Friday, July 26, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၂၆-ရ)

သစ်ထူးလွင်


Posted: 26 Jul 2013 06:45 AM PDT
အဆက်မပြတ်  မိုးရွာသွန်းမှု တွေကြောင့် ဧရာဝတီတိုင်း မြို့နယ်တချို့မှာ ရေကြီး ရေလျှံမှု ဖြစ်ပွားနေ ပါတယ်။ မြန်မာနိုင်ငံ မိုးလေ၀သနဲ့ ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာနရဲ့ ဒီကနေ့ ထုတ်ပြန်ချက်အရ  င၀န်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့မှာ  စိုးရိမ်ရေအထက် ၃ စင်တီမီတာ ကျော်လွန်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒီမြစ်ရေဟာ ဒီကနေ့ မွန်းတည့်မှ နောက် ၄၈ နာရီအတွင်း စိုးရိမ်ရေမှတ် အထက်တွင် ဆက်လက်တည်ရှိ နေနိုင်တယ်လို့ ဆိုပါတယ်။--

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 26 Jul 2013 05:55 AM PDT
McAfee SiteAdvisor Warning
This e-mail message contains potentially unsafe links to these sites:
http://3.bp.blogspot.com/-eykolydo250/ufjxk7xvdxi/... more info...
http://3.bp.blogspot.com/-lgkbkm22lri/ufju9wvb2fi/... more info...
http://3.bp.blogspot.com/-jecqrch7whu/ufjdf6ygiai/... more info...
http://1.bp.blogspot.com/-tcnyu2g4eqi/ufi81f_uw4i/... more info...
http://3.bp.blogspot.com/-vhmloaqv5iw/ufi2ec24bri/... more info...
http://1.bp.blogspot.com/-kfy5wwxwdte/ufismjuccai/... more info...
http://3.bp.blogspot.com/-rgxrcfpjolu/ufiozxswpgi/... more info...
၂၀၁၃ ခုနှစ်၊ ဇူလိုင်လ (၂၆) ရက်တွင် (၈) မိုင် မီးပွိုင်အနီး မီးပွိုင့် မိနေစဉ်အတွင်း ပါရမီ/အဓိပတိလိုင်း ယာဉ်နံပါတ် (၁ဂ/၂၉၁၃) သည် Taxi တစ်စီးနှင့် ချိတ်မိမလိုဖြစ်ကာ ယာဉ်နောက် လိုက် တစ်ဦးနှင့် Taxi သမားတို့ စကားများ အချေအတင်ဖြစ်ခဲ့သည်။ ယာဉ်ပေါ်မှ ခရီးသည်များလည်း အထိတ်တ လန့်ဖြစ်ခဲ့ကြရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 26 Jul 2013 05:43 AM PDT
