Tuesday, July 23, 2013

မေတ္တာ၏ နောက်ဝယ်....

Seaman Nayminthu shared Mg Myanmar's photo.

“...........
............
...........”
သူ.အသံမှာ နာနာကျင်ကျင် အော်ဟစ်ပြီး ကယ်တင်ရန်ခေါ်နေသည်.အလား...။ သူ.ဝေဒနာကို ကျွန်တော် မျှဝေခံစားလိုက်ခြင်းဖြစ်သည်။ သူသည် အနိုင်ကျင်. သတ်ဖြတ်ခံနေရသူဖြစ်ပြီး ဟို...လူယုတ်မာကလည်း မလွတ်တမ်း တအား ခဲထားပုံရသည်။ နိင်သောသူက ထင်သလိုကျဲနေသော လောကကြီးအား ကျွန်တော် လက်ပိုက်ရပ်ကြည်.မနေနိင်ပါ။
ထို.ကြောင်. အုတ်ကျိုးလမ်းပေါ်မှ ကျွန်တော်၏ ခြေလှမ်းများ ရပ်လိုက်မိသည်။သတိ
ဖြင်.ရှေ.တိုးကာ မလစ်ဟင်းသော မျက်လုံးများဖြင်. အသံလာရာ မြက်တောထဲ ကုန်းရှာလိုက်တော. ထင်ထားတဲ.အတိုင်းပဲ ဖားကို ရေမြွေက မြိုနေတာ....။အဖြစ်သင်.
ဆုံးအရာ အတွက် မြွေယုတ်မာကို ဖားကိုယ်စား ကူသတ်ပေးရမည်။ဒါမှ ဖားလေးကို ကူညီရာရောက်တော.မည်။ ထို.ကြောင်. လမ်းပေါ်မှ အုတ်ခဲကျိုး တစ်ခု
ကောက်ပြီး မြွေပါးစပ်ထဲက ဖားလေးကို မထိအောင်ရှောင်၍ ရေမြွေ၏လည်ပင်းဆီသို.
တအားလွှဲထုလိုက်မိသည်။

“ ဒုတ်...”
“ ဟာ...”
ဒီလိုဖြစ်လာလိမ်.မယ်လို. လုံးဝ မျှော်လင်.မထားမိတာ အမှန်ပါ။သတ္တ၀ါနဲ. လက်နက်
မမျှတော. အုတ်ခဲကျိုးကြီးအောက်မှာ မြွေနဲ.အတူ ဖားကလေးပါ ပိပြားသွားသည်။
စေတနာက ဝေဒနာဖြစ်သွားရပြီ...။

“ ဖားလေးတော. သနားပါတယ် ..”


Mg Myanmar

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...