သစ်ထူးလွင် သတင်းစုစည်းမှု (၂၄-၇)
သစ်ထူးလွင် |
- နိုင်ငံခြားပညာတော်သင် မြန်မာ ကျောင်းသားများ တိုင်းပြည်မပြန်လိုကြ
- ခင်ပွန်မှ ဓါးဖြင့်ထိုး၍ လည်ပင်းတွင် ဓါးတန်းလမ်းဖြင့် ဇနီးသေဆုံး
- ဇူလိုင်လ(၂၆)ရက်နေ့ ထုတ် The Hot News Weekly ဂျာနယ် အတွဲ ၃၊ အမှတ် ၁၅၀
- ဇူလိုင်လ(၂၅)ရက်နေ့ ထုတ် အင်တာနက် ဂျာနယ် အတွဲ ၁၄၊ အမှတ် ၂၅
- ဇူလိုင်လ(၂၄) ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့စဉ်ထုတ် သတင်းစာ
- ဇူလိုင်လ(၂၄) ရက်နေ့ ထုတ် မဇ္ဈိမ နေ့စဉ်ထုတ် သတင်းစာ
- သမီးဖြစ်သူကို ရည်းစားကအဓမ္မကျင့်သည်ဟု အမှုဖွင့်လိုက်တဲ့ ဖခင်
- ရဲတပ်ဖွဲ့ဝတ်စုံဖြင့် အယောင်ဆောင်သွားလာသူတစ်ဦးအား ဖမ်းဆီးရမိ
- အမြန်လမ်းမကြီး ယာဉ်မောင်းအိပ်ငိုက်မှုကြောင့် တိမ်းမှောက်၍ ၅ ဦးဒဏ်ရာရ
- ရန်ကုန်မြို့ ပတ်ရထားပေါ်မှာ လူတစ်ဦး လဲကျသေဆုံး သားဟုယူဆရတဲ့ တစ်နှစ်ခွဲအရွယ် ကလေးငယ် ကျန်ရှိ
- မြန်မာဝန်ထမ်းများ မကြာမီခန့်အပ်ပြီး သင်တန်းပေးမည်ဟု Telenor ဆို
- မြို့သုံးမြို့မှာ တပြိုင်နက်တည်း ဗုံးဖောက်ခွဲခဲ့သူတွေကို နှစ်နှစ်အကြာမှ ပြစ်ဒဏ်ချမှတ်နိုင်
- ကေအိုင်အို လွတ်လပ်ရေး တောင်းခံမှု တရုတ်လက်မခံ
- အသစ်ခန့် နေ့စား လပေး ပညာရေး ဝန်ထမ်းစာရင်း ရက်ပိုင်းအတွင်း ထုတ်ပြန်မည်
- ပဲခူးမြို့ ထိပ်တန်းမြန်မာစက်ရုံတွင် အလုပ်သမားများ လိုအပ်ချက်တောင်းဆို
- နိုင်ကျဉ်းများကို ထပ်မံလွှတ်ပေးလိုက်သော်လည်း ၄ဝ၁ ကြိုး ရှည်တပ် ထူးခတ်ထားဆဲ
- ဝါဆိုလပြည့်နေ့ တောင်သမန်အင်းတွင် အမျိုးသား တစ်ဦး ရေနစ် သေဆုံး
- ရဲတပ်ဖွဲ့ဝင် အယောင်ဆောင်ကာ လက်ထိပ်ခတ်ရိုက်နှက်သူများအား အရေးယူ
- အငြင်းပယ်ခံ ဥပဒေနှင့် အပြစ်ပယ်ခံ ဘဝ
- ဒဂုံတောင်မြို့နယ်တွင် အမျိုးသမီးအလောင်းနှင့် ကလေးအလောင်း တွေ့ရှိ
- ပြည်သာယာမှာ မီးလောင်သေဆုံး
- အရေးယူမှုများအလွန် အိမ်ခြံမြေ
- ငြိမ်းချမ်းရေး ယူထားသော တပ်ဖွဲ့များ လိုင်စင်မဲ့ ယာဉ်စီး လျှင် အရေးယူမည်
- ပြည်တော်ပြန်လိုသည့် မလေးရှိ တရားမဝင် မြန်မာတို့အား ဒဏ်ကြေးငါးဆကျော် တိုးမြှင့်ကောက်ခံ
- ကိုးနှစ်သမီးကို အဓမ္မကျင့်ကာ နားကပ် ဖြုတ်သူကို ဖမ်းမိ
Posted: 24 Jul 2013 06:55 AM PDT
