Thursday, October 23, 2014

အခြားတစ်ဖက်မှ တွေးခြင်း



တစ်ခါတုန်းက ဦးမြ လို့ခေါ်တဲ့ အထည်ကြီး
ပျက် သူဌေးတစ်ယောက်ရှိတယ်။ သူ့မှာ ချောမောလှ
ပတဲ့ သမီးတစ်ယောက်ရှိတယ်။ သမီးရဲ့နာမည်က
ချယ်ရီ။ ဇနီးဖြစ်သူကတော့ ဆုံးပါးသွားတာ တစ်နှစ်
ကျော်ခဲ့ပြီ။ ဦးမြဟာ အရင်တုန်းက အလွန်ချမ်းသာတဲ့
သူဌေးကြီးတစ်ယောက်ဖြစ်တယ်။ ခုတော့ သူ့ပိုင်ဆိုင်
မှုဆိုလို့ အိမ်တစ်လုံးနဲ့ သမီးတစ်ယောက်သာ ကျန်
တော့တယ်။

ဒီလိုနဲ့ နောက်ဆုံးမှာ ရှိတဲ့အိမ်လေးကို
ဦးနိုင်ဆီမှာ ပေါင်လိုက်ရတယ်။
တစ်နှစ်ပြည့်ခဲ့ပြီ။ဦးမြတစ်ယောက် ပေါင်
ထားတဲ့အိမ်ကို ပြန်မရွေးနိုင်ဘူးဖြစ်နေတယ်။ဦးနိုင်
က ဦးမြကို စကားတစ်ခွန်းဆိုလာတယ်။
" ဦးမြရေ...မင်းအိမ်ကို မင်းပြန်မရွေးနိုင်
ရင် မင်းသမီးကို ငါနဲ့ပေးစားလိုက်ကွာ..
အဲဒါဆို မင်းအိမ်ကိုလည်း ပြန်ရွေးစရာ
မလိုတော့ဘူး...မင်းသမီးလည်း တင့်
တောင်းတင့်တယ် နေနိုင်မယ်..."
ဦးနိုင်စကားကိုကြားတော့ ဦးမြ စိတ်ဝင်စား
မိတယ်။ဒါနဲ့ ဒီကိစ္စကို သမီးနဲ့တိုင်ပင်ကြည့်တာပေါ့။
သမီးဖြစ်သူချယ်ရီက လက်မခံဘူး။သမီးကိုချစ်တဲ့
ဦးမြလည်း သမီးစိတ်ဆင်းရဲမှာ မမြင်ချင်တော့ ဦးနိုင်
ဆီသွားပြီး သမီးဖြစ်သူ သဘောမတူကြောင်း ပြော
တယ်။ဒါပေမယ့် ဦးနိုင်က လက်မလျော့သေးဘူး။
ဦးမြကို အခွင့်အရေးတစ်ခု ထပ်ပေးတယ်။
" ငါ မင်းကို နောက်ထပ် အခွင့်အရေး
တစ်ခု ထပ်ပေးမယ်...ခွက်တစ်ခွက်
ထဲမှာ အရွယ်တူ ကျောက်ခဲနှစ်လုံဲး
ထည့်ထားမယ်...တစ်လုံးက အဖြူ
ရောင်....ကျန်တဲ့တစ်လုံးက အညို
ရောင်...မင်းသမီးကို ခွက်ထဲက
ကျောက်ခဲ တစ်လုံးကို နှိုက်ခိုင်းမယ်။
ကျောက်ခဲအဖြူရောင်ကို နှိုက်နိုင်
ရင်မင်းသမီးကို အနိုင်ပေးမယ်....
မင်းအိမ်ကိုလည်း ပြန်ပေးမယ်....
တကယ်လို့ ကျောက်ခဲအညိုရောင်
ဖြစ်ခဲ့ရင်တော့ မင်းသမီး ငါနဲ့လက်
ထပ်ရမယ်...ဘယ်လိုသဘောရလဲ..."
