Sunday, October 26, 2014
သူငယ်ချင်းရဲ့ ၂၀၁၄ ခုနှစ်အောက်တိုဘာ ၂၂ ရက်စွဲဖြင့် မိမိထံအိတ်ဖွင့်ပေးစာကို ပြန်ကြားခြင်း။
သို့ 
စောထူးထူးလေး
ကေအင်ယူဥက္ကဌ၏ အကြံပေး၊ ဗိုလ်မှုးကြီး
အကြောင်းအရာ။               သူငယ်ချင်းရဲ့ ၂၀၁၄ ခုနှစ်အောက်တိုဘာ ၂၂ ရက်စွဲဖြင့် မိမိထံ
အိတ်ဖွင့်ပေးစာကို ပြန်ကြားခြင်း။
သူငယ်ချင်း
ဘယ်လိုဘဲ ဖြစ်ဖြစ် မင်း အခုလို ပွင့်ပွင့်လင်းလင်းပြောလာတာ ကို ကြိုဆိုလျှက်ပါ။
ဘာကြောင့်လဲဆိုတော့ ငြိမ်းချမ်းရေးဆိုင်ရာ ပြသနာတွေကို လူထုကြီးတရပ်လုံး သိနိုင်တဲ့ လမ်းကြောင်းလေးတွေ ပေါ်လာစေခြင်လို့ ဘဲ။ All Inclusive အားလုံးပါဝင် ရေးဆိုတဲ့ ဆိုင်းဘုတ်အောက် ကနေ ငါးပွင့်ဆိုင်တွေ၊ သုံးပွင့်ဆိုင် တွေဘန်းပြပြီး စစ်အစိုးရက သူလက်သပ်မွေးထားတဲ့ အင်အားစုတွေ ထည့်ဘို့ ကြိုး စားနေတာကို မကြိုက်လို့ ဘဲ။ (စစ်အစိုးရလို့ ပြောတာကို မင်းလက်ခံနိုင်မှာပါ။ အခုမင်းတို့ ကေအင်ယူခေါင်းဆောင်တွေ နဲ့ ဓါတ်ပုံတွဲရိုက်ထားတဲ့  ပုဂ္ဂိုလ် တွေကို ကြည့်ပါ။ ၂၀၀၈ ဖွဲ့ စည်းပုံအရရော လက်တွေ့  အရရော တကယ့်အာဏာလဲ သူတို့ လက်ထဲမှာဘဲ ရှိနေတယ် မဟုတ်လား။) ဒါကြောင့် ငြိမ်းချမ်းရေး ပြသနာတွေကို အဖြေရှာရာမှာ စစ်အစိုးရနဲ့ သူ့ လူတွေ အဓိက လွှမ်းမိုးမယ့် ʻအားလုံးʼ ဆိုတဲ့ စကားလုံးထက် ʻလူထုပါဝင်ရေးʼ ဆိုတဲ့ ဝေါဟာရ ကို ကိုယ်ကတော့ ပိုပြီးတန်ဘိုးထားတယ်။
သာဓကအားဖြင့် အခုပေးစာတွေ ထွက်လာသလိုပေါ့ ။ကေအင်ယူရဲ့ ထိပ်တန်းခေါင်းဆောင်တချို့ နဲ့  တသား တည်းရှိနေတဲ့ မင်းက ကိုယ့်ဆီကို အိပ်ဖွင့်ပေးစာပို့ လာ၊ မင်းဘက်က အမြင်ကိုတင်ပြ၊ ကိုယ်ကလဲ ကိုယ့်အမြင်ကို ပြန် တင်၊ ဒီအခါမှာ သတင်းအချက်အလက်တွေကို လူထုတွေ ပိုသိရှိလာကြပြီး ပိုစဉ်းစား ခွင့်ရ၊ မတူတဲ့သုံးသပ်ချက်တွေ ပေါ် ထွက်လာ၊ သူငယ်ချင်းလိုဘဲ အခြားတိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့ အစည်းခေါင်းဆောင်တွေ ကလဲ သူတို့ အမြင်တွေ၊ ဆွေးနွေးပွဲမှာ ကြုံရတဲ့ အခက်အခဲတွေကို အခုထက်ပိုပြီး ပွင့်ပွင့်လင်းလင်းတင်ပြချက်တွေပြု၊ အဲဒါတွေအပေါ်မှာ အခြေခံပြီး လူထုတွေ လွတ်လပ်စွာ စုစည်းဆွေးနွေးခွင့်ရ၊ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ် ခွင့်ရ ကြမယ် ဆိုရင် တဖြေးဖြေးနဲ့ လူထုလှုပ်ရှားမှုတွေ ဖိအားတွေ ပေါ်လာနိုင်တယ်။ ဒါဟာ ʻလူထုပါဝင်ရေးʼ ဘဲလို့  ကိုယ် နားလည် တယ်။ ဒီလိုဖြစ်စေခြင်တာပါ။ ပဋိပက္ခရဲ့ ဘက်နှစ်ဘက် အစည်းအဝေးတွေမှာ ကိုယ်တိုင်တက်ခွင့်ရဘို့ မလို ပါဘူး။
            မင်းရဲ့ စာထဲမှာပါတဲ့ အချက်တွေကို မပြန်ကြားခင် ကိုယ့်ရပ်တည်ချက်ကို နည်းနည်းကလေး ပြောပါရစေ။ ပထမ ကတော့ မာနယ်ပလော တော်လှန်စစ်ကာလအတွင်းမှာရော နောက်ပိုင်း မှာပါ အဓိကအားဖြင့် ကေအင် ယူ လွှမ်းမိုးတဲ့ ဒေသ နဲ့ အဲသည်နောက်ခံကို အမှီပြုပြီး တော်လှန်ရေးလုပ်ခွင့်ရခဲ့တွက်ရော၊ စစ်အာဏာရှင်စနစ် ဆန့် ကျင်ရေးအခြေခံကနေ ဥပဒေစိုးမိုးရေး အထောက်အကူပြုလုပ်ငန်းတွေ လုပ်ခွင့်ရခဲ့တဲ့အတွက်ပါ ကေအင်ယူကို တန်ဘိုးထားဆဲဘဲ ဆိုတာပါ။
            ဒုတိယ ကတော့ အခုမင်းနဲ့ အနီးကပ်နေပြီး ကေအင်ယူ ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တာဝန်ယူ နေသူတွေ ထဲမှာ ကိုယ်နဲ့ ပုဂ္ဂိုလ်အရပြသနာ ဖြစ်ခဲ့တာ တဦးမှ မရှိဘူးဆိုတာဘဲ။ လက်ရှိဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖေါ ဟာ ကိုယ့်ရဲ့ 
ရေဒီယို အင်တာဗျူး၊ ဥပဒေကြောင်း သုံးသပ်ချက်တွေကို အသိအမှတ်ပြု အားပေးလေ့ရှိသူတွေထဲက တဦးပါ။ကိုယ်လဲ သူ့ ကို တလေးတစား ဆက်ဆန်ခဲ့တာဘဲ။ ငြိမ်းချမ်းရေး တကယ်ရစေခြင်တဲ့ စေတနာ သူ့ မှာ ရှိမယ်ဆိုတာ ကိုယ်ယုံ ကြည်တယ်။ ဒါပေမယ့် သူငယ်ချင်း။ စေတနာတခု ထဲနဲ့ ဆိုရင်တော့ ပြသနာတက်တတ်တယ် လေ။ အဖေ့ရဲ့ နဖူးပေါ် မှာ မှက်တကောင်ကိုက်နေလို့ အဖေ့အပေါ်စေတနာ ထားပြီး သားဖြစ်သူက အဲဒီ မှက် ကို သစ်ခုတ်တဲ့ ပုဆိန်နဲ့ ထခုတ်၊ မှက်က အသာလေးပျံထွက်သွား၊ အဖေကတော့ ပုဆိန်လက်ချက် နဲ့ အသက်ထွက် သွားခဲ့ရတဲ့ သစ်ခုတ်သမား သားအဖ ပုံပြင်ကို သူငယ်ချင်း မှတ်မိတယ် မဟုတ်လား။
            အထွေထွေ အတွင်းရေးမှုး စောကွယ်ထူးဝင်း နဲ့ လဲ ၁၉၉၃ ခုနှစ် သူ ဘိတ် ထားဝယ်ခရိုင်မှာ ခရိုင်ဥက္ကဌ လုပ်ခဲ့စဉ်ကထဲက တစုံတရာ ရင်းနှီးခဲ့ကြသူတွေဘဲ။ သူ အကူအညီတောင်းလို့ အိန္ဒိယ သမုဒ္ဒရာထဲက Landfall ကျွန်းပေါ်မှာ အဖမ်းခံလိုက်ရတဲ့ ကေအင်ယူ ရဲဘော် ၁၁ ဦးနဲ့   ရခိုင်တပ်မတော်က ရဲ ဘော် ၂၅ ဦးလွတ်မြောက်ရေး အတွက် အဲဒီတုံးက အိန္ဒိယ ကာကွယ်ရေးဝန်ကြီး George Fernandes အိမ်အရောက်သွား၊ သူနဲ့ တွေ့ ခွင့်မရမချင်း ထိုင်စောင့်၊ ည ၁၂ နာရီလောက်မှ တွေ့ ခွင့်ရ၊ ပြောခွင့်လဲ ရခဲ့၊ တစိပ်တပိုင်း နိုင်သလောက်လေးတော့ အဲသည်လို ၀ိုင်းဝန်း ကြိုးပမ်း ပေးခဲ့တာပါ။
            ဓါတ်ပုံထဲက ဘယ်ဘက်အစွန်ဆုံးမှာ ရှိနေသူ ကေအင်ယူရဲ့ လက်ရှိ ကာကွယ်ရေးဌာနတာဝန်ခံ စောရော်ဂျာ ခင် ဆိုရင် မာနယ်ပလောတော်လှန်စစ်ကာလ နှစ်တချို့ အတွင်း အနေနီးနီးကပ်ကပ်ရှိခဲ့ကြပြီး အခက်အခဲတွေကို အတူ တကွ ရင်ဆိုင်ခဲ့ကြတာပါ။ လူကြီးတွေကသာ တာဝန်ပေးရင် သုံးနှစ်လောက် မပြန်တမ်းရှေ့တန်းထွက်ပြီးတော်လှန်ရေး ကို ပြီးအောင်လုပ်ခြင်သဗျာ လို့ မကြာမကြာပြောတတ်လို့ ကိုယ်အပါအ၀င် သူနဲ့ ရင်းနှီးတဲ့ ရဲဘော်တွေက သူ့ ကို တန်ဘိုးထားခဲ့ကြပါတယ်။
            ဒါတွေ ပြန်ပြောနေတာ တခြားကြောင့်မဟုတ်။ အခုလတချို့ အတွင်း ကေအင်ယူကို အတိအလင်း ဝေဘန်သူ တွေအနက် ရှေ့ တန်းနေရာမှာ ကိုယ်ရှိလာလို့ မင်းကိုယ်တိုင် ကိုယ့်ဆီကို အခုလိုအိပ်ဖွင့်ပေးစာ ပေးလာရတယ် မဟုတ် လား။ ဒါပေမယ့် သူငယ်ချင်း။ ဒီ ဝေဘန်ချက် တွေမှန်သမျှဟာ မရိုးမသား တခုမျှမပါ။ ကေအင်ယူကောင်းစေခြင်တဲ့ စေတနာ အခြေခံကနေ တပြည်လုံးမှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရသွားစေခြင်လို့  ဆိုတာကို တိုင်းရင်းသားနိုင်ငံရေး ဇာတ်ခုံရဲ့  ရှေ့ တန်းနဲ့ လက်တကမ်း မှာ ရှိနေတဲ့ မင်းကိုယ်တိုင် ပြန်လည် စဉ်းစားစေခြင်လို့ ပါဘဲ။
