Thursday, October 16, 2014

ဟော ... ဟနဲ့ဟို က ဟိုနဲ့ဟ ... ဟော



လှေကို တစ်လက်မပတ်လည်အရွယ်အထိ ချုံ့ချလိုက်တယ် ။
တခြားဒိုင်မင်းရှင်းက ကြည့်ရင် ပါဝါတစ်မျိုးပဲ ။
ပတ်ဝန်းကျင်တစ်ခုလုံး ဘာမှရှိမနေတဲ့အတိုင်းဘ။ဲ ကျုပ်နဲ့ခင်ဗျားရဲ့ပြောစကားတွေကို ဒီမကျေနပ်မှုဆိုတဲ့ စကားလုံးက ဘောင်ခတ်ထားတယ် ။ ကလေးစစ်သားတွေရဲ့မျက်နှာပေါ်မှာ မိုက်မဲတဲ့ရိုးသားမှုဟာ အထင်းသားပေါ်လွင်နေတယ် ။
အဆုံးစွန် ပြောရရင်
'ငါ'ဆိုတာကို မင်းနဲ့ ထုဆစ်ခံထားရတယ် ။ ခြားနားမှုမရှိတဲ့ ကျည်ဆန်တွေနဲ့ ငါတို့က အရာရာတိုင်းကို ခွဲခြားပစ်ခဲ့ကြပြီပြီ ။
'အဲဒီအရာမဟုတ်ဘူး'ဆိုတဲ့ အယူအဆကိုက အဆက်အစပ်မဲ့မှုထဲမှာ
တည်ဆောက်ထားတဲ့ အယူအဆဖြစ်တယ် ။ အဲဒီကမောက်ကမဖြစ်မှုထဲကနေပဲ ကြယ်တာရာတွေ ဖွားမြင်လာတယ် ဒီလိုနဲ့
ငါတို့တပ်ဆင်မှပဲ ငါတို့မဟုတ်တာကို ငါတို့သိနေလိမ့်မယ် ။ သူသေဆုံးလိုက်တဲ့ခဏမှာပဲ သူရှင်သန်နေတယ် ဆိုတာကို လူရဲ့နှလုံးခုန်သံက သက်သေပြနေတယ် ။ ဒီလုပ်ဆောင်ချက်ကို 'သူ့အလိုလို' အရှေ့က ' သူ့အလိုလို' ကခုန်ကူး တည်ဆောက်ပစ်ခဲ့တယ် ။ အဲဒီတစ်စုံတစ်ခုကို ကျုပ်တို့ရဲ့သိမှုကနေ တမင်သက်သက် ဖြတ်တောက်ပစ် ခံရတာလည်း ဖြစ်နိုင်တယ် ။ မင်းရဲ့ မမြင်ရတဲ့မျက်စိတွေကို ပိတ်ထားဦး ။ ဘယ်လောက်ပဲ သတိကပ်ထားထား မျက်နှာဖုံးဟာ မျက်နှာထဲကို
စိမ့်ဝင်သွားတယ် ။
လူ _ လှောင်အိမ်ထဲကဟာတော့ လူပဲ ။ ကြောင် _ ဘုရားရေ ခွေးလိုပဲ လူကိုမွေးနေကြတယ် ။
တွန်းကန်ထွက်ပြေးနေတဲ့ စကားလုံးနှစ်လုံးဟာ သူတို့ရဲ့ အဓိပ္ပာယ်တွေကိုတော့ မစွန့်သေးဘူး ။ ငါတို့ကိုယ်တိုင်က မြေပုံဆွဲခြင်းပဲ ။ အဆုံးတစ်နေ့မှာ မင်းလည်း မြေပုံဖြစ်လာလိမ့်မယ် ။ ဒါပေမယ့် မင်း သွားမကြည့်ရသေးတဲ့ မြေပုံ ။ ခရီး
အစဟာ အခုရောက်နေတဲ့ နေရာရဲ့ အဆုံး ။ လိင်နဲ့ ကင်းကွာနေတဲ့ အလွှာဆိုတာကို ကျုပ်တို့ မစဉ်းစားမိသလို လိင်နဲ့ မကင်းကွာတဲ့အလွှာ ဆိုတာကိုလည်း ကျုပ်တို့ မစဉ်းစားနိုင်ခဲ့ကြဘူး ။ ရှင်ပြန်ထမြောက်ခြင်းဟာ နှစ်ကြိမ်သေဆုးခြင်းပဲ
