Wednesday, October 22, 2014

ဟာသစုစည်းမှု (၂၂-၁၀)

လွယ်ရအောင်

ခရီးသည်တင်လေယာဉ်ကြီးသည် မီတာတစ်သောင်းအမြင့်မှ ပျံသန်းနေသည်၊ ရုတ်တရက် အင်ဂျင်စက် ချွတ်ယွင်းသဖြင့် လေယာဉ်သည် အောက်သို့ မနားတမ်း ထိုးကျလာသည်၊
ခရီးသည်များ ထိတ်လန့်တကြား ဖြစ်ကုန်ကြသည်၊ ဤအချိန်ဝယ် လေယာဉ်မယ် ရောက်လာပြီး အားလုံးကြားအောင် အော်ပြောလိုက်သည်။
“လေးစားအပ်တဲ့ ခရီးသည်များရှင့် ကိုယ့်ရဲ့ နိုင်ငံကူးလက်မှတ်တွေကို သွားနဲ့ တအားကိုက်ထားကြပါရှင့်”

ခရီးသည်တစ်ဦးက မေးသည်။
“ဘာအတွက်လဲ”
“လေယာဉ်ပျက်ကျတဲ့အခါမှာ ဘယ်သူ့အလောင်းလဲဆိုတာ ဖော်ထုတ်ရ လွယ်အောင်လို့ပါ”
``ငင်---``

ဟုတ်လား

သား..။. ။"ဖေဖေ... ဘုရားသခင်က ဘာဖြစ်လို့ ယောက်ျားကိုအရင်ဖန်ဆင်းပြီးမှ မိန်းမကို ဖန်ဆင်းရတာလဲ?"
အဖေ..။ ။...."အင်း... ယောက်ျားကိုမဖန်ဆင်းခင် သူ့ဘေးမှာ တဗျစ်တောက်တောက်ရွတ်နေမယ့်မိန်းမ
မရှိစေချင်လို့ နေမှာပေါ့"

အချောင်သမား

Two factory workers are talking.
စက်ရုံ အလုပ်သမားနှစ်ယောက်စကားပြောနေကြသည်။
The woman says, "I can make the boss give me the day off."
အမျိုးသမီးအလုပ်သမား ကပြောသည် " သူဋ္ဌေးဆီက အလုပ်နားရက်ရအောင် ငါလုပ်တတ်တယ်"
The man replies, "And how would you do that?"
အမျိုးသားအလုပ်သမား " ခင်ဗျား ဘယ်လို လုပ်မှာတုန်း"
The woman says, "Just wait and see." She then hangs upside-down from the ceiling.
အမျိုးသမီးအလုပ်သမား က " ခဏလေးစောင့်" ဟုပြောပြီး မျက်နှာကြတ်တွင် ဇောက်ထိုး တွဲလောင်းခိုနေလိုက်သည်။
The boss comes in and says, "What are you doing?"
သူဋ္ဌေးရောက်လာပြီးမေးသည်။ " မင်းဘာလုပ်နေတာတုန်း "
The woman replies, "I'm a light bulb."
အမျိုးသမီးအလုပ်သမား က" ငါဟာ မီးလုံး တစ်လုံးဖြစ်တယ် " ဟုပြန်ပြောသည်။
The boss then says, "You've been working so much that you've gone crazy. I think you need to take the day off."
ထို့နောက် သူဋ္ဌေးမှပြောသည် "အင်း မင်းအလုပ်တွေ အရမ်းများလို့ ရူးကြောင်ကြောင် ဖြစ်သွားတယ်ထင်တယ်။ မင်း နားရက်ယူသင့်ပြီ။"
The man starts to follow her and the boss says, "Where are you going?"
အမျိုးသားအလုပ်သမားမှာ အမျိုးသမီးအလုပ်သမားနောက်သို့ လိုက်သွားသဖြင့် သူဋ္ဌေးကလှမ်းမေးသည်။ " မင်းကရော ဘယ်သွားမလို့လဲ"
The man says, "I'm going home, too. I can't work in the dark."
အမျိုးသား အလုပ်သမားက ပြန်ဖြေသည်။ " အိမ်ပြန်မလို့လေ၊ အမှောင်ထဲမှာ ဘယ်လိုအလုပ်လုပ်မတုန်း"
အန်-----

မပြောလို့

အဖေဖြစ်သူက သမီးကို အော်သည်။
"သမိး ကိုယ်ဝန် ရှိနေတယ်ဆိုတာ အမှန်ပဲလား"
" ဆရာဝန်က အဲလို ပြောတာပဲ အဖေ"
"ဘယ်သူနဲ့  ရတဲ့ ဗိုက်လဲ"
"'အဲဒါတော့ ဆရာဝန်ကမပြောလိုက်ဘူးအဖေ``
``ငင်----``

အထင်ခံရတော့မှာပဲ

ကျောင်းသားနှစ်ယောက် ရေးဖြေစာမေးပွဲခန်းမှ ထွက်လာကြသည်၊ တစ်ယောက် မေးသည်။
“ဟေ့ မင်း တော်တော်ဖြေလိုက်သလား”
“ဘာမှ မဖြေလိုက်ဘူး၊ အဖြေစာအုပ်ကို ဒီအတိုင်း အလွတ်ပဲ ပြန်ပေးလိုက်တယ်”
“ဒုက္ခပါပဲ၊ ငါလဲ အလွတ်ပေးလိုက်တယ်ကွ၊ ငါ မင်းဆီက ကူးချတယ်လို့ ထင်တော့မှာပဲ”
``အဲ့---`

ထင်မိထင်ရာ

မွေးမြူရေးသမားတစ်ယောက်က ဝက်မျိုးစပ်ဖို့ တိရစ္ဆာန်ဆရာဝန်ကို ပင့်လာတယ်။
ဆရာဝန် က မေထုံမဲ့သားစပ်ရန်လိုမည်ဟုတွေးမိသဖြင့်
"ကြည့်ရတာ လူအကူနဲ့ မျိုးပွားပေးဖို့လိုပြီ"ဟု ပြောတယ်။
ဆရာဝန်စကားကြားတော့ လယ်သမားတစ်ချက်တွေဝေသွားတယ်။
ပြီးမှ မရဲသရဲပြောလိုက်တယ်။
"ရတော့ရတယ်ဆရာ.. ဒါပေမဲ့ ကျွန်တော့်ကို ကိုက်မှာစိုးတယ်"
``ငင်-----``

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...