Sunday, October 19, 2014

ဟာသ စုဗူး (၂၀)

အရူးကတစ်မူးသာ

စိတ္တဇဆေးရုံမှာ လူနာတစ်ယောက် စာထိုင်ရေးနေတယ်... ဆရာဝန် round လှည့်တဲ့အချိန် မြင်တော့
မေးလိုက်တယ်...
ဆရာဝန်။ ။"ကိုသာအေး ဘာလုပ်နေတာလည်းဗျ"
လူနာ။ ။"စာရေးနေတာဗျ စာပို့မလို့ ..."
ဆရာဝန်။ ။"ဟုတ်လှချီလား... ဘယ်သူ့ဆီ ပို့မှာလည်း..."

လူနာ။ ။"ကျွန်တော့ဆီကိုလေ ... "
ဆရာဝန်။ ။"အဲ... ဘာအကြောင်းတွေရေးထားလည်း..."
လူနာ။ ။"ခင်များ ရူးနေပြီလား .. ကျုပ်ဆီ စာမှ ရောက်မလာသေးတာ
ဘယ်လိုလုပ် သိမှာလည်းဗျ......."
အေးလေ ဟုတ်သားပဲ----

အသန့်ကြိုက်ပုံများ 
လိုင်းကားတစ်ခုပေါ်ကို အလန်းဇယားလေး တစ်ယောက်
တက်လာတယ်... အိတ်ထဲက tissue ကိုထုတ်ပြီး ထိုင်ခုံကို ဖုံခါတယ်... ဖုံကို
ပြောင်အောင် ခဏခဏ သုပ်ပြီးမှ ထိုင်တယ်... ကောင်မလေး
ခုံပေါ်ထိုင်လိုက်တဲ့အချိန်မှာ "ဘူ..." ဆိုပြီ အီပေါက်သွားတယ်...
{ ဟိုက် ဒုက္ခပါပဲ
ထိန်းနေတဲ့ကြားက ဘယ်လိုလုပ် ထွက်သွားတာပါလိမ့် ဘယ်သူမှမကြားပါစေနဲ့ ပေါ့ }
ဆုတောင်လို့ မဆုံးသေးဘူး .. ကားစပါယ်ရာရဲ့အသံကိုကြားလိုက်တယ်...
" ဟား.... လူများလှလှလေးဝတ်ထားပြီးဆို အသန့်ကြိုက်လိုက်ကြတာ..
tissue နဲ့ ဖုံခါပြီးတာတောင် လေနဲ့မှုတ်ဖို့ မမေ့ဘူးဗျ...."
``ငင် ----- မတာကြီး ``

.
မောင်းရဲဖို့ပဲလိုတယ်

လေယာဉ်စက်ချို့ယွင်းနေလို့ ခရီးစဉ်နောက်ကျမှ ထွက်မှာကို
ကြေငြာတယ်..
ခဏလည်းနေတော့ သွားလို့ ရပြီးဆိုပြီး
လေယာဉ်ပေါ်တက်ခိုင်းတော့တယ်...
လေယာဉ်ပျံသန်းနေချိန်မှာ ခရီးသည်တစ်ယောက်က
လေယာဉ်မယ်လေးကို မေးကြည့်တယ်..
"အစက ခရီးစဉ်နောက်ကျမယ်လို့
ကြေငြာပြီးမှ ဘာလို့ ချက်ချင်း သွားလို့ ရပြီဖြစ်သွားတာလည်း" သူ့အတွေးထဲမှ
ဒီနိုင်ငံကလေယာဉ်အင်ဂျင်နီယာတအားတော်ပါလား
သေချာအောင်မေးကြည့်ချင်လို့ မေးလိုက်တာဖြစ်တယ်..
လေယာဉ်မယ်လေးက ပြုံးပြုံးလေးနဲ့ ပြန်ဖြေပါတယ်...
" မောင်းရဲတဲ့ pilot တစ်ယောက်ကို ပြောင်းမောင်းခိုင်းလိုက်လို့ပါ "
``အေးသာပဲ---``

အားနာလို့ 
သူငယ်ချင်း တစ်ယောက် ကားကို အမြန်မောင်းလာတယ်...
မောင်းဖို့ သတ်မှတ်ထားတဲ့ အရှိန်ထက် ပိုမြန်နေတယ်... သူအဲလို ခဏခဏ မောင်းလို့ ယဉ်ထိမ်းရဲက သိပြီးစောင့်ဖမ်းတတ်တယ်။ ဒီတစ်ခါလည်း ယာဉ်ထိန်းရဲက တားပြီး
ပြုံးစိစိ ပြောလိုက်တယ်...
" ချာတိတ် မင်းကို ငါ စောင့်နေတာကြာပြီ..."
`` ဟုတ်ကဲ့ ဗိုလ်ကြီး စောင့်နေမှန်းသိလို့ အားနာတာနဲ့ ကျွန်တော်
အမြန်ဆုံးအရှိန်နဲ့ ရောက်အောင်လာခဲ့တာ ပါ ....."
``တိန်--``

အားလုံးမှတ်ထားကြဦး

ကြောင်တစ်ကောင်သည်ကြွက်ကိုလိုက်ဖမ်းနေသည်။ ကြွက်သည်အသက်လုပြေးရင်း တွင်းတစ်တွင်းသို့ဝင်ပြီး ခိုအောင်းလိုက်သည်။
ခဏအကြာတွင်ခွေးအူသံများကြားရသည်။ကြောင်မရှိနိုင်လောက်တော့ဘူးဟုထင်မှတ်ပြီးကြွက်သည်အပြင်သို့ထွက်လာသည်။
ထိုစဉ်ကြောင်ကကြွက်ကိုဖမ်းကိုက်လိုက်သည်။ကြွက်ကအသက်မသေမီကြောင်ကိုမေးလိုက်သည်။
"စောစောတုန်းကခွေးသံကြားတယ်ဘာကြောင့်မင်းဒီမှာရှိနေသေးတာလဲ" ဟုမေးရာ
ကြောင်ဖြေလိုက်ပုံက
"ဟေ့ကောင်...ငကြွက်.ခုခေတ်မှာစကားနှစ်မျိုးမတတ်ရင်ရှာစားလို့မရဘူးကွ"တဲ့။။
``တိန်---``

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...