Wednesday, October 22, 2014

#‎ကမ်းကြည့်ငှက်‬



ရှေး၌ ဖြစ်ဖူးသည်ကား သမုဒ္ဒရာ၌ သွားလာကုန်သော ကုန်သည်တို့သည် ကမ်းကြည့်ငှက်ကို ဖမ်းဆီး၍ လှေဖြင့် သမုဒ္ဒရာသို့ သွားကုန်၏၊ လှေသည် ကမ်းကို မမြင်လတ်သော် ထိုကုန်သည်တို့သည် ကမ်းကြည့်ငှက်ကို လွှတ်လိုက်ကြကုန်၏၊
ထိုငှက်သည် အရှေ့အရပ်သို့ ပျံသွား၏၊
အနောက်အရပ်သို့ ပျံသွား၏၊


မြောက်အရပ်သို့ ပျံသွား၏၊
တောင်အရပ်သို့ ပျံသွား၏၊
အထက်အရပ်သို့ ပျံသွား၏၊
ထောင့်အရပ်သို့ ပျံသွား၏၊
ထိုငှက်သည် ထက်ဝန်းကျင်မှ ကမ်းကို အကယ်၍ မြင်ပါမူ ထိုမြင်ရာသို့ ပျံသွား၏၊
ထိုငှက်သည် အကယ်၍ ထက်ဝန်းကျင်မှ ကမ်းသို့ မမြင်ပါမူ ထိုလှေသို့သာလျှင် တစ်ဖန် ပြန်လာ၏။ (အင်္ဂုတ္တိုရ် ဆက္ကနိပါတ်)
ကမ်းကြည့်ငှက်လိုပါပဲ။ အချိန်တန်တော့လည်း ဒီပေတိပေစုတ် ဓမ္မနဒီလေးဆီ ပြန်ရောက်လာပြန်တာပါပဲ။ ဘဝမှာ ကွန်ပြူတာလို deleteကီးသာ ပါလို့ကတော့ တစ်နေ့တည်းနဲ့ အခါတစ်ရာ နှိပ်ပစ်တယ်။
ကျောင်းထိုင်ဘဝ မကောင်းမှန်း သိလိုက်ရတဲ့အချိန်မှာ ကျောင်းက ထိုင်ပြီးနေပြီ။ တစ်နှစ်ကျော် ကျောင်းထိုင်ဘဝသက်တမ်းမှာ စိတ်တိုင်းကြတာဆိုလို့ အိပ်ရေးဝတာ တစ်ခုပဲ။ ကျန်တာတွေကတော့ အပူတွေချည်းပဲ။ ငါ့ညီတို့ ရမ်းမထိုင်ကြနဲ့။ စိတ်က အဆင်မပြေရင် ပြင်ပ ဘယ်အရာဝတ္ထုမှ အဆင်မပြေဘူး။ ကိုယ်စိတ်ကို ကျောင်းတိုက်တစ်ခု ဖြစ်အောင် လုပ်နိုင်ပြီဆိုမှ ထိုင်ဟ။
လူတွေလည်း ထို့အတူပဲ။ ကိုယ်တစ်ယောက်တည်းနဲ့ တည့်အောင် နေနိုင်ပြီဆိုမှ အဖော်ရှာဟ။ လူဆိုရင် စိတ်ထဲမှာ အဖော်မရှိဘဲ အခြားအဖော်ရှာလည်း တွေ့မှာ မဟုတ်ဘူး။ ဘုန်းကြီးဆိုရင်လည်း စိတ်က မထိုင်ဘဲ ကျောင်းမှာ ထိုင်နေလို့ကတော့ ငြိမ်းချမ်းမှာ မဟုတ်ဘူး။
ရမ်းမလုပ်နဲ့။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...