ပညာတော်သင် မြန်မာ ကျောင်းသား အများစုမှာ တိုင်းပြည်သို့ မပြန်လို ကြကြောင်းကို သတင်းရရှိသည်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အေအိုင်တီ တက္ကသိုလ်မှာ နောက်ဆုံးနှစ် မဟာဘွဲ့ကို တက်ရောက်နေတဲ့ အစိုးရ၀န်ထမ်း ပညာတော်သင် တစ်ဦးက အခုလို မောက္ခကို ရင်ဖွင့်ပြောခဲ့ပါတယ်။ “ကျွန်တော်က သိပ္ပံနဲ့ နည်းပညာ ၀န်ကြီးဌာနက ပညာတော်သင်ဆုနဲ့ လျှပ်စစ် အင်ဂျင်နီယာသိပ္ပံ မဟာဘွဲ့ကို လေ့လာနေတာပါ။ ပြန်ဖို့ကို လုံးဝ စိတ်မပါတာပါဗျာ။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 24 Jul 2013 06:37 AM PDT
ရန်ကုန်၊ ဇူလိုင် ၂၄
၂၄.၇.၂၀၁၃ ရက်နေ့ ၀၈၂၅ အချိန် ခန့်တွင် အင်းစိန်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် အင်းစိန်ဆေးရုံတွင် အမျိုးသမီးတစ်ဦး လည်ပင်းတွင် ဓါးတန်းလမ်းဖြင့် သေဆုံး ရောက်ရှိ နေကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ဒေါ်အေးအေးတင့်၊ ၄၅နှစ်၊ (ဘ)ဦးသောင်း၊ ကမ်းနားအလယ်ရပ်ကွက်၊ အင်းစိန်မြို့နယ်နေသူဖြစ်ကြောင် ဖြစ်စဉ်အားစုံစမ်းရာ ၀၇၃၀ အချိန်ခန့်တွင် နေအိမ်၌ခင်ပွန်းဖြစ်သူ ဇော်ဇော်ဝင်း၊ ၄၃နှစ်၊ (ဘ)ဦးအောင်ဖေ အရက်သောက်သည့်ကိစ္စနှင့် ပတ်သက်ပြီး စကားများကြစဉ် ဇော်ဇော်ဝင်းမှ ကြက်သွန်လှီးဓါးဖြင့် လည်ပင်းအားထိုး၍ သေဆုံးခြင်းဖြစ်ကြောင်း သိရှိရသဖြင့် အင်းစိန် မြို့မရဲစခန်း (ပ)၈၀၀/၂၀၁၃၊ ပုဒ်မ၃၀၂ ဖြင့်အရေးယူကာ ဇော်ဇော်ဝင်းအား ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။ Yangon Police | ||
Posted: 24 Jul 2013 05:31 AM PDT
ဇူလိုင်လ(၂၆)ရက်နေ့ ထုတ် The Hot News Weekly ဂျာနယ် အတွဲ ၃၊ အမှတ် ၁၅၀
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 24 Jul 2013 05:29 AM PDT
| ||
Posted: 24 Jul 2013 05:28 AM PDT
| ||
Posted: 24 Jul 2013 05:28 AM PDT
| ||
Posted: 24 Jul 2013 03:28 AM PDT
၁၃ နှစ်အရွယ်သာရှိသေးသည့် သူ့သမီးငယ်ကိုရည်းစားဖြစ်သူက အဓမ္မကျင့်သည်ဟုစွပ်စွဲကာ ဖခင်ဖြစ် သူက တိုင်ကြားမှုတစ်ခုကို အင်းစိန်ရဲစခန်းက ဇူလိုင် ၂၂ ရက်က အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းရဲ တပ်ဖွဲ့မှူးရုံးမှ စုံစမ်းရရှိသည်။ ဖခင်ဖြစ်သူသည် ထိုနေ့ညကအိမ်တွင် မအိပ်ဘဲမိသားစုပိုင် ကွမ်းယာဆိုင်တွင် အိပ်နေခဲ့ပြီး နံနက် ၃ နာရီ အချိန်ခန့်၌ မိသားစုဝင်တစ်ဦးက သမီးဖြစ်သူ ပျောက်ဆုံးနေကြောင်း ပြောသဖြင့် လိုက်လံရှာခဲ့ကြောင်း ရဲစခန်းကို အမှုဖွင့်စဉ်ထွက်ဆိုခဲ့သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 24 Jul 2013 02:46 AM PDT
