Thursday, July 25, 2013

သားသမီးများသော မိခင်များ အတွက် အိမ်ထောင်ရေးသုခ ပြည့်ဝစေသော နည်းလမ်းကောင်းများ

Naynyo Yeik shared Ma Angel's photo.
အမျိုးသမီးတိုင်းတစ်သားမွေး တစ်သွေးလှ လာတတ်ပေမယ့် နှစ်သားမွေးသုံးသားမွေးပြီးနောက်မှာတော့ .. အလှ ယိုယွင်း လာတတ်သူများပါတယ်.။ တကယ်တော့.. မိမိတို့ ရဲ့ အနေအထိုင် အပြောအဆို များသာမက ဝတ်စားဆင်ယင်ပုံတွေပါ မသိမသာပြောင်းလဲ သွားရင်း ရှိရင်းစွဲအသက်ထက် ရင့်ရော်သယောင် ထင်လာရတတ်တယ်။ ထို့ အတူပဲ မိမိခင်ပွန်းသည်အပေါ်မှာပါ အိမ်ထောင်ရေးသုခ အပြည့်အဝ ပေးဖို့ လစ်ဟင်းလျော့ရဲ လာကြပြန်တယ်။ သာယာတဲ့အိမ်ထောင်ရေးတစ်ခု ဖြစ်ဖို့ သားသမီးကတစ်ဖက် လင်သားကတစ်ဖက် အိမ်မှုကိစ္စ အဝဝက တစ်ဖက်ဖြင့် မနိုင်ဝန် ထမ်းရသလိုဖြစ်လာရင်း စိတ်ဖိစီးမှု ဒဏ်ကြောင့် အစားကိုလိုတာထက်ပိုစားမိတတ်ကြပါတယ်။
သည့်အပြင် သားသမီးဆက်လက် မပွားစည်းနိုင်အောင် ဆေးဝါးအချို့ မှီဝဲ ရာမှာ ဟော်မုန်းဓါတ်မညီမျှမှုကြောင့်အသားအရောင်တွေပြောင်း လဲ သွားတတ်ပြန်ပါသေးတယ်။


တစ်နေ့ တစ်ခြား ဝသည်ထက်ဝလာ ရင်း ခန္ဓာကောက်ကြောင်းတွေ ဆုံးရှုံးပြီး တင်းရင်းမှု မရှိလျော့ရဲရဲ ဖြစ်လာကြပြီး အဝတ်အစားဝတ် ဆင်ရာမှာလဲ ပျက်ယွင်းလာတဲ့ ကိုယ်လုံးအလှကြောင့် အဆင်ပြေရာဝတ်ဆင်ရင်း ပုံမကျ ပန်းမကျ အသွင်သဏ္လန် ရောက်လို့ သွား ကြပြန်ရော။ အဲဒီအခါ မှာ မိမိလင်သားက စိတ်ပျက်တဲ့အကြောင်းတစ်စွန်းတစ်စ တစ်ခွန်းတစ်လေ ပြောတာကြားရရင် ပြေးပြီးပဲ အဆီချ လိုက်ချင်သလိုလို ခွဲစိတ်ပြုပြင်လို့ ရရင်ပြုပြင်လိုက်ချင်မိတတ်ကြပါတယ်။



ဒါပေမယ့် သားသမီးတစ်ယောက်ထဲ မိခင်ကအကြောင်းမဟုတ် ၃ ယောက် ၄ ယောက် ရဲ့ မိခင်များအတွက်တော့ အချိန်ပေး ဖို့ အလွန်ခက်ခဲတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ နေ့ ရွှေ့ ညရွှေ့ နှင့် ဝသထက်ဝသာလာတယ် မိမိခင်ပွန်းသည် ခြေမငြိမ်တဲ့သတင်း သိုးသိုးသန့် ကြားခါမှ အားကစားရုံ ပြေးလေ့ကျင့်ကြသူ များပါတယ်။တကယ်ရော ခန္ဓာ အလှက အိမ်ထောင်တစ်ခုမှာ အရေးပါ မယ်ထင်ပါသလား??



