Monday, July 29, 2013

ဒုံးကျည် လမ်းညွှန်စနစ်များ အပိုင်း (က)

Seaman Nayminthu shared Weapons of Interest's photo.


ဒုံးကျည် သို့မဟုတ် ပဲ့ထိန်းဗုံး တစ်လုံးကို ရည်ရွယ်ထားသော ပစ်မှတ်ရှိရာသို့ ထိန်းကြောင်း လမ်းညွှန်ပေးသော နည်းလမ်းအမျိုးမျိုး ရှိပါသည်။ ပစ်မှတ် အား တိကျစွာ ထိမှန်နိုင်မူသည် ထိရောက်မူကောင်းသော ဒုံးကျည် တစ်စင်း ဖြစ်ရန်အတွက် အရေးပါသည့် အချက်တစ်ချက်ဖြစ်ပြီး လမ်းညွှန်စနစ်သည် တစ်ချက်တည်းဖြင့် ပစ်မှတ်အား ထိမှန်နိုင်ခြေ အားတိုးမြှင့်ပေးပါသည်။

ယေဘုယျ အားဖြင့် လမ်းညွှန်စနစ်များသည် active , passive နှင့် preset စသည်ဖြင့် အမျိုးမျိုး ကွဲပြားနေပါသည်။

ပျံသန်းနေသော လေယာဉ်တစ်စင်းပေါ်မှ ကြဲချလိုက်သည့် ဗုံးတစ်လုံးအား ပစ်မှတ်သို့ ရောက်ရှိ ထိမှန်ရန် အဝေးမှ နေ၍ ထိန်းချုပ်ရန် ဟူသည့် စိတ်ကူး သည် ပထမကမ္ဘာစစ်ကြီး အတွင်းကပင် သန္ဓေတည်ခဲ့သော ဒုံးကျည် လမ်းညွှန်စနစ်ဧ။် အခြေခံ သဘောတရားပင် ဖြစ်ပြီး ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်ပွားချိန်တွင် ဂျာမန်တို့ဧ။် ဗွီ ဒုံးကျည်များသည် လမ်းညွှန်စနစ်ဧ။် အစဦးဆုံး ခြေလှမ်းများပင် ဖြစ်ပါသည်။

ပုံသေပစ်မှတ်၊ ရွေ့လျားပစ်မှတ် စသည်ဖြင့် ပစ်ခတ်လိုသော ပစ်မှတ် အမျိုးအစားပေါ်မူတည်၍ လမ်းညွှန်စနစ်များ အား အမျိုးအစား ခွဲခြားနိုင် ပါသည်။ အကြမ်းဖျဉ်းအားဖြင့် ပစ်မှတ်ဆီသို့ (Go-Onto-Target GOT) နှင့် သတ်မှတ် နေရာဆီသို့ (Go-Onto-Location-in-Space GOLIS) လမ်းညွှန်စနစ်များဖြစ်ပြီး GOT သည် ပုံသေနှင့် ရွေ့လျား ပစ်မှတ်များ အတွက် လည်းကောင်း၊ GOLIS သည် ရွေ့လျားနိုင်ရန် ခဲယဉ်းသော ပစ်မှတ် များအတွက် လည်းကောင်း ဟူ၍ ခွဲခြား ထားနိုင်ပါသည်။ ရွေ့လျား ပစ်မှတ် တစ်ခုသည် ဒုံးကျည် ပစ်လွှတ်သူအား အန္တရာယ် ပြန်ပေးနိုင်သဖြင့် ၄င်းအား အချိန်မီ ချေမှုန်းရန် လိုအပ်ပါသည်။

ပစ်မှတ်ဆီသို့ လမ်းညွှန်စနစ်တွင် ပစ်မှတ်ခြေရာခံစနစ်၊ ဒုံးကျည် ခြေရာခံစနစ် နှင့် လမ်းညွှန် တွက်ချက်မူ ကွန်ပျူတာ တို့ ပါဝင်ပြီး ကွန်ပျူတာ နှင့် ခြေရာခံစနစ်သည် ထိန်းချုပ်ခန်းတွင် တပ်ဆင်ထားပါက အဝေးမှ ထိန်းချုပ် လမ်းညွှန်စနစ် Remote Control Guidance ဟု ခေါ်ဆိုကာ ကွန်ပျူတာနှင့် ခြေရာခံစနစ်သည် ဒုံးကျည် ကိုယ်ထည်တွင် တပ်ဆင်ထားပါက ဒုံးကျည်ကိုယ်တိုင် လမ်းညွှန်စနစ် Homing Guidance ဟု ခေါ်ဆိုနိုင်ပါသည်။

အဝေးမှ ထိန်းချုပ် လမ်းညွှန်စနစ်တွင် ရေဒါများအား အသုံးချလေ့ရှိပြီး ပစ်လွှတ်စင် နှင့် ဒုံးကျည်သို့ ရေဒီယိုလှိုင်း သို့မဟုတ် ၀ါယာကြိုးမျှင်ဖြင့် ဆက်သွယ်ထားပါသည်။ သို့အတွက် ရေဒီယိုလှိုင်း သို့မဟုတ် ၀ါယာ ကြိုးမျှင်မှတဆင့် ပို့လွှတ်သော အချက်အလက်များဖြင့် ဒုံးကျည်သွား လမ်းအား ထိန်းကျောင်းနိုင်ပါသည်။ ထို စနစ်အမျိုးအစားတွင် အောက်ပါ စနစ်မျိုးများ ပါဝင်ပါသည် -
(က) အမိန့်ပေး လမ်းညွှန်စနစ် Command Guidance
( ခ) မျက်မြင် ထိန်းချုပ် လမ်းညွှန်စနစ် Line-of-Sight Beam Riding
Guidance (LOSBR)

