Monday, October 27, 2014

(လော် တိုင်း ပြည်) နေ နော်

Nay Naw added 5 new photos.

မိုး လင်း ပြီ ဆို ကတည်း က အလှူ ခံ အ ဖွဲ့ တွေ ဟာ လော် ကြီး တွေ အသံ ကုန် တင် လို့ အိမ် ရှေ့ က နေ တစ် ဖွဲ့ ပြီး တစ် ဖွဲ့ ဖြတ် တော့ တာ ပဲ။
အ ခု ဒီ စာ ရေး နေ တုန်း မှာ ပဲ ဒီ မနက် အ တွက် ၉ ဖွဲ့ မြောက် ဟာ (ပြုံး လို့ ပျော် လို့ က လို့ ခုန် လို့) ဆို ပြီး ဖြတ် နေ ပြန် တယ်။ဒီ လောက် နှိပ် စက် မှ တော့ ဘယ် သူ တွေ က ပြုံး ပျော် နိုင် တော့ မှာ လဲ ဗျာ။


တစ် နေ့ လုံး ဆို တခြားက လာ တဲ့ လော် လှူ ခံ အဖွဲ့ က ၁၄-၅ ဖွဲ့ ရှိ တယ်။အ ရပ် ထဲ က အာ ရုဏ် ဆန် ပါ ဗျို့ က ၃-၄ဖွဲ့ ရှိ တယ်။လမ်း ထိပ် ဆိုက် ကား ဂိတ် မှာ အ ထိုင် ချ ထား တဲ့ လမ်း ထဲ က မိ ခင် တပ် ရင်း အ ဖွဲ့ ရှိ တယ်။(တနှစ် မှာ တလ တစ်လ မှ တစ်ရက်။တရက် မှာမှ တစ် ကြိမ်တည်း) ဆို ပြီး တစ် ပတ် ၁၆ ကြိမ် လောက် အော် တယ်။သူ တို့ ရဲ့ တစ် ကြိမ် က ပြီး ပဲ မပြီး နိုင် တော့ ဘူး။ ဆွမ်း ဆန် စိမ်း။ဝါ ဆို သင်္ကန်း။အဖိုး အ ဘွား များ ကန် တော့ ရန်။သီ တင်း ကျွတ် မီးထွန်း ဖို့။စာ ရေး တန် မဲ။ဘု ရား မဲ ဖောက် ဖို့။က လေး တွေ ပျော် ပွဲ ရွှင် ပွဲ ကျင်း ပ ပေး ဖို့။တ ရား ပွဲ။ စာ ပေ ဟော ပြော ပွဲ လုပ် ဖို့။ ဟိုး တစ် လော က ဆို ထူး ထူး ဆန်း ဆန်း က လေး တွေ ကို မော် ဒယ် နဲ့ ကာ ရာ အို ကေ ပြိုင် ပွဲ ကျင်း ပ ပေး ဖို့ တဲ့။လော် ကြီး နဲ့ အော် ပြီး ဓား ပြ တိုက် (အဲ) အလှူ ခံ တော့ တာ ပဲ။ပြီး တော့ စင် လုပ် ပြီး က လေး တွေ ကို မော် ဒယ် ပြိုင် ခိုင်း သ တဲ့။ (ကြုံ ဖူး ပေါင် ဗျာ) စကား ရည် လု ပွဲ လောက် ဆို ရင် တောင် မ ပြော ပါ ဘူး။ညဥ့် နက် လာ တော့ လူ ကြီး တွေ ပဲ စင် ပေါ် တက် ကဲ ကြ တော့ တာ ပါ ပဲ။သိ တဲ့ အတိုင်း ပေါ့ လေ။
အဲ့ ဒီ လို အသံ ချဲ့ စက် နဲ့ နှိပ် စက် တဲ့ လော် လှူ ခံ အ ဖွဲ့က တနေ့ ၂၀ လောက် ရှိ တဲ့ အထဲ ဈေး သည် တွေ က လည်း သူ တို့ နဲ့ မသာ ရင် သာ နေ မယ် မလျော့ ဘူး ခင် ဗျ။
