Tuesday, October 28, 2014

"Legitimacy vs. Conflicts"

- ပဋိပက္ခဆိုတာ လက်နက်စွဲကိုင် တော်လှန်တာမှမဟုတ် ယုံကြည်မှု ပျောက်ဆုံးသွားတာ (ဥပမာ- အစိုးရကို ပြည်သူက မယုံတော့တာ) ဟာလည်း ပဋိပက္ခပဲ။ ပြည်တွင်းစစ်ဆိုတာ အကြမ်းဖက်ဆုံးနိုင်ငံရေးပဋိပက္ခ ဖြစ်ပြီးတော့ လူထုအကြားမှာ တအုံ့ နွေးနွေး ကြိမ်မီးအုံးနေတဲ့ မကျေနပ်မှုတွေဟာလည်း ကြီးမားပြင်းထန်တဲ့ ဆုတ်ယုတ်ပျက်ဆီးစေတဲ့ ပဋိပက္ခပဲ (protracted social conflict)။ ဒီနေရာမှာ ပဋိပက္ခဖြစ်ခြင်းရဲ့ အကြောင်းတရားတွေကို ရှာဖွေတဲ့အခါ တရားနည်းလမ်းကျခြင်း (legitimacy) မကျခြင်း ဟာ အဓိကကျတဲ့ပင်ရင်းမောင်းနှင်းအားဖြစ်လာတာကိုတွေ့ ရတာပဲ။ကနေ့ ခေတ်ဟာ ဂလိုဘယ်လိုက်ဇေးရှင်းကျယ်ပြန့် လာတဲ့ခေတ်ဖြစ်တဲ့အတွက် ပြည်တွင်းမှာ တရားနည်းလမ်းတကျဖြစ်တဲ့ အစိုးရတစ်ရပ်သည်ပင်လျှင် နိုင်ငံတကာအသိုင်းအ၀န်းမှာ လူ့ အခွင့်အရေးကိုဖေါ်ဆောင်တဲ့ နိုင်ငံတကာ ဥပဒေနယ်ပယ်မှာ တရားနည်းလမ်းကျတဲ့ အစိုးရလို့ သတ်မှတ်လို့ မရတော့ဘူး ။
(ဥပမာ- မြောက်ကိုရီးယား)။ - မြန်မာပြည်၊ တရားနည်းလမ်းတကျဖြစ်မှု နဲ့ ပဋိပက္ခ အဆက်အစပ်ကို ကြည့်မယ်ဆိုရင် တိုင်းရင်းလက်နက်ကိုင်အဖွဲ့ တွေကို သူပုန်လို့ ခေါ်တာကို တိုင်းရင်းသားတွေ မကြိုက်တာ တရားနည်းလမ်းကျတဲ့ ခံစားမှုပဲ။ ဗမာ စစ်တပ် ဒါမှမဟုတ် အစိုးရစစ်တပ် ကို ခါးခါးသီးသီးမုန်းတာ တရားနည်းလမ်းကျတယ်။ ဘာလို့ လဲ။ သယံဇာတကို ယူတယ်၊ နိုင်ငံရေးအရ တန်းတူညီမျှခွင့် မရဘူး။ အနည်းဆုံး ပညာရေးမှာ လူနည်းစုအခွင့်အရေးဖြစ်တဲ့ ဘာသာစကားအခွင့်အရေးကို (right to language)တောင် မရဘူး။ ကိုယ်ပိုင်ပြဋာန်းခွင့် (ခွဲထွက်ခွင့် မဟုတ်) ဆိုတာ ဝေးရော။ ဘယ်တိုင်းရင်းသားမဆို (ဥပမာ-ဗမာနဲ့ သွေးရင်းလွန်းတဲ့ ရခိုင် သည်ပင်လျှင်) ဗမာ ကို မုန်းတာ တရားနည်းလမ်းကျတယ်။ ဗမာ ဘုရင်တွေ ရခိုင်အမျိုးသားဦးကင်းကို ဖျက်ဆီးခဲ့တာ သမိုင်းမှာ ငြင်းလို့ မှ မရတဲ့ အချက်ပဲ။ သယံဇာတ ပေါသလောက် ဆင်းရဲ စုတ်ပြတ်နေတဲ့ ပြည်နယ်ဖြစ်အောင်၊ ကုလားနဲ့ တန်ပြန်ထိန်းခဲ့တဲ့ ဗမာ စစ်အစိုးရ အဆက်ဆက်ကို အော့နှလုံးနာတာ တရားနည်းလမ်းကျတဲ့ ခံစားမှု ပဲ။ ဒီလိုပဲ အခြားခြားသော လူမျိုးစု ငယ်တွေ ဗမာ သို့ မဟုတ် အစိုးရ စစ်တပ်ကို မုန်းတီးတာ ဆန့် ကျင်တာ တရားနည်းလမ်းကျတယ်။ ဒိအနေအထားမှာ သူတို့ ကို အကာအကွယ်ပေးမယ့် သူတို့ လူမျိုးလက်နက်ကိုင်အဖွဲ့ ကို ချိုးနှိမ်တာကို ဆန့် ကျင်တာဟာ တရားနည်းလမ်းကျတဲ့ အမြင်ပဲ။ ဒါက လူမျိုးစုပဋိပက္ခနဲ့ တရားနည်းလမ်းကျမှု အဆက်အစပ်။
