Friday, October 17, 2014

(‪#‎program‬ installed ) မှားယွင်းတင်မိကြမည့် program တစ်ခု

ဆရာခင်ဗျား..
ကျွန်တော့် ရဲ့ ကွန်ပြူတာ Program ပြဿနာတွေနဲ့ ပတ်သက်လို့  ဆရာ့ထံ သို့ တင်ပြ အကြံ ဉာဏ်တောင်းလိုပါတယ်။
ကျွန်တော့်မှာ Girlfriend 1.0 ဆိုတဲ့ programရှိခဲ့ပါတယ်။
မနှစ်က အဲဒီ Girlfriend 1.0 ဆိုတဲ့ Program ကို Wife 1.0 အဖြစ်
Upgrade လုပ်ခဲ့ပါတယ်။

ဒီမှာတင်မမျှော်လင့်ဘဲ Child processing ဖြစ်ခဲ့ပြီး
Space တော်တော်များနဲ့  အခြား Valuable Resources တွေကိုယူ
သုံးသွားခဲ့ပါတယ်။
အဲဒီလို ရှတ်ထွေးမှုတွေ ဖြစ်နိုင်တယ် ဆိုတာသူရဲ့  Product Brochure မှာရော Read me Document မှာပါ ထည့်သွင်းဖော်ပြထားခြင်း
မတွေ့ ခဲ့ရပါဘူး၊၊
အဲဒီ အပြင် Wife 1.0 က အခြား
Program လေးတွေကို အလိုအလျှောက် ထပ်မံရေးဆွဲတပ်ဆင်ပြီး
နဂိုမူလ system ထဲရှိပြီးသား Activities
တွေကိုထိန်းကွပ်တော့တာပါဘဲ၊၊
ဥပမာ အားဖြင့် Kara OK night 10.3
နဲ့  Beer Bash 2.5
ကဲ့သို့ သော Program တွေဟာ လုံးဝ အလုပ်မလုပ်တော့ဘဲ
ရပ်ဆိုင်းသွားပါတော့တယ်၊၊
Wife 1.0 ရဲ့ 
စွမ်းဆောင်ချက်တွေပါဘဲ၊၊
Wife 1.0 ကို system ထဲကနေ ကြိုးစားပြီး Delete လုပ်ကြည့်ပေမဲ့ မရတော့ပါဘူး၊
ကျွန်တော်က Girlfriend 1.0 ကို ပြန်သွားရင်ကောင်းမလားဆိုပြီး Uninstall
လုပ်ကြည့်ပါတယ်။
ဒါပေမဲ့ Uninstall ကလည်း လုံးဝအလုပ်မလုပ်ပါဘူး။
ဒါကြောင့် ဒီပြဿနာ ကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာ ဆရာဖြေကြားပေးပါ ခင်ဗျား၊၊
လေးစားစွာဖြင့်
JP
Mr.JP ခင်ဗျား..
လူကြီးမင်းကြုံတွေ့ နေရသောပြသနာသည် အလွန်ယေဘူယျကျပြီး
လူတော်တော်များများ၏ မကျေမနပ် ပြောဆိုသံများနှင့်ထပ်တူဖြစ်သည်။
လူအများစုက Wife 1.0 သည် Utilities & Entertainment program တစ်ခုလိုထင်ကြပြီး
Girlfriend 1.0 မှ Wife 1.0 သို့Upgrade လုပ်ကြတာပါဘဲ၊၊
အမှန်တော့ Wife 1.0 ဟာ Utilities& Entertainment program မဟုတ်ဘဲ Operating
System တစ်ခုဖြစ်ပါတယ်။
Wife 1.0 ကိုဖန်တီးသူက အရာ တော်တော်များများ လုပ်ဆောင်နိုင်အောင် ဆိုပြီး သေချာပုံစံပြု
ထုတ်လုပ်ခဲ့တာပါ။
အဲဒီ Program ကို system ထဲမှာ
install လုပ်ပြီးတာနဲ့  uninstall Delete(သို့ ) Purge လုပ်လို့ မရပါဘူး ။
Girlfriend 1.0 ကိုလည်းပြန် သွားလို့ မရပါဘူး။
