Thursday, October 30, 2014

သြော် မိန်းမ ....

လင်မယားနှစ်ယောက် ကိုယ်ပိုင်ကားနဲ့ ခရီးထွက်လာတယ်
လမ်းခုလတ် ထမင်းဆိုင်မှာ ကားခဏရပ်ပြီး ထမင်းစားကြတယ်။
ထမင်းစားပြီးလို့ ပြန်ထွက်လို့ အတော်လေးလည်း မောင်းမိရော ယောက်ျားလုပ်သူက ပြောတယ်… ..::
“ဟာ… မိန်းမရေ၊ ခုနက ထမင်းဆိုင်မှာ ငါ့ဦးထုပ် မေ့ကျန်ခဲ့ပြီကွာ၊ သွားပြန်ယူမှပဲ”
… ဆိုပြီး ကားကိုနောက်ပြန်လှည့်ပြီး မောင်းလာခဲ့တယ်။
အဲ…
ပြန်ကွေ့ပြီးမောင်းလာရာ လမ်းတစ်လျှောက်မှာ မိန်းမလုပ်သူက ပွစိပွစိနဲ့ မြည်တွန်တောက်တီးပါလေရော… …
::
“ရှင် ဟာလေ၊ အမြဲတမ်း နမော်နမဲ့နဲ့၊ ဘာလုပ်လုပ် သတိလေးထားရတယ်”
“အေးပါကွာ”

“အဲလို့ မေ့လျော့တယ်ဆိုတာ ကောင်းတာမဟုတ်ဘူး ရှင့်”
“အေးပါကွာ”
::
“ခု ကြည့်စမ်း၊ အချိန်လည်းကုန်၊ ဆီလည်းကုန်၊ ခရီးလည်းဖင့်၊ လူလည်းပင်ပန်း”
“အေးပါကွာ”

“#$@%^&*^%$”
“အေးပါကွာ”

“@#$!@!@!@*&&”
“အေးပါကွာ”
::
ဒီလိုနဲ့…
ခုနကဆိုင်ကို ရောက်တော့ ယောက်ျားလုပ်သူ ဆင်းသွားပြီး သူ့ဦးထုပ်ကို သွားယူတယ်။
ပြန်လာတော့ ကားထဲမှာ မျက်နှာစူအောက်အောက်နဲ့ ထိုင်စောင့်နေတဲ့ သူ့မိန်းမရဲ့ပေါင်ပေါ်ကို ပစ္စည်းတစ်ခု ပစ်ချလိုက်ရင်း ပြောတယ်… …

“အဲဒီမှာဟေ့… ဆိုင်ရှင်က ပြန်ပေးလိုက်တာ၊ စာပွဲပေါ်မှာကျန်ခဲ့တဲ့ မင်းရဲ့ပိုက်ဆံအိတ်”

“ရွှမ်…”

Credit: သန်၎ကို

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...