နေပြည်တော်၊ ဇူလိုင် ၂၄
၂၂-၇-၂၀၁၃ ရက်နေ့ ၂၃၃၀ အချိန် ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ ရပ်ကွက်(၉)၊ ဘူတာလမ်းပေါ်တွင် လားရှိုးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ လှည့်ကင်း ဆောင်ရွက်နေစဉ် ဒုရဲအုပ် အဆင့်တံဆိပ်ပါ ရဲတပ်ဖွဲ့ဝတ်စုံဖြင့် သွားလာနေသူ တစ်ဦးအား မသင်္ကာဖွယ် တွေ့ရှိရသဖြင့် စစ်ဆေးခဲ့ရာ လားရှိုးမြို့၊ ရပ်ကွက်(၉)၊ နယ်မြေ(၅)နေ ရဲမြင့်ဦး(ခ)ကရီမွန်လာ(၂၀)နှစ် ရဲဇာနည် | ||
Posted: 24 Jul 2013 02:36 AM PDT
၂၃-၇-၂၀၁၃ ရက်နေ့ ၀၇၀၀ အချိန် ရန်ကုန်တိုင်း ဒေသကြီး၊ လှည်းကူးမြို့နယ်၊ အမှတ်(၃)လမ်းဆုံအမြန်လမ်း ရဲစခန်းနယ်မြေ အတွင်း ရန်ကုန်- မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ် (၁/၆-၇)ကြား၊ မန္တလေးမှ ရန်ကုန်သို့ မရမ်းကုန်းမြို့နယ်၊ (၂)ရပ်ကွက်နေ ဦးဝင်းကြည်ထွန်း(၄၂)နှစ် မောင်းနှင်လာသည့် ၄ဃ/xxxx ဟိုင်းလပ်ဆပ်ခဲရောင်ယာဉ်မှာ ယာဉ်မောင်းဖြစ်သူ အိပ်ငိုက်ပြီး လမ်းလယ်ကျွန်းပေါ် ကျော်တက်ကာ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိ တိမ်းမှောက်သွားခဲ့သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 24 Jul 2013 02:15 AM PDT
သီလဝါမှ ရန်ကုန်ကို ပြေးဆွဲတဲ့ ရထားပေါ်မှာ အသက် ၅၀ နှစ်ခန့်ရှိ အမည်မသိ၊ နေရပ်လိပ်စာမသိ လူတစ်ယောက် သွေးအန်မေ့လဲကာ ဆေးရုံကို ပို့စဉ် လမ်းမှာ သေဆုံးသွားပါတယ်။ သူနဲ့ အတူ သားဟုယူဆရတဲ့ တစ်နှစ်ခွဲအရွယ်ခန့် ကလေးငယ် (ယောကျာ်းလေး)တစ်ယောက်လည်း ပါလာတယ်လို့ သိရပါတယ်။ သေဆုံးသူဟာ ဇူလိုင် ၁၉ ရက်နေ့က သီလဝါမှ ရန်ကုန်ကို ညနေ ၃း၄၀ နာရီ ထွက်တဲ့ မြို့ပတ်ရထားပေါ်မှာ ကလေးငယ်နဲ့အတူ စီးလာတာပါ။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 24 Jul 2013 02:09 AM PDT
Telenor မှ လာမည့်သြဂုတ်မှ စတင်ပြီး မြန်မာများအား အလုပ်ခန့်ကာ သင်တန်း ပို့ချပေးမည်ဟု Telenor-Myanmar မှ အမှုဆောင် အရာရှိချုပ် Mr. PetterFurberg က ပြောသည်။ ''ကုမ္ပဏီရဲ့ ဝန်ထမ်း လိုအပ်ချက် အပေါ်မူတည်ပြီး ဝန်ထမ်းတွေ ခန့် အပ်သွားမှာပါ။ ဝန်ထမ်း ခန့်တဲ့အပိုင်း မှာလည်း လက်ရှိ မြန်မာနိုင်ငံမှာရှိတဲ့ မြန်မာတွေ အပြင် နိုင်ငံခြားမှာ ရှိနေတဲ့ မြန်မာနိုင်ငံသား နည်းပညာရှင်တွေကိုပါ ခန့်အပ်ဖို့ အဆင်သင့်ရှိပါတယ်'' ဟု ၎င်းကပြောသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 24 Jul 2013 02:01 AM PDT