တစ်ချို့အမျိုးသမီးများထင်မှတ်ထားတာ က မိမိ ခန္ဓာအလှ ပျက်စီးပုံပြောင်းသွားလို့ လို့ ထင်မှတ်မှားတတ်ကြပါတယ်။ တကယ်တော့ အဲလိုမဟုတ်ပါဘူးရှင်။ မိမိခင်ပွန်းသည် အနေဖြင့် မိမိဝသည်ပိန်သည် ဆိုတာထက် အပြောအဆို အနေအထိုင် စိတ်နေစိတ်ထားများကသာ အိမ်ထောင်ရေးသုခ ကိုအပြည့်အဝ ပေးစွမ်း နိုင်သူအဖြစ် သတ်မှတ်ကြမှာ မလွဲပါဘူး။ ပြင်ပ ရုပ်လက္ခဏာ သွင်ပြင် တွေဟာ တကယ်တော့ စွဲမက်ဖွယ်တဒင်္ဂ များသာပါ။



ဥပမာ အကြောင်းအရာလေး တစ်ခုကိုပြောပြချင်ပါတယ်။ ဆရာဝန်ကြီး သူငယ်ချင်း ၂ဦးရှိပါတယ်။ နှစ်ဦးစလုံးဟာသားတွေသမီးတွေ နှင့်အိမ်ထောင်သည် တွေပါပဲ။ ထိုနှစ်ယောက်ထဲ မှ တစ်ဦးရဲ့ ဇနီးဟာ သားသမီး ၂ ယောက်မိခင် ပါ ။ ရုပ်ရည်ကသာမန်ရွက်ကြမ်းရေကြိုထက်အနည်းငယ်လျော့ပါတယ်.။ ခန္ဓာကိုယ်ကလဲအဝလွန်စပြုနေပါပြီ။နောက်တစ်ဦးရဲ့ ဇနီးကတော့သားသမီး ၂ယောက်မွေးဖွားပြီးသည့်တိုင် အတော်ကို လှတယ်ပြောရပါမယ်။ကုသိုလ်ကံ အကျိုးပေးချင်းကွာ ပါတယ်။ တူတဲ့ကုသိုလ်ကံ ကတော့ ခင်ပွန်းသည် ဆရာဝန်ကြီး ၂ယောက်လုံး နယ်ဘက်ကို တာဝန်ကျပြောင်းရွှေ့ ရတာချင်းတူပါတယ်။ ဇနီးသည်များကတော့ ကလေးများပညာရေးတစ်ဖက်မို့ ခင်ပွန်းသည်တွေနောက်မလိုက်နိုင်ပါဘူး။



ဒီတော့ ထုံးစံအတိုင်း နယ်ဘက်ရောက်နေတဲ့ခင်ပွန်းသည်တွေအတွက်အသစ်သစ်သောအတွေ့ အကြုံတွေကြားမှာ အချစ်သစ်တွေကိုယ်စီ ရလာပါတော့တယ်။ စာဖတ်ပရိတ်သတ်တို့ ရှင်.. မည်သူ့ ရဲ့ အိမ်ထောင်တည်မြဲမယ် ထင်ပါသလဲ ရှင်??



ထိုသူတို့ ရဲ့ ကိုယ်စီအိမ်ထောင်ရေးမှာ ပထမ အမျိုးသမီးရဲ့ အိမ်ထောင်ရေးက မြဲ မြံသွားပြီး ဒုတိယ အမျိုးသမီးရဲ့အိမ်ထောင်ရေးဟာ ရပ်ဆိုင်းသွားရပါတယ်။ ဘာကြောင့်လဲဆိုတော့ အလှအပကိုဦးစားပေးသားနှင့်သမီး ကို မိမိကို်ယ်ခန္ဓာလှပဖို့ လောက်ဂရုမစိုက် လင်ကိုလဲ နိုင် အပြောအဆိုကလဲကြမ်းတမ်း အိမ်မှု့ကိစ္စ အဝဝကိုအိမ်ဖော်နှင့်သာလွှဲအပ်တတ်တဲ့ အမျိုးသမီး တစ်ယောက် အဖို့ ခင်ပွန်းသည်ရဲ့ စွန့် ပစ်မှု ကိုမလွဲမသွေ ခံရရှာပါတော့တယ်။



