Tuesday, October 28, 2014

ကံတူအကျိုးပေး

မိုက်ခရိုဆော့ခ်၏ ဖခင် Bill - Gatesမှာ မတော်တဆ
ကားတိုက်မှုဖြင့်သေဆုံးသွားသည်။ (တကယ်မဟုတ်ဘူးနော် နောက်တာ)
ယမမင်း။ ။ " ခင်ဗျားကို နတ်ပြည်ပို့ရမလား၊ ငရဲပြည်ပို့ရမလား ဆုံးဖြတ်လို့...
မရဘူးဖြစ်နေတယ်။
ကွန်ပြူတာတွေကို
ထီထွင်ပြီး လူတွေကို ခင်ဗျား အများကြီး အကျိုးပြုခဲ့တယ်။ အံ့မခန်းတဲ့
အသုံးဝင် WINDOWS တွေကိုလည်း ထွင်
ခဲ့တယ်။ နတ်ပြည်သွားချင်သလား၊ ငရဲပြည် သွားချင်သလား ခင်ဗျားဘာသာ
ဆုံးဖြတ်ပေတော့"
Bill - Gates ။ ။" နတ်ပြည်နဲ့ ငရဲပြည် ဘာများကွာခြားပါသလဲ"
ယမမင်း ။ ။"ခင်ဗျားဆုံးဖြတ်လို့ ရအောင် အဲဒီ နေရာနှစ်နေရာကို ကျုပ်အရင်လိုက်ပြမယ်"
သို့နှင့် ငရဲပြည်သို့ သူတို့ရောက်လာကြသည်။ ငရဲပြည်မှာ သန့်ရှင်းသော
ပင်လယ်ကမ်းစပ်၊ ဖြူဖွေးသော သဲပြင်နှင့်
မိန်းမလှလေးများဖြင့် လှပနေသည်။ Bill - Gates မှာ အလွန်ပျော်ရွှင်သွားသည်။
သို့နှင့် နတ်ပြည်သို့ သူတို့ ရောက်လာကြပြန်သည်။ နတ်ပြည်မှာ လှပသော
တိမ်တိုက်နှင့် နတ်သမီးများ ပျော်ပါး
နေကြသည်။ သို့သော် ငရဲပြည်လောက် စွဲဆောင်မှုမရှိပေ။
Bill - Gates။ ။ "ကျွန်တော် ငရဲပြည်ပဲ သွားမယ်"
ယမမင်း။ ။ "ကောင်းပြီ"
သို့နှင့် နှစ်ပတ်ကြာသော် ယမမင်းမှာ ဒီသန်းကြွယ်သူငှေး ငရဲပြည်မှာ
ဘာများလုပ်နေသလဲ ဟု သိချင်သောကြောင်း
ငရဲပြည်သို့ သွားရောက်ခဲ့သည်။ Bill - Gatesမှာ လက်ကျင်း၊
ခြေကျင်းများခတ်ပြီး အနှိပ်စက်ခံနေရသည်။
Bill - Gates ။ ။"ဒီနေရာဟာ အရမ်းကြောက်ဖို့ ကောင်းတယ်။ ကျွန်တော်တွေ့ခဲ့တဲ့
မိန်းမလှလေးတွေရော၊ သဲဖြူဖြူနဲ့
ပင်လယ် ကမ်းစပ်တွေရော ဘယ်ရောက်ကုန်ပြီလဲ"
ယမမင်း "။ ။ အော် အဲဒါတွေလား....အဲဒါတွေက Screen Saver တွေလေ"
``တိန်-----`

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...