မန္တလေးမြို့ မန်းမြန်မာ ပလာဇာအနီး၊ နေပြည်တော် သပြေကုန်းဈေး အနီးနဲ့ ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး(၃) နေအိမ် တွေမှာ ၂၀၁၁ခု၊ ဇွန်လ (၂၄) ရက်နေ့က တစ်ချိန်တည်းနီးပါ ဗုံးဖောက်ခွဲခဲ့တဲ့ တရာခံ(၅) ဦးကို ယနေ့ နေ့လည်ပိုင်းက ချမ်းအေးသာစံမြို့နယ်တရားရုံးက ထောင်ဒဏ် အသီးသီး ချမှတ်လိုက်ပါတယ်။
ဖောက်ခွဲရာမှာပါဝင်တဲ့ စိုင်းသိန်းနိုင်နဲ့ စိုင်းမိုးဟိန်းကို အလုပ်နဲ့ ထောင်ဒဏ် (၁၂)နှစ်၊ စိုင်းလှအောင်နဲ့ မျိုးခင်ကို အလုပ်နဲ့ထောင်ဒဏ် (၁၀)နှစ်၊ စိုင်းကျော်သိန်းကို အလုပ်နဲ့ထောင်ဒဏ် ၁၂နှစ်ခွဲ အသီးသီး ချမှတ်လိုက်တာ ဖြစ်ပါတယ်။ မန်းမြန်မာပလာဇာအနီး ပေါက်ကွဲမှုဟာ ကားတစ်စီးပေါ်မှာ ပေါက်ကွဲခဲ့ပြီး ကားတစ်စီးလုံး ပေါက်ကွဲခဲ့ကာ လူအချို့ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ The Modern News Journal
| ||
Posted: 24 Jul 2013 01:48 AM PDT
မြန်မာအစိုးရနဲ့ လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားနေတဲ့ ကေအိုင်အို၊ ကေအိုင်အေ အဖွဲ့ရဲ့ လွတ်လပ်ရေးရဖို့ တောင်းခံမှုကို တရုတ်နိုင်ငံ အနေနဲ့ လုံးဝ မထောက်ခံကြောင်း မြန်မာ နိုင်ငံကို ရောက်နေတဲ့ တရုတ်ဗဟို စစ်ကော်မရှင် ဒုဥက္ကဋ္ဌ General Fan Changlong က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံစဉ် ပြောကြား လိုက်တယ်လို့ ဒီကနေ့ထုတ် စစ်တပ်ပိုင် မြ၀တီ သတင်းစာက ဖော်ပြပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံ မြောက်ပိုင်း ကိစ္စနဲ့ ပတ်သက်ပြီး ပြည်ပက စွက်ဖက်မှုတွေကို တရုတ်နိုင်ငံအနေနဲ့ လုံးဝ လက်မခံနိုင်ဘူးလို့လည်း ကချင်နဲ့ ၀ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပြဿနာကို ရည်ညွှန်းပြီး ပြောဆိုပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ မြန်မာ-တရုတ် နယ်စပ်မှာ အဖွဲ့အစည်း တချို့ဟာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို အကြောင်းပြပေမယ့် မူးယစ်ဆေးဝါး လုပ်ကိုင်နေတဲ့ အထောက်အထားတွေ တွေ့ရှိရကြောင်း ပြန်လှန်ပြောဆိုခဲ့ပါတယ်။ by ဒီဗွီဘီ | ||
Posted: 24 Jul 2013 01:46 AM PDT
