Tuesday, October 21, 2014

Focus Stacking

ဒါကတော့ ကင်မရာ အထိုင်ချထားပုံနဲ့ ရိုက်မယ့် Subject ပါပဲ။

Focus Stacking ဆိုတာကတော့ DOF ကို Photo Merge လုပ်ပြီး ပိုရအောင်ချဲ့ယူတဲ့နည်းပါပဲ။ များသောအားဖြင့် Macro Photo တွေမှာပဲတွေရပေမယ့် Landscape Photo တွေမှာလဲ သုံးကြပါတယ်။ အဓိကအနေနဲ့ DOF များများလိုချင်လို့ လုပ်တယ်ဆိုတော့ ဘယ်လိုအရာတွေကို DOF နဲစေသလဲ (သို့) Bokeh များများဖြစ်စေသလဲဆိုတာအရင်လေ့လာကြည့်ဖို့လိုပါမယ်။

-       Focal Length: သာမန်အားဖြင့်တော့ Focal Length ရှည်လေ DOF နဲလေပါပဲ။
-       Distance to Subject: Subject နဲကပ်ရိုက်လေလေ DOF နဲလေပါ။
-       Aperture Setting: ကျွန်တော်ဟိုးအရင်ပြောခဲ့သလိုပဲ .. Aperture ကျယ်ကျယ်ဖွင့်ထားလေလေ Shallower DOF ဖြစ်လေပါပဲ။
ဒီလိုဆိုတော့ Macro Photo တွေမှာ 100mm 2.8 Lens မျိုးနဲ့ မိမိလိုချင်တဲ့ Subject ကိုရိုက်လိုက်ရင်
- 100mm ဆိုတာ Long Focal Length အမျိုးအစားပါ။
- f2.8  ဆိုတာ တော်တော်ကျယ်တဲ့ Aperture ပါ။
- Macro Photo ဖြစ်တဲ့အတွက် တော်တော်လေး အနီးကပ်ပြီးရိုက်ဦးမှာပါ။
အထက်ဖေါ်ပြပါအခြေအနေသုံးရပ်နဲ့ အကုန်လဲကိုက်နေတဲ့အခါ ယင်ကောင်လေးဖြစ်ဖြစ် ပန်းပွင့်လေးဖြစ်ဖြစ် ကိုယ်က ရိုက်တဲ့အချိန်မှာ Subject တစ်ခုလုံး Sharpness မရပဲ DOF ကြောင့် ဝါးနေအခြေအနေမျိုးတွေကြုံရနိုင်ပါတယ်။ Aperture ကိုဘယ်လောက်ပဲ ကျဉ်းရိုက်ရိုက် Diffraction ဝင်မယ်။ Low Light ကြောင့် Noise ထမယ်။ အဲ့လိုတွေ့ကြုံလာတဲ့အခြေအနေမျိုးမှာ Focus Stacking ကအဆင်အပြေဆုံးပါပဲ။

