Thursday, October 30, 2014

သစ်ထူးလွင် သတင်းစုစည်းမှု (၃၀-၁၀)

သစ်ထူးလွင်


Posted: 30 Oct 2014 07:23 AM PDT
IS စစ်သွေးကြွတွေ ဖမ်းဆီးသွားခဲ့တဲ့ ရာနဲ့ချီတဲ့ အမျိုးသမီးတွေဟာ အဓမ္မပြုကျင့်မှု၊ အတင်းအကျပ် ထိမ်းမြားလက်ထပ်မှု၊ လိင်ကျွန်အဖြစ် အသုံးချခံခဲ့ရမှုတွေနဲ့ ကြုံခဲ့ရပါတယ်။ ဗွီအိုအေသတင်းထောက် Ayesha Tanzeem သတင်းပေးပို့ထားတာကိုတော့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။ VOA Burmese ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ 
Posted: 30 Oct 2014 07:16 AM PDT
မကွေးတိုင်း ဒေသကြီး ဂန့်ဂေါမြို့နယ် တောင်ခင်ရန်း ရဲကင်း စခန်းမှူး ဒုတိယ ရဲအုပ် သိန်းဇော်သည် ယမန်နေ့ နံနက် ၆ နာရီ ၄၈ မိနစ်က တာဝန်မှူး တာဝန် ဆောင်ရွက်နေစဉ် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ သွားရောက် စစ်ဆေးရာ မြောက်ခင်ရန်း ကျေးရွာနှင့် သင်တောကျေးရွာကြား ဂန့်ဂေါ-ကလေးသွား ကားလမ်း မိုင်တိုင် အမှတ်(၃၅/ဝ)နှင့် (၃၅/၁)အကြား၌ မြောက်ခင်ရန်းကျေးရွာမှ စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့သို့ ဈေးဝယ်ရန်
Posted: 30 Oct 2014 06:57 AM PDT
ရန်ကုန် ၊ ၃၀-၁၀-၂၀၁၄ ပြည်တွင်း၌ သာမက ပြည်ပဈေးကွက် များတွင်ပါ ရွှေဈေးနှုန်း များမှာ ကျဆင်းသွားပြီး အမေရိကန် ဒေါ်လာငွေ လဲလှယ်နှုန်းမှာ မြင့်တက် လာခဲ့ရာ မြန်မာနိုင်ငံ တွင်လည်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ခြောက်သိန်း ခြောက်သောင်းကျပ် ခန့်ထိ ကျဆင်းသွားပြီး အမေရိကန် ဒေါ်လာ ငွေလဲနှုန်းမှာမူ ယခုရက်ပိုင်း တွင် ပြင်ပ ဈေးကွက်၌ တစ်ဒေါ်လာလျှင် မြန်မာငွေကျပ် ၁၂၀၀ နီးပါးအထိ မြင့်တက် လာခဲ့သည်။ ထိုသို့ ဒေါ်လာဈေးြ
Posted: 30 Oct 2014 06:48 AM PDT
ဒီကေဘီအေ ဌာနချုပ် ဆုံဆည်းမြိုင်မှာ ကျင်းပတဲ့ ကရင်တိုင်းရင်းသား လက်နက်ကိုင် အင်အားစု တွေရဲ့ ဆွေးနွေးပွဲ ကနေ ကော်သူးလေ တပ်မတော် အဖြစ် ပေါင်းစည်းဖို့နဲ့  အားလုံး ပါဝင်တဲ့ ဦးဆောင်မှုနဲ့ လုပ်ဆောင်သွားဖို့ သဘော တူညီကြောင်း အစည်းအဝေး အပြီး ထုတ်ပြန် ကြေညာပါတယ်။ ကော်သူးလေ တပ်မတော် ဖွဲ့စည်းခြင်းနဲ့ ပတ်သက်လို့  ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူကမူအရ သဘောတူလက်ခံပြီး ဒီကေဘီအေ (ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်)