ပထမ အမျိုးသမီးကတော့ နှုတ်ကချို သားသမီးကိုရင်အုပ်မကွာဂရုစိုက်လို့ မိမိရဲ့မိသားစုအရေး သာအဓိကလို့ သတ်မှတ်ထားသူမို့ အိမ်မှုကိစ္စ အဝဝ ကို သူမကိုယ်တိုင် နိုင်နိုင်နင်းနင်းသန့်သန့် ရှင်းရှင်းနေထိုင်လုပ်ကိုင်တတ်သူ ပါ။ ဒီလို မိန်းမမျိုးကို ခင်ပွန်းသည်တွေအတွက် အလွန်အဖိုးတန်တာမို့ ဝသည်ပိန်သည် အရေးမကြီးတော့ပါဘူး။



သည့်အတွက်ကြောင့်မို့ အိမ်ထောင်ရှင်အမျိုးသမီးတိုင်းအတွက် မည်သည့် အရာက အရေးကြီးဆုံးဖြစ်မလဲ ဆင်ခြင်သုံးသပ် နိုင်စေရန် အချက်အနည်းငယ် ရေးသားပေးလိုက်ပါတယ်။



၁ ) သင့်ကိုယ်သင် နှင့်သင့်မိသားစု ကျန်းမာရေး အတွက်သင်ဟာ မိသားစုရဲ့ အိမ်တွင်းသမားတော် အဖြစ် ကျန်းမာရေး ဗဟုသုတ အပြည့် ရှိနေရပါမည်။

( အစာလည်းဆေး ဆေးလည်းအစာ ဆိုသည့် ဆိုရိုးစကားနှင့်အညီ မည်သည့်အစာသည်တွဲဖက်စားသင့်မသင့်၊ ချောင်းဆိုးရင်ကြပ်ကအစ အခြားသော သွေးတိုးနှလုံး အစစအရာရာအတွက် ဓါတ်စာများကို သိရှိနားလည်ပြီး မိသားစုအတွက် ချက်ပြုတ် ဖန်တီးနိုင်စွမ်း )



၂ ) သင် မည်မျှပင် ဝနေသည်ပိန်နေသည်ဖြစ်ပါစေ။ သင်ကျန်းမာသန်စွမ်းနေအောင် အိမ်အလုပ်လုပ်ရင်းဖြစ်စေ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းတစ်မျိုးမျိုး ပုံမှန်ပြုလုပ်ပေးသင့်ပါသည်။

( ဝသည်ဖြစ်စေပိန်သည်ဖြစ်စေ သူများအဖို့ လမ်းမှန်မှန်လျောက်ပေးခြင်း အကြောလျော့လေ့ကျင့်ခန်းပြုလုပ်ပေးခြင်း အစားအသောက်ကိုထိန်းညိစားသောက်ခြင်း စသည် တို့ ပြုလုပ်သင့်ပါသည်။ သင်ကျန်းမာမှ သင့်ခင်ပွန်းနှင့်သားသမီးများ ပျော်ရွင်မည်)



၃ ) သင်သည် ဝသည်ဖြစ်စေ ပိန်သည်ဖြစ်စေ ခန္ဓာကိုယ်သွယ်လျ လှပသည်ဖြစ်စေ တကိုယ်ရေ သန့် ရှင်းရေးသာမက မိမိတို့ အိမ် ကလေးသာယာ သန့် ရှင်းသပ်ရပ်အောင် အစဉ်အမြဲ ပြုပြင် လုပ်ဆောင်နေသင့်ပါသည်။ ( တကိုယ်ရေ သန့် ရှင်းမှု ဟာ အလွန်အရေးပါတဲ့ အိမ်ထောင်ရေးလှို့ ဝှက်ချက် တစ်ခုဖြစ်ပါတယ်။ သင်နှင့်တစ်ကွ သင့် မိသားစု တစ်ခုလုံး ရဲ့ ကိုယ်ကျန်းမာရေး စိတ်ချမ်းသာ ရေးကိုလည်း များစွာ အထောက်အကူ ပြု နိုင်ပါတယ်ရှင် )