ထိုင်း-မြန်မာ နယ်စပ်ကနေ ဗီဇာနဲ့ ၀င်ရောက်လာမယ့် နိုင်ငံခြား ဧည့်သည်တွေဟာ ပြည်တွင်းမှာ ကန့်သတ်ထားတဲ့ နေရာကလွဲလို့ နေရာအနှံ့ သွားရောက် လည်ပတ်နိုင်မှာဖြစ်ပြီး  အပြန်ကိုလည်း နှစ်သက်ရာ လမ်းကနေ ထွက်ခွာနိုင်တော့မှာ ဖြစ်ပါတယ်။ လာမယ့် ဩဂုတ်လ ပထမပတ်ကစပြီး ထိုင်း-မြန်မာနယ်စပ် တာချီလိတ် – မယ်ဆိုင်၊ မြ၀တီ – မဲဆောက်၊ ကော့သောင်း – ရနောင်း ဂိတ် ၃ ခုကနေ ၀င်ရောက်လာမယ့် ခရီးသွား ဧည့်သည်တွေဟာ ကန့်သတ်ထားတဲ့ နေရာကလွဲလို့ နေရာ အနှံ့သွားရောက် လည်ပတ်နိုင် မှာဖြစ်ပြီး ပြန်တဲ့အခါမှာလည်း  ရန်ကုန်၊ မန္တလေး လေဆိပ် အပါအ၀င် ဘယ်ထွက်ပေါက် ကမဆို ထွက်ခွာ နိုင်တော့မှာ ဖြစ်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 26 Jul 2013 05:40 AM PDT
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် အဖွဲ့ဝင်တွေရဲ့ ပိုင်ဆိုင်မှုကို ကြေညာဖို့ အတွက် ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးကနေ ဆုံးဖြတ်လိုက်ပါတယ်။ ကော်မရှင် အဖွဲ့ဝင်တွေဟာ ကော်မရှင်မှာ တာဝန်ပေးအပ် ခံရတဲ့အခါမှာ မိမိတို့ဦးစီးတဲ့ စီးပွား တခုတည်းဖြစ်တဲ့ မိသားစုပိုင် မြေကြီး၊ ပစ္စည်း၊ ပေးရန်တာဝန်နဲ့ ရရန်ပိုင်ခွင့်တွေကို တန်ဖိုးနဲ့တကွ စာရင်းပြုစုပြီး နိုင်ငံတော် သမ္မတထံ ပေးပို့ရမယ်ဆိုပြီးတော့ ပြည်ထောင်စု လွှတ်တော်မှာ အတည်ပြု ပြဋ္ဌာန်း ခဲ့ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 26 Jul 2013 03:21 AM PDT
ဧရာဝတီတိုင်း မြစ်ဝ ကျွန်းပေါ် ဒေသမှာ ရေကြီးမယ့် ဘေးအန္တရာယ်ရှိပြီး ငသိုင်းချောင်းမြို့မှာ စိုးရိမ် ရေမှတ် အထက် ရောက်နေပြီလို့ မိုးလေ၀သ ဌာနက ဒုညွှန်ကြားရေးမှူး ဦးချစ်ကျော်က ပြောပါတယ်။ အခုရက်ပိုင်း အတွင်း မုတ်သုံလေအား အလွန်ကောင်း နေတာရယ်နဲ့ ဘင်္ဂလား ပင်လယ်အော် အနောက် မြောက်ပိုင်းမှာ လေဖိအားနည်း ရပ်ဝန်းတခု ဖြစ်ပေါ်နေတာ တွေကြောင့် ကမ်းရိုးတန်း ဒေသတွေမှာ မိုးသည်းထန်ပြီး  ရခိုင်နဲ့ တနင်္သာရီတိုင်းတို့မှာလည်း မိုးကြီးပြီး ကားလမ်း ရေတိုက်စားမှုတွေ ဖြစ်ပေါ်မယ်လို့ ဆိုပါတယ်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