မဟုတ်လား ။ လူဟာ သူသေဆုံးတယ်ဆိုတဲ့ အယူအဆခန္ဓာကို မြင်ဖို့ ရှင်ခြင်းသေခြင်းရဲ့ လက်တစ်ဆစ်စာ အဓိပ္ပာယ်
ကိုရှာရင်းနဲ့ လူဟာ သူတို့သတ်မှတ်ယူဆထားတဲ့အတိုင်း သေဆုံးသွားတယ် ။ သေဆုံးခြင်းခန္ဓာကို သေဆုးံတယ်ဆိုတဲ့ အယူအဆက လွှမ်းအုပ်လို့မရဘူး ။ တကယ်က မသိစိတ်ကို မပိုင်သလို သိစိတ်ကိုလည်း မပိုင်ဘူး ။ ဒါဟာ ဗီဇက အင်စတီကျူးရှင်းကို သွယ်ဝိုက်ခြေမှုန်းနေတဲ့ နာနိုစစ်ဆင်ရေးပဲလား ။ 'ဒီသိမှုတစ်ခုဟာ ငါဆိုတာကို ငါ ဘာနဲ့သိနေရတာလဲ ။ 'ဆိုတဲ့အလင်းတစ်ခု ဟိုး အနက်ထဲကို ကျသွားတယ် ။ လူဟာ အသားတုံးတစ်ခု ဖြစ်သွားပြီ ။ အသားတုံးဟာ လူထဲက ထွက်ပေါ်လာပြီ ။ တကယ်က စကြဝဠာနဲ့ပြောရရင် လူသားဆိုတာ မရှိတော့ဘူး ။ ဂြိုဟ်သားဆိုတာပဲ ဖြစ်ရမယ် ။ အဲဒီ ကမ္ဘာဂြိုဟ်ကိုယ်ကျင့်တရားတွေအကြောင်းပြောနေတဲ့ ကမ္ဘာဂြိုဟ်သားတွေဟာ ပြန့်ပြောမှုကို ကြောက်နေကြတယ် ။ သူတို့ နေချင်သလိုနေမယ်ဆိုတဲ့ ကိုယ်ကျင့်လွန် ကိုယ်ကျင့်တရားပဲ ဖြစ်တယ် ။ ကြမ်းတမ်းတဲ့ စစ်ပွဲမော်လီကျူးတွေနဲ့ ဖွဲ့စည်းထားတဲ့ ယဉ်ကျေးမှုတွေအကြောင်းကို တခြား ယဉ်ကျေးမှု ၊ စီးပွားရေး ၊ နိုင်ငံရေးဆိုင်ရာ ဂေဟစနစ်တွေ ဖြစ်ထွန်းနေတဲ့ ဂြိုဟ်သားတွေက မြင်နိုင်ပါ့မလား ။
ဒါကြောင့် အတွင်းသည်အပ ၊ အပသည်အတွင်းဟာ ဒီလူတွေရဲ့ မျိုးကွဲ
ပေါင်းစုံ သဘာဝကို လွှမ်းခြုံမြင်ဖို့ အခိုက်အတန့် တခါးဝ ဖြစ်လာတယ် ။ မင်းရဲ့မျက်ရည်တွေဟာ အတွင်းအပြင် ပိုးပေါက်တွေထဲက အဓိပ္ပာယ်လွန်ယူနစ်ကုတ်တွေထဲက တစ်ခုပဲ ။ မြို့ကြီးရဲ့ စာပေသမိုင်းထဲက ကဗျာရှည်တွေဟာ စစ်သားတွေရဲ့ သူရဲကောင်းဝါဒထုတ်ကုန်တစ်ခု ဖြစ်လာတယ် ။
သူတို့ဆိုတာကို စွမ်းအင်က ဖုံးအုပ်ထားလိုက်တဲ့အခါမှာ သူတို့ဆိုတာ ကွယ်ပျောက်သွားကြတယ် ။
သူတို့အားလုံးရဲ့ စွမ်းအင်ထွက်ပေါက်ဟာ လိင်သာယာမှုပဲ ရှိတော့တယ် ။