            ကဲ အခု မင်းရေးတဲ့စာထဲက အရေးကြီးတဲ့ အချက်အချို့ ကို ပြန်လည်တုန့် ပြန်ပါမယ်။ မင်းက သည်လို ရေးခဲ့တယ် မဟုတ်လား။
သူငယ်ချင်း  မင်းမှတ်မိသေးမယ်လို့ထင်တယ်။ ဗိုလ်ချုပ်ကြီး စောဗိုလ်မြက KNU ကိုယ်စားလှယ် အဖွဲ ခေါင်းဆောင်၊ ကိုယ်က ဒုတိယအဖွဲ့ခေါင်းဆောင် အနေနဲ့ ယခင် နအဖ နဲ့ တွေ့ဆုံဖို့မသွားခင် မင်းငါ့ကို မဲဆောက်မှာ ပြောသွားတဲ့ စကားလေ။ "မင်းတို့မှားလိမ့်မယ်" တဲ့။
မင်းရဲ့ အဲသည်စကားကို ပြန်တုန့် ပြန်ပါရစေ။ "မင်းတို့မှားလိမ့်မယ်" လို့  ကိုယ်ပြောခဲ့တာ မှတ်မိ တာပေါ့ 
သူငယ်ချင်း။ ဘာကြောင့်လဲ ဆိုတော့ ဗိုလ်ချုပ်ကြီးမြ ဦးဆောင်တဲ့ မင်းတို့ တဖွဲ့ လုံးရဲ့ ငြိမ်းချမ်းရေးရည်မှန်းချက်ကို တန် ဘိုးထားပေမယ့် မဟာဗျူဟာအရတော့ လွဲသွားခဲ့တယ်လို့ ဆိုနိုင်တယ်။ အခြေအနေနှစ်ရပ်ကို ချိုးဖေါက်ရာရောက်သွား ခဲ့လို့ ဘဲ။
() တပ်ပေါင်းစုနဲ့ ဘဲ ဆွေးနွေးမယ် ဆိုတဲ့ မူကို ကေအင်ယူ ကိုယ်တိုင် ချိုးဖေါက်လိုက်သလို ဖြစ်သွားတယ်။
အပြစ်တင်တာမဟုတ်။ နောက်ဆုံးမှာကေအင်ယူကိုယ်တိုင် အခြေအနေရဲ တွန်းပို့ ခြင်းကို အဲသည်တုံး
ကခံလိုက်ရတာကို နားလည်နိုင်တယ်။ ဒါပေမယ့် အခုလက်ရှိအခြေအနေက တပ်ပေါင်းစု နဲ့ စုစုစည်း
စည်း တောင့်တောင့်တင်းတင်းဆွေးနွေးခွင့်ရနေပါရက်နဲ့ အဲသည်စည်းဝိုင်းကနေ ထွက်ဘို့ ကြိုးစား တာ
မျိုးဖြစ်နေတယ်။ ဒါကတော့ မဖြစ်သင့်ဘူး ထင်တယ်။
() တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ဆိုတဲ့ ဝေါဟာရနဲ့ တောင်းဆိုချက်ကို တပ်ပေါင်းစုက စတောင်းခဲ့တာပါ။
ကိုယ်မှတ်မိသလောက်ကတော့ မြန်မာပြည်ဒီမိုကရက်တစ်မဟာမိတ် အဖွဲ့ ချုပ် (DAB) အားကောင်းစဉ်
အချိန်တုံးကပေါ့။ အဲသည်တောင်းဆိုချက်အောက်မှာ ရလို့ ကေအင်ယူက သွားရောက်ဆွေးနွေးတာမျိုး
ဆိုရင်ဒုံဇရစ် တပ်စခန်းသိမ်းတိုက်ပွဲလိုမျိုး ပြသနာမတက်နိုင်တော့ဘူးပေါ့။
အကျဉ်းချုပ် သုံးသပ်ကြည့်ရင် အဲဒီတွေ့ဆုံဆွေးနွေးပွဲတွေက ဘာအဖြေမှ မယ်မယ်ရရ မထွက်ခဲ့ ပါဘူး။ လူကြီးလူကောင်းသဘောတူညီချက်လို့ခေါ်တဲ့ Gentlemen Agreement နဲ့ဘဲ လုပ်သွားကြရတယ်။
အဲသည် လူကြီးလူကောင်း သဘောတူညီချက်ကလက်တွေ့ မှာ ပြသနာ တလျှောက်လုံးတက်ခဲ့တာ ပေါ့။ မင်းကိုယ်တိုင် အဓိကကျတဲ့ တဒေါင့်တနေရာကနေ ပါဝင်ပြီး ကေအင်ယူနဲ့ စစ်အစိုးရတို့ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ(၁၂) ရက်နေ့ မှာ ချုပ်ခဲ့တဲ့အပစ်ရပ်စာချုပ်ထဲမှာလဲ လူကြီးလူကောင်းသဘောတူညီချက်သာသာ ဘဲရှိခဲ့တယ်မဟုတ်လား။ သူငယ်ချင်းလဲ ရန်ကုန်တက္ကသိုလ်ဥပဒေဌာန B.A (Law) LL.B First Batch ကနေဆင်းလာတဲ့  ဥပဒေသမား တဦးဘဲ။ စာချုပ်တခုကိုချုပ်ဆိုတဲ့အခါမှာ တဘက်ဘက်ကနေ အလွယ်တကူ မချိုး ဖေါက်ရဲအောင်၊ ချိုးဖေါက်ခဲ့ သည်ရှိသော် ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်အောင် ဥပဒေသဘော ဆောင်တဲ့ အခြေခံကနေ စည်းနှောင်အား Binding Force ထည့်ပေးရမှာကို တို့ နားလည်ကြတာဘဲ။ အဲသည်အတိုင်းလုပ်ခဲ့ရဲ့ လားဆိုတာ ကေအင်ယူနဲ့  စစ်အစိုးရ ချုပ်ဆိုခဲ့တဲ့ စာချုပ်အပေါ် လူထုတရပ်လုံးလေ့လာခွင့်ရအောင် ထုတ်ပြန်ပေးပါလား သူငယ်ချင်း။
သာဓက တခုကနေ စတင်ဆွေးနွေးပါမယ်။
၂၀၁၄ ခုနှစ်စက်တင်္ဘာလ ၁၆ ရက်နေ့ က မြ၀တီမှာ ကေအင်ယူတပ်မဟာ ၆ က စောတာနိ ဆိုတဲ့ ရဲဘော်တဦးကို စစ်အစိုးရရဲ့ နယ်ခြားစောင့်တပ်က ဖမ်းဆီးစစ်ဆေးပြီး သတ်ပစ်လိုက်တာ အထင်အရှားဘဲ မဟုတ် လား။ သူ့ အလောင်းမှာ လက်ထိပ်တန်းလန်းကြီးနဲ့ ဘဲ။ ကရင်ကို ကရင်က သတ်တဲ့ဇာတ်လမ်းဖန်တည်းထားပေမယ့် ဒါဟာ စစ်အစိုးရအာဏာပိုင်တွေ လက်ချက် ဆိုတာတွက်လို့ ၇နိုင်တာဘဲ။ ကျဆုံးသွားတဲ့ ကရင်ရဲဘော်နဲ့ သူ့ မိသားစု အပေါ်ဂရုဏာရိုးရိုးထားပြီး နိုင်းယှဉ်ထောက်ပြမယ်။
ထိုင်းနိုင်ငံမှာ မြန်မာလူငယ်နှစ်ဦးက အင်္ဂလိပ်နှစ်ဦးကို သတ်တယ်လို့  စွပ်စွဲခံရတဲ့ အမှုမှာ စစ်အစိုးရအာဏာ ပိုင်တွေက ထိထိရောက်ရောက်နောက်ကလိုက်ပေးနေတယ်။ ကောင်းပါတယ်။ တစုံတရာတိုးတက်လာတယ်လို့ ပြော နိုင်တယ်။ ၂၀၀၃ ခုနှစ်မေလ ၁၄ ရက်နေ့ တုံးက မဲဆောက်မြို့ အနီးမှာ မြန်မာ ရွှေ့ ပြောင်းအလုပ်သမား ၆ ဦးအသတ်ခံ ခဲ့ရတုံးက ဘန်ကောက်ပို့ စ် နဲ့ နေးရှင်းသတင်းစာကြီးတွေမှာ ပါခဲ့တာတောင် စစ်အစိုးရက ဘာမှ လုပ်မပေးခဲ့တာဘဲ။ အဲသည်တုံးက မြန်မာနိုင်ငံရှေ့နေများကောင်စီကို ကိုယ်ဦးဆောင်ခဲ့တုံးဖြစ်တော့ ထိုင်းရှေ့နေအသင်း ၊ ထိုင်းလူ့ အခွင့် အရေးအဖွဲ့ တွေနဲ့ ပေါင်းပြီး ပြစ်မှုကျူးလွန်ခဲ့တဲ့ထိုင်းနိုင်ငံသားတွေ နှစ်ကြီးပြစ်ဒဏ်ကျခံသွားရအောင် ကြိုးပမ်းပေးနိုင်ခဲ့ တယ်။ ဒါ ထားပါတော့။
အခုမျက်မှောက်အချိန်မှာ ထိုင်းနိုင်ငံမှာ မြန်မာလူငယ်နှစ်ဦးအဖမ်းခံ၊ စွပ်စွဲခံရရုံနဲ့ သူတို့ ရဲ့  အမှုမှန်ပေါ်ရေး အတွက် တကမ္ဘာလုံးသိအောင် ကြေငြာပြီး စစ်အစိုးရက ထိထိ ရောက်ရောက် နောက်က လိုက်ပေးနေတဲ့ တချိန်ထဲ လိုလိုမှာဘဲ မြန်မာနိုင်ငံက မြ၀တီ မြို့ မှာ ကေအင်ယူက ကရင် လူငယ်တဦးအသတ်ခံရတဲ့ ကိစ္စ အမှုမှန်ပေါ်ရေး အတွက် တကမ္ဘာလုံးသိအောင် ကြေငြာပြီး ဘာကြောင့် လိုက်မပေးသလဲ။ ကရင်တယောက်ရဲ့ အသက်ဟာ မြန်မာ ထက်ပိုပြီး ဈေးပေါနေလို့ လား။ စစ်အစိုးရအာဏာပိုင်တွေက ကရင်နဲ့ ကရင်အကြားမှာ ပြသနာ တက်အောင် ကြိုတင် စီစဉ်ပြီး သတ်လိုက်တဲ့မှုခင်းဖြစ်လို့ မသိခြင်ယောင်ဆောင်နေတာလား။ 
ဒီသံသယတွေ ပျောက်စေခြင်ရင် တရားမျှတတဲ့ တရားခွင် Fair Trial  အခွင့်အရေးကို ဘာကြောင့်ဖန်တည်း မပေးသလဲ။ အမှုဖြစ်စဉ်အစအဆုံး၊ အရေးယူဆောင်ရွက်မှုတွေကို လူထုတ၇ပ်လုံးရှင်းရှင်းလင်းလင်းသိအောင် သတင်း တွေ ဘာကြောင့် ပေါ်ထွက်မလာ သလဲ။ အဲသည်လို ပေါ်ထွက်လာအောင် ကေအင်ယူကရော ဘာတွေဖိအားပေး လုပ် ဆောင်ပြီး ဘာတွေ အခက်အခဲ ရှိနေသလဲ။ ဒီကိစ္စအမှုမှန်ပေါ်အောင်နဲ့ အထက်က အမိန့် ပေးသူကိုပါ အရေးယူနိုင် အောင် ၀ါရင့်ဥပဒေသမားတဦးလဲဖြစ်၊ ကေအင်ယူရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ လဲ တလျှောက်လုံးအတူ လုပ်နေတဲ့ သူငယ်ချင်းအနေနဲ့ ဘယ်လိုဆောင်ရွက်ထားသလဲ ဆိုတာ ကိုယ့်ကို အသိမပေးနိုင်ဘူးလား။