ပညာရေး ဝန်ကြီးဌာနက ယခု ပညာသင်နှစ်တွင် စတင် ခန့်ထားမည့် တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် နေ့စား လပေး ပညာရေး ဝန်ထမ်း စာရင်းကို လာမည့် ဇူလိုင်လ ၂၅ ရက်နေ့တွင် တရားဝင် ထုတ်ပြန် မည်ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာန တာဝန်ရှိသူများက The Voice သို့ ပြောကြားသည်။ လျှောက်ထားသူများ နေထိုင်ရာ ဒေသနှင့် နီးစပ်ရာ မြို့နယ်များတွင် တာဝန် ထမ်းဆောင်ရန် မူလတန်းပြ ဆရာ၊ ဆရာမ အပါအဝင် အခြား နေ့စား လပေး ဝန်ထမ်း ငါးသောင်း နီးပါးကို ခန့်ထားပေးရန် ရှိကြောင်း ပညာရေး ဝန်ကြီး ဌာန ဝန်ထမ်း ရွေးချယ်ရေး အဖွဲ့တွင် ပါဝင်သူ တစ်ဦးက ပြောဆိုသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 24 Jul 2013 01:40 AM PDT
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ရပ်ကွက်ကြီး(၇)၊ ဒက္ခိနသာခာ ဘုရားလမ်းရှိ ထိပ်တန်း မြန်မာစက်ရုံတွင်(၂၄.၇.၂၀၁၃)နေ့ နံနက်(၉း၀၀)အချိန်ခန့်က စက်ရုံ အလုပ်သမား(၄၀)ခန့်မှ လုပ်အားခနည်းခြင်းအား တိုးပေးရန်တောင်း ဆိုထားမှုကို သက်ဆိုင်ရာမှ မပြုလုပ်ပေးသည့် အတွက် လယ်သမား၊ အလုပ်သမားအရေး ဆောင်ရွက်ပေးသူ ဦးအောင်မျိုးဝင်းအား တိုင်းကြား ခေါ်ဆောင်ပြီး မိမိတို့ လိုအပ်ချက်များကို သက်ဆိုင်ရာသို့ တင်ပြပေးရန် အကူအညီ တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။
ထိပ်တန်းမြန်မာစက်ရုံ(၁)သည် ရန်ကုန်မြို့၊ လိုင်သာယာတွင်ရှိပြီး ပိုင်ရှင်မှာ ဒေါက်တာမင်းမင်းဆိုသူဖြစ်ကြောင် Thant Zin | ||
Posted: 24 Jul 2013 01:31 AM PDT
ယနေ့လွတ်ငြိမ်းခွင့်ရ နိုင်ငံရေး အကျဉ်း သားများကို ကြိုးရှည်ရှည်ဖြင့် လှန်ထား သည်ဟုဆိုသော ထောင်တွင်း ကြွေးကျန် ပုဒ်မ ၄ဝ၁ ဖြင့် သာ ပြန်လွှတ်ပေးခြင်း ဖြစ် ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ ကိုသက်ဦးက ပြောသည်။ ''အခုနောက်ပိုင်း လွတ်ငြိမ်းချမ်းသာ ခွင့်မှာ ၄ဝ၁ ကို ခံဝန်လက်မှတ် မထိုးခိုင်းတော့ ဘူး။ လွှတ်ဝရမ်းမှာတော့ ၄ဝ၁ကိုရေးထားတယ်'' ဟု ၄င်းကပြောသည်။ ယနေ့ နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်တွင် အကျဉ်းသား ၇၃ ဦး လွတ်မြောက်ခွင့်ပြုခဲ့ရာ နိုင်ငံရေးအကျဉ်း သား ၆၈ ဦးပါဝင်ခဲ့ကြောင်း၎င်းက ဆိုသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 24 Jul 2013 01:29 AM PDT