(သိန်း ၁၅၀၀။ တစ် စောင် ကို ၃၀၀ ထဲ) တို့။(ကျွန် တော် များ အာ ပ လာ ထိုး မုန့် ဟာ ဆို ရင် ဖြင့် ပဲ ဆီ သန့် နဲ့ သာ ပြု လုပ် ပြီး) တို့။(အို ရင် ပစ် သောက် ရေ သန့် ရောက် လာ ပါ ပြီ ခင် ဗျ)တို့။(ကဲ နေ့ ခင်း နေ့ လည် အပျင်း ပြေ လေး စား။အဆာ ပြေ လေး စား။မော် လ မြိုင် ကျွဲ ကော သီး) တို့။(မန္တလာ ဆရာ အာ ကြီး ရဲ့ တနှစ် စာ ညာ ရွှီး ဟော စာ တမ်း) တို့။
ဒါ့ အပြင် လော် မလို ဘဲ အသံ အောင် သူ တွေ က (အမှိုက် အမှိုက်ပစ် အုံး မလား အ မှိုက်)တို့။ (ကျနော် တို့ မိ သား စု ဆေး ရုံ တက် ရ လို့။ဆေး ရုံ က ဆင်း တဲ့ အခါ စား စရာ နဲ့ လမ်း စ ရိတ် မ ရှိ တော့ လို့ လမ်း စ ရိတ် လေး ကူ ပါ အုံး) တို့ က ရှိ သေး။
အဲ့ ဒီ လို အသံ နဲ့ နှိပ် စက် ခံ ရ တာ ဟာ မိုး လင်း ချိန် (က ရင် မ လး ရဲ့ ပဲ ပြုတ်) က စ ပြီး ရေ ရင် ည ပိုင်း (တို့ ဟူး သုတ်) (မုန့် ဖက် ထုပ်) အထိ ဆို ၅၀-၆၀ အနည်း ဆုံး ပဲ။လော် သုံး တဲ့ အ ဖွဲ့ က တော့ တစ်ဝက် လောက် ရှိ လိမ့် မယ်။ဒီ ကြား ထဲ လမ်း ထဲ မိ ခင် တပ် ရင်း က စိတ် ကူး ပေါက် ပြီး (သွေး အေး လို့ မ နေ သင့် ပြီ) ဆို တာ မျိုး တစ် ကျော့ ပြီး တစ် ကျော့ ဖွင့် တဲ့ ရက် ဆို အ ရပ် ထဲ က တောင် ထွက် ပြေး ချင် ပါ တယ်။
ခု လို မိုး လေ ကင်း စင် လို့ လော် လှူ ခံ တွေ အလျှို အလျှို ပေါ် လာ တဲ့ ရက် မျိုး။ အိမ် ရှေ့ မှာ သုံး ဖွဲ့ လောက် ဆုံ လိုက် ရင် တော့ သတ် ကို သေ ချင် ပါ တယ် ခင် ဗျာ။
တစ် ဘက် က (လူ လိမ် လူ ညာ ကြီး ပေါ့ ကွယ်။အာ ရွှီး တဲ့ ကို ကို) တဲ့။ တစ် ဘက် က တော့ သ ဘော ထား ကြီး စွာ နဲ့ (တစ်ခါ တစ်ခါ ခွင့် လွှတ် ရင်း နဲ့ အနစ် နာ ခံ ခဲ့ ရ တယ်) တဲ့။အဲ့ ဒီ အချိန် တ တိ ယ အဖွဲ့ က(နမော နမော) ဆိုပြီး အက တီး လုံး အဆုံး တင် တော့ တာ ပါ ပဲ။
