Saturday, July 27, 2013

လွှတ်တော်နဲ့ တရားဥပဒေ စိုးမိုးမှု ကော်မတီဟာ ဘာအတွက်လဲ......



လူအများစုဟာ လွှတ်တော်နဲ့ တရားဥပဒေ စိုးမိုးမှု ကော်မတီအပေါ် ကျွန်တော်ဝေဖန်တာကို အတော်လေး မကျေလည်ကြတာ သတိထားမိပါတယ်..... အထူးသဖြင့် လွှတ်တော်မှာ အတိုက်အခံဖြစ်တဲ့ NLD ပါတီက အမတ်တွေ ဝင်သွားခဲ့ပြီး တရားဥပဒေ စိုးမိုးမှု ကော်မတီမှာ NLD ဥက္ကဌ ဖြစ်တဲ့ ဒေါ်စုကိုယ်တိုင် ဦးစီးနေချိန်မှာ ဒီလိုဝေဖန်၊ ထောက်ပြတဲ့အတွက် အထိ မခံနိုင်တာကို တွေ့ရပါတယ်.......


တကယ်က လွှတ်တော် ဆိုတာ နိုင်ငံတစ်နိုင်ငံအတွက် ဥပဒေပြုရေး မဏ္ဍိုင်ဖြစ်သလို၊ နိုင်ငံသားတွေရဲ့၊ နိုင်ငံအတွက် ထိခိုက်နစ်နာမှုကို ကာကွယ်ဖို့ ဖြေရှင်းဖို့ အဓိက အခန်းကဏ္ဍမှာ ပါဝင်ပါတယ်..... အစိုးရတစ်ရပ် လုပ်ချင်တာ မလုပ်ရအောင်၊ အစိုးရတစ်ရပ် အထိမ်းအကွတ်မဲ့ မရန်းကားနိုင်အောင် လွှတ်တော်ဟာ ထိမ်းကျောင်းရမှာ ဖြစ်ပါတယ်....... ဒီလိုပဲ လွှတ်တော်က ဖွဲ့စည်းလိုက်တဲ့ တရားဥပဒေ စိုးမိုးမှု ကော်မတီဟာလည်း အစိုးရ တစ်ရပ်ရဲ့ လမ်းချော်နေမှုတွေကို ဘေးက ထိမ်းကြောင်းနေဖို့ပဲ ဖြစ်ပါတယ်......

ဒါကြောင့် လွှတ်တော်နဲ့ တရားဥပဒေ စိုးမိုးမှု ကော်မတီ ဥက္ကဌတို့ဟာ လက်ရှိ အစိုးရ လုပ်နေတာတွေကို အပြစ်တင်နေတာဟာ နည်းလမ်းမကျဘူး ဆိုတာကို ထောက်ပြတာပါ...... လက်ရှိ အစိုးရ လုပ်ကိုင်နေတာ နည်းလမ်းမကျရင် လွှတ်တော်နဲ့ တရားဥပဒေ စိုးမိုးရေး ကော်မတီဟာ ထိမ်းညှိနိုင်ဖို့ အခွင့်အာဏာ အပြည့်ရှိပီးသား ဖြစ်ပါတယ်..... Check and Balance လုပ်ထားခြင်း ဖြစ်ပါတယ်.....

နောက်တစ်ချက်ကတော့ အစိုးရတစ်ရပ်ဟာ ရှေ့က အစိုးရက ထားရှိခဲ့တဲ့ ကောင်းမွေ၊ ဆိုးမွေ ထိုနှစ်လီကို လက်ခံရတာပဲ ဖြစ်ပါတယ်..... ရှေ့အစိုးရက တိုင်းတပါး ကုမ္ပဏီတွေနဲ့ ချုပ်ဆိုထားခဲ့တဲ့ စာချုပ်တွေအပေါ် ဘာမှ ဖြေရှင်းချက်၊ ပြင်ဆင်ချက် မပေးနိုင်ပဲ လက်ခံရပါတယ်....... ဒါကြောင့် အဲ့ဒိလို အခြေအနေမျိုး ဖြစ်နေရင် လွှတ်တော်က ပြန်လည်စိစစ်ဖို့ လိုအပ်ပါတယ်...... ဘာကြောင့်လည်းဆိုတော့ လွှတ်တော်ဟာ နိုင်ငံသားတွေရဲ့ နစ်နာမှု ထိခိုက်မှုအတွက် ကာကွယ်ဖို့ တာဝန်အရှိဆုံး ဖြစ်နေတာကြောင့်ပါပဲ.....

