ဘဲဥလေး လုံး နဲ့ မောင်နှမ နှစ်ယောက်
July 27, 2013 at 1:05pm
နိုင်ငံရေး၊ စီးပွါးရေး၊ နဲ့ လူမှုပတ်ဝန်းကျင် ပေါင်းသင်းဆက်ဆံရေးတွေ မှာ တွေ့နေရတဲ့ ပုံစံကလေးကို မိတ်ဆွေတစ်ယောက်က ပြောပြလို့ ရှယ်လိုက်ပါတယ်။
-------------------------------------
မိသားစု တစ်စု မှာ မိဘတွေ မရှိတော့ ဘဲ မောင်နှမ နှစ်ယောက် သာ ချစ်ချစ်ခင်ခင် တည့်တည့်ရှုရှု တစ်ယောက်ကို တစ်ယောက်ဂရုတစိုက် နေကြပါတယ်။ သူတို့ နှစ်ယောက်လုံး က ဘဲဥဟင်းကို မန်ကျည်းသီး မှည့်လေးနဲ့ ချက်ရင် တအားကြိုက်ကြတယ် တဲ့။
တနေ့မှာ အမ ဖြစ်သူက သူတို့ ရဲ့ ဖေးဘရိတ် ဘဲဥဟင်း လေးလုံးချက်ပြီး စားပွဲပေါ်မှာ အုပ်ဆောင်းလေးအုပ်ကာ အလုပ်လုပ်သွားလေ ရဲ့။
မောင်ဖြစ်သူက ဗိုက်က ဆာဆာ အိမ်ရောက်တော့ အုပ်ဆောင်းလည်းလှပ်ရော ဘဲဥဟင်းတွေ့တာနဲ့ တန်းပြီး တွယ်တော့တာပါပဲ။ ဘဲဥက လေးလုံး တစ်အိမ်လုံးမှာ နေတာ မောင်နှမ နှစ်ယောက်တည်း ဆိုတော့ တစ်ခါတည်းအော်တိုမတ်တစ် နှစ်လုံးကို တီးပစ်လိုက်တယ်။
အမရဲ့ လက်ရာက လည်း ကောင်းတော့ အာသာက လည်း မပြေသေးတော့ မောင်ဖြစ်သူ က အမက တော့ ဘဲဥနှစ်လုံး ကြီး ကုန် မှာ မဟုတ်ပါဘူး တစ်လုံးလောက် တော့ စားလို့ ရပါသေးတယ် ဆိုပြီး နောက်တစ်လုံး ထပ်စားလိုက်ပါရော။
မောင်ဖြစ်သူက ဟင်းပန်းကန် ထဲက ကျန်နေတဲ့ ဘဲဥတစ်လုံးလေးကို ကြည့် မိဘတွေ ရှိစဉ်က မောင်နှမ နှစ်ယောက် ဘဲဥလေးတွေ ခြမ်းပြီး အညီအမျှ ခွဲဝေပြီး စားကာ နေခဲ့ ရတာလေးတွေ ကို စဉ်းစားရင်း မီးဖိုချောင် ထဲက ဓားကို ယူပြီး အညီအမျှ ဓားလေးနဲ့ တစ်ခြမ်းစီ ခြမ်းလိုက်ပါတယ်။ ဘဲဥခြမ်းလေး ကို ကြည့် သူ့အမ အကြောင်း စဉ်းစားရင်းက ဘဲဥတစ်ခြမ်းက ပါးစပ် ထဲ ရောက်သွားပါတယ်။
အဲဒီမှာ မောင်ဖြစ်သူက ထမင်းက လည်း ဝသလို ရှိလာပြီ၊ ဘဲဥကလေး က လည်း တစ်ခြမ်းပဲ ကျန် စားလို့ အရသာ ကလည်းရှိ နဲ့ ပေါ့၊ အမ အတွက် သူက စဉ်းစားတယ်၊ အမ အတွက် တစ်ခြမ်းထဲ နဲ့ မစားလောက်ပါဘူး၊ သူ့ဟာသူ ကြံဖန်ပြီး စားလို့ရပါတယ် ဆို ပြီး ကျန်တဲ့ တစ်ခြမ်းလေးကို အစားပိတ် လေးအရသာရှိရှိ စားလိုက်ပါတော့တယ်။
…….
ခဏအကြာမှာ တော့ အမက ထမင်းစား စားပွဲကို ရောက်လာပါတော့ တယ်။
………
………
………
ဆင်ခြင်ကြပါကုန်။
မေပုပ္ပား
၂၀၁၃ ဇူလိုင်လ ၂၈ရက်
0 comments:
Post a Comment