အပြစ်ကင်းခြင်းမှသည် ညီညွတ်ခြင်းနှင့် ငြိမ်းချမ်းရေးသို့
Sky Net ကလွှင့်နေတဲ့ မြန်မာ့ငြိမ်းချမ်းရေးပွဲတေ
ငြိမ်းချမ်းရေးအတွက် ပြက်လုံးတွေ၊ ဝေဖန်မှုတွေ၊ ထောက်ပြမှုတွေ၊ ဆုတောင်းမှုတွေနဲ့ ငြိမ်းချမ်းရေး အတွက် ကိုယ်တတ်စွမ်းတဲ့ဘက်ကနေ ၀ိုင်းဝန်းဆောင်ရွက်နေကြတယ်
အဆိုတော်တွေ၊ ရုပ်ရှင်သမားတွေက ငြိမ်းချမ်းရေးသီချင်းတွေဆု
ကျွန်တော် ဒါတွေကကြည့်မိတော့ ကြည်နူးပီတိမှုတွေ ဖြစ်ရတယ်။ ဒါတွေကို စစ်မက်ဖြစ်ပွားနေတဲ့ ခေါင်း ဆောင်တွေကြည့်ရှုကြမယ်၊ လိုက်နာကြမယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်ပါ့မလဲ။
ထို့မှတဆင့် ကျွန်တော်အတွေးတွေက ၀င်လာခဲ့ပါတယ်။
……………..
တစ်ခါတုန်းက လင်မယားနှစ်ယောက် အကြီးအကျယ်ရန်ဖြစ်ကြတယ်။ အိမ်မှာရှိတဲ့ ပန်းကန်တွေ၊ ခွက်တွေကို ပစ်ပေါက်လိုပေါက်၊ ရိုက်ခွဲလိုခွဲနဲ့။ တဖြည်းဖြည်းအခြေအနေက ပိုဆိုးလာပြီး ယောက်ျားဖြစ်သူက မိန်းမဖြစ်သူကို ရိုက်လိုက်တယ်။
မိန်းမဖြစ်သူက ရှိုက်ကြီးတငင်ငိုကြွေးပြီး အိမ်ကနေပြေးထွက်သွားပါတယ်။
အဲဒီလိုနဲ့ ညရောက်တော့ ယောကျာ်းဖြစ်သူက သူ့အလုပ်ဖြစ်တဲ့ ဇာတ်ကဖို့အ၀တ်အစားလဲနေပါတယ်
သူကတော့ မိန်းမနဲ့ ရန်ဖြစ်တာကို ခဏမေ့ထားပြီး ဇာတ်ဝင်ခန်းထဲက ညီညွတ်ရေးအတွက် ရွတ်ဆိုရမဲ့ စာသားတွေကို ပြန်လည်ရွတ်ဆိုနေလေသတဲ့။
…………..
ကျွန်တော်စဉ်းစားမိတာပေါ့လေ
ကိုယ့်မိသားစုဆိုတဲ့ အိမ်တွင်းငြိမ်းချမ်းရေးကို
ဒါဆိုရင် ငြိမ်းချမ်းရေးအတွက် မလုပ်ရတော့ဘူးလား။ မဟုတ်ပါဘူး။ လုပ်ရမှာပါ။ အခြေခံ အိမ်တွင်းက အစ၊ ရပ်ကွက်အတွင်း၊ မြို့နယ်အတွင်း၊ တိုင်း/
ဒီအချိန်မှာ အရေးကြီးဆုံးက ငြိမ်းချမ်းရေး။ ဒီတော့ ကျန်တာခဏထားပြီး စစ်ဖြစ်နေတဲ့ နှစ်ဦးနှစ်ဖက် ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်နိုင်ဖို့အရေးကြီး
………………
တစ်ချိန်တုန်းက ပန်းချီပေါ်ဦးသက်ဟာ မိခင်၊ ဖခင်နှင့် သားငယ်ပါတဲ့ မိသားစု ပန်းချီကား တစ်ချပ် ရေးဆွဲခဲ့ပါတယ်။
အဲဒီမိသားစုပန်းချီကားမှာ ထူးခြားတာက ပုံသဏ္ဍာန်အချိုးအစား နည်းနည်းပြောင်းထားပါတယ်။ မိသားစု သုံးဦးလုံးကို အ၀တ်ဆင်ပေးမထားပါဘူး။ ဒီပန်းချီကားနဲ့ ပတ်သက်ပြီး ဆရာပေါ်ဦးသက်က ရှင်းပြခဲ့ပါတယ်။
“ အ၀တ်ဆင်ပေးမထားခြင်းဖြင့် ဒီမိသားစုဟာ ဘယ်နိုင်ငံက၊ ဘယ်လိုလူမျိုးဆိုတာ မသိနိုင်ပါဘူး။ ဒီလို မသိနိုင်ခြင်းဟာပဲ ကမ္ဘာပေါ်မှာ ရှိသမျှမိသားစုတွေကို ကိုယ်စားပြုထားတဲ့ လူသုံးဦးအဖြစ် ရောက်သွားစေတဲ့ သဘောပါပဲ ”