Posted: 30 Oct 2014 06:48 AM PDT
ဂျေရုဆလင် မြို့က နှစ်ဘက် အငြင်းပွားနေတဲ့ ဘာသာရေး အထွဋ်အမြတ် နေရာကို အစ္စရေးတို့က ပိတ်လိုက်တာဟာ စစ်ကြေညာတဲ့ သဘော သက်ရောက် တယ်လို့ ပါလက်စတိုင်း ခေါင်းဆောင် Mahmoud Abbas ရဲ့ ပြောခွင့်ရသူက ပြောပါတယ်။ ဗုဒ္ဓဟူးနေ့က ဂျရုဆလင်မှာ ဂျူးလူမျိုး လက်ယာယိမ်း လှုပ်ရှားသူ မစ္စတာ Yehuda Glick သေနတ်နဲ့ ပစ်ခတ် ခံခဲ့ရလို့ ဒဏ်ရာ ရခဲ့ပြီးနောက် Temple Mount ဒါမှမဟုတ် al-Haram al-Sharif လို့ ခေါ်တဲ့ ဂျူးနဲ့ မွတ်ဆလင်တို့
Posted: 30 Oct 2014 06:38 AM PDT
သမ္မတဦးသိန်းစိန်ရဲ့ ဖိတ်ကြားချက် အရ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအ၀င် အရေးပါတဲ့ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ မနက်ဖြန်တွေ့ဆုံမယ့် နိုင်ငံရေးဆွေးနွေးပွဲကနေ အသွင်ကူးပြောင်းရေးတည်ငြိမ်၊ အထမြောက်အောင် အနှစ်သာရရှိတဲ့ ဆွေးနွေးပွဲတွေ ဆက်လက် ကျင်းပကြဖို့ လိုတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးက ပြောဆို လိုက်ပါတယ်။
Posted: 30 Oct 2014 06:32 AM PDT
သမ္မတအိမ်တော် တွေ့ဆုံပွဲကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မယ်လို့ ပါတီ ဗဟို အလုပ်အမှုဆောင် ဦးဝင်းထိန်က အတည်ပြု ပြောကြား လိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ အသွင်ကူး ပြောင်းရေး ဖြစ်စဉ် ညင်သာခိုင်မာစွာ ကူးပြောင်း နိုင်ဖို့အတွက် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေး ပါတီ ကိုယ်စားလှယ်တို့ ပထမဆုံး အကြိမ် တွေ့ဆုံ ဆွေးနွေးကြဖို့ သမ္မတက ဖိတ်ကြား ထားတဲ့
Posted: 30 Oct 2014 06:04 AM PDT
 အောက်တိုဘာလ ၃၀ ရက်နေ့မှာ ကိုထင်ကျော်ကို ကျောက်တံတား မြို့နယ်တရားရုံးမှာ ပုဒ်မ ၅၀၅ ခ/၃၉ နဲ့ ထောင်ဒဏ် ၂ နှစ်ချလိုက်ပြီး ဆန္ဒပြမူတွေ အတွက် စုစုပေါင်း ထောင်ဒဏ် ၁၄ နှစ်ကျော် အပြစ်ပေးခံထားရ ပါတယ်။ ဦးအောင်ကြီး သတင်းပေးပို့ ထားပါတယ်။ DVB TV News ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ
Posted: 30 Oct 2014 05:52 AM PDT
ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်ကို ကျောက်တံတား တရားရုံးက ပုဒ်မ ၅၀၅ ( ခ)/ ၃၄ နိုင်ငံတော် အကြည်ညို ပျက်စေအောင် ပူးပေါင်းကြံစဉ်မှုနဲ့ ထောင်ဒဏ် ၂ နှစ် ဒီနေ့ ချမှတ်လိုက်ပါတယ်။ ကိုထင်ကျော်ဟာ ပုဒ်မ ၁၈နဲ့ ၅၀၅ (ခ) တို့အတွက် လက်ရှိထောင်ဒဏ် ၁၁ နှစ်နဲ့ ၄ လချခံနေရတာလည်း ဖြစ်တာကြောင့် အခုဆိုရင် ထောင်ဒဏ်ဟာ ၁၃ နှစ်နဲ့ ၄ လ ကျခံရတာဖြစ်ပါတယ်။ RFA Burmese https://www.facebook.com/
