Wednesday, July 31, 2013

ကလေးများအတွက် အန္တာရယ်ကာကွယ်ပေးရေး

Seaman Nayminthu shared Than Saw's photo.

ဒီနေ့မနက် အိပ်ယာနိုးနိုးခြင်း အညှီအဟောက်ပုံတွေတင် ညစ်ညမ်းဆဲဆိုတဲ့ စကားလုံးတွေ မိန်းမတစ်တယောက်ပုံ လက်ညှိုးထောင်ပြီး ဆဲပြ တဲ့ ပို့စ်တ်တင်ပြီး သူငယ်ချင်းအနေနဲ့ လာအက်ဒ်တဲ့ သူကို ဘလော့ဂ်လိုက်တယ်။

ပို့တဲ့သူက မြန်မာလူမျိုး တစ်ယောက်ပါဘဲ။ သူ့ တိုင်းမ်လိုင်းမ် တစ်ချစ်ကြည့်ပြီး ခလုပ်ကလေး နှိပ်လိုက်ရုံပါဘဲ။ နံစော်တဲ့ ဂျပိုးတကောင်ကို လက်အိတ်စွတ်ပြီး ဖိသတ်လိုက် သလိုပါဘဲ။

ကျမအတွက် ဘာမျှ ဖြစ်မသွားဘူး။ ပို့လိုက်တဲ့သူမှာသာ ဘယ်လောက် စိတ်ဒုက္ခတွေ ခံစားနေရသလည်း။ ဘယ်လောက် မနာလို မုန်းတီးမှုတွေ၊ မိမိဘဝမှာ သတ်သေခြင်လောက်အောင် စိတ်ဆင်းရဲမှု အလိုမကျမှုတွေရှိနေလို့ ဒီလို့ အကောင့်မျိုးအချိန်ကုန်ခံ တမင်တကာ ဖန်တီးပြီး ပို့နေတဲ့ looser တစ်ယောက်ဆိုတာ သိနိုင်ပါတယ်။

ဘီဘီစိ Newsnight အစီအစဉ်တစ်ခုမှာ မနေ့ကဘဲ ဒီလို looser တွေနဲ့ ပတ်သက်တဲ့ အကြောင်းကို တိုက်တိုက်ဆိုင်ဆိုင် ကြည့်ခဲ့မိတယ်။

Facebook နဲ့ twitter လို အကောင့်တွေသုံးပြီး မိန်းခလေးတွေကို မဖွယ်မရာလုပ်မယ်လို့ ချိမ်းခြောက်တဲ့ ပို့စ်တ်တွေ ပို့တာကို ဗြိတိလျှ ရဲကရော ISP တွေရော ဘီဘီစီသတင်းထောက်တွေက လိုက်စုံစမ်းကြတယ်လေ။

ဘီဘီစီက စုံစမ်းနေတဲ့ မီဒီယာသမားတွေလည်း ဒီလို ပို့စ်တ်တွေ ချိမ်းခြောက်တာတွေ အများကြီးရကြတယ်တဲ့။ မိန်းမတွေတင်မဟုတ် ယောက်ျားတွေကိုပါ မဖွယ်မရာလုပ်မယ်ဆိုပြီး ဆဲဆို ချိမ်းခြောက်ကြတယ်တဲ့။

ဘီဘီစီ ဆွေးနွေးချက်တွေမှာ ဒီလိုလုပ်တဲ့လူတွေအထဲမှာ အပျော်အပျက်အနေနဲ့ လူငယ်တစ်စု နောက်ပြောင်လုပ်တာမျိုး ဖြစ်နိုင်သလို၊ အင်မတန် အကျင့်ယုတ်မာသူ အောက်တန်းကျသူတစ်ဦးထဲက လုပ်နေတာလည်း ဖြစ်နိုင်တတဲ့။ ကုမရအောင် ခံစားနေရတဲ့ စိတ်ရောဂါမျိုး ရှိသူတွေလည်း ဖြစ်နိုင်ပါတယ်။ (ကျမကိစ္စကတော့ ဘယ်သူက ပို့သလည်း ဆိုတာ အသိသာကြီးပါ။)

အခု အင်တာနက်မှာ နောက်ယောင်ခံတဲ့နည်းတွေ နိုင်ငံတကာ ရဲတွေ ဒီလိုလူမျိုးတွေကို ဖမ်းဆီး အပြစ်ပေးဖို့ ပူးပေါင်းဆောင်ရွက်နေကြတယ်။ ဒီလိုလူမျိုးတွေအထဲမှာ အသက် ၃-၄ နှစ်အရွယ် ကလေးသူငယ် လူမမယ်တွေကိုတောင် မဖွယ်မရာလုပ်တဲ့ အကျင့်မျိုးလည်း ရှိနေကြလို့ပါဘဲ။ ကလေးတွေအတွက် အင်မတန် အန္တာရယ်ရှိစေတဲ့သူတွေပါ။