ဒါက သာဓက တမှုဘဲရှိပါသေးတယ်။ ကေအင်န်အယ်အေသာမကဘဲ ကေအင်ဒီအို စစ်သားတွေပါ အသတ်ခံ ရတဲ့ အခြားအမှုတွေ အတော်များများရှိပါသေးတယ်။ သူငယ်ချင်းက ပိုပြီး သိမှာပါ။ လက်နက်ကိုင်ထားတဲ့ သူငယ်ချင်း တို့ ရဲဘော်တွေကိုယ်တိုင်တောင်မှ အသက်ရှင်သန်ခွင့် အာမခံချက်မရှိရင် ရိုးရိုးကရင်လူထုတွေရဲ့ ဘ၀က ဘယ်လိုနေ မလဲ။ ဒီလိုဆိုးဝါးတဲ့မှုခင်းမျိုးတွေကို ကိုင်တွယ်ဖြေရှင်းရာမှာပံ့ပိုးပေးနိုင်ဘို့  ကိုယ်တို့ ရဲ့ ဥပဒေအထောက်အကူပြု ကွန်ရက်နဲ့ ပါ လက်တွဲ ဆောင်ရွက်ကြ မယ်ဆိုရင် ဥပဒေစိုးမိုးရေးအတွက် တစုံတရာ အကျိုးဖြစ်နိုင်မယ်လို့ စဉ်းစား စေခြင်တယ်။ စစ်အစိုး၇ ငြိုငြင်မှာကြောက်လို့  ကိုယ်တို့ နဲ့ လက်မတွဲရဲဘူး ဆိုရင်တော့လည်း ဘာတတ်နိုင်မှာလဲ။
ကေအင်ယူနဲ့ စစ်အစိုးရတို့ လက်မှတ်ထိုးခဲ့တဲ့ အပစ်ရပ်စာချုပ်မှာ ဒီလိုပြသနာတွေ ပေါ်လာရင် ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်မယ့် ယန္တယားတွေ ပါရဲ့ လား။ ပါတယ် ဆိုရင် ဘာကြောင့် မသုံးသလဲ။ ကရင်လူထုတရပ်လုံး သိအောင် ထုတ်ပြန်ပေးပါလား။ ပြည်တွင်း ပြည်ပမှာ ရှိနေကြတဲ့ ကရင်လူထုတွေ အနေနဲ့ ဝိုင်းပြီး ဖိအားပေးကြမယ် ဆိုရင် နယ်ခြားစောင့်တပ်က ကရင်စစ်သားအချို့ ကို လက်ညှိုးထိုးပြပြီး အမှုပိတ်သွားတာမျိုး မဖြစ်တော့ဘဲ၊ အမှုမှန် ပေါ်လာပြီး နောင်ကို ဒါမျိုး မဖြစ်အောင် ကာကွယ်စောင့်ရှောက်ရာ ရောက်မယ် မဟုတ်လား။ ဒါမှသာ ဥပဒေစိုးမိုးရေး ကို အထောက် အပံ့ဖြစ်စေမှာပေါ့။ ဥပဒေစိုးမိုးရေးရှိမှသာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရမယ်။ ဒီလိုမဟုတ်ဘူးလား သူငယ် ချင်း။
သူငယ်ချင်းဆီကို စာရေးနေစဉ်မှာတင် သတင်းဝင်လာတယ်။ အလွတ်သတင်းထောက် ကိုအောင်ကျော်နိုင် ခေါ် ကိုပါကြီးဆိုသူဟာ ဒီကေဘီအေ ဒေသတွေကနေ သတင်းယူပြီးအပြန်လမ်းမှာ စစ်အစိုးရရဲ့ ကျိုက်မရော အခြေစိုက် ခြေမြန်တပ်ရင်း ၂၀၈ က ဖမ်းပြီးသတ်ပစ်လိုက်ပြန်ပြီ ဆိုပါလား။ ဒီသတင်းမှန်ရင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းတွေ ရှိတဲ့နေရာကို သတင်းထောက်တွေ မလာရဲအောင် လုပ်လိုက်တာ မဟုတ်ဘူးလား။ ဒီလိုဆိုရင် လူထုတွေခံစားနေရတဲ့ဘ၀အမှန်တရားတွေကို ဘယ်သူတွေက ဖေါ်ထုတ်ပေးကြဦးမှာလဲ။ ဒီလို ဥပဒေမဲ့
သတ်ဖြတ်မှုတွေ ရှိနေတော့ ဥပဒေစိုးမိုးရေးပျက်တော့တာပေါ့။ ဘယ်လိုလုပ်ပြီး ငြိမ်းချမ်းရေး ရနိုင်ပါ့မလဲ။
အမေရိကန် သမ္မတကြီး Franklin D. Roosevelt ရဲ့စကားနဲ့  "I kill my enemy by making him my friend" ဆိုတဲ့ အမေရိကန် သမ္မတကြီး Abraham Lincoln ရဲ့စကားဟာ ကိုယ့်ရဲ့လက်စွဲပဲလို့ မင်းရဲ့ ပေး စာမှာတွေ့  ရတယ်။ ဒါကို အခြေခံအားဖြင့် မငြင်းပါဘူး သူငယ်ချင်း။ ဒါပေမယ့် ရန်သူကို မိတ်ဆွေဖြစ် အောင်လုပ်ရုံနဲ့ ၊ ရန်သူနဲ လက်ဆွဲနုတ်ဆက်ပြီး ဓါတ်ပုံတွေ အတူတွဲရိုက်ကြရုံနဲ့ တော့ ငြိမ်းချမ်းရေး မရနိုင်ဘူး သူငယ်ချင်း။ ဥပဒေစိုးမိုးရေး တကယ်တန်းရှိမှသာ ငြိမ်းချမ်းရေးကို မြှော်မှန်းနိုင်မယ်။ အဲဒီ အမေရိကန် သမတကြီးကို သူ့ ရန်သူကဘဲ သတ်လို့ သေ သွားခဲ့ရတာ ကြည့်ပါ။ (အမေရိကန်လို ဒီမိုကရေစီ နိုင်ငံမှာ ထက် မြန်မာနိုင်ငံလို  စစ်အာဏာရှင်စနစ်ကြီးစိုးနေတဲ့ နိုင်ငံမှာ) ဥပဒေစိုးမိုးရေးဟာ အဆတရာလောက်ပိုပြီး အရေး ကြီးကြောင်း သူငယ်ချင်း သဘောပေါက်နိုင်ပါတယ်။
ပြီးတော့ သူငယ်ချင်းက ဆက်ပြီးရေးပြသေးတယ်။
ကိုယ့်ရဲ့ အကြိုက်ဆုံး အဆိုအမိန့်ကတော့ ကိုယ့်ရဲ့ Commander in Chief ပြောတဲ့ "Blessed are the peacemakers, for they will be called children of God." – Matthew 5 : 9 (NIV).”
ဒါကိုလဲ ကိုယ်မငြင်းပါဘူး။ တခုတော့ရှိတယ်။ ဘာသာရေးက ရှာဖွေတဲ့ ငြိမ်းချမ်းရေး နဲ့ လူ့ အဖွဲ  အစည်း တရားမျှတ၊ လွတ်လပ်၊ တည်ငြိမ်၊ တိုးတက်၊ ဖွံ့ ဖြိုးဘို့ လိုအပ်လို ရှာဖွေတဲ့ ငြိမ်းချမ်းရေး၊ သည်နှစ်ခု က တထပ်တည်း ကျပါ့မလား။ သူငယ်ချင်း စဉ်းစားစေခြင်တယ်။ နောက်တခုက စစ်အစိုးရနဲ့ စာပွဲဝိုင်းမှာ ဆွေးနွေးတာ၊ နေပြည်တော်ကို သွားပြီးဆွေးနွေးတာတွေဟာ အရေးမကြီးမဟုတ် ကြီးပါတယ်။ ဒါပေမယ့် သည်အရာတွေလောက်ကိုဘဲလုပ်နေရုံနဲ့  ငြိမ်းချမ်းရေးရှာဖွေသူ၊ တည်ဆောက်သူရယ်လို့ ပြောနိုင်ပါ့မလား။
သူငယ်ချင်းတို့ ကအစည်းအဝေးခန်းကျယ်ကျယ်ကြီးရဲ့ စားပွဲခန့် ကြီးတွေမှာစစ်အစိုးရခေါင်းဆောင် တွေနဲ့ 
အစားအသောက်ကောင်းကလေးတွေ စားပြီး အေးအေးဆေးဆေး ဆွေးနွေးနေကြတဲ့ အချိန်မှာ ပြင်ပလူ့ အဖွဲ့ အစည်း အတွင်းမှာအထက်ကပြောခဲ့သလို ဖိနှိပ်မှု၊ သတ်ဖြတ်မှု၊ ရက်စက်မှု၊ မတရားမှုတွေ အဆက်မပြတ်ဖြစ်နေရင်၊ ပြီးတော့ စစ်အစိုးရက သူကြိုက်တဲ့ အချိန်မှာ အကြောင်းအမျိုးမျိုးပြပြီး စစ်ပွဲတွေထ ဆင်နွှဲနေရင် ဒါဟာ ငြိမ်းချမ်းရေးလမ်း ကြောင်းအမှန် ဟုတ်ပါ့ မလား။ ဒါတွေကို စစ်အစိုးရခေါင်း ဆောင်တွေ ငြိုငြင်မှာ စိုးလို့  လူထုတွေ သိအောင်တောင် ပေါ်ပေါ်ထင်ထင် မပြောရဲဘူးဆိုရင် ငြိမ်းချမ်းရေး ရှာဖွေ၇ာရောက်ပါ့မလား။
ငြိမ်းချမ်းရေးရဲ့ အဓိပ္ပါယ်ကဘာလဲ။ သူငယ်ချင်း ကိုယ့်ကို ပြောပြပေးပါလား။ (တနိုင်ငံလုံးဖြစ်စေ၊ ကရင်ပြည် နယ်အတွင်းမှာဖြစ်စေ) အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရုံနဲ့ ငြိမ်းချမ်းရေးလို့ တော့ မပြောနဲ့ နော်။ ဒီလိုပြောမယ် ဆိုရင် စစ်အစိုးရအကြိုက်ဖြစ်မှာသေချာပေမယ့် တိုင်းရင်းသား လူငယ်လေးတွေတောင် ယုံဘို့ မလွယ်တော့လို့ ဘဲ။
ငြိမ်းချမ်းရေး ကိစ္စကို ကိုယ့်ကြမ္မာ ကိုယ်ဖန်တည်းခွင့် အခြေခံကနေ ဆက်ပြီးဆွေးနွေးပါမယ်။
ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီး မိန့် ကြားသွားတဲ့ ကရင့်ကြမ္မာ ကရင်ဖန်တည်းခွင့် ဆိုတာကို ဖက်ဒရယ်ပြည်ထောင်စု အခြေခံကနေကြည့်ရင် ကရင်ပြည်နယ်အပါအ၀င် ပြည်ထောင်စု ဖွဲ့ စည်းရာမှာ ပါဝင်မယ့် ပြည်နယ်တွေမှာ ကိုယ့်ကြမ္မာကိုယ်ဖန်တည်းခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေရှိရမယ် မဟုတ်လား။ မင်းဒါကိုလက်ခံရင် သူငယ်ချင်းတို့ ဆွေးနွေးပွဲလုပ်နေကြတဲ့ သုံးနှစ်လောက်အတွင်းမှာ တိုင်းရင်းသားပြည်နယ်တွေ ရဲ့ အဲသည် အခွင့်အရေးအပေါ်ထိပါးတဲ့ ဥပဒေတွေကို စစ်အစိုးရရဲ့ လွှတ်တော်တွေက အတော်များများပြဌာန်းခဲ့တာ၊ ပြဌာန်းနေတာတွေကို ဘယ်လိုလုပ်ကြမလဲ။ မင်းတို့ ကေအင်ယူ ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်ကို သွားပြီး တွေ့ ဆုံဆွေးနွေးခဲ့တဲ့ ခြောက်ကြိမ်အတွင်း တကြိမ်မှာ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းနဲ့ တွေ့ ခဲ့တယ် မဟုတ်လား။ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဘို့ သူ သဘောတူကြောင်း ထပ်ခါတလဲလဲပြောနေတဲ့ ဦးရွှေမန်းကို ခင်ဗျား တို့ လွှတ်တော်က ဖက်ဒရယ်အခြေခံနဲ့ ဆန့် ကျင်တဲ့ ဥပဒေတွေ ဘာကြောင့် အထပ်ထပ် ပြဌာန်းနေတာလဲလို့  သူငယ်ချင်းကိုယ်တိုင်မေးခဲ့တာ ရှိသလား။ သူငယ်ချင်းတို့ ဥက္ကဌကြီးမေးဘို့ ရော အကြံပေးခဲ့တာ ရှိသလား။ မေးခဲ့ရင် ဦးရွှေမန်းဘာဖြေသလဲ။ ကရင်လူထုရော ကိုယ်ပါ သိရှိခွင့်ရအောင် ထုတ်ဖေါ်ပေးရင်ပိုကောင်းမယ် ထင်ပါတယ်။
ဒါတွေက ခိုင်မာတဲ့ တပ်ပေါင်းစု တခုရဲ့  အလံအောက်ကနေ စုပေါင်းတောင်းဆိုမှသာ ရနိုင်မှာပါ။ သူငယ်ချင်း တို့ ကေအင်ယူ တဖွဲ့ တည်းအနေနဲ့ နေပြည်တော်ကို သွားပြီး ခြောက်ကြိမ်ဆွေးနွေးခဲ့ပြီးပြီ။ လက်တွေ့ အရ ကရင် လူထု အတွက် အခိုင်အမာအခွင့်အရေး (Rights) တွေ ပေးမယ်လို့ စာနဲ့ ပေနဲ့ အာမခံချက်ဘာရသလဲ ပြောပါ။ တနိုင်ငံ လုံး အပစ်ရပ်စာချုပ်လက်မှတ်ထိုးပြီးရင် အခွင့်အလမ်း (Opportunities) တွေ ဟိုဟာလေးပေးမယ်၊ သည်ဟာလေး ပေးမယ်လို့ နုတ်နဲ့ ရွတ်ဆိုတဲ့အပေါ်မှာ ယုံစားပြီး ကေအင်ယူတခုလုံး အသုံးချခံလိုက်ရတဲ့ ဘ၀မျိုး မရောက်စေခြင်ဘူး။
လက်ထဲက ငှက်တကောင် နဲ့ ခြုံပုပ်ထဲက ငှက်နှစ်ကောင် ဥပမာကို ပြန်စဉ်းစားစေခြင်တယ်။ အခုလောလော ဆယ် စစ်အစိုးရကတဘက် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့ အစည်းတွေကတဘက် ဘက်နှစ်ဘက် ဆွေးနွေးခွင့်ရနေတဲ့အခြေအနေဟာ လက်ထဲက ငှက်တကောင်ဘဲ။ အခုရရှိထားတာကသေချာတဲ့ အခွင့် အလမ်းဘဲ။ လာမယ့် နိုင်ငံရေးဆွေးနွေးပွဲဆိုတာက ခြုံပုပ်ထဲက ငှက်နှစ်ကောင်ဘဲ။ ဆောက်ဖြစ်မှ ကျောင်းဒကာ မသေချာတဲ့ အခွင့်အလမ်းဘဲ။ စစ်အစိုးရက သူတို့ လိုခြင်တဲ့ တနိုင်ငံလုံး အပစ်ရပ်စာချုပ်ကို ရသွားပြီး ရင်နိုင်ငံရေးဆွေးနွေးပွဲ ဆိုတာကို (အမျိုးသားညီလာခံတုံးက ၁၅ နှစ် အချိန်ဆွဲခဲ့သလို) နောက်ထပ် နှစ်ပေါင်း သုံးဆယ်လောက် အချိန်ယူပြီး စစ်အာဏာရှင်စနစ် ဆက်လက်တည်မြဲအောင်လုပ်သွားရင် ဘယ်လိုလုပ်ကြမလဲ။
တနိုင်ငံလုံး အပစ်ရပ်စာချုပ်ကို ကေအင်ယူအနေနဲ့ ဘာဖြစ်လို့ အလွယ်တကူ လက်မှတ်ထိုးခြင်တာလဲ။ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ (၁၂) ရက်နေ့ မှာ အဲသလို လုပ်ခဲ့ပြီးပြီ။ အဲဒီ စာချုပ်က အခုဘာပြသနာကိုမှ မရှင်းနိုင်တာဘဲ။ စစ်ခေါင်းဆောင်တွေကို ချော့မော့လို့ ရရင် သူတို့ စိတ်ကြည်လင်ရင် ၇မယ့် သက်သာခွင့် (Easement) လောက်ရှိတာ ဘဲ။ စာချုပ်အရ ထမ်းဆောင်ရမယ့်တာဝန် (Obligation) အပေါ်အခြေခံပြီးရတဲ့ အခွင့်အရေး (Rights) မဟုတ်တော့ အခိုင်အမာ တောင်းဆိုအရေးယူလို့ မရဘူး မဟုတ်လား သူငယ်ချင်း။
တနိုင်ငံလုံး အပစ်ရပ်စာချုပ်ကို အလွယ်တကူ လက်မှတ်မထိုးဘဲ တိုင်းရင်းသား ပြည်နယ်တွေ ရသင့်ရထိုက် တဲ့ အခွင့်အရေး အခြေခံကျောရိုးတချို့  လောက်ကို တခါထဲကျအောင်ဆွေးနွေးဘို့ လိုမှာပါ။ ပါသင့်ပါထိုက်တဲ့ နိုင်ငံရေး အခွင့်အရေး အချို့ မျှဖြစ်တယ်။ အဲဒါအပြင် လူထုကို ကာကွယ်ပေးမယ့် လူ့ အခွင့်အေ၇း၊ သဘာဝသယံဇာတဆိုင်ရာ ပူးတွဲ စီမံခန့် ခွဲခွင့်၊ ဖက်ဒရယ်ပြည်ထောင်စု တပ်မတော် တည်ဆောက်ရေး အာမခံချက်တွေ အနည်းဆုံးအားဖြင့်ပါတဲ့ စာချုပ်ဖြစ်စေ ခြင်တယ်။  အဲဒါတွေ ပါပြီးတဲ့ စာချုပ်ကို (အခုမျက်မှောက်မှာဖြစ်ပျက်နေသလို) အလွယ်တကူ ချိုးဖေါက် တာမျိုး ခွင့်မပြုသင့်ဘူး။ ဒါကြောင့် ချိုးဖေါက်မှုတွေ မှန်သမျှကို ထိရောက်စွာ အရေးယူဆောင် ရွက်ခွင့်ရမယ့် ယန္တယား တွေ၊ နိုင်ငံ တကာရဲ့ ပါဝင်ပတ်သက်မှုတွေ ရှိလာအောင် ထည့်သွင်းချုပ်ဆိုဘို့ လိုမှာပါ။ ဒီလို ငြိမ်းချမ်းရေးစာချုပ် Peace Agreement မျိုး ပေါ်ထွက်လာဘို့  စဉ်းစားစေခြင်တယ်။
တပ်ပေါင်းစု ယူအင်န်အက်ဖ်စီ နဲ့ အခြားတိုင်းရင်းသားတော်လှန်ရေးအဖွဲ့ အစည်းတွေ ပူးပေါင်းကြပြီးတော့  ဒီလို စိုးရိမ်ချက်တွေ အပေါ်အခြေခံပြီး အလွယ်တကူလက်မှတ်မထိုးဘဲ ခိုင်မာတဲ့ သဘောတူညီချက် တွေရအောင် တဆင့်ပြီးတဆင့် ဆွေးနွေး ဘို့ ကြိုးစားနေတယ်ဆိုရင် သူတို့ ကို ငြိမ်းချမ်းရေး မလိုလားသူ၊ သဘောထားတင်းမာသူ (Hardliners) တွေ ဖြစ်တယ်ရယ်လို့ စွပ်စွဲမယ်ဆိုရင် မှန်ပါ့ မလား သူငယ်ချင်း။
ယူအင်န်အက်ဖ်စီ တပ်ပေါင်းစု စတင်ဖွဲ့ စည်းတုံးက ကိုယ်မပါခဲ့ လို့ ဒီကိစ္စ ဘာမှ မပြောလိုဘူး။ ဒါပေမယ့် ယူအင်န်အက်ဖ်စီ ဖွဲ့ စည်းပုံကို ကြည့်ပြီးပြီ။ နိုင်ငံရေးအရ ဦးဆောင်မှုကို ရှာဖွေရာမှာ တသွေး၊ တသံ၊ တမိန့် သဘော ဆောင်တဲ့ ပြဌာန်းချက်တော့မတွေ့ ရပါလား သူငယ်ချင်း။ တခုတော့ ရှိတယ်။ ပြည်ထောင်စု တပ်မတော် တည်ဆောက် ပြီ ဆိုရင်တော့ ဗဟိုချုပ်ကိုင် အမိန့် ပေးတဲ့ စနစ် Commanding System ရှိ၇မှာပေါ့။ အဲဒီ အထဲမှာ ကေအင်ယူလဲပါ လို့ ရတာဘဲ။ ဘာပြသနာ ရှိသလဲ။ တပ်ဆိုပြီးတော့ အဆင့်ဆင့်တောင် အမိန့် ပေးလို့ မရ၊ အောက်ခြေမှာ ကိုယ် ထင်ရာလုပ်နေကြမယ်ဆိုရင် ဘယ်လိုလုပ်ပြီး တိုင်းရင်းသားလူထုကို ကာကွယ်စောင့် ရှောက် နိုင်တဲ့တပ် ဖြစ်ပါ့မလဲ။
ဒီ နှစ်ပိုင်းကိုတော့ ခွဲခြားဘို့ လိုမယ်ထင်တယ်။
ဖက်ဒရယ်ပြည်ထောင်စု တပ်မတော် စတင်ဖွဲ့ စည်းသင့်တဲ့အချိန်နဲ့ ပတ်သက်လို့  သူငယ်ချင်း နဲ့ ကိုယ် အမြင် မတူ တာကို ခွင့်လွှတ်ပါ။ ကိုယ့်သဘောကတော့ ဖွဲ့ စည်းသင့်တာကြာပြီ။ နှစ်ပေါင်းများစွာ နောက်တောင်ကျနေပြီ။ ဒီကသွား ဖြဲ ပြလို့ ဟိုက အစွယ်ထုတ်ပြတယ် လို့ ကိုယ်မမြင်ဘူး။ ဟိုက အစွယ်ထုတ်ပြလို့ သည်က သွားဖြဲပြဘို့  ကြိုးစားတဲ့ အဆင့်ဘဲရှိသေးတယ်။ ပြည်ထောင်စု အဆင့်မှာတောင် လက်မှတ်ထိုးထားပြီးပေမယ့် စစ်အစိုးရက ရှမ်းမြောက်ပိုင်းကတပ် တွေကို အကြိမ်ပေါင်းတရာကျော် တိုက်နေခဲ့တယ် မဟုတ်လား။ သူတို့ ဘာဘဲလုပ်လုပ်ခေါင်း ငုံ့ ခံပြီး သူတို့ မကြိုက်တာမှန်သမျှ မလုပ်ရဲတဲ့ဘ၀တော့ မရောက်သင့်ဘူးထင်တယ်။ တကယ်တော့စစ်ဘီလူး၇ဲ့ အစွယ်  ကို ရိုက်ချိုးသင့်ခဲ့တာကြာပြီ။