Posted: 30 Oct 2014 03:37 AM PDT
အောက်တိုဘာ ၃၀ ရက် ၂၀၁၄ သျှမ်းပြည်မြောက်ပိုင်း မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ် လောက်လုံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအား အခြေချ စစ်ဗျူဟာ က ခေါ်ယူစစ်ဆေးသကဲ့သို့ ရွာသားတချို့အားလည်း သူပုန်ထောက်ပံ့သည်ဟုဆိုကာ ဖမ်းဆီးသွားရာ မည်သူနှင့်မျှ တွေ့ဆုံခွင့် မပေးကြောင်း ရွာသားများကပြောသည်။ အောက်တိုဘာ ၃၀ ရက်နေ့ နံနက်ပိုင်းက ဗျူဟာတပ်အတွင်း ချုပ်နှောင်ခံထားရသည့် လောက်လုံရွာသားစိုင်းကျော်လှ အား မိသားစုများ
Posted: 30 Oct 2014 03:37 AM PDT
ထိုင်းတောင်ပိုင်း ခိုတောင်ကျွန်း (လိပ်ကျွန်း) က ဗြိတိန်နိုင်ငံသား ၂ ဦးအသတ်ခံရတဲ့ ကိစ္စမှာ အဓိက ပါဝင်ပတ်သက်သူလို့ လူမှုကွန်ရက်က ပစ်မှတ်ထား သံသယဖြစ်ခံနေရတဲ့ ကျွန်းသူကြီးရဲ့သား နိုင်းဝါလ်လုတ့် တုဝိချဲ ဟာ ဒီနေ့ အောက်တိုဘာ ၃၀ ရက် မနက်က ဘန်ကောက် ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ရုံးချုပ်မှာ ဒီအန်အေ စစ်ဆေးခံခဲ့ပါတယ်။ ခိုတောင်ကျွန်းသူကြီးလည်းဖြစ်၊ အေစီဘားပိုင်ရှင်လည်းဖြစ်တဲ့ နိုင်းဝေါလ်ဖန်း တုဝိချဲနဲ့
Posted: 30 Oct 2014 03:37 AM PDT
ဒမတ်စကတ် ၊ ၃၀-၁၀-၂၀၁၄ ဆီးရီးယားနိုင်ငံ အတွင်းရှိ ISIS စစ်သွေးကြွ များသည် ယင်း နိုင်ငံအတွင်းရှိ အစိုးရစစ်ဘက် ခေါင်းဆောင် အနည်းဆုံး ၇ဝ ဦးကို ခေါင်းဖြတ် သတ်ဖြတ် ခဲ့ကြောင်း သိရသည်။ ISIS စစ်သွေးကြွ အဖွဲ့ ၊ အယ်လ်ကိုင်ဒါ အဖွဲ့နှင့် ဆက်စပ်သည့် အယ်လ်နူဆာတပ်ဦး တို့သည် ဆီးရီးယားနိုင်ငံ အနောက် မြောက်ပိုင်း Idlib မြို့ရှိ စစ်ဘက်ဆိုင်ရာ စစ်ဆေးရေး ဂိတ်များ၊ ရဲဌာနချုပ်များ နှင့် အစိုးရရုံးများကို
Posted: 30 Oct 2014 03:37 AM PDT
ရန်ကုန် ၊ ၃၀-၁၀-၂၀၁၄ ငွေမည်းဖြင့် အိမ်ခြံမြေ ဝယ်ယူ၍ ဈေးကစားသည့် အဖွဲ့အစည်း သို့မဟုတ် ကုမ္ပဏီ များကို ဖော်ထုတ် တွေ့ရှိပါက ဒဏ်ကြေးငွေ ကျပ်သိန်း ၅ဝဝ နှင့် ထောင်ဒဏ် ခုနစ်နှစ်အထိ အရေးယူမည် ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ရန်ကုန်မြို့တော် အပါအဝင် မန္တလေး နှင့် နေပြည်တော် တို့၌ အိမ်ခြံမြေ ဈေးနှုန်းများ အဆမတန် မြင့်တက်နေပြီး အထူးသဖြင့် ရန်ကုန်မြို့၏ အိမ်ခြံမြေ ဈေးနှုန်းသည်