မိမိဘာသာ ဒါမျိုးကို ဝါသနာပါလို့ အာသာဖျော်ဖြေဖို့ ဥပဒေက ခွင့်ပြုထားတဲ့ အညှီအဟောက်တွေ ကြည့်သာကို မည်သူကမျှ အပြစ်မပြောပါ။

ဒါပေမဲ့ တခြားလူတွေ စိတ်အနှောက်အယှက်ဖြစ်အောင် ဒီပုံတွေ ဒီထက်ဆိုးတဲ့ ပုံတွေ ပို့ခြင်း ချိမ်းခြောက်ခြင်းဟာ ယူကေ ဥပဒေကို ချိုးဖောက်တယ်ဆိုတာ ယူကေမှာ အနေကြာသူ အလုပ်လုပ်နေသူတစ်ယောက်အနေနဲ့ သိသင့်တယ်။

ပြီးခဲ့တဲ့ အပတ်ကလည်း David Cameron ကပြောတယ်။ နောင် ဗြိတိန်မှာ နေနေတဲ့သူတွေ အွန်လိုင်းပေါ်မှာ ကလေးတွေနဲ့ ပတ်သက်တဲ့ ပုံတွေ မိန်းမတွေကို အလိုတူအလိုပါမဟုတ်ဘဲ မတရားကျင့်တဲ့ပုံတွေကို ရှာသူတွေကို ဥပဒေအရ အရေးယူမယ်လို့ ပြောခဲ့တယ်။

ဒီလို ပုံတွေ အကောင့်တွေ ဖန်တီးသူဟာ မြန်မာလူမျိုးဆိုရင်တော့ ပြောလိုပါတယ်။ မိမိ မိဘတွေက ဗုဒ္ဓဘာသာ ခရစ်ယန် ဟိန္ဒူဘာသာဝင်တွေဆိုရင် မိမိဘာသာကလည်း ဒါမျိုးကို အားမပေးဘူး။ မိမိယဉ်ကျေးတဲ့ အသိုင်းအဝိုင်းမှာလည်း ဒါမျိုးကို လက်မခံဘူး။

ဒီတော့ ကိုယ်ဒီလိုမျိုး အကောင့်တစ်ခု ပြုလုပ်တယ်ဆိုတာ ဘယ်သူမျှမသိဘူး ထင်နေပေမဲ့ ဒီပို့တဲ့လူ ယုံကြည်တဲ့ ကိုယ်စောင့်နတ် ဒါမှမဟုတ် ထာဝရဘုရားသခင် မျက်မှောက်မှာ ကျူးလွန်နေတယ်ဆိုတာ သိထားစေခြင်တယ်။ ဒီလူဟာ ဘာသာတရား မရှိသူတစ်ယောက်တော့ လုံးဝမဖြစ်နိုင်ဘူး။

ကျမတို့လို ဘာသာတရားမရှိသူတစ်ယောက်က ဒီလို အောက်တန်းကျတဲ့ အကျင့်မျိုး မရှိဘူး။ ဆော်ခြင်ရင် ပရုဖိုင်လ် အစစ် နံမည်အစစ်နဲ့ အထက်လမ်းနဲ့ ဗြောင်ဆော်မယ်။ မျက်နှာဖုံးတတ်ပြီး အောက်နည်းနဲ့ ဆော်တဲ့ အောက်တန်းကျသူတစ်ဦး မဟုတ်ပါ။

သားမသမီးရှိသူတွေအနေနဲ့ ဒီလို အကျင့်ရှိတယ်လို့ ထင်သူ တစ်ယောက်ကို ကိုယ့်မိသားစုအနား လုံးဝ အကပ်မခံပါနဲ့။ ကလေးတွေအတွက် အင်မတန် အန္တာရယ်ရှိပါတယ်။ သေချာရင်လည်း ရဲဆီ သတင်း အမြန် ပို့ပေးပါ။ သူ့ကွန်ပျူတာကို ဘယ်လောက် format လုပ်ထားထား ဖျက်ထားထား သဲလွန်စတွေ ရှာဖွေတွေ့နိုင်ပါတယ်။ မိုဘိုင်းလ်ဖုံး အိုင်ပက်ဒ်အားလုံးမှာလည်း တခါထဲ့ထားရင် ဘယ်လိုမျှ ဖျက်လို့ မရပါ။

မကောင်းမှုအတွက် ဆိတ်ကွယ်ရာဆိုသည်မှာ လုံးဝမရှိပါ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...