ဦးဟန်ရောင်ဝေ က ယူအင်န်အက်ဖ်စီ ကို ပြောင်ထုတ်ဖေါ်ဝေဘန် တိုက်ခိုက်တယ် လို့ ကိုယ်သုံးတဲ့ အပေါ် သူငယ်ချင်းက ဘ၀င်မကျဘူးထင်တယ်။ လူတိုင်းပြောခွင့်ရှိပြီး ဂရိ အေသင် တို့ က စလို့ အနောက်နိုင်ငံတွေမှာလဲ ဒီလိုလုပ်မြဲဘဲ လို့  ကြားထဲက၀င်ပြီး စောဒက တက်ပေးတယ်။ ဒီမိုကရေစီ နိုင်ငံတွေမှာတော့ မှန်တာ ပေါ့။ အခုဟာက စစ်အာဏာရှင်စနစ် နိုင်ငံဘဲ။ စစ်အာဏာရှင်စနစ်ကို ဘုံရန်သူ လို သဘောထားနဲ့ ဆန့် ကျင်တဲ့နေရာမှာ ကိုယ့် အချင်း ချင်း အတွင်းက ပြသနာတွေကို ကိုယ့်အတွင်းပိုင်းမှာ နည်းလမ်းရှာပြီး တမျိုးတဖုံရှင်းရမယ် လို့ ကိုယ်တော့မြင်တယ်။ အဲသလို မရှင်းဘဲ စစ်အာဏာရှင်တွေ အကြိုက်များ ဦးဟန်ရောင်ဝေ လုပ်မိနေပြီလား ဆိုတာကို စိုးရိမ်ပြီး ကိုယ်ကထောက်ပြတာဘဲ။
ဒီကိစ္စ သူငယ်ချင်းရဲ့ အမြင်က ဘယ်လိုလဲ။ ယူအင်န်အက်ဖ်စီ ကို ဝေဘန်တဲ့ ဦးဟန်ရောင်ဝေမှာတော့ လူတိုင်းရသင့်တဲ့ ထုတ်ဖေါ်ပြောဆိုခွင့်ရှိပြီး ကိုယ်က သူ့ ကိုဝေဘန်တာကို တော့ ထုတ်ဖေါ်ပြောဆိုခွင့် မရှိဘူး လို့  ကိုယ့် အခွင့်အရေးကို ပိတ်ခြင်သလား။ သည်လိုဆိုရင်တော့ စိတ်မကောင်းစရာဘဲ။
မင်းရေးတဲ့ အောက်ပါစာပုဒ်ကို ဖတ်လိုက်ရတော့ ကိုယ်တော်တော် အံ့သြမိတယ်။
အတွေးအခေါ်မတူတဲ့ ဘက်နှစ်ဘက် ကို စင်ပေါ်တင်ပြီး Television ရှေ့မှာ သူ့အမြင်ကိုယ့်အမြင်တွေကို ပြောခိုင်း ရင်မကောင်းဘူးလားလို့ ကိုယ်စဉ်းစားမိတယ်။ ခွန်ဥက္ကာတို့ နိုင်ဟံသာတို့ကိုကိုယ်မေးကြည့်မယ် မင်းတို့လုပ်မလား။ သူတို့က လုပ်မယ်ဆိုရင် မင်း Facilitator လုပ်မလား သူငယ်ချင်း?
အထက်မှာ မင်းကို ကိုယ်ထောက်ပြခဲ့ပြီ။ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်က အားကောင်းရှင်သန်ကြီးစိုး နေဆဲဘဲ။ စစ်အာဏာရှင်စနစ်ကို ဆန့် ကျင်တဲ့ ကိုယ့်အချင်းချင်းကြားထဲမှာ မင်းတို့ အချင်းချင်းကြားထဲမှာ နားလည်မှု ညှိရမှာကို ဘာကြောင့် အာဏာရှင်တွေ ၀မ်းသာအောင် ပရိသတ် ဗိုလ်ပုံအလယ်မှာ ကိုယ့်အထုတ် ကိုယ် ဖြေပြရမှာ လဲ။ ဒီ အလုပ်တော့ ကိုယ် မလုပ်နိုင်ဘူး သူငယ်ချင်း။
တခုတော့ ရှိတယ်။ မင်းလေသံကို လေ့လာရတာ စစ်အစိုးရကို ပြောလို့ ဆိုလို့  အတော်ရမယ့် သဘောရှိနေ တယ်။ ကိုယ်စကားပြောခြင်ရင် မင်းက ရန်ကုန်မှာ အစည်းအဝေးလုပ်ပေးမယ်ဆိုတာကတမျိုး၊ Television ရှေ့မှာ ပြောကြမယ် ဆိုတာက တဖုံ မဟုတ်လား။ ဒီတော့ ဒီလိုလုပ်ပါလား။ ကာချုပ်မင်းအောင်လှိုင်ကို မင်းပြောကြည့်လေ။ ငြိမ်းချမ်းရေး ကိစ္စ သူနဲ့ ကိုယ် Television ရှေ့မှာ အပြန်အလှန်ပြောကြမယ်။ လုံခြုံရေး ရှုဒေါင့်အပါအ၀င် ကြိုက်တဲ့ ရှုဒေါင့်ကနေ ဆွေးနွေး နိုင်တယ်။ မင်းက Facilitator လုပ်မလား။ ဒီလိုပြောခွင့်ရအောင် စီစဉ်ပေးမယ် ဆိုရင် သိတ်ကို ကျေးဇူးတင်မယ်။
စိတ်ကူး မယဉ်စေခြင်ဘူး သူငယ်ချင်း။ စစ်အာဏာရှင်စနစ် ရှိနေသမျှ ဒီမိုကရေစီ အတုအယောင်ဘဲရမယ်။ ဖက်ဒရယ် ဘယ်တော့မှ မရနိုင်ဘူး။ ၂၀၀၈ ဖွဲ့ စည်းပုံအောက်မှာ ဘယ်တော့မှ စစ်မှန်တဲ့ ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု မတည်ဆောက်နိုင်ဘူး။ အဲသလို ကိုယ်မြင်တယ်။ သူငယ်ချင်းရော အဲသလို အမြင်တူရဲ့ လား။ စစ်ခေါင်း ဆောင်တွေနဲ့ တွေ့ တဲ့နေရာမှာ ခင်ဗျားတို့ စစ်အာဏာရှင်စနစ်ကို စွန့် လွှတ်ဘို့ လိုတယ်လို့ သူငယ်ချင်းကိုယ်တိုင်က ပြောခဲ့ တာများ ရှိခဲ့ရင် ကိုယ်က သိတ်ကို ကျေးဇူးတင်မှာဘဲ။ တောင်အာဖရိကမှာတော့ မန်ဒဲလားက ဒီကလပ်ကို ခင်ဗျားတို့ လူဖြူလူမဲခွဲခြားတဲ့ ၀ါဒကို စွန့် လွှတ်ဘို့ လိုတယ်လို့ အတိအလင်းပြောခဲ့တာဘဲ။ စွန့် လဲစွန့် လွှတ်ခဲ့ရတာဘဲ။
သူငယ်ချင်းရဲ့ စာနောက်ဆုံးအပုဒ်ကလေးကတော့ သိတ်ကို မင်္ဂလာရှိတာဘဲ။ ဘာတဲ့လဲ။
ဒါတွေကိုကိုယ်ပြောနေတာ ဘယ်သူ့ကိုမှ အပြစ်ပြောနေတာမဟုတ်ဘူး။ တစ်ယောက်ကိုတစ်ယောက် အပြစ် ရှာ၊ အပြစ်ဖို့၊ အပြစ်ပြောနေတာမျိုးဟာ အကျိုးယုတ်တာကလြွဲပီး ဘာအကျိုးမှဖြစ်လာမှာမဟုတ်ဘူး။ အဲဒီတော့ မင်း အားရင်လာခဲ့ပါအုံး။ တို့တတွေအားလုံးနေရာတိုင်းမှာအမြင်မတူကြပေမယ့် စုစုစည်းစည်း အဖိုးအခပေးလုပ်ခဲ့တဲ့ အကျိုးကြောင့်ဒီအခြေအနေကိုရောက်လာနေပြီ။ ဆက်ပြီးကြိုးစားကြည့်ကြစို့ ” 
သူငယ်ချင်းပြောတာ ရာနုန်းပြည့် သဘောတူတယ်။ ဖိတ်ခေါ်တာလဲ ၀မ်းသာတယ်။
ကိုယ်လဲ လာခြင်ပါတယ်။ ဒါပေမယ့် ၀တ္တရားကြေလောက်၊ ကိုယ့်ကို ချွေးသိတ်ဖို့ လောက် ဖိတ်တာမျိုး တော့ မဖြစ်စေခြင်ဘူး။ ကိုယ့် ဥပဒေပညာကို တန်ဘိုးထားတယ် ဆိုရင် ကေအင်ယူ ဗဟိုအလုပ်အမှုဆောင်ကော်မတီ သို့ မဟုတ် ဗဟိုကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်နဲ့ တရားဝင်ဖိတ်စေခြင်တယ်။ သူငယ်ချင်းတို့ ကခရီးစရိပ်တော့ ကျခံရမှာပေါ့။ တခုတော့ရှိတယ်။ တောထဲကိုလမ်းလျှောက်ရမယ့် နေရာကိုတော့ မသွားနိုင်တော့ဘူး။ ကားနဲ့ သွားလို့ ရမယ့်နေရာလောက်ဘဲ ရောက်နိုင်မယ်။ ကြီးကျယ်တာ လုံးဝ မဟုတ်ဘူး သူငယ်ချင်း။ မင်းလဲတောတွင်းတိုက်ပွဲ တနေရာမှာ စစ်အစိုးရရန်သူ့ လက်နက်ကြီးကျည် အနီးကပ်ကျ ရောက်ပေါက် ကွဲပြီး နားတွေပျက်စီးကုန်တာကို ကိုယ်သိတယ်။
ကိုယ်လဲ ၁၉၇၄ အလုပ်သမားအရေးအခင်း ဆန္ဒပြပွဲမှာ ကိုယ့်ရဲ့ ငယ်သူငယ်ချင်း ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးနဲ့ အတူ ပါခဲ့တာကြောင့် သေနတ်မှန်ခံရ၊ ကျည်ဆန်က ခြေဖ၀ါးကနေ ဖြတ်ဖေါက် ခြေသလုံးရိုး သွင်သွင်ကျိုးသွားခဲ့၊ မင်္ဂလာဒုံ စစ်ဆေးရုံက ကုပေးခဲ့လို့ ပြန်ကောင်းခဲ့ပေမယ့် အခု အသက်ကြီးပိုင်းရောက်လာတော့ ခြေသလုံးက ကျည်အပိုင်းအစတွေ ပြန်ထွက်လာ၊ဒဏ်တွေပြန်ပေါ်ပြီး လမ်းမနည်းလျှောက်ရတဲ့ ဘ၀ရောက်နေတယ်။ ဝေးဝေးလျှောက်လို့ လုံးဝမရတော့ဘူး သူငယ်ချင်း။
ဘာဘဲဖြစ်ဖြစ် စစ်အာဏာရှင်စနစ်ဆိုးကို မသေမချင်းတော့ ကိုယ်ကျွမ်းကျင်တဲ့ အတတ်ပညာတွေနဲ့ ဆက် တိုက်သွားဦးမယ်။ ပြည်တွင်းငြိမ်းချမ်းရေးပြသနာကို တိုင်းရင်းသားအခွင့်အရေးရှုဒေါင့်ကနေ အထူးတလည် ကာကွယ် ရှာဖွေသွားမယ်။ ဥပဒေစိုးမိုးရေး နဲ့ လူ့ အခွင့်အရေး အခြေခံတွေ ကို နိုင်သမျှ ၀ိုင်းဝန်းတည်ဆောက်သွားမယ်။ ဒါကိုတော့ ကတိပေးလိုက်တယ်။