ဒါ တွေ ဟာ ၀င် ဒါ မီ ယာ တို့ ဗိုလ် ချုပ် ရွာ တို့ မှာ တော့ မရှိ နိုင် ဘူး ပေါ့ လေ။ ကျွန် တော် တို့ လို အ ခြေ ခံ လူ တန်း စား တွေ နေ တဲ့ ရပ် ကွက် မှာ ပဲ ကြုံ ရ တာ မျိုး ပါ။
ဒီ မို က ရေ စီ တိုင်း ပြည် မှာ လူ အခွင့် အရေး နဲ့ နိုင် ငံ သား အခွင့် အရေး ကို လေး စား ရ တယ် ဆို ရင် ခု လို လော် တွေ ကို သုံး ချင် တိုင်း သုံး နေ တာ ဟာ အများ ပြည် သူ နိုင် ငံ သား တွေ ရဲ့ ငြိမ်း ချမ်း စွာ နေ ပိုင် ခွင့် ကို ထိ ပါး စော် ကား နေ တာ ပါ ပဲ။
ကျွန် တော့် စိတ် ထင် ဒီ လို မျိုး လော် လှူ ခံ ယဉ် ကျေး မှု ဟာ ကျွန် တော် တို့ တိုင်း ပြည် က လွဲ ပြီး တ ခြား ဘယ် နိုင် ငံ မှာ မှ မရှိ ဘူး။ရှိ ခဲ့ ရင် လည်း လက် ခံ လိမ့် မယ် မ ထင် ဘူး။
၉၆ လောက် က စ လုံး က အပြန် ဘန် ကောက် အ နု ဆာ ဝါ ရီ နား က အ ပတ် မန့် တစ် ခု မှာ ၂ ပတ် လောက် နေ ဖူး တယ်။အဖွဲ့ ထဲ က အမ ကြီး တစ် ယောက် က ကျွန် တော် ပက် ပုန်း သွား လည် တာ သိ ပြီး ဂျီ ပါ လေ ရော။ကျိတ် ကျိတ် ကျိတ် ကျိတ် နဲ့ စ ကား များ ကြ တာ ပေါ့။အဲ့ ဒီ မှာ ဘေး ခန်း က ငနဲ က တံ ခါး လာ ခေါက် ပြီး အသံ တိုး ပေး ဖို့ လာ ပြော တော့ တာ ပဲ။ဒါ တောင် ရန် ဖြစ် တာ မ ဟုတ် ဘူး နော်။စ ကား များ တယ် ဆို ရုံ လောက် ပါ။ထိုင်း မို့ လို့။စ လုံး မှာ ဆို ရဲ ရောက် လာ မှာ သေ ချာ တယ်။
နောက် တစ် ခါ က တော့ ချောင်း သာ မှာ ပါ။ကျွန် တော့် မိ သား စု နဲ့(ဆုံး သွား ပြီ ဖြစ် တဲ့ ပန်း ချီ ကျော် အောင် မော်)မိ သားစု နှစ် စု ပေါင်း ပြီး ချောင်း သာ သွား ကြ တယ်။နောက် နေ့ မနက် ရွာ ထဲ ငါး ခြောက် သွား ၀ယ် ဖို့ ကျွန် တော့် ကား ဇူး ထရုပါ ဒီ ဇယ် ကား ကြီး ကို နှိုး ပါ တယ်။ဒီ ဇယ် ဆို တာ က နှိုး ပြီး ချက် ချင်း မောင်း ထွက် လို့ မရ ဘူး။အင် ဂျင် ပူ အောင် နည်း နည်း နှိုး ထား ရင်း ရေ စစ် လိုက် တယ်။အဲ့ ဒီ အချိန် အဖြူ တစ် ယောက် ရောက် လာ ပြီး ကား စက် သပ် ပေးဖို့ လာ ပြော တယ်။