Focus Stacking အတွက် ဘာပစ္စည်းတွေလိုမလဲ
-       အလွန့်အလွန် ငြိမ်အောင်ထိန်းနိုင်မယ့် Tripod. ကျွန်တော့်အနေနဲ့တော့ သယ်ရလွယ်မယ် ပေါ့ပါးတယ်ဆိုပြီး အလွယ်ဝယ်ထားတဲ့ တရုတ် Tripod တွေကိုတော့အားမပေးပါဘူး။ ကင်မရာကို ကိုယ်ချိန်ထားတဲ့အတိုင်း ပကတိငြိမ်နေအောင် ထိန်းထားပေးနိုင်မယ့် Tripod မျိုးကိုပဲသုံးစေချင်ပါတယ်။ ဒါပေမယ့် ကိုယ့်ရိုက်မယ့်နေရာအနေအထားနဲ့ ကိုယ့်မှာရှိတဲ့ Tripod နဲ့ ကိုက်ညီတယ် ငြိမ်တယ်ဆိုလဲ သုံးလို့ရပါတယ်။ တကယ့်အကြမ်းခံ တည်ငြိမ်တဲ့ Tripod မျိုးပြပါဆိုရင်တော့  Manfrotto 055, Vanguard Alta Pro 264AT တို့ပါပဲ။
-       Macro Lens ကိုယ့်ကင်မရာနဲ့ လိုက်ဖက်မယ့် Macro ရိုက်လို့ရတဲ့ Lens တွေပါပဲ။
-       Post Processing Software. ဒါကတော့ ရှင်းပါတယ် ရိုက်ထားတဲ့ ပုံတွေကို ပြန်ပေါင်းပေးမယ့် Photoshop လို Software ပဲပေါ့။ အနိမ့်ဆုံးအနေနဲ့တော့ CS4 လောက်တင်ထားသင့်ပါတယ်။
ကိုယ့်လူတို့ ပစ္စည်းစုံရင် စလိုက်ကြရအောင်။
          ရိုက်ရမှာကတော့ အခက်ကြီးမဟုက်ဘူးဗျ။ ကိုယ့်ကြိုက်တဲ့ ပုံလေးတွေကို Composition ချ၊ Subject ရဲ့ အကွာအဝေး၊ သူ့ရဲ့ Depth ကို ချိန်ပြီး ၃ပုံကနေ ၆ပုံလောက်အထိ Focusing Range ကို ပြောင်းပေးရုံပါပဲ။ အောက်ကပုံတွေကို ကြည့်လိုက်ရင်ရှင်းသွားပါလိမ့်မယ်။
ကဲ အားလုံးရိုက်ပြီးသွားပြီ။ ပြီးပြီလားဆိုတော့ ဘယ်ပြီးဦးမှာလဲ Post Processing ဆိုတဲ့ အခုမှ တကယ်လုပ်ရ မယ့်အပိုင်းရောက်လာတာ။ ကင်မရာသိမ်း၊ အထုပ်ပြင်ပြီး အိမ်က ကွန်ပြူတာထဲ ခုနကပုံလေးပုံကို ထည့်လိုက်ကော။ ပြီးတော့ Photoshop CS4 လေးဖွင့်ပြီး ဖိုင်အသစ် တစ်ခု လုပ်ထားလိုက်ပါ။
-       ပြီးတော့ Layer by Layer ရိုက်ထားတဲ့အစီအစဉ်အတိုင်း Layer အဖြစ်ထားပေးပါ။
-       Layer လေးခုစလုံးကိုရွှေးပြီး Edit > Auto Align Layers ကိုရွှေးပါ။
-       Layer တွေပေါင်းပြီးသွားရင် နောက်ထပ် Edit > Auto Blend Layer ကိုနိုပ်ပါ။
-       Software အလုပ်လုပ်ချိန်ကတော့ စက်ရဲ့ Performance ပေါ်မူတည်ပြီး စောင့်ရပါမယ်။ ပြီးရင်တော့ ဘေးနားလေးတွေ နဲနဲဝါးနေတဲ့ ပုံတစ်ခုကိုရရှိမှာပါ။ အဲ့ဒီပုံလေးကို အဆင်သင့်သလို Crop လုပ်လိုက်ရင်တော့ အောက်မှာပြထားသလို Full Subject အကုန် Sharp ဖြစ်တဲ့ Macro Photo လေးရပြီဖြစ်ပါတယ်။
ဒီနေရာမှာ တစ်ခုပဲ သတိပေးချင်တာက Focus Stacking သုံးထားတဲ့ ပုံတွေဟာ Wallpaper, Calendar, တွေမှာသာသုံးတာများပြီး၊ Photo Merge လုပ်ထားတဲ့အတွက် သီးသန့်ကင်းလွတ်ခွင့်ရတဲ့ ပြိုင်ပွဲမျိုးကလွဲပြီး ပြိုင်ပွဲဝင်လို့ရတဲ့ ပုံအမျိုးအစားတော့မဟုက်ပါဘူး။ ဒါကြောင့် Commercial Shot ဖြစ်စေ၊ ကိုယ့်ဟာကို ကြိုက်လို့ဖြစ်စေ ရိုက်ပြီး နံရံမှ အလှချိတ်ဖို့တော့ အဆင်ပြေမှာပါ။  ဓါတ်ပုံဝါသာနာရှင်တွေအနေနဲ့ တော့ Craft Skill ခေါ်တဲ့ Photo Technique တစ်ခုတိုးမှာဖြစ်လို့ စမ်းရိုက်ကြည့်ဖို့တော့ကောင်းပါတယ်။ ဒီလို Macro ချည်းမဟုက်ပဲ Landscape တွေမှာလဲ စမ်းလို့ရပါတယ်။ အဲ့ဒါတွေကို ထည့်ပေါင်းစမ်းသပ်ပြီး မိမိရဲ့ အနုပညာဖန်တီးမှု အသစ်တွေမှာစမ်းသပ်အသုံးပြုနိုင်ကြပါစေလို့။ နားမလည်ရင်လဲ ကွန်မင့်ရေးပြီး ပြန်လည် မေးထားနိုင်ပါတယ်။ Finding Macro Photography တုန်းက နောက်၁ပတ်နေရင် ဒါကိုတင်ပေးမယ်လို့ပြောခဲ့ပေမယ့် အလုပ်မအားတာနဲ့ ၁လလောက်ကြာမှပဲရေးဖြစ်တော့တယ်ဗျာ။
(http://digital-photography-school.com မှာ Introduction to Focus stacking ကို ဆီလျှော်အောင် ဘာသာပြန်ပါသည်။)
Credit- Linn Soe Hlaing
ဒါကတော့ ကင်မရာ အထိုင်ချထားပုံနဲ့ ရိုက်မယ့် Subject ပါပဲ။ပထမဆုံး ညာဘက်အစွန်ဆုံး (အဝေးဆုံးနေရာ)က ဆူးလေးတွေကို Focus ဖြတ်ပြီး ၁ပုံရိုက်ပါတယ်။ပထမဆုံး ညာဘက်အစွန်ဆုံး (အဝေးဆုံးနေရာ)က ဆူးလေးတွေကို Focus ဖြတ်ပြီး ၁ပုံရိုက်ပါတယ်။ကင်မရာဘက် ပိုတိုးလာတဲ့ အလယ်နားက ဆူးလေးတွေကို Focus ထားပြီး ထပ်ရိုက်ပါတယ်။ကင်မရာဘက် ပိုတိုးလာတဲ့ အလယ်နားက ဆူးလေးတွေကို Focus ထားပြီး ထပ်ရိုက်ပါတယ်။ကင်မရာဘက်ကို ပိုတိုးလာပြီး ထိပ်နားကဆူးလေးတွေကို Focus ဖြတ်ပြီး ရိုက်ပါတယ်။ကင်မရာဘက်ကို ပိုတိုးလာပြီး ထိပ်နားကဆူးလေးတွေကို Focus ဖြတ်ပြီး ရိုက်ပါတယ်။ကင်မရာနဲ့အနီးဆုံးမှာရှိတဲ့ ကပ်ရပ်က ဆူးတွေကို Focus ဖြတ်ပြီး နောက်ဆုံးပုံအနေနဲ့ရိုက်ပါတယ်။ကင်မရာနဲ့အနီးဆုံးမှာရှိတဲ့ ကပ်ရပ်က ဆူးတွေကို Focus ဖြတ်ပြီး နောက်ဆုံးပုံအနေနဲ့ရိုက်ပါတယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...