၎ ) အိမ်ထောင်သည်အမျိုးသမီးတိုင်း ဟာ အသက် ၄၀ ကျော်ပါက သားအိမ် နှင့်ပက်သက်သော ရောဂါဝေဒနာများစတင်ခံစားလာရတတ်ပါတယ်။ အလိုလိုနေရင်း စိတ်ဓါတ်ကျ လာခြင်း ၊ စိတ်တက်ကြွလာခြင်း ၊ ချမ်းခြင်း၊ နွေးခြင်း စသည့် ဟော်မုန်းမညီမျှမှု ပြဿနာများ အပြင် ဆီးမထိန်းနိုင်သော ရောဂါ ( သားသမီး များသော မိခင် များအဖြစ်များပါတယ် ) တို့ လည်း ဖြစ်ပေါ်လာတတ်ပါသေးတယ်။ အဲဒီ အခါ မှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာများကိုတော့ ခင်ပွန်းသည် ကိုပွင့်လင်းစွာ အသိပေးပြီး ခင်ပွန်း၊သားသမီးများအကူအညီဖြင့် ဖြေရှင်းနိုင်ပါတယ်။





ရုပ်ပိုင်းဖြစ်တဲ့ ရောဂါ ကိုတော့ အမြန်ဆုံးမီးယပ်သွားဖွားဆရာဝန်များနှင့် ပုံမှန် ဆေးစစ် ကုသမှုကို ခံယူပေး ရင်း Kegel Exercises ဆိုတဲ့ သားအိမ်လည်တံ လေ့ကျင့်ခန်းမျိုးကို နေ့စဉ်ပုံမှန် မိမိဘာသာ ပြုလုပ်ပေးသွားနိုင်ပါတယ်။



ဆီးမထိန်း နိုင်သူများ



အိမ်ထောင်ရေးသုခ မပြည့်ဝသူများ



အထူးသဖြင့် သားသမီး များကို မွေးလမ်းကြောင်းမှ သဘာဝအတိုင်းမွေးထားတဲ့ မိခင်များအဖို့ သားအိမ်လည်တံကြွက်သား လျော့ရဲအားနည်းနေရာမှ ပြန်လည်အားကောင်းသန်မာ လာက မူလသဘာဝအတိုင်း ပြန်လည်တည်ရှိစေနိုင်တဲ့ လေ့ကျင့်ခန်း လေးပါ။



Kegel Exercises ပြုလုပ်ပုံ
*****************************


သည်လေ့ကျင့်ခန်းဟာ ..အင်မတန်ရိုးရှင်းလွယ်ကူပြီး နေရာမေ၇ွး ပြုလုပ်နိုင်တဲ့လေ့ကျင့်ခန်းလေး တစ်ခုဖြစ်ပါတယ်။



ပထမဦးစွာ .. လေ့ကျင့်ခန်းပြုလုပ်ရမည့်နေရာကို မိမိခန္ဓာကိုယ်ပေါ်တွင် မိမိကိုယ်တိုင်စမ်းသပ် ပြီး နေရာမှန်ကို အာရုံခံ မှတ်သားထားရပါမည်..။



နေရာရှာဖွေ မှတ်သားပုံ
********************


မိမိ၏ မိန်းမ ကို်ယ်အတွင်းသို့ လက်ညိုး ထည့်သွင်း၍ အတွင်းသားနံရံများမှ လက်ညိုးကိုဆုတ်ယူဆွဲ ညှစ်ကြည့်ပါ.။ ထိုသို့ ညှစ်ယူလို့ ရသည့်နေရာကိုအာရုံခံ မှတ်သားပြီး



နေအိမ်အတွင်း ရုပ်ရှင်ကြည့် နေချိန်ဖြစ်စေ..စာဖတ်နေချိန်ဖြစ်စေ...အစားအသောက်ချက်ပြုတ်နေလျင်ဖြစ်စေ..နေရာမေ၇ွးလေ့ကျင့်နိုင်ပါသည်.။



တစ်ခါအာရုံခံဆွဲ ညှစ်တိုင်း တစ်မှ ငါးအထိရေတွက်ပြီးမှ ပြန်လည်ဖြေလျော့ပေးပါ..။



ဆီးသွားသည့်အခါတွင်လည်း သွားနေသည့်ဆီးကို သားအိမ်လမ်းကြောင်း ညှစ်ဆွဲခြင်းဖြင့် ရပ်တန့် စေပြီး တစ်မှ ငါးအထိရေတွက်ပြီးမှ လွှတ်ပေးပါ.။