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တွင် ဇူလိုင်လ ၂၂ ရက်၊ ဝါဆိုလပြည့်နေ့ နေ့လယ် ၁၂ နာရီ ၅၀ မိနစ် အချိန်က တောင်သမန် ကျေးရွာ၊ တောင်သမန်အင်း အစပ်တွင် အသက် ၄၅ နှစ် အရွယ် အမျိုးသား တစ်ဦး အရက်မူး၍ ရေဆင်းချိုးရာ မှ ရေနစ် သေဆုံးကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 24 Jul 2013 01:14 AM PDT
၂၃.၇.၂၀၁၃ ရက်နေ့ ၂၃၀၀ အချိန် အလုံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် လှည့်ကင်းတာဝန် ဆောင်ရွက်စဉ် အလုံမြို့နယ်၊ ကမ်းနားလမ်းနှင့် မြောင်းကြီးလမ်း ထိပ်တွင် လူတစ်ဦး အရိုက်ခံနေရကြောင်း သတင်းအရ သွားရောက်ခဲ့ပါသည်။ အခင်းဖြစ်ရပ်တွင် ရဲကိုကိုဝင်း(ဘ)ဦးသန်းထွန်း၊ လှော်ကား၊ ရွှေပြည်သာမြို့နယ် နေသူအား ဟန်ဝင်းထက်နှင့် ဇော်ဝမ်း(စုံစမ်းဆဲ) တို့(၂)ဦးမှ ရဲတွေကွ ဟုပြောဆိုကာ လက်ထိပ်ခတ် မတရားချုပ် နှောင်နေစဉ် ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 24 Jul 2013 01:10 AM PDT
ပြည့်တန်ဆာဆိုင်ရာ ဥပဒေပြင် မပြင် ကိစ္စနဲ့ပတ်သက်ပြီး ကျွန်မရဲ့အမြင်လေး ပြောချင်ပါတယ်။ကျွန်မတို့ တိုင်းပြည်က တာဝန်ရှိ သူတွေက ပြင်ဖို့ရာ ငြင်းဆန်လိုက်တယ် ဆိုတော့ ကျွန်မ တော်တော် စိတ်မ ကောင်း ဖြစ်မိပါတယ်။ စိတ်မကောင်း တာက ပြည့်တန်ဆာများအတွက် ပထမ၊ ဇနီးများနှင့် အိမ်ထောင်မပြုရသေးတဲ့ လူပျိုများအတွက် ဒုတိယ၊ တတိယက တော့ သူတို့နဲ့သွားရောက် ပျော်ပါးသူများ အတွက်ပေါ့။ ---
ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 24 Jul 2013 01:03 AM PDT
၂၃.၇.၂၀၁၃ ရက်နေ့ ၀၉၀၀ အချိန် ဒဂုံတောင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 24 Jul 2013 12:58 AM PDT
၂၄၊၇၊၁၃ရက်နေ့ နံနက်(၃)နာရီ(၄၅)မိနစ် အချိန်က စစ်ကိုင်းတိုင်း ဒေသကြီး ၊ကသာမြို့၊ ပြည်သာယာကျေးရွာ အတွင်းရှိ အိမ်တစ်အိမ်မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး လူတစ်ဦး မီးလောင်သေဆုံးသွားခဲ့ကြောင်း သိရပါသည်။ သေဆုံးခဲ့သူမှာ အသက်(၄၃)နှစ်ရှိ ဦးမြ၀င်း(ဘ)ဦးမြတ်ကျော် ဖြစ်ပြီး အရက်အမူး လွန်ရာမှ ပေါ့ဆမီး လောင်ကျွမ်း သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ရဲစစ်ဆေးချက်တွင် ဖေါ်ပြထားပါသည်၊ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 24 Jul 2013 12:54 AM PDT