အမိန့်ပေး လမ်းညွှန်စနစ်တွင် ဒုံးကျည် ခြေရာခံစနစ်အား ပစ်လွှတ်စင်တွင် တပ်ဆင်ထားပြီး ပစ်လွှတ်စင်မှတဆင့် ဒုံးကျည်အား အမိန့်ပေး လမ်းညွှန်ရန် ဖြစ်ပါသည်။ ၄င်း စနစ်အား အောက်ပါအတိုင်း ထပ်မံ ခွဲခြား နိုင်ပါသေးသည် -
( ၁) Command to Line-of-Sight (CLOS)
( ၂) Command Off Line-of-Sight (COLOS)

CLOS စနစ်သည် ထိမှန်ရန်အတွက် ဒုံးကျည်နှင့် ပစ်မှတ်ဧ။် angular coordinate များကိုသာ အသုံးပြုပါသည်။ ပစ်လွှတ်စင်နှင့် ပစ်မှတ်တို့အကြား မျက်မြင်လမ်းကြောင်း အတိုင်း ဒုံးကျည်အား ထိန်းကျောင်း သွားမည် ဖြစ်ပြီး ၄င်းတွင် ပစ်မှတ် ခြေရာခံစနစ်နှင့် ဒုံးကျည် ခြေရာခံစနစ်များအား ပစ်ခတ်သူ ကိုယ်တိုင် ထိန်းချုပ်ရသော Manual Command to Line-of-Sight (MCLOS) (ပစ်ခတ်သူသည် ဒုံးကျည်လမ်းကြောင်းအား စောင့်ကြည့်ကာ ပစ်မှတ်နှင့် ပစ်ခတ်သူကြား မျဉ်းကြောင်းတစ်လျှောက်တွင် ဒုံးကျည် ရှိနေရန်အတွက် ကိုယ်တိုင် ထိန်းချုပ်ရန် လိုအပ်ပါသည်။ နှေးကွေးသော ပစ်မှတ်များအတွက် အသုံးပြုနိုင်မည် ဖြစ်သော်လည်း ပစ်ခတ်မည့် ပစ်မှတ်မှာ မြန်ဆန်လွန်းပါက ထို စနစ်မှာ အသုံးမ၀င်တော့ပါ ) ၊ အလိုအလျောက် ပစ်မှတ်ခြေရာခံစနစ် ပါရှိသော်လည်း ဒုံးကျည်အား ပစ်ခတ်သူ ကိုယ်တိုင် ခြေရာခံ ထိန်းချုပ်ရသော Semi-Manual Command to Line-of-Sight (SMCLOS) ၊ ပစ်ခတ်သူ ကိုယ်တိုင် ပစ်မှတ်အား ခြေရာခံရပြီး ဒုံးကျည်အား အလိုအလျောက် ခြေရာခံထိန်းချုပ်ပေးသော Semi-Automatic Command to Line-of-Sight (SACLOS) ( လုံခြုံစိတ်ချ ရသော နေရာမှ ပစ်မှတ်အား စောင့်ကြည့်နိုင်သော အားသာချက် ရှိသဖြင့် တင့်ကားနှင့် ပစ်ကတုတ်ကဲ့သို့သော ပစ်မှတ်များအား တိုက်ခိုက်ရာတွင် အသုံးပြုလေ့ရှိသည် ) နှင့် ဒုံးကျည်ရော ပစ်မှတ်ကိုပါ အလိုအလျောက် ခြေရာခံ ထိန်းချုပ်သော စနစ် Automatic Command to Line-of-Sight (ACLOS) ဟူ၍ ထပ်မံ ခွဲခြား ထားပါသေးသည်။

COLOS စနစ်အား လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်များတွင် အဓိက အသုံးပြုလေ့ရှိပြီး ပစ်မှတ် ခြေရာခံ စနစ်နှင့် ဒုံးကျည် ခြေရာခံစနစ်တို့ဧ။် ဦးတည် အရပ်မျက်နှာလည်း တူညီရန် မလိုအပ်ပါ။ ပစ်မှတ်အား ဒုံးကျည်မှ ထိတွေ့နိုင်မည့် လမ်းကြောင်းအား လမ်းညွှန်စနစ်မှ ထိန်းကျောင်းပေးသဖြင့် CLOS စနစ်ကဲ့သို့ ၄င်းတို့နှစ်ခုဧ။် angular coordinate ပေါ် မှီခိုရန် မလိုအပ် တော့ပါ။ ၄င်းတို့ နှစ်ခုကြားရှိ အကွာအဝေးအား သိရှိရန် လိုအပ်သဖြင့် ပစ်မှတ်နှင့် ဒုံးကျည် ခြေရာခံ စနစ် နှစ်ခုစလုံး active ဖြစ်နေရန် လိုအပ်ပြီး အလိုအလျောက် ထိန်းကျောင်းနေသော ၄င်းတို့ စနစ်နှစ်ခုအား ရေဒါဖြင့် စောင့်ကြည့်နေပါမည်။

(http://en.wikipedia.org/wiki/Missile_guidance
အား ဆီလျော်အောင် ကြိုးစား ပြန်ဆိုထားပါသည်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...