ဘာကြောင့်လည်းဆိုတော့ သူ့ ကို Design လုပ်စဉ်ကတည်းက Girlfriend 1.0
ကိုပြန်သွားလို့ မရအောင်စီမံထားလို့ ပါဘဲ။
တချို့  ကတော့ Girlfriend 2.0 တို့  Wife 2.0 ဆိုတာတွေ ကို ကြိုးစားပြီး System ထဲ မှာ
install လုပ်ကြပါတယ်။
ဒါပေမဲ့ အောင်မြင်မှု မရဘဲ မူလထက်ရှုတ်ထွေး မှုများနဲ့  အဆုံး သတ်ကြတာတွေ
့ရပါတယ်။
ကျွန်တော် အကြံပြု ချင်တာကတော့ Wife 1.0 ကိုဘဲ ဆက်လက် ထိမ်းသိမ်းပြီး သုံးစွဲပါ။
ဖြစ်လာတဲ့ အခြေအနေ အရပ်ရပ်ကို သတိ၊ ဥာဏ်ပညာ နဲ့  ယှဉ်ပြီး ရင် ဆိုင်ပါ။
ကျွန်တော်ကိုယ်တိုင် Wife 1.0 ကို install လုပ်ထားသူတစ်ယောက် အနေနဲ့ 
အကြံပြုချင်တာ နောက်တခုကတော့
Wife1.0တစ်ခုလုံးနဲ့  သူ့ ရဲ General Protection Faults(GPF)တွေကို သေချာလေ့လာပါ။ ဖတ်ကြည့်ပါ။
ဖြစ်လာနိုင်တဲ့ ပြဿနာ နဲ့  အမှားတွေ အတွက် မိမိ ပေါ် ကျရောက်လာမဲ့ သက်ရောက်မှုတွေကို
ကြိုတင်ပြီး ခန့် မှန်း ထားကြည့်ပါ။
အကယ်၍ အဲဒီ Program ဟာ ဘာမှ
ဆက်လုပ်လို့ မရလောက်အောင် ကြုံတွေ့  နေရပြီ ဆိုရင်တော့ Apologies ဆိုတဲ့
ခလုတ်ကိုအရင်နှိပ်ပါ။
ပြီးရင် Reset ဆိုတဲ့ ခလုတ်ကို နှိပ်ပါ။ အားလုံး အဆင်ပြေ သွားပါလိမ့်မယ်။
GPF တွေ အားလုံး ရဲ့  ပြစ်ချက်တွေ ဟာ မိမိကြောင့်ပါလို့  တာဝန်ယူထားသမျှ
System ကြီးတစ်ခုလုံးဟာ ချောမွေ့စွာနဲ့ အလုပ်လုပ်နေပါလိမ့် မယ်။
တကယ်တော့ Wife 1.0 ဆိုတဲ့ ဟာ အင်မတန် ကောင်းမွန်တဲ့ Program ကြီးပါ။
ဒါပေမဲ့ အင်မတန် အဆင့်မြင့်မားတဲ့ ပြုပြင်ထိန်းသိမ်းမှု လိုအပ်တာတော့အမှန်ပါ။
ပြည်တွင်းရော ပြည်ပမှာပါ ရှိနေတဲ့ တရားမ၀င်သော Program များ
ဥပမာ အားဖြင့် Mistress 1.0 ဆိုတာမျိုး ကို ကြိုးစားပြီး
install မလုပ်ဖြစ်ပါစေနဲ့ ။
အကယ်၍ Wife 1.0 က အဲဒီလို Program မျိုး ကိုတွေ့ ထိမိခဲ့ရင်
ကြိုတင် မှန်းဆ၍ မရနိုင်သော လုံးဝပြန်လည်၍ ကောင်း မွန်မလာ နိုင်သော ပျက်စီးမှုမျိုး
နဲ့ သေချာပေါက်ကြုံတွေရ နိုင်ပါတယ်။
အဲဒီလိုဖြစ်ခဲ့ရင် ပြင်ဆင်ခနဲ့ အချိန် ကာလဆုံးရှုံးမှုတွေဟာ အလွန်မြင့်မားသွားတော့မှာပါ။
Print Error
Print ထုတ်မရသောအချိန် Printer ဆီမှ ထွက်ပေါ်လာသော error မှာ..
(1) Printer နှင့် Computer ချိတ်ဆတ်ထားခြင်းမရှိပါ။
(2) အရေးကြီးပါက စာရွက်နှင့် ဘောပင်ဆောင်ထားပါ။
OK Cancel
Credit-သူရ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...