ထိုသို့ ပြုလုပ်နေစဉ်တွင် အသက်ရှုအောင့်မထားရပါ..။ ပုံမှန်အသက်ရှုရှိုက်ပေးပါ။



တစ်ကြိမ်ပြုလုပ်လျင် တစ်မှ ငါးထိ တစ်ကြိမ် ..ခဏနား..နောက် တစ်ကြိမ်ပြန်စ ဖြင့် ငါးကြိမ် ခြောက်ကြိမ် ပြုလုပ်ပေးပါ။



တစ်နေ့လျင် ထိုကဲ့သို့ လေးကြိမ် ငါးကြိမ် မှ သတိရလျင်ရသလို ပြုလုပ်ပေးသင့်ပါသည်။



သတိပြု ရမည့်အချက်

***********************

အာရုံခံ ဆွဲညှစ်ရမည့်နေရာသည် စအိုနှင့် ပေါင်သားများ ဖြစ်လျင် နေရာမှားသည်မို့ ပြန်လည်နေရာရှာ အာရုံခံ ပြီးမှ ဆက်လက်လေ့ကျင့်သင့်ပါတယ် ။



ထိုလေ့ကျင့်ခန်းသည်.. သားအိမ်လည်တံ ကင်ဆာ ကို ကာကွယ်ပေးနိုင်သည်ဟုလေ့လာသိရှိရပါသည်.။အိမ်ထောင်ရေးသုခ ကိုလည်း ထိရောက်စွာ ဖြည့်စွမ်းပေးနိုင်ပါသေးသည်။ထို့ အပြင် ဆီးမထိန်းနိုင်သောရောဂါ ကိုလည်းပျောက်ကင်းသက်သာ စေပါသည်။



အထက်ပါ ပုံလေး အတိုင်းထိုင်ပြီး လေ့ကျင့် မယ်ဆို အသင့်တော်ဆုံးပါပဲ

ရုံးတွင် ကျောင်းတွင် လည်း ဤ သို့ ထိုင်၍ လေ့ကျင့်နိုင်ပါသေးတယ်။



ကိုယ်ဝန်ဆောင်စဉ် လေ့ကျင့် မည်ဆိုပါကလဲသင့်လျော် ပြီး သားသမီးမွေးဖွားရ လွယ်ကူစေပါတယ်။


အာရောဂျံ ပရမံလာဘံ ဆိုတဲ့ ဆိုရိုးစကား ရှိတယ်မဟုတ်လားရှင်။ မိသားစုတစ်စုလုံးကျန်းမာဖို့ သာအဓိက ကျပါတယ်... ပိန်ခြင်းဝခြင်းလှခြင်း ဆိုတာများသည် ပြင်ပ သွင်ပြင် သဏ္လန်များသာဖြစ်တာမို့ ..လှသော နှလုံးသား ကျန်းမာသော ကိုယ်ခန္ဓာ ဖြင့် သားတို့ သမီးတို့ ရဲ့ မိခင်ကောင်း.. ခင်ပွန်းသည်အတွက် ကျန်းမာကြံ့ခိုင်သော ဇနီးကောင်း များ အဖြစ် ရကြပါစေ လို့ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင် ။

( ညီမလေး တစ်ယောက် ၏ တောင်းဆိုချက်အရ Note ကို Status အဖြစ် အလွယ်တကူမြင်တွေ့ စေရန် ပြန်တင်ပါ သည် )


******* အိမ်ထောင် မကျ သေးသူ အပျို များလည်း ပုံမှန် လေ့ကျင့်ခဲ့မည် ဆိုပါက သားသမီးမွေးဖွားရလွယ်ကူခြင်း...အိမ်ထောင့်ပြု သည့်အခါ တွင် လည်း အိမ်ထောင်ရေးသာယာမှု အကျိုး ကျေးဇူးး များ ထူးကဲစွာ ရ ရှိခြင်း .. သားအိမ် လည်တံကင်ဆာ ဖြစ်ပွားမှု ကို ကာကွယ်ပြီးသား ဖြစ်ခြင်း စသည့် အကျိုး ကျေး ဇူး များ ရရှိ နိုင်သောကြောင့် ပျို ပျို အိုအို လေ့ကျင့်နိုင်သော လေ့ကျင့် ခန်းကောင်း တစ်ခု အဖြစ် မျှ ဝေ လိုက်ပါတယ်။ *********
 
 ( ဖြည့်စွက်ချက် )



လေးစားကျေးဇူးတင်လျက်

မနတ်သမီး

၅.၉ .၂၀၁၂

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...