တနင်္သာရီတိုင်း ထားဝယ်မြို့ ရေကြီးမှုမြင်ကွင်း (ဓာတ်ပုံ - ဖိုးဇော်)

Posted: 26 Jul 2013 03:14 AM PDT
မြန်မာနိုင် ငံနှင့် ဂျပန်နိုင်ငံအစိုးရမှ ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ သဘောတူညီမှုကို မကြာခင်ကာလအတွင်း လက် မှတ်ရေးထိုးမည်ဖြစ်သည့်အတွက် လာမည့် ၂၀၁၅ခုနှစ်တွင် ဂျပန် နိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုမှာ တခြား နိုင်ငံများအား ဖြတ်ကျော်ကာ အ မြင့်ဆုံးအနေအထားသို့ ရောက်ရှိ နိုင်မည်ဖြစ်သည်ဟု အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုး တက်ရေးဝန်ကြီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးအောင်နိုင်ဦးက ဇူလိုင် ၂၅ရက်သတင်းစာရှင်းလင်း ပွဲတွင် ပြောဆိုလိုက်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 26 Jul 2013 02:36 AM PDT
ပြည်ထောင်စု လွှတ်တော်နာယက အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင် အောင်မြင့် ဇူလိုင် ၁၉ ရက်နေ့တွင် နတ်မောက်နှင့် ရေနံချောင်းသို့သွား ရောက်ပြီး ရေနံချောင်း အထကမှ နှစ်ရှည်လများ သိမ်းဆည်းထားခဲ့သော ဗိုလ်ချုပ်အောင်ဆန်း၏ လက်ရေးမူ သေတ္တာကို ဆရာမကြီးက ပေးအပ်ခဲ့ရာ ၄င်းလက်ရေးမူသည် မိမိဖခင်ဗိုလ်ချုပ်အောင်ဆန်း၏ လက်ရေးမူစစ် မစစ် အာမမခံနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကို တွေ့ဆုံ၍ ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 26 Jul 2013 02:10 AM PDT
ထားဝယ် ဒေသအတွင်းရှိ နေရာရှစ်နေရာ ထက်မနည်း ဇူလိုင် ၂၄ ရက်တွင် မိုးသည်းထန်စွာ ရွာခဲ့ပြီးနောက် ရေကြီးမှုများ ကြုံနေရကြောင်း ဒေသခံများထံမှ သိရသည်။ ထားဝယ်မြို့ ကျန်းမာရေး လမ်း(လမ်းမသစ်)၊ ကရပ်ပြင် မြောက်ရပ်ကွက်၊ ဘုမ္မော်ရပ်ကွက်၊ မြောင်းပုလဲမြို့သစ်ရပ်ကွက်၊ ဗျော တောဝရပ်ကွက်၊ကညုံရပ်ကွက် နှင့် ကျောက်မော်ရပ်ကွက်တို့တွင် ရေကြီးခဲ့သည်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 26 Jul 2013 01:41 AM PDT
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်နှင့် ကန်ကြီးထောင့်မြို့နယ်အကြား ပုသိမ်မြစ်ဝ(င၀န်မြစ်)အနီး၊ (ချောင်းစောက်၊ ရှမ်းရွာ၊ ရှမ်းငူ)ဒေသများရှိ ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန်ဆောက်လုပ်ရန် လျာထားမြေဧက ၆၀၀၀ကျော်အတွက် Ayeyarwaddy Development Co.,Ltd. ၏တစ်ဧက သိန်း ၂၀ဖြင့် ၀ယ်ယူမည့်အစီအစဉ်အား ရှမ်းငူကျေး ရွာအုပ်စုမှ လယ်သမားများက သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူး၊  မြို့နယ်အုပ်ချုပ်ရေးမှူးတို့မှတစ်ဆင့် အဆိုပါကုမ္ပဏီသို့ ဇူလိုင် ၂၁ရက်နေ့တွင် သဘောမတူကြောင်းလက်မှတ်ရေးထိုး ငြင်းပယ် လိုက်သည်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 26 Jul 2013 01:36 AM PDT
ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ် နယ်စပ်တွင် တာဝန်ကျနေသော အကျင့်ပျက်ဝန်ထမ်းတချို့သည် ဒေသအတွင်း စီးပွားရေး သမားများနှင့် ပူးပေါင်းပြီး မေယူတောင်တန်းမှ သစ်များကို ခိုးထုတ်နေသဖြင့် သစ်တောများ အကြီးအကျယ် ပြုန်းတီးလျှက် ရှိကြောင်း သတင်း ရရှိသည်။ ထိုကဲ့သို့ သစ်များကို ခိုးထုတ်နေ၍ သစ်တောများ ပြုန်းတီးနေသဖြင့် ဒေသခံ ပြည်သူများက အထက်သို့ စာရေး တိုင်ကြားရသည့် အဆင့်သို့ ရောက်ရှိနေသည်ဟု ရသေ့တောင်မြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးလှမောင်သိန်းက ဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



မေယူတောင်တန်းသည် သစ်တော အထူး ထူထပ်ပြီး ဆင်ရိုင်းများလည်း ကျက်စားသည်။ ( ဓါတ်ပုံ- နိရဉ္စရာ)