ရှားရှားပါးပါး ပြည်တွင်း အခွန်မှ အဆင့်မြင့် ၀န်ထမ်းများအား အိမ်ခြံမြေ ရောင်းဝယ်မှုများတွင် ပတ်သက်မှုများ ရှိနေသဖြင့် အရေးယူခဲ့ ပြီးနောက် အိမ်ခြံမြေဈေးကွက်တွင် အထူး ကိုယ်စား လှယ်လွှဲစာ (Special Power) ဖြင့် ရောင်းချမှုများ ပိုမိုများပြား လာသည်။ “Special Power (အထူးကိုယ်စားလှယ်လွှဲစာ)က သက်တမ်းက တစ်နှစ်ရှိတယ်။ ကိုယ်တိုင်နေမယ့် လူမဟုတ်ဘဲ ပြန်ရောင်းမယ့် လူတွေကျတော့ အမည်မပြောင်းတော့ဘဲ Special Power နဲ့ပဲဝယ်ထားတဲ့ မြေကွက်ကိုပြန်ရောင်းလို့ရတယ်။ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 24 Jul 2013 12:44 AM PDT
ငြိမ်းချမ်းရေးယူထားသော တပ်ဖွဲ့ ဝင်များ လိုင်စင်မဲ့ယာဉ်စီးနင်းပါက တရားဥပဒေနှင့်အညီ ဖမ်းဆီးအရေးယူ သွားမည်ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန် ကြီး ဒေါက်တာ ပွင့်ဆန်းက ပြောသည်။ ငြိမ်းချမ်းရေးယူထားသော တပ်ဖွဲ့ များကို မော်တော်ယာဉ်လိုင်စင် များ ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်သဖြင့် လိုင်စင်မဲ့ယာဉ်စီးနင်းပါက တရား ဥပဒေနှင့်အညီ အရေးယူသွားမည်ဟု ၄င်းက ပြောသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 24 Jul 2013 12:41 AM PDT
မလေးရှားတွင် တရားမဝင် နေထိုင်နေသည့် မြန်မာများ ယခင် ဒဏ်ကြေးထက် ငါးဆကျော် တိုးပေးနိုင်မှ ပြန်လာ၍ ရတော့ မည့်စနစ်ကို မလေးလူဝင် မှုကြီးကြပ် ရေးဌာနက ရုတ်တရက်ပြောင်း လဲလိုက်သည်။ မိမိနိုင်ငံသို့ ပြန်လိုသော မြန်မာများအနေဖြင့် မလေးရှား လူဝင်မှု ကြီးကြပ်ရေးဌာနသို့သွားကာ တိုကင် ယူ၍ Special Pass ကို လျှောက်ထားခဲ့ရပြီး ချိန်းဆို သောနေ့တွင် ဒဏ်ငွေရင်းဂစ် ၄ဝဝ (မြန်မာငွေ ၈ဝဝဝဝ ကျပ်) ခန့်ကို ပေးဆောင်ကာ လေယာဉ်လက်မှတ်ဝယ် ၍ ပြန်ကြရကြောင်း ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 24 Jul 2013 12:35 AM PDT
ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ်၊ ကတုတ်ဘုရားကြီး ကျေးရွာတွင် ဇူလိုင်လ ၂၂ရက် နံနက် ၁၀နာရီ မိနစ် ၃၀ခန့်က အသက် ၉ နှစ် အရွယ် မိန်းကလေးငယ် ဈေးဝယ်ပြီး အပြန်တွင် အမျိုးသား တစ်ဦးက အဓမ္မ ပြုကျင့် ခဲ့ရာ ညနေ့ ၃ နာရီခွဲတွင် ယင်းသို့ ပြုလုပ်သည်ဟု စွပ်စွဲခံရသူကို ဖမ်းမိ ခဲ့ကြောင်း အဆိုပါ ကျေးရွာတွင် နေထိုင်သူများထံမှ သိရှိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
0 comments:
Post a Comment