Posted: 30 Oct 2014 03:25 AM PDT
ရန်ကုန်၊ အောက်တိုဘာ ၃၀ ၂၉.၁၀.၂၀၁၄ ရက်နေ့ ၁၉၄၀ အချိန်တွင် ပန်းဘဲတန်းမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် အမျိုးသမီးတစ်ဦး (၅)လွှာတိုက်ခန်းမှ ပြုတ်ကျသေဆုံးပြီး ရန်ကုန် ဆေးရုံကြီးသို့ ရောက်ရှိနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ရှမ်းပြည်နယ်၊ လားရှိုးမြို့နေ မတင့်တင့်စိုး၊ (၂၀)နှစ်ဖြစ်ပြီး ၎င်းတွင် ပါးစပ်သွေးထွက်၊ မေးစေ့ကွဲ ဒဏ်ရာများ ရရှိထားသည်ကိုတွေ့ရှိ ရပါသည်။ ဖြစ်စဉ်အားစုံစမ်းရာေ
Posted: 29 Oct 2014 10:23 PM PDT
အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဥတာပရာဒေ့ရှ်ပြည်နယ် ကမ်ပူမြို့နားက ချန်ဒါရီဘူတာရဲ့ ရထား သံလမ်းဘေးမှာ ကိုယ်လက်အင်္ဂါတွေ ပြတ်တောက်ပုံ ပျက်နေတဲ့ ဗြိတိန်နိုင်ငံသား တယောက်ရဲ့ အလောင်းကို အောက်တိုဘာ ၂၉ ရက်နေ့က တွေ့ရပါတယ်။ အိန္ဒိယအစိုးရ မီးရထားရဲတွေရဲ့အဆိုအရ ဒီသေဆုံးမှုကို ခုချိန်ထိ မတော်တဆမှုအဖြစ် သတ်မှတ်ထား ပါတယ်။ ဒီအမျိုးသားဟာ မောင်းနှင်နေဆဲ ရထားပေါ်က ပြုတ်ကျသေဆုံးပုံ ရတယ်လို့ ချန်ဒရီ
Posted: 29 Oct 2014 10:15 PM PDT
ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားသူများအဖွဲ့ (အမ်ဒီစီအက်ဖ်)မှ ကိုထင်ကျော်ကို ကျောက်တံတားမြို့နယ် ရဲစခန်းက စွဲဆိုထားတဲ့ ပုဒ်မ ၅၀၅(ခ)အတွက် ဒီနေ့ အောက်တိုဘာ ၃၀ ရက်နေ့မှာ အမိန့်ချမှာ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်ထဲမှာ နိုင်ငံတော်သမ္မတနဲ့ အစိုးရအဖွဲ့ကို အယုံအကြည်မရှိကြောင်း ဆန္ဒပြခဲ့တဲ့ အတွက် သူ့ကို မြို့နယ် ၁၂ ခုနှစ်က ပုဒ်မ(၁၈)၊ ပုဒ်မ ၅၀၅(ခ)တို့နဲ့ တရားစွဲခဲ့ပါတယ်။ လက်ရှိအချိန် ကိုထင်ကျော်ဟာ ထောင်ဒဏ် ၁၁
Posted: 29 Oct 2014 09:29 PM PDT
ဝါရှင်တန် ၊ ၃၀-၁၀-၂၀၁၄ ISIS စစ်သွေးကြွ အဖွဲ့သည် ၆ နှစ်သား အရွယ်မျှသာ ရှိသေးသည့် ကလေးသူငယ် များကို အသေခံ ဗုံးခွဲသမားများ အဖြစ် လေ့ကျင့်ပေးလျက် ရှိကြောင်းနှင့် ဒဏ်ရာရရှိသည့် ISIS စစ်သွေးကြွ များအတွက် သွေးလှူရှင်များ အဖြစ် ရှေ့တန်း စစ်မြေပြင်သို့ ခေါ်ဆောင်လျက် ရှိကြောင်း အောက်တိုဘာလ ၂၈ ရက်နေ့ NEWSnow သတင်းတစ်ရပ် အရ သိရသည်။ ကလေးစစ်သားများ ပါဝင်သည့် အရေအတွက်အား အတိအကျ မဖော်ပြ နိုင်သော်လည်း