အခုလက်ရှိ မြန်မာနိုင်ငံမှာ စစ်အစိုးရလက်ထက် တိုင်းတပါး ကုမ္ပဏီတွေကို အောက်ဈေးနဲ့ ချုပ်ခဲ့တဲ့ စာချုပ်စာတန်းတွေအပြင် လုပ်ပိုင်ခွင့်တွေ အများကြီး လုပ်ခဲ့ပါတယ်..... လက်ရှိ အစိုးရတစ်ရပ်အနေနဲ့ ဒါတွေကို လက်မခံဘူးဆိုရင် အစိုးရ အပြောင်းအလဲမှာ မူဝါဒ အပြောင်းအလဲဖြစ်တဲ့အတွက် ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ စိတ်မချရဘူးဆိုရင် တိုင်းပြည်အတွက် နာမည်ပျက်ပါတယ်...... ဒါကြောင့် လွှတ်တော်ကနေ ပြန်လည် စိစစ်တယ်ဆိုရင် နိုင်ငံတကာကလည်း လက်ခံရမှာပဲ ဖြစ်ပါတယ်.......

ဒီလိုအချက်တွေကြောင့် လက်ပံတောင်း ကိစ္စမှာ တရားဥပဒေ စိုးမိုးမှု ကော်မတီနဲ့ လွှတ်တော်အမတ်တွေ အများစုပါဝင်တဲ့ ကော်မတီကို ဖွဲ့စည်းပီး စာချုပ်ကို ပြန်လည် စိစစ်ခဲ့တာပဲ ဖြစ်ပါတယ်..... ဒီလိုပါပဲ စစ်အစိုးရ လက်ထက်က အချိုအချောင် စာချုပ်တွေနဲ့ လည်ပါတ်နေတဲ့ တိုင်းတပါး ရင်းနှီးမြှုပ်နှံမှုတွေ အထူးသဖြင့် တရုတ်ရဲ့ ပိုက်လိုင်း စီမံကိန်းအပါအဝင် စီမံကိန်း အများစုတွေကို ပြန်လည် စိစစ်ဖို့ဟာ လွှတ်တော်ဟာ တာဝန်အရှိဆုံးပဲ ဖြစ်ပါတယ်.....

ဒါကြောင့် လွှတ်တော် ဥက္ကဌ အပါအဝင် လွှတ်တော် အမတ်တွေဟာ တိုင်းပြည်အတွက် ဒါတွေကို မျက်စိရှင်ရှင်နဲ့ ပြန်လည်ပြင်ဆင်ဖို့ ဆောင်ရွက်ရန် လိုအပ်ပါတယ်..... ဒါမှလည်း ထိခိုက်နစ်နာခဲ့ရတဲ့ တိုင်းသူပြည်သားတွေရဲ့ အကျိုးစီးပွားကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်..... ဥပမာ ဒေသခံတွေကို အကျိုးမပြုနိုင်သေးတဲ့ ကျောက်ဖြူ ရေနက်စီမံကိန်း၊ မြန်မာနိုင်ငံအတွက် အောက်ဈေးသာသာ ရတဲ့ ပိုက်လိုင်း စီမံကိန်း အစရှိသဖြင့် အများကြီး ရှိပါတယ်....