ကလေးတွေရဲ့ အော်သံစူးစူးတွေကြောင့် တိမ်တချို့နဲ့ သစ်ရွက်တချို့ လွင့်မျောကြွေလွင့်ခဲ့တယ် ။ မြို့ကြီးရဲ့ လူမှုအဆက်အစပ် ၊ နိုင်ငံရေးအဆက်အစပ်တွေရဲ့ အပြင်ဘက်က ကျူးလွန်မှုတွေအကြောင်းကို အဲဒီမြို့ကြီး မှတမ်းမပြုနိုင်ခဲ့ဘူး ။ ဒါကြောင့် အိမ်ဟာ သိပ်ကို စိတ်ဝင်စားဖို့ကောင်းတယ် ။
အဲဒီခေါင်းလောင်းသံတွေကြောင့် မင်းဘာဖြစ်သလဲဆိုတာဟာ အဲဒီခေါင်းလောင်းသံတွေရဲ့ အဓိပ္ပာယ်ပဲ ။ ဘယ်တုန်းက ငါတို့ တစ်နေရာရာကနေ ရုန်းထွက်ခဲ့ကြလို့လဲ ။ ဘယ်မျိုးကွဲသစ်ပင်မှ တခြားသစ်ပင်တစ်ပင်နဲ့ လုံးဝမတူဘူး လို့ ရယ်ရယ်မောမော ယုတ္တိထောက်လို့ ရသေးတယ် ။ ကျုပ်တို့နဲ့အလျားလိုက် ပြိုင်တူသွားနေတဲ့ စာသားတွေဟာ ကျုပ်ရဲ့ အတွေး အဆောက်အအုံကို လာလာဟပ်နေတယ်။ အသက်ရှင်နေတယ် အသက်ငင်နေတယ် အသက်ဝင်နေတယ် ဆိုတဲ့ စကားလုံးတွေရဲ့ စဦးသတ်ဖြတ်မှုကို မဟာစကြဝဠာကြီး ခမ်းခမ်းနားနား ခံစားခဲ့ရပြီးပြီ ။ ဒါပေမယ့် ခမ်းခမ်းနားနား ခံစားနေရတုန်းပဲ ။ ကျုပ်တို့ အိပ်ရာထချိန်တန်ပြီ။ ငါတို့ ဘယ်တုန်းကမှ မအိပ်ခဲ့ကြပါဘူး ။
... စ မောင်းတော့ ။ ဟ နဲ့ ဟို
ယဉ်ကျေးမှုတွေဟာ မယဉ်ကျေးမှုတွေအောက်မှာ ပျောက်ဆုံးနေကြတာကို ယဉ်ကျေးမှုအရ ရှာဖွေနေကြရ ...

* စာရေးဆရာ အောင်သူရ ဧ။် ဟနဲ့ဟို ဝတ္ထုမှ စာသားများဖြင့်သာ ဖွဲ့စည်းထားပြီး နောက်ဆုံး စာကြောင်းသာ ထပ်မံဖြည့်စွက်ထားပါတယ် ။

ငြိမ်းစိုးဦး
သိတတ်လို့ တတ်သိပြီး သတ္တိတွေ တိုးကြပါစေ ...
ငြိမ်းချမ်းမှုများ စိုးမိုးလျက် ပညာဖြင့် ဦးဆောင်နိုင်ကြပါစေ ...
( 16 : 10 : 2014 )
As soon as we renounce fiction and illusion, we lose reality itself;
the moment we subtract fictions from reality, reality itself loses its
discursive logical consistency.
Zizek

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...