Thursday, October 16, 2014

အကြွေး

ခွေးကို ရန်မူ
ရိုက်သော လူ
ရိုက်သူလဲ ခွေး
ခွေး လဲ ခွေး ။ ။ ခတဲ့----
နံရံပေါ်က ဘယ်သူရေးထားမှန်းမသိတဲ့ ကဗျာတိုလေး ဖတ်ရင်း အတွေးနယ်ချဲ့မိတယ်ဗျ။
အတွေးနယ်ချဲ့ရင်း ဦးကျော်ဟိန်း နဲ့ ကိုကျော်သူတို့ သရုပ်ဆောင်ထားတဲ့ ``အကြွေး`` ဇာတ်ကားက စိတ်ထဲရောက်လာပြန်ရော ---------
ဦးကျော်ဟိန်းက ခေတ်ပျက်လူမိုက် --- လူရိုက်တာ လူသတ်တာလောက်ကတော့ ထမင်းစား ရေသောက် ---- တရားတာ မတရားတာ နားမလည်ဘူး---- သူ့ကိုကလန်ကဆန်လုပ်ရင် ရန်သူပဲ---- ကျော်သူနဲ့ ဇင်မာဦးနဲ့ က ရည်းစား --- ပြသ၁နာတစ်ခုဖြစ်တော့ ဇင်မာဦးက လူမိုက်ကြီး ဦးကျော်ဟိန်းကို ဓါးမနဲ့ဝင်ခုတ်တယ်---- ပုခုံးမှာ အရိုးထိပြီး ဓါးမတန်းလန်းကြီးကျန်ခဲ့တယ်---
ဦးကျော်ဟိန်းကသတ္တိကောင်းတဲ့ ဇင်မာဦးကိုကြိုက်သွားတယ်။-- ပြီးတော့ရအောင်ယူလိုက်တယ်။ ---
ကိုကျော်သူက လက်တုန့်ပြန်ဖို့ကြိုးစားတယ်-- မယှဉ်နိုင်ဘူး ။ အဲဒီတုန်းက ဦးကျော်ဟိန်းပြောတဲ့ `` ဟကောင်လေးရဲ့ သေနပ်ပစ်တယ်ဆိုတာ ဟောဒီလို လက်ညှိုးလေး ကွေးတတ်ယုံနဲ့ မရဘူးကွ -- မင်းငါ့ကိုသတ်ချင်ရင် ဆယ်နှစ် ဟေ့ကောင် ဆယ်နှစ်ကြိုးစား `` ဆိုတဲ့စကားတော်တော် လူသိများသွားတယ်။ ဒီလိုနဲ့ ဆယ်နှစ်ရောက်လာတယ်။ ဦးကျော်ဟိန်းနဲ့ ဇင်မာဦး တို့မှာ သားသမီးတွေရပြီး တည်ငြိမ်တဲ့အိမ်ထောင်ရေးလေးဖြစ်နေပြီ။ ဦးကျော်ဟိန်းလဲ အတိတ်က မိုက်ကြွေးတွေကို နောင်တရနေတယ်။ ဒီအချိန်မှာ ပျောက်ချက်သားကောင်းနေတဲ့ ကိုကျော်သူပြန်ရောက်လာတယ်။ ဦးကျော်ဟိန်းနဲ့ချိန်းထားတဲ့ ရန်ကြွေးဆပ်ဖို့ ---- ဖြစ်ချင်တော့ ဦးကျော်ဟိန်းနဲ့ ဇင်မာဦးတို့က အလှုပွဲ ရှင်ပြုနားသ လုပ်ခါနီးအချိန်---- ဦးကျော်ဟိန်းက သူ့ရဲ့မိုက်ပြစ်ကို ဆပ်ဖို့ ဝန်မလေးပေမယ့် သားသမီးတွေရဲ့ ရှင်ပြုပွဲကိုတော့ မိစုံ ဖစုံဖြစ်နေချင်တယ်။ ဒါကြောင့် တစ်သက်လုံးမလုပ်ဖူးတဲ့ ဒူးထောက်တောင်းပန် တာတွေလုပ်ခဲ့တယ် ။ ရှင်ပြုပြီး တဲ့အချိန်ကိုစောင့်ပေးဖို့--- ငယ်ချစ်ဦးဖြစ်ခဲ့တဲ့ ဇင်မာဦးကလည်း အပြစ်တွေခွင်လွှတ်ပြီး အသက်ချမ်းသာပေးဘို့ ငိုယိုပြီးတောင်းပန်လာတယ်။ --- အရင်က ပရိသ၁တ် သနားခဲ့တဲ့ ကိုကျော်သူက ခုတော့ လူကြမ်းပုံဖြစ်သွားရပြန်တယ်---ကလေးတွေရှင်ပြုပွဲကို လည်း မငဲ့ကွက်ပဲ လက်စားချေလိုက်တော့မှာလား ----အတိတ်က ရန်ကြွေးကိုဆပ်လိုက် ဘို့ ပရိသ၁တ်က တကယ်ဆန္ဒ ရှိရဲ့လား----
ကိုကျော်သူက ရှင်ပြုပွဲပြီးတဲ့အထိ စောင့်မယ်လို့ တစ်ထစ်လျှော့လိုက်တယ်---
ရှင်ပြုပွဲအပြီး နောက်တစ်နေ့မှာ ကိုကျော်သူဟာ မြင်းစီးပြီး သေနတ်တစ်လက်နဲ့ ရောက်လာခဲ့တယ်။
ဦးကျော်ဟိန်းက လဲ အဆင်သင့်ပါပဲ --- ကျေနပ်စွာနဲ့ ကိုကျော်သူရဲ့ လက်တုန့်ပြန်မှုကို လက်ခံပါ့မယ်.။
ပစ်လိုက်ပါ -- မိုက်ကြွေးကို သွေးနဲ့ဆပ်ပါ့မယ်။
ဒါပေမယ့် တကယ်နောင်တရနေတဲ့ စိတ်သစ် လူသစ်ကြီး ဦးကျော်ဟိန်းကို ကိုကျော်သူက မပစ်ပဲ -- အိမ်ထဲမှာ ချိတ်ဆွဲထားတဲ့ ဦးကျော်ဟိန်းဓါတ်ပုံရဲ့ နှဖူးကို ပစ်ခွဲလိုက်ပြီး မြင်းကိုဒုန်းစိုင်းထွက်ခွာသွားတဲ့အခါ--------
ဘဝရဲ့မိုက်ကြွေးတွေကို မဆပ်လိုက်ရတဲ့ ဦးကျော်ဟိန်းတစ်ယောက် အရှုးတစ်ယောက်လို -----`` ငါ့ကိုသတ်သွား ----- မင်း ငါ့ကိုသတ်သွား `` ဆိုပြီး အရူးတစ်ယောက်လိုအော်ဟစ်ရင်း ဇာတ်သိမ်းပေးထားတယ်--
ဘာကြောင့်လဲ----
ခွင့်လွှတ်ခြင်း ဆိုတဲ့ကျည်ဆန်ဟာ သူ့နှလုံးသားကို ဖောက်ခွင်း ဖျက်ဆီးလိုက်တယ်--
အပြစ်ရှိတဲ့သူဟာ နောင်တ တစ်ကယ်ရနေတဲ့အချိန်ကြရင် ခွင့်လွှတ်ခြင်းဟာ သူ့အတွက် အကြောက်ဆုံးတုန့်ပြန်မှုပဲ ။
ကဗျာလေးပြန်ဖတ်ကြည့်မိတယ်---
ခွေးကိုရန်မူ
ရိုက်သောလူ
ရိုက်သူလဲခွေး
ခွေးလဲခွေး ။ ။

ကိုစိုးနိုင်(မြန်မာ့အရုဏ်သစ်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...