စည်းကမ်းမဲ့ပါးစပ်နဲ့ ကွမ်းစားတတ်သူများ
Written by မောင်ဟံသာ
ကွမ်းဓလေ့ဆိုတာတွေ မြန်မာမှာရှိတယ်ဆိုတာ စာတွေထဲဖတ်ဖူးပေမယ့် အဲဒီဓလေ့ဆိုးကြီးကို မနှစ်မြို့တာ ကြာပါပြီ။ ကိုယ်မကြိုက်လို့၊ ကိုယ်မစားလို့ မနှစ်မြို့တာမဟုတ်ဘဲ စည်းကမ်းမဲ့စွာ စားချင်သလိုစား၊ ကွမ်းတံတွေးကိုလည်း ထွေးချင် သလိုထွေးနေကြတဲ့ မြန်မာတွေရဲ့ဓလေ့ကို မကြိုက်လို့ ဒီစာကို ရေး မိပါတယ်။
မြန်မာပြည်နေရာဒေသအနှံ့ ကွမ်းမစားသူ၊ ကွမ်းယာအရောင်းဆိုင်တွေ မရှိတဲ့နေရာ အတော်လေးရှားမယ်ထင်ပါတယ်။ ရန်ကုန်မြို့ကြီးမှာ လွန်ခဲ့တဲ့ လေးငါးနှစ်လောက်က ကွမ်းမရောင်းရနယ်မြေ၊ ကွမ်းမစားရနယ်မြေတွေသတ်မှတ် မယ်ဆိုပြီး ကွမ်းယာဆိုင်တွေလိုက်ဖမ်းလို့ မှောင်ခိုကွမ်းယာဈေးကွက်တစ် ခု
ဖြစ်သွားခဲ့ပါသေးတယ်။ ဒါပေမယ့် မြန်မာပြည်ရဲ့ထုံးစံ အတိုင်း
စီမံချက်တွေဆိုတာ ကောက်ရိုးမီးလို ဟုန်းခနဲတောက်ပြီး ပျောက်သွားတတ်တဲ့အတွက်
စိတ်ချရတာတော့ မဟုတ် ပါဘူး။
မြို့ထဲ လူစည်ကားတဲ့ ဘတ်စ်ကားဂိတ်တွေမှာ ကွမ်းယာဆိုင်တွေ တန်းစီနေတယ်။ ရန်ကုန်မြို့က ပလက်ဖောင်းတွေပေါ်မှာ အခိုင်အခန့် ကွမ်းယာဆိုင်ကြီးတွေ နေရာယူထားတာရှိတယ်။ ကွမ်းယာရောင်းပြီး တိုက်ခန်းပိုင်နဲ့ နေနိုင်သူတွေရှိတယ်။ ကွမ်းယာပစ္စည်းရောင်းပြီး ချမ်းသာနေသူတွေရှိတယ်ဆိုတာက တော့ ပြောမယုံ ကြုံဖူးလို့သိခဲ့တာပါ။ ကွမ်းယာဆိုင်ခွဲတွေကို လမ်းအနှံ့လိုက်ထောင်ပေးပြီး ကွမ်းယာပစ္စည်းဖြန့်ချိစားကာ တိုက်ဆောက်ကားစီးနေသူတွေရှိ တယ်ဆိုတော့ ကွမ်းယာ ဈေးကွက်နဲ့ စားသုံးသူပမာဏကို ခန့်မှန်းလို့ရလောက်ပါတယ်။
ရန်ကုန်မြို့ကြီးရဲ့ တိုက်ခန်းတွေ၊ လူစည်ကားရာနေရာတွေ၊ ဘူတာ၊ ဈေးစတဲ့နေရာ အနှံ့ ကွမ်းတံတွေးတွေနဲ့ ရဲရဲနီနေတာ တစ်ကိုယ်ရည် စည်းကမ်းမရှိကြလို့ ပြည်သူ့နီတိနားမလည်ကြလို့ဆိုတာရယ်၊ နိုင်ငံကြီးသား ပီသတဲ့ အရည်အသွေးတွေ မရှိကြဘူးဆိုတာတွေကို မီးမောင်းထိုးပြနေသလိုရှိပါ တယ်။
အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းကလို့ လူကြားကောင်းအောင်အော်ဟစ်နေ ကြတဲ့
စာသင်ကျောင်းတွေမှာလည်း ကွမ်းတံတွေးတွေနဲ့ မကင်းတာကို စိတ်ပျက်စွာ
တွေ့ကြရပါတယ်။ စည်းကမ်းကို ကျောင်းတွေကစပြီး သင်ပေးကြရမှာပါ။
ကွမ်းစားနေတဲ့ဆရာက ကွမ်းမစားနဲ့လို့ တပည့်တွေကို ဆုံးမလို့လည်း
ထိရောက်နိုင်စရာ အကြောင်းမရှိပါဘူး။ ကျောင်းတွေက အခြေမခံခဲ့တဲ့
ပြည်သူနီတိခေါင်းပါးမှုကြောင့်
ကလေးတွေစည်းပျက်ကမ်းပျက် လူကြီးတွေဖြစ်လာ၊ အဲဒီလူကြီးတွေကာ
ထင်ရာစိုင်းတော့ တိုင်းပြည်ပျက်၊ တိုင်းပြည်ပျက်အောင် မစောင့်ထိန်းကြတော့
အာဏာရှင်တွေပေါ်လာ မုံ့လုံးစက္ကူကပ်နေတဲ့ အဖြစ်မှာ
အာဏာရှင်တွေပေါ်ထွန်းလာအောင် ကျောင်းတွေကနေ စတင်ပေးနေသလားလို့တောင် သံသယဖြစ်မိတယ်။
ဘတ်စ်ကားဂိတ်တွေမှာ ကားပေါ်တက်မှ ကွမ်းထုတ်စား၊ ကားပြတင်းပေါက်က ကွမ်းသွေးတွေထွေးချ၊ လမ်းပေါ်က လူတွေပေါ်ကျ ဒီလောက်စည်းကမ်းမဲ့နေတာပါ။ ရုပ်ရှင်ရုံထဲမှာတောင် ရုပ်ရှင်ကြည့်ရင်း ပလပ်စတစ်အိတ်ထဲကို ကွမ်းသွေးတွေ တပစ်ပစ်နဲ့ ထွေးတတ်သူအနားမှာ မကျပါစေနဲ့လို့ ဆုတောင်းနေရတယ်။
ရန်ကုန်မြို့ကြီးရဲ့ လမ်းတွေပေါ်မှာ၊ အထူးသဖြင့် မီးပွိုင့်ကား ခေတ္တရပ်ရတဲ့ နေရာတွေမှာ ကားတွေပေါ်ကနေ ထွေးချထားတဲ့ ကွမ်းတံတွေးတွေနဲ့ ရဲရဲတောက်နေတာလည်း တွေ့ရပါလိမ့်မယ်။ စည်းကမ်းမဲ့စွာနဲ့ လမ်းပေါ်ကို တံတွေးထွေးတတ်တဲ့ အမူ အကျင့်ကအစ၊ ကွမ်းတံတွေးအလယ် စည်းကမ်းမဲ့မှုအဆုံး ဘယ်သူ့တွေမှာ တာဝန်ရှိသလဲ ပြန်လည်ဆန်းစစ်ဖို့လိုပြီထင်ပါ တယ်။
ကွမ်းယာဆိုင်တွေပေါလာခြင်း၊
စည်းကမ်းမဲ့စွာ စားသောက်နေထိုင်တတ်ခြင်း၊ ယဉ်ကျေးမှုများ
ခေါင်းပါးလာခြင်းစတာတွေ ဟာ ပြုသူကြောင့်သာမဟုတ်ဘဲ အပြုခံနေသူတွေ၊
ပြုလုပ်ခွင့်ပေးထားသူတွေနဲ့ လည်း
သက်ဆိုင်နေပါတယ်။ ကားပေါ် ဆေးလိပ်မသောက်ရ၊ ကွမ်းမစားရလို့ စာတန်းတွေ
ကပ်ထားပြီး စပယ်ယာနဲ့ ဒရိုင်ဘာတွေက ကွမ်းစား၊ ဆေးလိပ်သောက်ပြ နေတာလည်း