Posted: 26 Jul 2013 01:32 AM PDT
မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံဘက် သို့ရောင်းချရန် ဖမ်းဆီးခံထားရသည့် ခွေးနှစ်ရာကျော်ကို တရုတ်သို့တင်ပို့မည့် သူများလက်မှ ငွေချေ၍ ပြန်ရွေးယူရန် ငွေကြေးအခက်အခဲ ဖြစ်လျက်ရှိကြောင်း မန္တလေးမြို့တော်အခြေစိုက် ခွေးချစ်သူ များက တညီတညွတ်တည်း ပြောကြား သည်။ လက်ရှိ ခွေးအကောင် နှစ်ရာကျော် အနက် အကောင် ၆၀ ကို ငွေပေးရွေးနိုင် ခဲ့သော်လည်း ကျန်ရှိသည့်ခွေးများကို ကယ်တင်ရန် ငွေကြေးခက်ခဲလျက်ရှိသည် ဟု အဆိုပါခွေးများကို ကိုယ်တိုင်သွားရောက် ကယ်တင်ခဲ့ရသည့် ဒေါ်စောယုအေး က ဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 26 Jul 2013 01:06 AM PDT
ဝန်ကြီးနဲ့ ဒုတိယ၀န်ကြီးတွေ အပါအ၀င် အဆင့်မြင့်ရာထူး ၂၀ ကျော် ကို မြန်မာအစိုးရက ပြောင်းလဲ ခန့်အပ်လိုက်ကြောင်း ကြေညာလိုက်ပါတယ်။ အစိုးရအဖွဲ့တွင်း အပြောင်းအလဲတွေဟာ ထိပ်တန်းခေါင်းဆောင်တွေကြား အားပြိုင်မှု အဖြစ် မြန်မာနိုင်ငံမှာ တွေ့မြင်ရလေ့ ရှိတတ်ပေမဲ့ ပြုပြင်ပြောင်း လဲရေး လုပ်ငန်းတွေ အားကောင်းလာစေဖို့ ရည်ရွယ် တဲ့ လက္ခဏာတွေ လည်း တွေ့ရတယ်လို့ အကဲခတ်တွေကတော့ မြင်နေကြတာပါ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





Posted: 26 Jul 2013 01:04 AM PDT
ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင် ကျောင်းဆရာမ တစ်ဦး ဇူလိုင်လ ၂၀ ရက်နေ့က ရဲဒင်းဖြင့် ခုတ်သတ် ခံခဲ့ရသည်။ သတ်ဖြတ်ခံရသူမှာ  အမ်းမြို့နယ်၊ ကင်းခြေအုပ်စု၊ ဝေချောင်း ကျေးရွာမှ  မူလတန်း ကျောင်းအုပ် ဆရာမ ဒေါ်မြင့်မြင့်ဇော် (၃၄) နှစ်  (ဘ) ဦးပီတာ ဖြစ်သည်။ ဒေါ်မြင့်မြင့်ဇော်အား ရဲဒင်းဖြင့် ခုတ်သတ်သူမှာ  ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





Posted: 26 Jul 2013 01:01 AM PDT
ရခိုင်ပြည်နယ် ပေါက်တော မြို့နယ်တွင် အရက်ဖြူ သောက်သုံး၍ ဇူလိုင်လ ၁၇ နှင့် ၁၉ ရက်တွင် လူနှစ်ဦး သေဆုံးပြီး လေးဦး ဆေးရုံတင် ကုသခဲ့ရသည့် အမှုကို စစ်ဆေးနေပြီ ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ သတင်း ထုတ်ပြန်သည်။ ပေါက်တောမြို့နယ် ပိန္နဲချောင်း ကျေးရွာတွင် နေထိုင်သူ ငါးဦးသည် စစ်တွေမြို့က ဝယ်ယူလာသည့် အရက်ဖြူကို ဇူလိုင်လ ၁၄ ရက်နေ့ က သောက်သုံးခဲ့ပြီး မူးဝေ အော့အန်၍ စစ်တွေမြို့ ဆေးရုံသို့ ပို့ဆောင် ကုသစဉ် ဇူလိုင်လ ၁၇ ရက်နေ့တွင် တစ်ဦး သေဆုံးခဲ့ကြောင်း၊ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ






Posted: 26 Jul 2013 12:48 AM PDT
အဓမ္မစော်ကား ခံရကြောင်းကို တိုင်ကြား ခဲ့ပြီးနောက် ထောင်ဒဏ်ကျခံ ခဲ့ရသော ဒူဘိုင်း၌ လာရောက် အလုပ် လုပ်ကိုင်သူ နော်ဝေ အမျိုးသမီး တစ်ဦး ၏ ကိစ္စအား အများပြည်သူက ဝေဖန် ကန့်ကွက်သံများ ထွက်ပေါ်လာပြီး နောက် သူမအား လွတ်ငြိမ်း ခွင့်ပေးခဲ့ ကြောင်း သိရသည်။ အသက် ၂၄ နှစ်အရွယ်Marte Dalelv ဆိုသူ အမျိုးသမီးသည် သူမ၏ အလုပ်ရှင်အား ပြစ်ဒဏ်ချမှတ်ရန် တိုင် ကြားခဲ့ပြီးနောက် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 26 Jul 2013 12:45 AM PDT
မြန်မာနိုင်ငံ အတွင်း အင်တာနက် သုံးစွဲမှု များပြားလာသည့် နည်းတူ အင်တာနက် လူမှုရေး ကွန်ရက်စာမျက်နှာများနှင့် ၀က်ဘ်ဆိုက်များကို အသုံးပြု၍ လိင်စပ်ယှက်မှုများကို ခိုးဝှက် ရိုက်ကူးထားသော ဗီဒီယိုမှတ်တမ်းများနှင့် ပြည့်တန်ဆာအချို့၏ အဖော်အချွတ်ပုံများကို ဖြန့်ဝေမှုများ များပြားလာ၍ မြန်မာ့ လူ့အဖွဲ့အစည်း အတွင်းရှိ လူငယ်များအတုယူ မှား၍မဖြစ်သင့်သော ကိစ္စရပ်များ ဖြစ်ပေါ်လာမည်ကို စိုးရိမ်လျက်ရှိကြသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 26 Jul 2013 12:33 AM PDT
သန်လျင် နည်းပညာ တက္ကသိုလ်တွင် ဖြစ်ပွားခဲ့သော အင်တာနက် စာမျက်နှာတွင် ပျံ့နှံ့နေသည့် ဗီဒီယိုတွင်ပါဝင်သူ နှစ်ဦးနှင့်မိသားစုများကို တွေ့ဆုံကာ ၎င်းဗီဒီယိုဖိုင်ကို ပရိုဂျက်တာဖြင့် ပြသခဲ့သည့်အတွက် နှစ်ဖက် မိသားစုဝင်များအပေါ် ထိခိုက်စေခဲ့သဖြင့် ပါမောက္ခချုပ်အား နုတ်ထွက် ခိုင်းထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မှပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 26 Jul 2013 12:21 AM PDT
မလေးရှားနိုင်ငံရောက် အထောက်အထားမဲ့ မြန်မာ လုပ်သား များ ပြည်တော်ပြန်ရန် ပေးဆောင်နေသည့် ဒဏ်ကြေးကို ရုတ်တရက် ရှစ်ဆခန့် တိုးမြှင့်ခဲ့ရာ ယခင် ကောက်ခံသည့် ရင်းဂစ် ၄၀၀ အတိုင်း ပြန် လည် ခွင့်ပြု မပြု မလေးရှား အစိုးရက ယနေ့ အကြောင်းပြန် မည် ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန မှ အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 26 Jul 2013 12:13 AM PDT
ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ်ရှိ ကံသစ် ကျေးရွာ အုပ်စုနှင့် သောကြာ ကျေးရွာအုပ်စု ကြားတွင် နှစ်ကာလ ကြာမြင့်ပြီး မကြာခဏ ကျိုးပေါက်တတ်သည့် မြစိမ်းကန် ရေငံတား မြေသား တာတမံ ဇူလိုင်လ ၂၂ ရက်နေ့က ကျိုးပေါက်ခဲ့သဖြင့် လယ်မြေ ဧက ၃၀၀၀ ကျော် ရေနစ်မြုပ် ခဲ့ကြောင်း ယင်းဒေသခံများထံက သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 25 Jul 2013 05:16 PM PDT
ပြည်တွင်း အင်တာနက်အသုံးပြုရန် သွယ်တန်းထားသော ရေအောက်အင်တာနက်ဆက်ကြောင်း Sea-Me-We 3 အင်တာနက်ဆက်ကြောင်း ပြတ်တောက်သွား၍ ပြည်တွင်းအင်တာနက်မှာ ကုန်းတွင်းနယ် စပ်ဖြတ်ကျော်ဆက်ကြောင်းကိုသာမှီခိုအသုံးပြုနေရသည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ပြောကြား ချက်အရ သိရသည်။ Sea-Me-We 3 ဆက်ကြောင်းမှာ ဇူလိုင်လ ၂၂ ရက် ညနေ ၅ နာရီခန့်က ပြတ်တောက်သွားခြင်းဖြစ်ပြီး လက်ရှိတွင် ကုန်းတွင်းနယ်စပ်ဖြတ်ကျော်ဆက်ကြောင်း (Cross Border) ဖြင့် သုံးဆွဲနေရသောကြောင့် ယခင်အသုံးပြုနေသည့် အင်တာနက်မြန်နှုန်း၏ ထက်ဝက်ဖြင့်သာ အသုံးပြုနိုင်မည်ဟု ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