Posted: 29 Oct 2014 09:27 PM PDT
ဝါရှင်တန် ၊ ၃၀-၁၀-၂၀၁၄ ဆီးရီးယားနှင့် အီရတ်နိုင်ငံရှိ ISIS စစ်သွေးကြွ များအား လေကြောင်းမှ ထိုးစစ်ဆင် ချေမှုန်းသုတ်သင် ရာတွင် တစ်ရက် အသုံးစရိတ်အဖြစ် အမေရိကန်ဒေါ်လာ ၈ ဒသမ ၃ သန်းခန့် ကုန်ကျသည့် ခန့်မှန်းချက်အား ပင်တဂွန် စစ်ဌာနချုပ် က ပြန်လည် သုံးသပ်မှု ပြုလုပ်ခဲ့ကြောင်း အောက်တိုဘာလ ၂၈ ရက်နေ့ AFP သတင်းတစ်ရပ် အရ သိရသည်။ အမေရိကန်နိုင်ငံ အနေဖြင့် သြဂုတ်လ ၈ ရက်နေ့တွင် စတင်ခဲ့သည့် အဆိုပါ လေကြောင်း
Posted: 29 Oct 2014 08:53 PM PDT
သီရိလင်္ကာနိုင်ငံက ​လက်ဖက် ​စိုက်ပျိုးရာ ဒေသမှာ ​မြေပြိုမှု ​ဖြစ်ခဲ့တဲ့ အတွက် ​လူပေါင်း ​တစ်ရာလောက် ​အရှင်လတ်လတ် ​မြေမြုပ်သဂြိုလ်ခံရတဲ့ အနေအထား ​ဖြစ်ခဲ့ပါတယ်။ လက်ဖက် ​စိုက်ပျိုးသူတွေ၊ ​စိုက်ပျိုးရေး အလုပ်သမားနဲ့ ​သူတို့မိသားစုတွေ ​နေထိုင်ရာ ​တောင်အောက်ပိုင်းကို ​မြေတွေ ​ပြိုကျလာခဲ့ရာက ​မြေမြုပ်ခံ ကြရတာပါ။ မျက်မြင်သက်သေတွေရဲ့ အဆိုအရ ​မိုးကြိုးပစ်သလို ​အသံကျယ်ကြီးတွေ ​ကြားခဲ့ရပြီး 
Posted: 29 Oct 2014 08:50 PM PDT
သြစတြေးလျနိုင်ငံ ​မြောက်ပိုင်း ​ကွင်းစလန်း ပြည်နယ်မှာ ​သွေးလွန်တုတ်ကွေး ရောဂါ ​ကာကွယ်နိုင်မယ့် ​ခြင်အကောင်ပေါင်း များစွာကို ​ကျန်းမာရေး အာဏာပိုင်တွေက ​လွတ်ပေး လိုက်ပြီ ​ဖြစ်ပါတယ်။ အဲဒီခြင်တွေထဲမှာ ​Wolbachia ​ဆိုတဲ့ ​ဘက်တီရီးယားပိုးကို ​ထည့်ထားပြီး ​အဲဒီ ​ဘက်တီးရီးယားပိုးဟာ ​သွေးလွန်တုတ်ကွေးကို ​တိုက်ဖျက်နိုင်တဲ့အတွက် ​အဲဒီလို ​ခြင်တွေကို ​လူနေအိမ်တွေမှာ ​အများအပြား ​လွတ်ပေးလိုက်တာ ​ဖြစ်ပါတယ်။
Posted: 29 Oct 2014 08:29 PM PDT
ကိုယ့်လက်ထဲ ရရှိထားတဲ့ အာဏာကို လက်မလွှတ်ချင်လို့ နည်းလမ်း အမျိုးမျိုးသုံးပြီး ဆုပ်ကိုင်ထား တယ်ဆိုတာ လုံးဝ မသင့်တော်ဘူး၊ ဒါမျိုးကို တားမြစ်နိုင်အောင် လုပ်သွား ကရမယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ပြောကြား လိုက်ပါတယ်။ RFA အပတ်စဉ် ကဏ္ဍတစ်ခု ဖြစ်တ ဒီမိုကရေစီ ခရီးကြမ်းနဲ့  ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက်ပြောကြားရာမှာ အခုလို ပြောသွားတာဖြစ်ပါတယ်။ တချို့လူတွေဟာ သူတို့ကိုယ်သူတို့ ဘယ်တော့မှအမှားကို
Posted: 29 Oct 2014 08:29 PM PDT
