Tuesday, October 28, 2014

ဟာသစုစည်းမှု (၂၂)

#‎ကြိုက်တာယူဆိုလို့‬ 
ကိုချစ်တစ်ယောက် သူ့ သူငယ်ချင်းကို စက်ဘီးအသစ် စီးလာတာမြင်တော့ တအံတသြနဲ့ 
"မင်းဘယ်တုန်းကများ ဒီလောက်ကောင်းတဲ့ စက်ဘီးဝယ်လိုက်တာလဲကွာ" မေးလိုက်ပါတယ်၊၊
ဒီတော့ သူငယ်ချင်းဖြစ်သူက စက်ဘီးကိုဘယ်လို ရခဲ့သလဲဆိုတာ ပြောပြပါတယ်၊၊
"မနေ့ က ငါလမ်းလျှောက်နေတုန်း စက်ဘီးစီးလာတဲ့ မိန်းမတစ်ယောက်က ငါ့ရှေ့ ရောက်တော့ စက်ဘီးကိုရပ်၊ အဝတ်တွေဆွဲချွတိရင်း ရှင်ကြိုက်တာယူပါတဲ့။
ဒါနဲ့  ငါလည်းစက်ဘီး ယူလိုက်တာ" လို့ ပြောတော့ ကိုချစ် ပြန်ပြောတာက
" မင်းတော်တယ်ကွာ....အဝတ်တွေဆို မင်းနဲ့ တော်ချင်မှ တော်မှာကွာ"တဲ့...
((((အီးးးး ခင်များတို့အတွေးတွေနဲ့တော့ မတူဘူးမလား))))
မဖြစ်နိုင်လို့

ဆရာ။ ။ မောင်ပု၊ မင်းအဖေ မှာ ပိုက်ဆံ ၁၀ ရှိတယ်။ မင်းက သူဆီက ၆ ကျပ်
မုန်.ဖိုးတောင်းရင်။ မင်းအဖေ ဆီမှာ ဘယ်လောက်ကျန်မလဲ။
မောင်ပု။ ။ ၁၀ ပါ ဆရာ။
ဆရာ။ ။မင်း က သချာင်္ ကို နားမလည်ဘူးပဲ။
မောင်ပု။ ။ဆရာ လဲ ကျွန်တော်.အဖေ ကို နားမလည်ပါဘူး။
ငင်---

တတိယမဲ....

၂၀၁၅ ခုနှစ်။ မြန်မာပြည်၏ ရွေးကောက်ပွဲကြီးကျင်းပချိန်တွင်ဖြစ်၏။
ပြည်ခိုင်ဖြိုးပါတီမှ အမတ်လောင်း တစ်ဦးသည် ရွေးကောက်ပွဲတွင် မဲ သုံးမဲသာရ၏။
ထိုအခါ မိန်းမ ဖြစ်သူမှ မကျေမချမ်း ပြောလိုက်သည်မှာ.....
" ပတမမဲက ရှင့်မဲ ၊ဒုတိယ မဲက ကျမ ပေးခဲ့တဲ့ မဲ။အင်းးးး...တတိယ မဲ က ဘယ်ကရောက်လာတာလဲ။ကျမ အစ ကတည်းက ထင်နေသား။
ရှင့်ဆီမှာ နောက်မိန်းမ တစ်ယောက် ရှိလိမ့်အုန်းမယ်လို့ ဆိုတာ...." ......
တိန်---

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...