Sunday, October 26, 2014

မုဆိုးစိုင်သင်

တစ်ခါတုန်းကပေါ့.....အိမ်တွေထဲ ထွင်းဖောက်ဝင်ရောက်ခိုးယူပြီး
မိသားစုဝမ်းစာကို ရှာဖွေကျွေးမွေးနေတဲ့ သူခိုးကြီးမှာ သားတစ်ယောက်ရှိပါတယ်.....
သားဖြစ်သူကသူ့အဖေကိုကြည့်ပြီး ...အင်း.....အဖေဒီထက်အသက်ကြီးလာရင် မိသားစုစားဝတ်နေရေးအတွက်အလုပ်လုပ်နိုင်မှာ မဟုတ်တော့ဘူး၊ ဒီလိုဆိုရင် မိသားစုတာဝန်ကို
ငါကပဲဆက်တာဝန်ယူရမှာ ဒီတော့ ငါ့အဖေ ပညာကိုသင်ယူမှဖြစ်တော့မယ်လို့ စိတ်ကူးရတာနဲ့
သူ့အဖေကိုပညာလက်ဆင့်ကမ်းဖို့ တောင်းဆိုတော့သူ့အဖေကလည်း သဘောတူလိုက်တယ် သင်မယ်ပေါ့...

တစ်ညတော့ အဖေဖြစ်သူက သူ့သားကို အိမ်ကြီးတစ်အိမ်စီ ခေါ်သွားပြီး
ခြံစည်းရိုးဖောက်ဝင်လိုက်ပါတယ်.....နောက်တော့အိမ်ကြီးထဲအထိ
ရောက်သွားကြရောဆိုပါတော့...
အိမ်ထဲရောက်လို့ အကြီးဆုံးသေတ္တာတွေ့တော့ အဖေဖြစ်သူက အဖုံးကိုဖွင့်ပြီး
သားဖြစ်သူကိုသေတ္တာကြီးထဲဆင်းပြိး အ၀တ်အစားတွေ
ယူထုတ်ပေးဖို့ခိုင်းပါတယ်.....သားတော်မောင်သေတ္တာထဲလဲရောက်ရော သေတ္တာအဖုံး အလုံပိတ် သော့ခတ်ပြီး အဖေကြီးလစ်တော့တာပါပဲ
အိမ်အပြင်ရောက်တော့ အိမ်ရှင်တွေနိုးလောက်အောင် တခါးရွက်ကို ခတ်နာနာထုပြီး
လာရာလမ်းအတိုင်း ခြေသံလုံလုံနဲ့ အိမ်ပြန်အားရပါးရ အိပ်နေပါသတဲ့
အိမ်ရှင်တွေလည်းအသံကြားလို့ ကပျာကယာ အိပ်ယာကထ ဖယောင်းတိုင်ထွန်းပြီး လိုက်ရှာကြတော့သူခိုးလွတ်သွားပြီဆိုတာကိုသိလိုက်ရတယ်...လိုက်စစ်ကြည့်တော့ဘာမှ ပါမသွားတာနဲ့စိတ်ချလက်ချပြန်အိပ်လိုက်ကြတယ်......အဲဒီအချိန်မှာသေတ္တာကြီးထဲ ပိတ်လှောင်ခံနေရတဲ့သားဖြစ်သူကတော့ရက်စက်လှတဲ့အဖေ အပေါ်မကျေမနပ်စိတ်တွေဖြစ်နေရာက အကျပ်အတည်းကလွတ်မြောက်ဖို့စဉ်းစားရင်း လွတ်မြောက်ရေးနည်းကောင်းတစ်ခုကို
ဖျက်ခနဲအကြံပေါ်လာပါတယ်.......စိတ်ကူးအတိုင်းသူ့လက်သည်းတွေနဲ့ သေတ္တာကို ကြွက်ကိုက်သံမျိုးဖြစ်အောင်ကုတ်ခြစ်နေလိုက်တယ်.....ဇနီးသည်ကြွက်ကိုက်သံကြားတယ်ဆိုတာ့
အိမ်ရှင်ယောက်ျားကဖယောင်းတိုင်မီးနဲ့ သေတ္တာကြီးကိုလှည့်ပတ်ရှာပါတော့တယ်...အပြင်မှာမတွေ့လို့အထဲကြွက်ရောက်နေတာဖြစ်မယ် ဆိုပြီးသော့ဖွင့်လှပ် လိုက်ချိန်မှာ သကောင့်သားသူခိုးလဲ
ရုတ်တရက်ထတဲ့ပြီး ဖယောင်းတိုင်မီးမှုတ် အိမ်ရှင်ကို တွန်းလှဲပြီး
လာလမ်းအတိုင်းထွက်ပြေးပါလေရော...
အိမ်ရှင်တွေလည်း အင်အားသင့်မှင်သက်သလို ဖြစ်နေရာကသတိပြန်ဝင်လာပြီးသူခိုးနောက်ကို လိုက်တော့တာပါပဲ......ငနဲသားလဲနောက်ကလိုက်လာပြီဆိုတာသိလို့
အလာတုန်းကတွေ့ခဲ့တဲ့ ရေတွင်းပျက်ကြီးနားရောက်တော့ ကျောက်ခဲတစ်လုံးကို
ကောက်ပြီး ရေတွင်းထဲပစ်ချပြီး သုတ်ခြေတင်တော့တာပဲ..........၀ုန်းခနဲ
အသံကြားလိုက်တာနဲ့ နောက်ကလိုက်လာတဲ့သူတွေ သူခိုးတော့ ရေတွင်းထဲ လိမ့်ကျသွားပြီဆိုတဲ့အထင်နဲ့ရေတွင်းကိုဝိုင်းပြီး သူခိုးတက်မပြေးနိုင်အောင် စောင့်နေကြခိုက်
သူခိုးကတော့ခလုပ်မထိ ဆူးမငြိပဲ အိမ်ပြန်ရောက်သွားပါတယ်........အိမ်ရောက်လို့မပူမပင်အေးအေး
ဆေးဆေး အိပ်နေတဲ့ ဖအေကိုမြင်တော့ အဖေမို့သာအောင့်နေရတယ်၊ စိတ်ကတော့သား အပေါ်ရက်စက်တဲ့ အဖေဆိုပြီး ဒေါသထွက်နေမိတာအမှန်ပဲ......သူ့အဖေကိုနှိုးပြီး
သားအဖချင်း ရက်စက်ရကောင်းလားဆိုပြီး အပြစ်တင်ပြောဆိုမိတယ်..........
အဖေဖြစ်သူကတော့ အပြုံးမပျက် နားထောင်ပြီး....
.ကဲ...ပြောစမ်း....မင်းအိမ်ကို ဘယ်လိုပြန်ရောက်လာသလဲပေါ့........ဒီတော့သားဖြစ်သူက
သူ့ရဲ့လွတ်မြောက်မှုဖြစ်စဉ်တွေကို တစင်တတန်း ပြောပြလိုက်တယ်.........
အေး ငါ့သား မင်းသင်ချင်တဲ့ ပညာ မင်းတတ်ပြီးပြီ လုပ်စားလို့ရပြီလို့.......အသိအမှတ်
ပြုဆာတီဖီကိတ် လက်မှတ်ပေးလိုက်ပါသတဲ့.....................
ပုံပြင်ပြောချင်တာက လက်တွေ့ကြုံတွေ့လာတဲ့အခက်ခဲကိုဖြေရှင်းနိုင်ခြင်းဟာ တကယ့်ကို ပညာရပ်တစ်ခုပါပဲ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...