“ မိသားစုဆိုတာ အစုအဝေးသဘောပါ။ ဒါပေမယ့် တချို့မိသားစုတွေဟာ စုစည်းမှု၊ စည်းလုံးမှု မရှိကြဘူး။ သူကတစ်မျိုးငါကတစ်ဖုံနဲ့ ချစ်ချစ်ခင်ခင်ကြင်ကြင်နာနာ
“ ပြီးတော့ မိသားစုဆိုတဲ့ စုစည်းခြင်းထဲမှာ တကယ့်ကိုစင်ကြယ်တဲ့ မေတ္တာဟာ ဖွားမြောက်သန့်စင်လာနိုင် သေးတယ်။ မေတ္တာဆိုတဲ့သဘောကို ရရှိလာရင် ညီညွတ်ခြင်း၊ စည်းလုံးခြင်းအပြင် ငြိမ်းချမ်းခြင်းဆိုတာလဲ တိုး လာမှာပါ။ ညီညွတ်ခြင်း၊ စည်းလုံးခြင်း၊ ငြိမ်းချမ်းခြင်းတွေရှိတဲ့ မိသားစုတွေ များလာလေလေ လူ့လောကကြီး ဟာလဲ နေချင်စဖွယ် လူ့လောကကြီးအဖြစ်ကို ရောက်လာလေလေဖြစ်မှာပဲဆိုတဲ့
၁၃၅ မျိုးသော မြန်မာတိုင်းရင်းသားလူမျိုး
……………….
တစ်ခါတုန်းက ဘာသာရေးပုဂ္ဂိုလ်တွေအပါအ၀င် လူတစ်စုဟာ ဂျီးဇာက် ( Jesus Christ ) ဆီကို ပြည့်တန်ဆာမတစ်ဦးကို ခေါ်လာကြပါတယ်။ အဲဒီအမျိုးသမီးဟာ မကောင်းတဲ့အကျင့်ကို ပြုတဲ့အတွက် အပြစ်ရှိ တယ်ဆိုပြီး ခေါ်လာကြတာပါ။ ဂျီးဇက်ဆီရောက်တဲ့အခါကျတော့
“ ပြည့်တန်ဆာမကို ကျောက်ခဲနဲ့ ပစ်ပေါက် အပြစ်ပေးရမယ်လို့ မောရှေ(MOSES) က အမိန့်ချမှတ် ခဲ့ကြောင်း၊ ဒီကိစ္စမှာ သင်ကော ဘယ်လိုအမိန့်ချမလဲ ”လို့ ၀ိုင်းမေးကြပါတယ်။
ဒီတော့ ဂျီးဇက်က သူတို့ကို ကြည့်ပြီးတော့ “ သင်တို့အထဲက ကိုယ့်ကိုယ်ကိုယ် အပြစ်ကင်းတယ်ဆိုတဲ့ သူဟာ ရှေးဦးစွာပဲ ဒီအမျိုးသမီးကို ခဲနဲ့ပေါက် ” လို့ ပြောလိုက်ပါတယ်။
အဲဒီစကားကြောင့် ပြည့်တန်ဆာမကို ဘယ်သူမှ ခဲနဲ့မပေါက်ဖြစ်တော့ဘဲ တစ်ယောက်နောက် တစ်ယောက်လိုက်ပြီး ထွက်သွားကြလိုက်တာ တစ်ယောက်မှမကျန်ရစ်တော့ပါဘူ
လူမှန်ရင် အပြစ်ကင်းသူ၊ အမှားကင်းသူဆိုတာ မရှိပါဘူး။ အဲဒီအပြစ်တွေ၊ အမှားတွေကို ကောင်းသော စိတ်ဖြင့် ထောက်ပြပြောဆိုခြင်းမပြုပဲ အပြစ်တင်ဝေဖန်နေရင်တော့ အမှားတွေဟာ အမှန်ဖြစ်လာမှာ မဟုတ်သလို အပြစ်တွေဟာ ကောင်းမွန်လာမှာ မဟုတ်ပါဘူး။
တစ်ဦးနဲ့တစ်ဦး အမှားတွေကို ထောက်ပြကြမယ်။ ညှိနှိုင်းကြမယ်။ ပြင်ဆင်ကြမယ်။ လိုက်နာဆောင်ရွက် ကြမယ်ဆိုရင်တော့ အပြစ်ကင်းတဲ့ဘ၀တွေအဖြစ် ဆက်လက်ဖြစ်လာနိုင်မှာပါ။
အပြစ်ကင်းတဲ့ဘ၀တွေ ကိုယ်စီပိုင်ဆိုင်ကြပြီ (သို့မဟုတ်) အဖွဲ့တစ်ဖွဲ့စီက အမှားတွေနည်းလာပြီဆိုရင် ညီညွတ်ရေးကို တည်ဆောက်ဖို့သိပ်မခက်လှတော့
……………..
