လို နိုင်ငံမျိုးဖြစ်နေမှာပဲဆိုတာ ကျုပ်ပြောချင်တယ်။

တိုင်းရင်းသားလူမျိုးစုလက်နက်ကိုင်များနှင့် နိုင်ငံရေးပြပုံ http://www.intellasia.net/en/wp-content/uploads/2012/10/burma.map-rakhine-ethnic-violence-2012afp.jpg
တိုင်းရင်းသားလူမျိုးစုလက်နက်ကိုင်များနှင့် နိုင်ငံရေးပြပုံ http://www.intellasia.net/en/wp-content/uploads/2012/10/burma.map-rakhine-ethnic-violence-2012afp.jpg

တိုင်းရင်းသားများအချင်းချင်း တန်းတူအခွင့်အရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေအတွက် ဆက်လက် တောင်းဆို တိုက်ပွဲဝင်နေသော တိုင်းရင်းသားလက်နက်အဖွဲ့အစည်းများအပါအ၀င် တိုင်းရင်းသား ပြည်သူလူထု ဆန္ဒကို အခြေခံ၍ ပင်လုံစာချုပ်၏ အနှစ်သာရနှင့် ပင်လုံစိတ်ဓါတ်ကို အစိုးရအနေဖြင့် ရိုးသားစွာ ထောက်ခံ အကောင်အထည်ဖော်ဆောင်သွားရန် လိုအပ်တယ်။


နိဂုံး
သမိုင်းကြောင်းအရ မြန်မာနိုင်ငံကို (၁) ပြည်ပမှ လာသော စိန်ခေါ်မှုဖြစ်သည့် ကျူးကျော်မှု၊ဖိအားနှင့် ပတ်သက်မှု နှင့် (၂) ပြည်တွင်းမှ ရှိနေသော စိန်ခေါ်မှုများ ဖြစ်နေသည့် တိုင်းရင်းသားလက်နက်ပဋိပက္ခ တို့ဖြစ်တယ်။ ယင်း စိန်ခေါ်မှု (၂) ရပ်စလုံးက ပထ၀ီအနေအထားနှင့် အဓိက ဆက်စပ်နေပြီး၊ ယင်း စိန်ခေါ်မှုကို ရဲရင့်ခိုင်မာစွာ ရင်ဆိုင် ဖြေရှင်းနိုင်ရမှာဖြစ်တယ်။

ယနေ့ဆိုလျင် ပြည်တွင်းမှ ရှိနေသော စိန်ခေါ်မှုများ ဖြစ်နေသည့် တိုင်းရင်းသားအချင်းချင်း (အစိုးရတပ်နှင့် လူမျိုးစုလက်နက်ကိုင် အဖွဲ့များ အကြား) ပဋိပက္ခတွေက နိုင်ငံအတွက် နာသာရှည် ရောဂါတရပ် သကဲ့သို့ တဖြည်းဖြည်း လုံးပါး ပါးနေပြီး၊ ပြည်ပမှ လာသော စိန်ခေါ်မှုဖြစ်သည့် ကျူးကျော်မှု၊ဖိအားနှင့် ပတ်သက်မှုတွေက သမိုင်းကြောင်းအရ အမျိုးသားလုံခြုံရေး ကိစ္စတရပ်များ ဖြစ်နေတယ်။

ထို့ကြောင့် အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းမိန့်ကြားခဲ့သလို့ တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေးနှင့် တိုင်းသူပြည်သား လူထုညီညွတ်ရေးကို အခြေခံသည့် ခိုင်မာသော အစိုးရစနစ်တရပ် ပေါ်ပေါက်ရေး ကြိုးစား အားထုတ်နေရမှာ ဖြစ်ပြီး၊ နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားအတွက် အမျိုးသားလုံခြုံရေးကို ခိုင်မာအောင်ဆောင်ရွက် ရမှာလည်း ဖြစ်တယ်။

လွတ်လပ်မှု၊ ညီမျှမှုနှင့် တရားဥပဒေအတွင်းတွင် တန်းတူအခွင့်အရေးရရှိမှု ဆိုသော လောကပါလတရားတို့ကို ထွန်းကား အခြေခံသည့် နိုင်ငံဖြစ်လာစေရန်မှာ အားလုံးတွင် တာဝန်ရှိတယ်။ လူတိုင်း မိမိရောက်သည့် နေရာမှာ မိမိတာဝန် မိမိကျေပွန်လျက် မိမိ ယုံကြည် ချစ်ခင်သော အမျိုးသားခေါင်းဆောင်အပေါ် သစ္စာရှိဖို့ လို့အပ်ပေတယ်။

ပြီးပါပြီ။
ဖတ်ရှုသည့်အတွက် အထူးကျေးဇူးတင်ပါတယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...