ခရီးသည်တွေကို စော်ကားသလိုဖြစ်နေတယ်ဆိုတာ စဉ်းစားမိပါရဲ့လား။
အမျိုးသားစည်းကမ်းအစ ပြည်သူအားလုံးကစရမှာပါ။ စည်းကမ်းရှိမှ အစော်ကားမခံရမှာ။ ကိုယ်ကမှန်နေမှ မမှန်သူတွေက ကြောက်မှာ။ အိမ်၌ယဉ်ကျေးခြင်း၊ လမ်း၌ယဉ်ကျေးခြင်း၊ ကစားချိန်မှာယဉ်ကျေးခြင်း၊ စားသောက်နေထိုင်ရာမှာ ယဉ်ကျေး ခြင်း၊ လုပ်ငန်းခွင်မှာ ယဉ်ကျေးခြင်းဆိုတာတွေကို ဆရာ ဆရာမတွေက တစ်နေ့ကို နည်းနည်းလေးပဲ တစ်လုံးချင်းပြောသွား၊ လိုက်နာခိုင်း၊ လက်တွေ့ကျင့်ခိုင်းသွားရင် ပြည်သူ့နီတိလို့မပြောတောင် နိုင်ငံကြီးသားပီသအောင် နေထိုင်တတ်သွားကြမယ် ထင်ပါတယ်။
စည်းကမ်းမလိုက်နာတတ်တော့ အာဏာနဲ့ခိုင်းမှလုပ်၊ အာဏာပြ အုပ်ချုပ်မှ အဟုတ်လို့ ထင်လာတတ်ပါတယ်။ မလုပ်သင့်တာ ကို မလုပ်ဘဲရှောင်နေကြရင် အာဏာပြ အုပ်ချုပ်ထိန်းကွပ်နေစရာလည်း
လိုမယ်မထင်ပါဘူး။ ခုတော့ ကြံဖန်ပြီး စည်းကမ်းကို ဘယ်လိုချိုးဖောက်ရမလဲလို့
အကွက်ခြောင်းနေသူတွေကို အာဏာပြချင်သူတွေကလည်း ထိန်းချုပ်ဖို့
ခြောင်းနေတယ်ဆိုတဲ့ ဒီမိုကရေစီ ပြည်သူ့နီတီလေးတွေသိအောင်ပေးဖို့လိုနေပြီထင်ပါတယ်။
ကွမ်းဓလေ့ဆိုတာတွေ မြန်မာမှာရှိတယ်ဆိုတာ စာတွေထဲဖတ်ဖူးပေမယ့် အဲဒီဓလေ့ဆိုးကြီးကို မနှစ်မြို့တာ ကြာပါပြီ။ ကိုယ်မကြိုက်လို့၊ ကိုယ်မစားလို့ မနှစ်မြို့တာမဟုတ်ဘဲ စည်းကမ်းမဲ့စွာ စားချင်သလိုစား၊ ကွမ်းတံတွေးကိုလည်း ထွေးချင် သလိုထွေးနေကြတဲ့ မြန်မာတွေရဲ့ဓလေ့ကို မကြိုက်လို့ ဒီစာကို ရေး မိပါတယ်။
မြန်မာပြည်နေရာဒေသအနှံ့ ကွမ်းမစားသူ၊ ကွမ်းယာအရောင်းဆိုင်တွေ မရှိတဲ့နေရာ အတော်လေးရှားမယ်ထင်ပါတယ်။ ရန်ကုန်မြို့ကြီးမှာ လွန်ခဲ့တဲ့ လေးငါးနှစ်လောက်က ကွမ်းမရောင်းရနယ်မြေ၊ ကွမ်းမစားရနယ်မြေတွေသတ်မှတ်
မြို့ထဲ လူစည်ကားတဲ့ ဘတ်စ်ကားဂိတ်တွေမှာ ကွမ်းယာဆိုင်တွေ တန်းစီနေတယ်။ ရန်ကုန်မြို့က ပလက်ဖောင်းတွေပေါ်မှာ အခိုင်အခန့် ကွမ်းယာဆိုင်ကြီးတွေ နေရာယူထားတာရှိတယ်။ ကွမ်းယာရောင်းပြီး တိုက်ခန်းပိုင်နဲ့ နေနိုင်သူတွေရှိတယ်။ ကွမ်းယာပစ္စည်းရောင်းပြီး ချမ်းသာနေသူတွေရှိတယ်ဆိုတာက