လွှတ်တော် အမတ်တွေအနေနဲ့ ဒါတွေကို တိုင်းပြည်အကျိုးစီးပွားအတွက် ပြန်လည် ကြည့်သင့်သလို လွှတ်တော် ဥက္ကဌတွေအနေနဲ့လည်း ထိုင်ခုံမျက်နှာပဲ ကြည့်မနေပဲ တိုင်းပြည်အတွက် အချိန်နဲ့အမျှ နစ်နာနေမယ့် အဆိုပါ စီမံကိန်းတွေကို Review လုပ်ဖို့ လိုအပ်ပါလိမ့်မယ်..... ဒီလိုပဲ မြန်မာနိုင်ငံရဲ့ ကမ္ဘာသိ ဒီမိုကရေစီ အိုင်ကွန်ဖြစ်တဲ့ ဒေါ်စုအနေနဲ့လည်း တိုင်းပြည် မျက်နှာကို ကြည့်ပီး ဒီလိုကိစ္စတွေကို ကိုင်တွယ်ရမှာ ဖြစ်ပါတယ်.....

အခုလက်ရှိ တွေ့နေရတာကတော့ လွှတ်တော်ဥက္ကဌနဲ့ NLD ဥက္ကဌတို့ ပေါင်းစည်းသွားတဲ့အတွက် ယခင်အစိုးရ ပြည်ပနဲ့ ချုပ်ဆိုခဲ့တဲ့ စာချုပ်တွေကို ပြန်လည်ပြင်ဆင်ဖို့ အဓိက တာဝန်ရှိသူတွေကို အွန်လိုင်းက တက်ကြွလှုပ်ရှားသူတွေဟာ ရှောင်နေတာကို တွေ့ရပါတယ်.... အချို့သော ကြေးစား ဝါဒဖြန့် အကောင့်တွေကတော့ ဒီကိစ္စတွေဟာ လက်ရှိ အစိုးရနဲ့ ဆက်စပ်သယောင် ပုံဖော်လာတာ တွေ့ရပြန်ပါတယ်......

၂၀၁၅ ရောက်ဖို့ အချိန်အများကြီး လိုသေးပါတယ်..... ဒါပေမယ့် ယခင် စစ်အစိုးရလက်ထက်က ချုပ်ဆိုခဲ့တဲ့ စာချုပ်တွေနဲ့ လုပ်ငန်းလုပ်ကိုင်နေတဲ့ တိုင်းတပါး ရင်းနှီးမြှုပ်နှံသူတွေကြောင့် မြန်မာနိုင်ငံဟာ ရသင့် ရထိုက်တဲ့ ဝေစုကိုမရပဲ စီမံကိန်းနဲ့ သက်ဆိုင်တဲ့ ဒေသတွေမှာ ရှိတဲ့ ဒေသခံတွေဟာလည်း အချိန်နဲ့အမျှ နစ်နာနေပါတယ်..... ဒါတွေကို ထိထိရောက်ရောက် ကာကွယ်နိုင်ဖို့ဟာ လွှတ်တော်က လျင်မြန်တဲ့ အရေးယူမှုတွေ ပြုလုပ်ပါမှ ဖြစ်ပါမယ်......

ထပ်ပြောပါ့မယ် ၂၀၁၅ ရောက်ဖို့ အချိန်တွေ အများကြီး လိုနေချိန်မှာ တိုင်းပြည်ရဲ့ ရသင့်ရထိုက်တဲ့ ဝင်ငွေတွေ နစ်နာနေတဲ့အပြင် မြန်မာနိုင်ငံသူ နိုင်ငံသားတွေ နစ်နာနေတာဟာ အချိန်နဲ့အမျှ ဖြစ်နေတာကို လွှတ်တော်အမတ်တွေနဲ့ လွှတ်တော် ဥက္ကဌတွေ သိနိုင်ပါစေလို့ပဲ အသိပေးလိုက်ရပါတယ်.....

Photo Copied from Internet

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...