ထောင်း ခနဲ ဖြစ် သွား ပေမယ့် ကိုယ် နှိုး မိ တာ က ဟို တယ် နား မှာ ဆို တော့ သူ မှန်ပါ တယ်။ဒါ နဲ့ တောင်း ပန် ပြီး ကား ကို ဟို တယ် အပြင် ဘက် ချက် ချင်း မောင်း ထွက် လာ ရ တယ်။
ကိုယ့် ကား ကိုယ် နိုး တာ ဖြစ် ပေ မယ့်။ ကိုယ့် ပါး စပ် နဲ့ ကိုယ် စကား များ တာ ဖြစ် ပေ မယ့် အ များ ပြည် သူ ရဲ့ အေး ချမ်း တိတ် ဆိတ် စွာ နေ ပိုင် ခွင့် ကို ထိပါး လို့ မ ရ ပါ ဘူး။ဒါ ဟာ လူ တိုင်း လိုက် နာ ရ မယ့် လူ့ ယဉ် ကျေး မှု ပါ။
လော် လှူ ခံ အ ဖွဲ့ တွေ ကို လည်း မေတ္တာ ရပ် ချင် တာ က လူ တိုင်း ဟာ သဒ္ဓာ တရား ရှိ ကြ ပေ မယ့် လူ တိုင်း ဟာ နား ညီး မ ခံ ချင် ကြ ပါ ဘူး။မ ကောင်း တတ် လို့။မ ပြော ရဲ လို့ ငြိမ် နေ ကြ ပေ မယ့် သဘော ကျ လွန်း လို့ မ ဟုတ် ဘူး ဆို တာ ကို တော့ သိ စေ ချင် တယ်။ဆယ် တန်း စာ မေး ပွဲ က ၄လ နဲ့ ၁၆ရက် ပဲ လို တော့ တာ ပါ။(ကျွန် တော် တို့ လို စာ ရေး ဆရာ အာ ပ လာ တွေ ကို ထည့် မတွက် ချင် လည်း နေ ပါ) အ ရပ် ထဲ မှာ စာ ကျက် ချင် တဲ့ ကျေင်း သား တွေ ရှိ သလို။နာ အေး ပါး အေး နေ ချင် တဲ့ လူ ကြီး သူ မ တွေ။နာ မ ကျန်း ဖြစ် နေ တဲ့ လူ မ မာ တွေ လည်း ရှိ ပါ တယ်။
မြန် မာ လူ မျိုး တွေ ဟာ အလှူ အတန်း ဝါ သနာ ပါ ကြ သလို နား အေး ပါး အေး လည်း နေ လို ကြ ပါ တယ်။အဲ့ ဒီ စည်း နှစ် ခု ကြား အလည် အလတ်ကို ချိန် ညှိ နိုင် ကြ ရင် တော့ ကောင်း ပါ လိမ့် မယ်။ဒီ လို မှ မဟုတ် လည်း လွှတ် တော် မှာ လော် ဥ ပ ဒေ ကို အပျင်း ပြေ အ ဆို တင် သွင်း ကြည့် စေ ချင် ပါ တယ်။
လေး စား စွာ ဖြင့်
နေ နော်
၂၆၁၀၁၄
တစ် ချိန် က အသံ ချဲ့ စက် ဥ ပ ဒေ ဆို တာ ရှိ တယ်။အသံ ချဲ့ စက် သုံး ချင် ရင် မြို့ နယ် မှာ ခွင့် ပြု ချက် ယူ ရ ပါ တယ်။ဒါ ဟာ လူ့ အခွင့် အ ရေး ကို လေး စား တဲ့ အင်္ဂ လိပ် ဆီ က ယူ ခဲ့ တဲ့ ဥ ပ ဒေ ထင် ပါ တယ်။ ခု တော့ နောက် ပိုင်း အုပ် ချုပ် ရေး မှူး တွေ အဲ့ ဒီ ဥ ပ ဒေ တောင် ကြား ဖူး ကြ ရဲ့ လား မသိ ဘူး။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...