အိပ်ဖွင့်ပေးစာ အပြန်အလှန်ရေးတာတော့ ဒီလောက်ဆိုတော်လောက်ပြီ ထင်ပါတယ်။
မင်းရဲ့ သူငယ်ချင်း
ဥပဒေအထောက်အကူပြုကွန်ရက် တည်ထောင်သူ                ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၂၄ ရက်
                                                              နေ့စွဲ - ၂၀၁၄ခုနှစ် အောက်တိုဘာလ (၂၂)ရက်
သို့ 
ကိုအောင်ထူး (ရှေ့နေ
ဥပဒေအထောက်အကူပြုကွန်ရက်တည်ထောင်သူ 
အကြောင်းအရာ။                   သူငယ်ချင်းထံသို့အိတ်ဖွင့်ပေးစာ။ 
သူငယ်ချင်း 
မင်းမှတ်မိသေးမယ်လို့ထင်တယ်။ ဗိုလ်ချုပ်ကြီးစောဗိုလ်မြက KNUကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်၊ ကိုယ်က ဒုတိယအဖွဲ့ခေါင်းဆောင် အနေနဲ့ ယခင်နအဖနဲ့ တွေ့ဆုံဖို့မသွားခင်မင်းငါ့ကိုမဲဆောက်မှာပြောသွား တဲ့ စကားလေ။ "မင်းတို့မှားလိမ့်မယ်" တဲ့။ 
၂၀၀၄ခုနှစ် ဇန်နဝါရီလ(၁၆)ရက်နေ့မှာ KNU ကိုယ်စားလှယ်အဖွဲ့ဘန်ကောက်ကနေ လေယဉ်စီးပြီး ရန်ကုန်ကိုသွာခဲ့တယ်။ ဗိုလ်ချုပ်ကြီး စောဗိုလ်မြက ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို ပြတ်ပြတ်သားသား KNU ရဲ့သဘောထားကို ပြောပြတယ်။ ရိုက်ကူးထားတဲ့ ဗီဒီယို အခွေတွေရှိပါသေးတယ်။ ဗိုလ်ချုပ်ကြီးခင်ညွန့်က "ဖထီးရာ - နောင်ဆိုရင် စစ်အာဏာရှင်စနစ်ဆိုတာ ဒီတိုင်းပြည်မှာမရှိတော့ပါဘူး" လို့ပြန်ပြောခ့တဲယ်။ အဲဒီ စကားဟာ သူ့အတွက်အထက်က ဗိုလ်ချုပ်မှူးကြီးနဲ့ ဒုဗိုလ်ချုပ်မှူးကြီးတို့ရဲ့အမျက်တော်ရှခြင်းဖြစ်စေခဲ့တယ်။ ဒီလို နီးနီးကပ်ကပ် လုပ်ဆောင်ခဲ့တဲ့အတွက် သူတို့ရဲ့အခြေအနေမှန်ကို တစ်စိတ်တစ်ပိုင်းသိရှိခွင့်ရခဲ့တယ်။
ဖေဖေါ်ဝါရီလအတွင်းမှာ ဒို့ KNU ကိုယ်စားလှယ်အဖွဲ့ မော်လမြိုင်မြို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် အတွင်းမှာ ညှိနှိုင်းဆွေးနေွးပွဲလုပ်ခဲ့ပြန်တယ်။ KNU ဘက်က ကိုယ်ခေါင်းဆောင်ပြီး နအဖ ဘက်ကတော့ ဗိုလ်မှူးချုပ်ကျော်သိန်း ဦးဆောင်ခဲ့တယ်။ အဲဒီလိုဆွေးနွေးတဲ့အချိန်မှာပဲ ဒို့တပ်မဟာ ()က တပ်ဖွဲ့တစ်ဖွဲ့က တပ်မတော်ရဲ့ ဒုံဇရစ် တပ်ရင်းစခန်းကို တက်သိမ်းပြီး လက်နက်မျိုးစုံ (၃၉)လက် သိမ်းဆည်းရယူခဲ့တယ်။ ငြိမ်းချမ်းရေးဆွေးနွေးရေးကာလအတွင်း ဒီလိုဖြစ်တာ အင်မတန်အရုပ်ဆိုးတယ်။ လုံးဝမဖြစ်သင့်တဲ့ကိစ္စဘဲ။ ဒါကြောင့် ဗိုလ်ချုပ်ကြီး စောဗိုလ်မြက ကိုယ်တို့ကို ချက်ချင်းညွှန်ကြားချက်ပေးလိုက်တယ်။ 
() လက်နက်တွေအားလုံးပြန်ပေးမယ်လို့ ပြောလိုက်ပါ။
          (
) မှားယွင်းလုပ်ဆောင်တဲ့တာဝန်ရှိသူတွေကို အရေးယူမယ်လို့ ပြောလိုက်ပါ။
          (
) တွေ့ဆုံဆွေးနွေးပွဲမပျက်စီးဘဲ ဆက်လက်လုပ်သွားနိုင်ဖို့လုပ်ကြပါ။ 
စစ်လည်းတိုက်ရဲတယ်၊ ငြိမ်းချမ်းရေးလည်းလုပ်ရဲတယ်ဆိုတဲ့လူတွေဟာ ငြိမ်းချမ်းရေးအတွက် ဘယ်သူဘာပြောပြော ဂရုစိုက်မှာ မဟုတ်ဘူး။ ဆက်လုပ်မှာဘဲ။ သူ့ယုံကြည်ချက်အတိုင်း သူ့ရည်မှန်းချက် ရောက်အောင် မဖြစ်မနေလုပ်မှာဘဲ။ သူ့အကျိုးအတွက်မဟုတ်ဘူး၊ အများအကျိုးအတွက်ဘဲ။ ဒါကို ဗိုလ်ချုပ်ကြီး စောဗိုလ်မြက သက်သေပြခဲ့တယ်။
          ဒီလိုနဲ့ အောက်တိုဘာလအတွင်းမှာ နောက်တစ်ကြိမ် တွေ့ဆုံဆွေးနေွးဖို့အတွက်ရန်ကုန်ကိုသွား ခဲ့ရပြန်တယ်။ ကိုယ်က ဦးဆောင်ပြီး ကိုယ်ဒို့ ရဲ့ကိုယ်စားလှယ်အဖွဲ့မှာ တိုးလာတဲ့အဖွဲ့ဝင်သစ်တစ်ယောက် ကတော့ အဲဒီတုန်းက ဒူးပလာယာခရှိုင်  ဥက္ကဌလည်းဖြစ်၊  တပ်မဟာ ()မှူးလည်း ဖြစ်တဲ့ ဗိုလ်မှူးချုပ် စောမူတူးစေးဖိုးဘဲ။ ဒို့ ရန်ကုန်မရောက်ခင်လေးမှာဘဲဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့ ကကလှမ်းတစ်ဖွဲ့လုံး အဖျက်ခံရ၊ အဖြုတ်ခံရ၊အဖမ်းခံရနဲ့ ရှုတ်ကုန်တော့တာဘဲ။ ဒို့တတွေအတွက်လည်းပြည်တွင်းပြည်ပက လူအတော်များ များ စိုးရိမ်ခြဲ့ကတယ်။ အဲဒီအထဲမှာ မင်းပါသလားသူငယ်ချင်း
ဒါတောင်မှ တွေ့ဆုံဆွေးနွေးရေးမပျက်သေးပါဘူး။ နောက်ထပ်ပြီး ၂၀၀၅ခုနှစ် မတ်လအတွင်းမှာ တွေ့ဆုံဆွေးနွေးပွဲကို မော်လမြိုင်မြို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှာလုပ်ဖြစ်တယ်။ ကိုယ်က ဦးဆောင်ပြီး နအဖ ဘက်က ဦးဆောင်သူအသစ်ဖြစ်သွားတယ်။ အရှေ့တောင်တိုင်းစစ် ဌာနချုပ်တိုင်းမှူးဖြစ်တဲ့ ဗိုလ်ချုပ် သူရမြင့်အောင်ဘဲ။  နောက်တစ်ကြိမ် နှစ်မကုန်ခင်အတွင်းမှာ အလွတ်တွေ့ဆုံဆွေးနွေးပွဲတစ်ခု မြဝတီမြို့ တွင်းမှာလုပ်တယ်။ ပဒို ဒေးဗစ်တော ဦးဆောင်ပြီးသွားခဲ့တယ်။  
အကျဉ်းချုပ်သုံးသပ်ကြည့်ရင် အဲဒီတွေ ဆုံဆွေးပွဲတွေက ဘာအဖြေမှ မယ်မယ်ရရ မထွက်ခဲ့ပါဘူး။ လူကြီးလူကောင်းသဘောတူညီချက်လို့ခေါ်တဲ့ Gentlemen Agreement နဲ့ဘဲ လုပ်သွားကြရတယ်။  ကိုယ်တို့ကို တချို့လူတွေက လက်နက်ချဖို့၊ အညံ့ခံဖို့ လုပ်နေတဲ့ လူပျော့လူညံ့တွေလို့ပြောကြတယ်။ သစ္စာဖောက်မဲ့ လူတွေလို့ စွပ်စွဲခဲ့ကြတယ်။ ဘာပြဲဖစ်ဖြစ်လေ  - ဒါသူတို့လုပ်ရမယ့်အလုပ်ဘဲ။ သူတို့ပြော ကြမှာပေါ့။ 
ရလဒ်ကောင်းတစ်ခုကတော့ ၂၀၀၄ နဲ့ ၂၀၀၅ - နှစ်နှစ်လုံးလုံး ဘာတိုက်ပွဲမှ မဖြစ်လို့ ရှေ့တန်းက ပြည်သူလူထုတွေ သက်သာရာ ရတာကိုတော့ ကိုယ်ကျေနပ်မိတယ်။ ငြိမ်းချမ်းရေးအတွက်လမ်းစပွင့် မလား လို့ ကြိုးစားခဲ့တဲ့အပေါ်တွေ့ဆုံဆွေးနေွးရေးနဲ့ပတ်သက်ပြီး စာတွေ့၊ လက်တွေ့အတွေ့အကြုံ တွေကို တော်တော်များများရခဲ့တယ်။ အပြည်ပြည်ဆိုင်ရာထွက်ပြီးတွေ့ဆုံဆွေးနွေးရေးနဲ့ပတ်သက်လို့ လေ့လာခွင့်ရ တဲ့ အခါ ဒီအတွေ့အကြုံတွေက အများကြီး အကျိုးဖြစ်ခဲ့တယ်။  
ဒါကြောင့် - " ငါတို့မမှားဘူး။ လုံးဝကိုမမှားဘူး - သူငယ်ချင်းရေ" 
ဒီအတွေ့အကြုံတွေ၊ ဒီလေ့လာမှုတွေကြောင့် ဆက်လက်ပြီး အခုအချိန်အထိ  ဒီအလုပ်ကိုလုပ်နေရတုန်း ဘဲ။
"Do not fear to negotiate. Do not negotiate out of fear." ဆိုတဲ့ အမေရိကန် သမ္မတကြီး Franklin D. Roosevelt ရဲ့စကားနဲ့  "I kill my enemy by making him my friend" ဆိုတဲ့ အမေရိကန် သမ္မတကြီး Abraham Lincoln ရဲ့စကားဟာ ကိုယ့်ရဲ့လက်စွဲပဲ။ ကိုယ့်ရဲ့ အကြိုက်ဆုံး အဆိုအမိန့်ကတော့ ကိုယ့်ရဲ့ Commander in Chief ပြောတဲ့ "Blessed are the peacemakers, for they will be called children of God." – Matthew 5 : 9 (NIV). 
