Tuesday, October 21, 2014

MRI Scan (အမ်-အာရ်-အိုင်)

MRI Scan (အမ်-အာရ်-အိုင်) 

MRI (အမ်-အာရ်-အိုင်) ဆိုတာ Magnetic Resonance Imaging ကို အတိုကောက် ခေါ်တာ ဖြစ်တယ်။ ရောဂါ ရှာဖွေရေးမှာ ဈေးလဲကြီး အသုံးလဲကျတယ်။ Magnetism သံလိုက်ဓါတ်၊ Radio waves ရေဒီယိုလှိုင်း နဲ့ ကွန်ပြူတာတွေသုံးပြီး ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေကို ပုံဖေါ်ပေးတယ်။ ဘာမှ မနာဘူး။ X-ray radiation ရေဒီယိုဓါတ်ရောင်ခြည် မပါဘူး။

MRI scanner စက်ဆိုတာ Tube ပြွန်ကြီးတခုပါဘဲ။ Giant circular magnet စက်ဝိုင်းလို သံလိုက်အကြီးစားက ငုံပေးထားတယ်။ စစ်ဆေးခံမဲ့သူကို Moveable bed လှည့်လို့ရတဲ့ အိပ်ယာမှာ ထားမယ်။ သံလိုက်ဓါတ်ကနေ ကိုယ်ထဲက (ဆဲလ်) တွေမှာရှိတဲ့ ဟိုက်ဒရိုဂျင် အနုမြူထဲရဲ့ (ပရိုတွန်) ကို ထိစေပြီး Radio waves ရေဒီယိုလှိုင်းနဲ့ တွေ့စေလို့ ခပ်ဝါးဝါးပုံ ပေါ်လာတာကို Receiver portion ခံယူကရိယာဆီ ရောက်လာပြီးနောက် ကွန်ပြူတာကနေ ပုံကောင်း ဖေါ်ပေးတယ်။ အသေးစိတ်ကအစ သိစေနိုင်တယ်။ ပိုသေခြာဘို့ လိုတဲ့အခါ Contrast agents ခွဲခြားမြင်နိုင်စေတဲ့ Gadolinium ဆေးကိုလဲ ထိုးပြီးရိုက်တယ်။ အသုံးပြုတဲ့ ရေဒီယိုလှိုင်းဟာ အလွန်ကို ပြင်းအားများတယ်။ ကမ္ဘာ့ သံလိုက်ဆွဲအားထက် အဆ ၁ဝဝဝဝ ကနေ ၃ဝဝဝဝ အထိ ကြီးမားတယ်။ 

X-ray ဓါတ်မှန်၊ Ultrasound (အာလ်ထွာဆောင်း)၊ Computed Tomography (CT) scan (စတီ-စကင်) တွေမှာ ရလာတဲ့ အဖြတွေနဲ့ အတူတူ ဟုတ်ချင်မှ ဟုတ်မယ်။ တခြားနည်းတွေနဲ့ မတွေ့နိုင်တာကို MRI မှာ တွေ့နိုင်တယ်။

လူနာ သက်တောင့်သက်သာ၊ အေးဆေးငြိမ်သက်နေဘို့ လိုတယ်။ အသံကျယ်ကျယ်၊ ခဏခဏ ထပ်ကြားရမယ် ဆိုတာကို ကြိုတင် ပြောပြထားရတယ်။ နာရီဝက်၊ တနာရီ၊ တနာရီခွဲအထိ ကြာနိုင်တယ်။ 

Pacemakers or cardiac defibrillators နှလုံးခုန်နှုန်းထိန်း ကရိယာ၊ Insulin pumps ဆီးချိုရောဂါသည်များသုံးတဲ့ (အင်စူလင်-ပန့်)၊ Cochlear implants နားကရိယာ၊ Brain-aneurysm clips ဦးနှောက်ကရိယာ၊ Gastrointestinal clips အစာလမ်း-ကရိယာ၊ Artificial joints အဆစ်တု၊ Metallic bone plates အရိုးထဲထည့်သတ္ထု၊ Prosthetic devices အတုပစ္စည်းတွေ၊ Artificial heart valves နှလုံးအဆို့ရှင်တု၊ Dental fillings သွားဖြည့်သတ္ထု၊ Spinal rods ခါးရိုးထဲထည့် သတ္ထုချောင်း စတာတွေ ရှိနေသူက အရင်ပြောပြထားဘို့ လိုတယ်။ ActiPatch အနာကျက်အောင်သုံးတဲ့ Electromagnetic device ကိုလဲ မသုံးရဘူး။