မြန်မာ့ လယ်ယာ စိုက်ပျိုးရေး ဘဏ်က ထုတ်ချေး ထားတဲ့ စိုက်ပျိုး စရိတ် ချေးငွေတွေ ပြန်မဆပ်နိုင်တဲ့ သမဂ္ဂအဖွဲ့ဝင် လယ်သမားတွေ အနေနဲ့ မြန်မာနိုင်ငံ တောင်သူ လယ်သမားနဲ့ စိုက်ပျိုးရေး အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်ဆီ အထောက်အထား ခိုင်ခိုင်မာမာ တင်ပြနိုင်ရင် ဖြေရှင်း ပေးမယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံ တောင်သူ လယ်သမားနဲ့ စိုက်ပျိုးရေး အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်ရဲ့ ဒုတိယ အကြိမ်မြောက် ညီလာခံကို ရန်ကုန်တိုင်း
Posted: 29 Oct 2014 08:29 PM PDT
ထိပ်တန်း အစိုးရအရာရှိ ၉၁ ယောက်ကို ရာထူးက ထုတ်ပယ်ခဲ့တယ်လို့ ယူကရိန်း ပြည်ထဲရေးဝန်ကြီး Arsen Avakov က ပြောပါတယ်။ အဲဒီထဲမှာ ရုရှားလိုလားတဲ့ ယူကရိန်း အစိုးရဟောင်းနဲ့ ဆက်နွယ်မှုရှိတဲ့ ဗိုလ်ချုပ်ကြီး ၈ ဦး ပါဝင်ပါတယ်။ မြို့တော် Kyiv နဲ့ Donetsk က ဒေသဆိုင်ရာ အကြီးအကဲတွေ အပါအ၀င် အစိုးရ၀န်ကြီးဌာန အကြီးအကဲတွေကို အခုလို ရာထူးကနေ ထုတ်ပယ်ခဲ့တာလို့ မစ္စတာ Avakov က သူ့ရဲ့ Facebook မှာ ဗုဒ္ဓဟူးနေ့က ရေးသားခဲ့ပါတယ်။
Posted: 29 Oct 2014 08:11 PM PDT
မြန်မာနိုင်ငံမှာ တည်ဆောက်မယ့် ဟံသာဝတီ လေဆိပ်စီမံကိန်း အတွက် စင်ကာပူ ဆောက်လုပ်ရေး ကုမ္ပဏီနဲ့ ဂျပန် ကုမ္ပဏီတို့က လုပ်ဆောင်ခွင့် ရရှိသွားပါတယ်။ အစိုးရနဲ့ တောင်ကိုးရီးယား အင်ချွန်နိုင်ငံတကာ ကုမ္ပဏီတို့ ဒီနှစ်အစောပိုင်းမှာ သဘောတူညီချက် ပျက်ပြား သွားတဲ့နောက် ဂျပန် JGCနဲ့ ယောင်နမ် ဦးပိုင်ကုမ္ပဏီ (YNH)တို့ ရရှိသွားတာ ဖြစ်ပါတယ်။ ဟံသာဝတီ လေဆိပ်ဟာ ရန်ကုန်ကနေ ကီလိုမီတာ ၈၀ အကွာမှာ ရှိပြီး လက်ရှိရန်ကုန် နို
Posted: 29 Oct 2014 07:59 PM PDT
ငွေကျပ် သန်းပေါင်း ၆၀၀၀ ကျော်သုံးစွဲမယ့် ဗိုလ်ရှုခံ အဆောက်အအုံ ဆောက်လုပ်ဖို့ စီစဉ်နေတဲ့ အကြောင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ကြီးဦးစိုးတင့်က မနေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ်တွေကို ရှင်းပြခဲ့ပါတယ်။ အဲ့ဒီလို ဗိုလ်ရှုခံ အဆောက်အုံ တည်ဆောက်ဖို့ စီစဉ်တဲ့ အပေါ် ထောက်ခံတဲ့အမတ်တွေ ရှိသလို ကန့်ကွက်တဲ့သူတွေလည်း ရှိနေပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အမြင်ကို RFA

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...