ငြိမ်းချမ်းရေးလုပ်လို့အသတ်ခံရတဲ့လူတွေ ဒီကမ္ဘာကြီးမှာ မနဲတော့ပါဘူး။ ဒို့ရဲ့ ဥက္ကဌကြီးလည်း ဘယ်တော့အသတ်ခံရမလဲမသိဘူး။ အပုတ်ချ၊ အပြစ်ပြော၊ နာမည်ဖျက်ခံနေရတာကတော့ နေ့တဓူဝဘဲ။ Character Assassination လုပ်တာခံနေရတာကြာပြီး။ ဒါပေမယ့် ဒို့ ဥက္ကဌကြီးနဲ့ သူ့ လူတွေကတော့ - "When the going's tough, the tough get going" ဘဲ။ 
ဒါကြောင့် ကိုယ်အကြံပြုချင်တာကတော့ "Never Say Never" ဖြစ်ပြီး၊ နောက်တစ်ခုကတော့ အခု ဒို့ KNU တတွေလုပ်နေတာကိုအမှန်တကယ်သိချင်ရင်ကိုယ်ဒို့နဲ့ မျက်နှာချင်းဆိုင်ပြီးပြောဆိုဆွေးနွေးစေလိုပါ တယ်။ ဒါမှ ဒို့ဘာတွေလုပ်နေတာကိုသိပြီး ကောင်းမွန်တဲ့အကြံကောင်းတွေ ပေးနိုင်မှာဖြစ်ပါတယ်။
နောက်တစ်ခုကတော့ UNFC နဲ့ပတ်သက်တဲ့ကိစ္စဘဲ။ ၂၀၁၀ခုနှစ်အတွင်းက "BGF လုပ်ရင်လုပ်၊ မလုပ်ရင်စစ်ရေးအရအရေးယူခံရမယ်"ဆိုတဲ့တစ်ချက်လွတ်အမိန့်ကိုအဲဒီအချိန်ကအပစ်ရပ်အဖွဲ့တွေရရှိခဲ့ တယ်။ KNUအတွက်တော့အပစ်မရပ်ဘဲတောက်လျောက်တိုက်နေတဲ့အတွက်ဘာမှပြသနာမရှိဘူး။ တခြားတိုင်းရင်သား   လက်နက်ကိုင်အဖွဲ့အစည်းတွေအတွက် EBO က ဆရာကြီး ဟန်ရောင်ဝေနဲ့ ဗစ်တာ ဗျက်လျန်၊ ENC က ကိုယ်နဲ့ ဒေးဗစ်တောတို့စိတ်ပူပြီး အဲဒီလက်နက်ကိုင်အဖွဲ့အစည်းတွေအတွက် အစည်း အဝေး တစ်ရပ်ကို KIO ဌာနချုပ် လိုင်ဇာမှာလုပ်ဖို့စီစဉ်ခြဲ့ကတယ်။ဆရာကြီးဟန်ကဦးဆောင်ပြီးကိုယ်တို့က ဝိုင်းကူကြတယ်။အဲဒီအစည်းအဝေးကို  KNUဘက်က ဗိုလ်ချုပ်ကြီးစောမူတူးစေဖိုး၊ ဗိုလ်မှူးချုပ် စောအိုင်း ဇက်နဲ့ ပဒိုစောဒေးဗစ်တောတို့တက်ရောက်တယ်။ EBO ဘက်က ဆရာကြီးဟန်နဲ့ ဗစ်တာဗျက်လျန်တို့ တက်တယ်။ တိုင်းရင်သား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တစ်ချို့တက်ရောက်ခဲ့တယ်။ အကုန်အကျကို (EBO)က အကုန်ခံတယ်။ ကိုယ်ကတော့ခရီးလွန်လို့မသွားဖြစ်ဘူး။ အဲဒီလုပ်ရှားမှုကြောင့်  ဖက်ဒရယ်ပြည် ထောင်စု ပေါ်ထွန်းရေးကော်မတီ (Committee for Emergence of Federal Union)ကိုဖွဲ့စည်းနိုင်ခဲတယ်။ စစ်ရေးအရ အချင်းချင်းအကာအကွယ် ပေးနိုင်ဖို့အတွက်အဓိကလုပ်ဆောင်နေတဲ့အချိန်မှာဘဲ ဖက်ဒရယ် ပြည်ထောင်စုပေါ်ထွန်းရေးဆိုတဲ့ နိုငင်ေံရး ရည်မှန်းချက်ကိုဦးတည်ထားတယ်။ အဲဒီ CEFU ရဲ့ဥက္ကဌ ဟာ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးဘဲ။ 
စစ်ရေးအတွက်ဘာမှ ဟုတ်တိပတ်တိ၊ မယ်မယ်ရရ မလုပ်နိုင်သေးတဲ့အချိန်မှာဘဲ "ကြီးမားကျယ် ပြန့် တဲ့ တပ်ပေါင်းစုကြီးဖွဲ့စည်းရေး" ဆိုတဲ့ Idea ဝင်လာတယ်။ ယူလာသူကတော့ နိုင်ဟံသာပဲ။ UNFC ဖွဲ့ရေးဘဲ။ အဲဒါနဲ့ပတ်သက်ပြီး KIO ဗိုလ်ချုပ်ကြီး အန်ဘာလ က ကိုယ်နဲ့ ဒေးဗစ်တောကို အကြံပေးဖို့ အစည်းအဝေးမှာ ဖိတ်ခေါ်တယ်။ ကိုယ်တို့နှစ်ယောက်လုံးက မဖွဲ့ဖို့ပြောတယ်။ စစ်ရေးကိုအဓိကထား ဝိုင်းလုပ်ယင်း၊ ဝိုင်းကာကွယ်ယင်းနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံး လက်ခံနိုင်တဲ့ ဘုံအခြေခံတစ်ရပ် (Common Ground) ကို ချမှတ်ပြီးမှ တပ်ပေါင်းစုတစ်ရပ်ကို ဖွဲ့စည်းဖို့အကြံပြုခဲ့တယ်။ တစ်သွေး၊တစ်သံ၊ တစ်မိန့် ဆိုတဲ့ခံယူချက်နဲ့ ဗိုလ်ချုပ်ကြီး အန်ဘာလက လုပ်ချင်တယ်။ ဒါမဖြစ်နိုင်ဘူး ဆိုတာ တပ်ပေါင်းစုသမိုင်း တစ်လျောက်လုံးမှာတွေ့ခဲ့ရတာဘဲ။ နောက်ဆုံးတော့လုပ်ရိုးလုပ်စဉ်ဆိုတဲ့အခြေခံ ပေါ်မှာအဖွဲ့တွေစုပြီး တပ်ပေါင်းစုလုပ်လိုက်တော့အခုလိုဖြစ်လာတာဘဲ။ ပြောင်းလဲလာတဲ့ နိုင်ငံရေးအခြေ အနေ အရ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအားလုံး တွေ့ဆုံညှိနှိုင်း သဘောတူတဲ့အခြေခံပေါ်မှာ ရပ်တည်ပြီး အခြားတစ်ဖက်နဲ့ တွေ့ဆုံဆွေးနွေးရမယ့်အစား တပ်ပေါင်းစု တစ်ခုကဦးဆောင်ပြီး ကျန်အဖွဲ့တွေ က လိုက်လုပ်ရမယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ အင်အားကြီးအဖွဲ့အစည်းတွေအနေနဲ့ ဒါမျိုးကိုလက်မခံဘူးဆိုတာ ကြိုမမြင်ဘူးနဲ့တူတယ်။ 
နောက်တစ်ခုက စည်းလုံးညီညွတ်ရေးကို မတူကြွဲပားခြားနားတဲ့အခြေခံပေါ် (Unity in Diversity) မှာလုပ်ရမှာဘဲ။ တစ်သွေး၊ တစ်သံ၊ တစ်မိန့်ဖြစ်တဲ့ တစ်ပုံစံတည်းသော ညီညွတ်ရေး (Unity in Uniformity) နဲ့လုပ်လို့မရပါဘူး။ ဒီသဘောတရားကို လက်မခံတော့ အခုထင်ထင်ရှားရှားဒီလိုဖြစ်လာရတာဘဲ။
  အခြားတစ်ခုကတော့မင်း UNFC ရဲ့ Constitution ကို သေသေချာချာလေ့လာကြည့်ပါ။ မင်းတွေ့ရ ပါ လိမ့်မယ်။ KNU ရဲ့ Constitution နဲ့ Constitutional Rule ကိုလေ့လာချင်ရင်ပို့ပေးမယ်။ နှိုင်းယှဉ်ပြီး လေ့လာကြည့်ပါ။ 
NCCTနဲ့ပတ်သက်ပြီးပြောရရင် ပထမ လိုင်ဇာအစည်းအဝေးမှာဖွဲ့ခဲ့တယ်။ UNFC ကဖွဲ့ပေးတာ မဟုတ်ဘူး။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၁၆)ဖွဲ့က ဖွဲ့တာပါ။ နငိုငံရေးဦးဆောင်အဖွဲ့ဖွဲ့ပြီး NCCT ကိုဦးဆောင်ဖို့ပြောတော့ UNFC က ဦးဆောင်လို့မရဘူးလားလို့မေးတယ်။ ဦးဆောင်မှုပေးခြင်းမခံရတော့ နောက်ဆုံး အဖွဲ့ (၁၆) ဖွဲ့ရဲ့ ခေါင်းဆောင်တွေကပဲ စုစည်းပြီး ဦးဆောင်မယ်လို့ဖြစ်သွားတယ်။ကိုယ်ကိုယ်တိုင် အဲဒီအစည်းအဝေးကိုတက်ခဲ့တယ်။ နောက်တစ်ခါ လော်ခီးလာအစည်းအဝေးနဲ့ ဒုတိယလိုင်ဇာ အစည်း အဝေးမှာ လည်းဘဲ ခေါင်းဆောင်မှုပေးခြင်းမခံခဲ့ရဘူး။ ဒါကြောင့် နောက်ဆုံး UNFC ကွန်ဂရက်မှာ အတင်း အကျပ် ဆုံးဖြတ်ချက်ချခဲ့ကြတာဘဲ။ ကွန်ဂရက်တက်ရောက်တဲ့ တစ်ချို့ကိုယ်စားလှယ်တွေက NCCT ကို UNFC က အပိုင်စီးတယ်။ (Hijack) လုပ်တယ်လို့ပြောကြတယ်။ တိုင်းရင်းသားကိုယ်စားလှယ် (ကရင်မဟုတ်ပါ) တစ်ဦးကတော့ခါးခါးသီးသီးနဲ့ "နိုင်ငံရေး မုဒိန်းကျင့်တာဘဲ" လို့ မှတ်ချက်ပြုခဲ့တယ်။ တစ်နည်းအားဖြင့် UNFC အဖွဲ့ ဝင်(၁၁)ဖွဲ့က NCCTအဖွဲ့ဝင် KNU အပါအဝင်()ဖွဲ့ကို ဝိုင်းပြီး ပြုကျင့်တာဘဲ။ ဒါလုပ်သင့်သလား သူငယ်ချင်း။ 