ရန်ကုန်မြို့ကြီးရဲ့ တိုက်ခန်းတွေ၊ လူစည်ကားရာနေရာတွေ၊ ဘူတာ၊ ဈေးစတဲ့နေရာ အနှံ့ ကွမ်းတံတွေးတွေနဲ့ ရဲရဲနီနေတာ တစ်ကိုယ်ရည် စည်းကမ်းမရှိကြလို့ ပြည်သူ့နီတိနားမလည်ကြလို့ဆိ
အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းကလို့ လူကြားကောင်းအောင်အော်ဟစ်နေ
ဘတ်စ်ကားဂိတ်တွေမှာ ကားပေါ်တက်မှ ကွမ်းထုတ်စား၊ ကားပြတင်းပေါက်က ကွမ်းသွေးတွေထွေးချ၊ လမ်းပေါ်က လူတွေပေါ်ကျ ဒီလောက်စည်းကမ်းမဲ့နေတာပါ။ ရုပ်ရှင်ရုံထဲမှာတောင် ရုပ်ရှင်ကြည့်ရင်း ပလပ်စတစ်အိတ်ထဲကို ကွမ်းသွေးတွေ တပစ်ပစ်နဲ့ ထွေးတတ်သူအနားမှာ မကျပါစေနဲ့လို့ ဆုတောင်းနေရတယ်။
ရန်ကုန်မြို့ကြီးရဲ့ လမ်းတွေပေါ်မှာ၊ အထူးသဖြင့် မီးပွိုင့်ကား ခေတ္တရပ်ရတဲ့ နေရာတွေမှာ ကားတွေပေါ်ကနေ ထွေးချထားတဲ့ ကွမ်းတံတွေးတွေနဲ့ ရဲရဲတောက်နေတာလည်း တွေ့ရပါလိမ့်မယ်။ စည်းကမ်းမဲ့စွာနဲ့ လမ်းပေါ်ကို တံတွေးထွေးတတ်တဲ့ အမူ အကျင့်ကအစ၊ ကွမ်းတံတွေးအလယ် စည်းကမ်းမဲ့မှုအဆုံး ဘယ်သူ့တွေမှာ တာဝန်ရှိသလဲ ပြန်လည်ဆန်းစစ်ဖို့လိုပြီထင
ကွမ်းယာဆိုင်တွေပေါလာခြင်း၊
အမျိုးသားစည်းကမ်းအစ ပြည်သူအားလုံးကစရမှာပါ။ စည်းကမ်းရှိမှ အစော်ကားမခံရမှာ။ ကိုယ်ကမှန်နေမှ မမှန်သူတွေက ကြောက်မှာ။ အိမ်၌ယဉ်ကျေးခြင်း၊ လမ်း၌ယဉ်ကျေးခြင်း၊ ကစားချိန်မှာယဉ်ကျေးခြင်း၊ စားသောက်နေထိုင်ရာမှာ ယဉ်ကျေး ခြင်း၊ လုပ်ငန်းခွင်မှာ ယဉ်ကျေးခြင်းဆိုတာတွေကို ဆရာ ဆရာမတွေက တစ်နေ့ကို နည်းနည်းလေးပဲ တစ်လုံးချင်းပြောသွား၊ လိုက်နာခိုင်း၊ လက်တွေ့ကျင့်ခိုင်းသွားရင် ပြည်သူ့နီတိလို့မပြောတောင် နိုင်ငံကြီးသားပီသအောင် နေထိုင်တတ်သွားကြမယ် ထင်ပါတယ်။
စည်းကမ်းမလိုက်နာတတ်တော့ အာဏာနဲ့ခိုင်းမှလုပ်၊ အာဏာပြ အုပ်ချုပ်မှ အဟုတ်လို့ ထင်လာတတ်ပါတယ်။ မလုပ်သင့်တာ ကို မလုပ်ဘဲရှောင်နေကြရင် အာဏာပြ အုပ်ချုပ်ထိန်းကွပ်နေစရာလည်
0 comments:
Post a Comment