ဦးမြက "အေးပါကွာ...ငါ့သမီးကို ပြောကြည့်လိုက်
ပါ့မယ် " လို့ပြောပြီး အိမ်ကိုပြန်လာတယ်။အိမ်ကို
ရောက်တော့ ဦးနိုင်ရဲ့စကားတွေကို သမီးဖြစ်သူကို
ပြောပြတယ်။သမီးချယ်ရီက စဉ်းစားတယ်။ဦးနိုင်ဆိုတဲ့
ဦးလေးကြီးက ခွက်ထဲမှာ အဖြူနဲ့အညိုရောင် ကျောက်
ကျောက်ခဲတွေထည့်ထားမယ်လို့ပြောတယ်။တကယ်
လို့များ ခွက်ထဲမှာ အညိုရောင်ကျောက်ခဲနှစ်လုံးထည့်
ထားရင် ဘယ်လိုလုပ်မလဲ။စဉ်းစားလို့အပြီးမှာ ချယ်ရီ
သဘောတူလိုက်တယ်။
နောက်နေ့မှာ ဦးနိုင်အိမ်မှာ ကျောက်ခဲနှိုက်ပွဲ
ကျင်းပတယ်။ဦးနိုင်ဘက်က အိမ်ဖော်တွေ အလုပ်
သမားတွေနဲ့ ဦးမြတို့ သားအဖအပါအဝင် လူဆယ်ယောက်
လောက်ရှိတယ်။ထူးခြားတာက ခွက်ထဲမှာ အဖြူနဲ့
အညိုရောင်ကျောက်ခဲပါတာကို ဦးနိုင်က ဘယ်သူ့
ကိုမှမပြတာပဲ။ဘယ်ပြမလဲ။ဦးနိုင်က ခွက်ထဲမှာ
ထည့်ထားတဲ့ကျောက်ခဲ နှစ်လုံးစလုံးက အညိုရောင်
ဖြစ်နေတာကိုး။ဒါကိုချယ်ရီသိနေတယ်။ချယ်ရီဟာ
ကျောက်ခဲအဖြူရောင်ကို နှိုက်နိုင်မှ အနိုင်ရမှာပါ။
ဒါပေမယ့် အညိုရောင်ကျောက်ခဲနှစ်လုံးသာပါတဲ့
ခွက်ထဲက ကျောက်ခဲတစ်လုံးကို နှိုက်ပြီး ချယ်ရီက
နိုင်ပွဲရအောင် ယူနိုင်ခဲ့တယ်။တော်ပါပေတယ်၊ထက်
ပါပေတယ်ချယ်ရီရယ်။
ချယ်ရီအနိုင်ယူပြခဲ့တဲ့နည်းက နှိုက်ပြီးသား
ကျောက်ခဲကို ဘယ်သူ့ကိုမှ ဖွင့်မပြဘဲ အများမမြင်
နိုင်သောအဝေးတစ်နေရာဆီသို့ လွင့်ပစ်ခြင်းပဲ။
ကျောက်ခဲလွင့်ပစ်လို့အပြီးမှာ ဦးနိုင်ကိုင်ထားတဲ့ခွက်
ထဲက ကျောက်ခဲလေးကို ယူကြည့်ပြီးနောက် ဦးနိုင်
ဘက်လှည့်ကာ ချယ်ရီက ဤသို့စကားဆိုလိုက်တယ်။
" အညိုရောင်ကျောက်ခဲလေး ကျန်ခဲ့
တာပဲ...ကျွန်မနိုင်ပြီနော် ဦးနိုင်...."
စာဖတ်သူအပေါင်း ကျန်းမာ ချမ်းသာ ဘေးရန် ကင်း
ကွာကြပါစေ။
ဦးတိုးအောင်
( ကိုးကား - ဆရာအောင်သင်း စာပေဟော
ပြောပွဲ)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...