ဒါ့အပြင် "……UNFC သည် မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးပေါင်းစုံ၏ တစ်ဖွဲ့တည်းသော နိုင်ငံရေး ဦးဆောင်မှေုပးနိုင်သည့်အဖွဲ့အစည်းဖြစ်ပါသည်" လို့ပြောရင်ဖြစန်ငိုပ်ါမ့လား။ (အဲဒီလျှို့ဝှက်လို့ သတ်မှတ် ထားတဲ့ စာတစ်စောင်ကို လက်မှတ်မထိုးဘဲ ဖြန့်ဝေထားတာရှိတယ်။ စာမှန်မမှန်ကိုယ်မပြောလိုဘူး။ အဲဒီလို အကောင်အထည်ဖေါ်နေကြတာတော့အမှန်ဘဲ။ လုပ်ရပ်ကိုကြည့်ရင် သိသာပါတယ်။ မျက်စိမြင်၍ ကြည့် တတ်သောသူသည် မြင်သည် ဆိုတဲ့စကားရှိပါတယ်)  တစ်ခုရှိသေးတယ် ဒီနှစ် စက်တင်ဘာလ (၂၂)ရက် နေ့ ရန်ကုန်မြို့ ယုဒသန် ခန်းမမှာ KNU ခေါင်းဆောင်များနဲ့ကရင်လူထုတို့ တွေ့ဆုံပွဲကို ကျင်းပခဲ့တာ မှန်တယ်။ ကိုယ်လည်းဒီအစည်းအဝေးတက်ခဲ့တယ်။ UNFC အကြောင်းပြောဖို့ ကိုယ်တာဝန်ယူထားတယ်။
ဆရာကြီး ဟန်ကကိုယ်တို့နဲ့ တောက်လျောက်တွဲလုပ်ခဲ့တာ ကြာခဲ့ပြီ။ UNFC အကြောင်းကို ကရင် မဟုတ်တဲ့ ရှမ်းအမျိုးသားပညာတတ်တစ်ယောက်၊ တိုင်းရင်းသားနိုင်ငံရေးလောကတွင်လူသိများသူတစ်ဦး၊ အပြည်ပြည်ဆိုင်ရာမှာ ကျွမ်းကျင်နားလည်သူ ပုဂ္ဂိုလ်ကို ပြောစေချင်လို့ကိုယ်အကူအညီတောင်းခဲ့တယ်။ UNFC ကိုဗြောင်ထုတ်ဖော် ဝေဖန်တိုက်ခိုက်တယ်လို့ပြောတာထက်သူ့ရဲ့ ဝေဖန်သုံးသပ်ချက်ကို ဖော်ထုတ် တယ်လို့ ကိုယ်ကပြောချင်တယ်။ လူတိုင်းလဲပြောခွင့်ရှိတာဘဲ။ အနောက်နိုင်ငံတွေမှာ ဒီလိုလုပ်မြဲမဟုတ်ဘူး လား။ ဂရိတို့၊ အေသင်နိုင်ငံတွေခေတ်မှာပင် လုပ်ခြဲ့ကတာဘဲ။ မင်းလဲပြောချင်ရင်ရန်ကုန်မှာ ကိုယ်အဲဒီလိုမျိုး အစည်းအဝေးလုပ်ပေးပါ့မယ်။ ကိုယ်နဲ့အမြင်တူတူမတူတူ မလိုပါဘူး။ တက္ကသိုလ်တုန်းက အစ္စရေးနဲ့ အာရပ် သံအမတ်ကြီးတွေခေါ်ပြီး မတူတဲ့သူတို့အမြင်တွေ ထုတ်ဖော်ပြောကြဖို့ ဒို့ ဥပဒေဌာနမှာလုပ်ခဲ့ကြ တာ ကို ကိုယ်မြင်ယောင်မိသေးတယ်။ အတွေးအခေါ်မတူတဲ့ ဘက်နှစ်ဘက် ကို စင်ပေါ်တင်ပြီး Television ရှေ့မှာ သူ့အမြင်ကိုယ့်အမြင်တွေကို ပြောခိုင်းရင်မကောင်း ဘူးလားလို့ ကိုယ်စဉ်းစားမိတယ်။ ခွန်ဥက္ကာတို့ နိုင်ဟံသာတို့ကိုကိုယ်မေးကြည့်မယ် မင်းတို့လုပ်မလား။ သူတို့က လုပ်မယ်ဆိုရင် မင်း Facilitator လုပ်မလား သူငယ်ချင်း?
နောက်တစ်ခုရှိသေးတယ်။ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဟာ တို့တတွေ အားလုံးရဲ့ ရည်မှန်းချက်ပါ။ မင်းတို့ဗမာတွေလည်းပါတာဘဲ။ အဲဒီအတွက်နိုင်ငံရေးဆွေးနွေးပွဲတွေ ပေါ်လာ ရင် အခြေခံအနေနဲ့ဆွေးနွေးနိုင်ဖို့ အဆိုပြု ဖက်ဒရယ်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဖွဲ့စည်းပုံ အခြေခံ ဥပဒေ မူကြမ်းကို တို့တတွေရေးခဲ့ကြတယ်မဟုတ်ဘူးလား။ DAB ရဲ့မူကြမ်း ကနေ NCUB ရဲ့ ပထမ မူကြမ်း ဖြစ်သွားတာကတစ်ခု။ နောက်တစ်ခုကတော့ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) ရေးဆွဲရေးနှင့် ညှိနှိုင်းမှုကော်မတီ (FCDCC) ကတစ်ခု ပေါင်းနှစ်ခုရေးဆွခဲ့ကြတယ်။ နှစ်ခါစလုံးကိုယ်ပါခဲ့ တယ်။ အဲဒီနှစ်ခု စလုံးမှာ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ဖွဲ့စည်းရေးလဲပါတယ်။ ဘယ်အခြေခံပေါ် မှာဖွဲ့မယ်၊ ဘယ်လို ဖွဲ့မယ် မစှ၍ ပြည့်ပြည့်စုံစုံစဉ်းစားထားကြတယ်။ ဒါကိုနိုင်ငံရေးဆွေးနေွးပွဲမှာ ဆွေးနွေးပြီး အဖြေရှာဖို့ပဲလို့ တို့တတွေခံယူထားကြတယ်။ ချက်ချင်းဖွဲ့ဖို့မဟုတ်ဘူး။ အခုတော့ဒီလိုမဟုတ်ဘဲ (Federal Union Army) ကို ဖွဲ့ပြလိုက်တော့ အခြားတစ်ဖက်ကို စိန်ခေါ်လိုက်သလို ဖြစ်သွားတာပဲ။ ဒီလိုမျိုး ငြိမ်းချမ်း ရေးအတွက်ဘာ မှ မယ်မယ်ရရ မဆွေးနွေးနိုင်သေးခင်မှာ၊ ထိလွယ်ရှလွယ်တဲ့အချိန်မျိုးမှာ ဒီလိုလုပ်ပြလိုက် တာ နိုင်ငံရေး အရ မှန်မမှန်မင်းဘဲဆုံးဖြတ်ပါ။ ဒီကသွားဖြဲပြတော့ ဟိုကအစွယ်ထုတ်ပြတာ သဘာဝပါဘဲ။
 ဒါကဘာလဲဆိုရင် သဘောထားတင်းမာသူ (Hardline) တွေရဲ့ ဇာတိပြတာဘဲ။ ဒီအတိုင်းဆက် သွား ရင်တော့ ဒို့တိုင်းပြည်ကြီး လမ်းမမြင်၊ ကမ်းမမြင်နဲ့ ဘယ်သောင်မှာတင်ပြီး၊ ဘယ်ကျောက်ဆောင်နဲ့ တိုက်မလဲဆိုတာ ဘယ်သူမှပြောနိုင်မှာ မဟုတ်တော့ဘူး။  ဤလည်းတစ်ဒုက္ခပါဘဲလေ။
ကော်သူးလေတပ်မတော် (Kawthoolei Armed Forces) ဆိုတဲ့ဟာ တစ်ခုကလဲ ထွက်လာပြီ။ အောက်တိုဘာလ (၂၃-၂၅)ရက်နေ့မှာ KNU ဗဟိုအမြဲတမ်းကော်မတီအစည်းအဝေးက UNFC နဲ့ KAF ကိစ္စကို ကိုင်တွယ်တော့မယ်။  ဘယ်လိုအဖြေထွက်လာမလဲဆိုတာစောင့်ကြည့်ကြစို့။ ကိုယ်ဗဟိုအမြဲ တမ်းကော်မတီ ဥက္ကဌနဲ့ ဗဟိုကော်တီဝင်အားလုံးအတွက်စာတစ်စောင်ပို့ထားတယ်။ မင်းသိအောင် ကိုယ်ပို့ပေးလိုက်မယ်။
ဒါတွေကိုကိုယ်ပြောနေတာ  ဘယ်သူ့ကိုမှ အပြစ်ပြောနေတာမဟုတ်ဘူး။ တစ်ယောက်ကို တစ်ယောက် အပြစ်ရှာ၊ အပြစ်ဖို့၊ အပြစ်ပြောနေတာမျိုးဟာ အကျိုးယုတ်တာကလြွဲပီး ဘာအကျိုးမှ ဖြစ်လာမှာမဟုတ်ဘူး။ အဲဒီတော့မင်းအားရင်လာခဲ့ပါအုံး။ တို့တတွေအားလုံးနေရာတိုင်းမှာအမြင် မတူကြပေမယ့် စုစုစည်းစည်း အဖိုးအခပေးလုပ်ခဲ့တဲ့ အကျိုးကြောင့်ဒီအခြေအနေကိုရောက်လာနေပြီ။ ဆက်ပြီးကြိုးစားကြည့်ကြစို့  
မင်းရဲ့သူငယ်ချင်း
စောထူးထူးလေး (ကော်သူးလေ)
0 comments:
Post a Comment
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ
Followers
Total Pageviews
အမှာပါးစရာများရှိနေရင်
Pop up my Cbox
Blog Archive
အက်ဒမင်
အခြားကဏ္ဍများကို လေ့လာရန်
ရှာဖွေလေ တွေ့ရှိလေ
စာပေမြတ်နိုးသူများ
free counters
Related Posts Plugin for WordPress, Blogger...