Posted: 25 Jul 2013 04:19 PM PDT
အမြန်လမ်းပေါ်တွင် ယာဉ်အန္တရာယ် လျော့နည်းစေရန် အတွက် အဆင့်မြှင့်တင် လုပ်ဆောင်ရမည့် အချက်များကို ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ Road Barrier တို့ ၏ အရေးပါပုံကို အဓိကတင်ပြ ခဲ့ပါသည်။
အောက်ဖော်ပြပါပုံသည် Road Barrier မှားယွင်းမှုကြောင့် ဖြစ်ရသော ယာဉ်အန္တရယ်ကို သိသာစေပါသည်။ ယခုတစ်ဖန် ကွန်ကရစ် မျက်နှာပြင်ကြောင့် ဖြစ်နိုင်သော ယာအန္တရာယ်။ လမ်းဆောက်လုပ်စဉ် ဆောင်ရွက်မည့် အချက်များနှင့် ပြုပြင်လုပ် ဆောင်သင့်သည့် အချက်များကို ခရီးသွားပြည်သူများ အကျိုးစီးပွားကို အဓိကထား၍ တင်ပြသွားပါမည်။

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


သန်းဝင်း (အာအိုင်တီ)

by Myanmar News Now


Posted: 25 Jul 2013 04:05 PM PDT
၂၁ ရက်နေ့   ည ၉ နာရီလောက်မှာ မန္တလေးတိုင်း ဒေသကြီး ကျောက်ဆည်မြို့  ကျောက်ဆည်ဆေးရုံကို accident ဖြစ်တဲ့ လူနာနှစ်ယောက် ရောက်လာပြီး လူနာများ၏ အခြေအနေမှာ ဦးခေါင်းထိထား၍ ကောင်းစွာ သတိမရကြောင်း သိရပါတယ်။ အဆိုပါလူနာ များနှင့် ပါလာသော ယာဉ်ထိမ်းရဲ နှစ်ယောက်မှာ ဆရာဝန်စမ်းသပ် ခန်းထဲသို့ ဝင်လာပြီး လူနာများအား လှုပ်နိုးပြီး၊ နာမည်၊ အသက် စသည်တို့ ကို မေးတဲ့အခါ တာဝန်ကျ ဆရာဝန်များထဲမှ ဆရာဝန်တယောက်က ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 25 Jul 2013 03:58 PM PDT
ဇူလိုင်လ (၂၇)ရက်နေ့ ထုတ် Tech Space နည်းပညာဂျာနယ် Vol 2 Issue 17

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 25 Jul 2013 03:56 PM PDT
ဇူလိုင်လ (၂၇)ရက်နေ့ ထုတ် Net Guide Journal Vol 2 Issue 94

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 25 Jul 2013 03:53 PM PDT
ဇူလိုင်လ (၂၆)ရက်နေ့ ထုတ် EURO SPORTS Journal (VOL.4, NO.66)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...