သို့ 
စောထူးထူးလေး
ကေအင်ယူဥက္ကဌ၏ အကြံပေး၊
ဗိုလ်မှုးကြီး
အကြောင်းအရာ။ သူငယ်ချင်းရဲ့ ၂၀၁၄
ခုနှစ်အောက်တိုဘာ ၂၂ ရက်စွဲဖြင့် မိမိထံ
အိတ်ဖွင့်ပေးစာကို ပြန်ကြားခြင်း။
သူငယ်ချင်း
ရှေးဟောင်းနှောင်းဖြစ်တချို့ ထည့်သွင်းပြီး ရေးလာတဲ့ မင်းရဲ
့အိပ်ဖွင့်ပေးစာကို ရလို့ ဝမ်းသာကြောင်း ပြောပါရ စေ။
လက်ရှိကေအင်ယူထိပ်ပိုင်းခေါင်းဆောင်တချို့ ရဲ
့နောက်ကွယ်က အဓိကလှုပ်ရှားနေသူဟာ သူငယ်ချင်းဘဲ ဆိုတဲ့ သတင်း ကြားနေတာ တော့
ကြာပါပြီ။ မင်းပေးတဲ့စာပါ အချက်တချက်အရလဲ အဲဒီသတင်း မှန်ကောင်းမှန်နိုင်မယ် လို့ 
ယူဆစရာရှိတယ်။ အဲဒါကတော့ ဗိုလ်ချုပ်ကြီးမြ ရှိခဲ့စဉ်တုံးက နအဖနဲ့ ဆွေးနွေးပွဲမှာ
မင်းက ကေအင်ယူကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် ဖြစ်ခဲ့ပြီး လက်ရှိကေအင်ယူ ဥက္ကဌ
ဗိုလ်ချုပ်ကြီးမူတူးဆေးဖေါက တပ်မဟာ
(၆) မှုး ဗိုလ်မှုးချုပ် အဆင့်မှာ အဖွဲ့ ဝင်အဖြစ်လိုက်ပါခဲ့ ရတယ် ဆိုတာလေ။ ကာချုပ်
မင်းအောင်လှိုင် အပါအ၀င် ထိပ်သီး ဗိုလ်ချုပ်ကြီး တွေ ခုနှစ်ယောက်နဲ့ 
ကေအင်ယူထိပ်ပိုင်းခေါင်းဆောင် ခြောက်ယောက် ဓါတ်ပုံတွဲရိုက်ရာမှာ (ဘယ်ဘက် ခြမ်း ဒုတိယနေရာ)
သူငယ်ချင်းက ဒုတိယ
ဗိုလ်ချုပ်ကြီးမြင့်စိုး နဲ့  လက်ခြင်းခိုင်ခိုင်တွဲထားတာလဲ သတိထားလိုက်မိ ပါရဲ့ ။
ဘယ်လိုဘဲ ဖြစ်ဖြစ် မင်း အခုလို
ပွင့်ပွင့်လင်းလင်းပြောလာတာ ကို ကြိုဆိုလျှက်ပါ။