Rome was not built in a day.
“ ရောမမြို့ကြီးကို တစ်ရက်တည်းနဲ့ အပြီးတည်ဆောက်လို့မရပါ ”
ငြိမ်းချမ်းရေးတွေ၊ အပစ်အခတ်ရပ်စဲရေးတွေအတွက် ဆွေးနွေးပွဲတွေလုပ် စားပွဲဝိုင်းပေါ်မှာ အဖြေရှာ ကြတယ်။ တစ်ကြိမ်ထဲ၊ တစ်နေ့ထဲနဲ့တော့ ငြိမ်းချမ်းရေးရလာမှာ မဟုတ်တာတော့အမှန်ပါပဲ။
ဒါဖြင့် စစ်ပွဲတွေက ဆက်ဖြစ်မြဲဖြစ်နေပြီး လူတစ်ဦးတစ်ယောက်မှ မကျန်တော့မှ ကမ္ဘာ့ငြိမ်းချမ်းရေး ဆိုတာကြီးက ရကြတော့မှာလား။
ပြီးတော့ ငြိမ်းချမ်းရေးစားပွဲဝိုင်း
နောက်တစ်ခုက ငြိမ်းချမ်းရေးတည်ဆောက်လိုသ
……………..
ညဉ့်နက်လာတာကြောင့် တီဗွီကို ပိတ်လိုက်တယ်။ တံခါးတွေ၊ မီးတွေကို လိုက်စစ်ပြီး ပိတ်လိုက်တယ်။
ဘုရားခန်းထဲဝင်ပြီး ဘုရားကန်တော့တယ်။ လျှပ်စစ်မီးဖြင့်ပူဇော်ထားတ
ဘုရားရှင်ရဲ့ မျက်နှာတော်ကို ဖူးမျှော်လိုက်ရတာ ရင်ထဲအေးချမ်းသွားတယ်။
ငယ်စဉ်ကတည်းက သင်ကြားခဲ့ရတဲ့ စာလေးတွေက နှုတ်ပေါ်ရောက်လာတယ်။
“ မိမိကိုယ်ကို ကောင်းအောင်ထိန်းလို့
မတိမ်းစေနဲ့ ဆောက်တည်လေ ”
“ သန့်စင်ပြစ်မျိုး လူထုအကျိုး
သယ်ပိုးဆောင်ရွက်စေ ”
ရင်ထဲက အပူတွေကိုထုတ်လိုက်ပြီး ဒီညအတွက်တော့ ငြိမ်းချမ်းစွာ အိပ်စက်လိုက်ပါတယ်။
ကမ္ဘာပေါ်က သက်ရှိ၊ သက်မဲ့အားလုံး ငြိမ်းချမ်းစွာအိပ်စက်နိုင်
မှီငြမ်း- “ မနက်ဖြန်များကို ဖြတ်သန်းနေသော စိတ်ကူးများ ”၊ “ တွေးချိန်ချင့်စရာ ” (ဆရာနန္ဒသိန်းဇံ)
၂၇-၇-၂၀၁၃။
0 comments:
Post a Comment