လက်ဝတ်ရတနာတွေနဲ့ တချို့ တက်တူးတွေကိုလဲ သတိထားရမယ်။ Body piercings လှချင်လို့ဝတ်ထားတဲ့ ကွင်းတွေကိုလဲ ပူလာစေမယ်။ ကိုယ်ဝန်တား သားအိမ်ထဲထည့်ထားရတဲ့ (IUD) ပစ္စည်းမှာ (ကော်ပါး) လိုသတ္ထုပါနေတာရင် ခက်တယ်။ ကိုယ်ဝန်ရှိနေချိန်မှာ ဖြစ်နိုင်ရင် MRI မရိုက်ဘူး။ Obesity သိပ်ဝသူတွေအတွက်လဲ ခက်နိုင်တယ်။ Credit card (ခရက်ဒစ်-ကဒ်) ATM card (အေတီအမ်-ကဒ်) တွေကိုလဲ အပြင်မှာထားခဲ့ရမယ်။ 

ခေါင်းကို ထိခိုက်မိလို့ ဦးနှောက်ရောင်နေတာ၊ သွေးယိုနေတာကို မြင်နိုင်တယ်။ Brain aneurysms ဦးနှောက်ထဲမှာ သွေးကြော ဖေါင်းနေတာ၊ Stroke ဦးနှောက်ထဲ သွေးကြောပိတ်တာ၊ Brain tumors ဦးနှောက်အကျိတ်၊ Spine tumors ခါးရိုးထဲက အကျိတ်တွေကိုလဲ သိနိုင်တယ်။ Heart နှလုံး၊ Aorta (အေယိုတာ) သွေးလွှတ်ကြောမကြီး Glands (ဂလင်း)၊ Organs အင်္ဂါအစိတ်အပိုင်းတွေ၊ Joints အဆစ်၊ Soft tissues အပြော့စား (တစ်ရှူး) တွေ၊ Bones အရိုးတွေမှာ ရောဂါရှိနေရင် သိမယ်။ 

Magnetic resonance angiogram (MRA) ဆိုတာက သွေးကြောတွေထဲ သွေးစီးဆင်းနေတာကို စမ်းသပ်တာဖြစ်တယ်။ MRI spectroscopy ဆိုတာလဲရှိသေးတယ်။ Gadolinium ဆေးထိုးပြီး ရိုက်ရင် Nephrogenic fibrosing dermopathy ကျောက်ကပ် ပျက်စီးနေသူတွေကို စမ်းသပ်တာ ဖြစ်တယ်။ 

The risks ဘာအန္တရာယ်ရှိသလဲ -
Radiology technique (ရေဒီယိုလော်ဂျီ) နည်းပညာကိုသုံးပေမဲ့ အခုထိ ဘာအန္တရာယ်ရှိသလဲ မတွေ့သေးပါ။ စက်ထဲ နေရတုံးမှာ Claustrophobic sensation ကြောက်စိတ်ခံစားမှုမျိုးတော့ ရနိုင်တယ်။ ဒါကြောင့် လိုအပ်သူတွေကို ငြိမ်ဆေး နည်းနည်း ပေးပြီးမှ လုပ်ရတယ်။ 

MRI ကို မလိုအပ်ဘဲ အသုံးများတာ မကောင်းပါ။ ၂၂၁ ယောက်ကို ဆန်းစစ်တော့ ၅့၉% ကသာ တကယ် လုပ်ဘို့လိုတာ တွေ့ရတယ်။ ၉၄့၁% ဟာ ငွေနဲ့ အချိန်ကို ဖြုန်းခဲ့ကြပါတယ်။

• CT Scan ရိုက်တာ ဘာအန္တရာယ်ရှိသလဲ http://dts-medicaleducation.blogspot.com/2011/04/ct-scan.html

Dr. တင့်ဆွေ

• CT Scan ရိုက်တာ ဘာအန္တရာယ်ရှိသလဲ http://dts-medicaleducation.blogspot.com/2011/…/ct-scan.html
Dr. တင့်ဆွေ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...