ဒီ တိုင်းရင်းသားအဖွဲ့  တွေရော၊ ဗမာစစ်တပ်ရောဟာ လူသတ်ကြရတဲ့ လက်နက်ကိုင်တွေချည်းပါဘဲ။ ကြီးတာနဲ့ ငယ်တာပဲကွာတယ်။ သက်ဆိုင်ရာလူထုအတွက် တရားနည်းလမ်းကျတဲ့ အဖွဲ့ ဟုတ်မဟုတ်လည်းကွာတယ်။ ၉၀ အလွန် အာဏာကို အငမ်းမရဖက်တွယ်ထားတဲ့ ဗမာစစ်တပ်ဟာ တိုင်းရင်းသားလက်နက်ကိုင်တွေအတွက်သာမက ဗမာလူထုအတွက်ကိုပဲ တရားနည်းလမ်းတကျမဟုတ်တဲ့ အဖွဲ့ ဖြစ်တယ်။ ဒီတရားနည်းလမ်းတကျမဟုတ်တဲ့ ဘောင်းဘီဝတ် ဘောင်းဘီချွတ်တွေကပဲ ဦးဆောင်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်တယ်။ တရားနည်းလမ်းကျသည် မကျသည်ကို စိုးစဉ်းမျှ အလေးမမူတဲ့ အုပ်စုက တရားမျှတမှု နဲ့ ငြိမ်းချမ်းရေးကို ယူဆောင်ပေးမယ်ဆိုတဲ့သဘော။ ဒါက ပဋိပက္ခပြေငြိမ်းရေး နဲ့ တရားနည်းလမ်းကျမှု အဆက်အစပ်။ အောင်မြင်နိုင်မအောင်မြင်နိုင် ဖြစ်နိုင်မဖြစ်နိုင် ကိုယ့်ဟာကိုယ် စဉ်းစားကြည့်ပေရော့။
တဖက်မှာလည်း သမိုင်းမှာ ရောင်စုံသူပုန်နဲ့ ဗကပ ကို နှိမ်နှင်းဖို့ ၆၀ အစောပိုင်းမှာ တက်လာတဲ့ ဦးနေ၀င်း ဦးဆောင်တဲ့ စစ်အုပ်စုဟာ တရားနည်းလမ်းတကျပဲ။ နတ်လူ ကြည်ဖြူ ပါဘဲ။ နိုင်ငံတကာကလည်း တရားနည်းလမ်းကျတဲ့ အစိုးရ အဖြစ်လက်ခံတယ်။ ဒါကြောင့်ပဲ ၆၀ အစောပိုင်း မဆလ အစိုးရဟာ အတော်အသင့်အောင်မြင်ခဲ့တယ်။ ဒါပေမယ့် မအောင်မြင်တဲ့ စီမံခန့် ခွဲမှု တွေ မဆလ မူဝါဒတွေ နဲ့ အာဏာခြစားလာတဲ့အခါ တရားနည်းလမ်းကျတဲ့ အဖြစ်က ဆုတ်ယုတ်သွားတယ်။ ရှစ်လေးလုံးအပြီး ၉၀ မှာ တရားနည်းလမ်းကျမှုဟာ ရုပ်ပျက်ဆင်းပျက်ဖြစ်သွားတယ်။ နိုင်ငံတကာအလယ်မှာ တရားနည်းလမ်းတကျ မဟုတ်တဲ့ အစိုးရဖြစ်လာတယ်။ တိုင်းပြည်နဲ့ လူမျိုးဟာ ဖအေ မပေါ်ဘဲ မွေးတဲ့ ကလေးလို ဖြစ်လာတယ်။ ၂၀၀၈ မှာ တရားနည်းလမ်းမကျတဲ့ စာအုပ်စိမ်းကြီးကိုအပြီးသတ်တယ်။တရားနည်းလမ်းတကျမဟုတ်တဲ့ ရွေးကောက်ပွဲနဲ့ တရားနည်းလမ်းတကျမဟုတ်တဲ့ပါတီရဲ့ အမတ်တွေထွက်လာတယ်။ တရားနည်းလမ်းတကျမဟုတ်တဲ့ အစိုးရဖွဲ့ တယ်။ တရားနည်းလမ်းတကျမဟုတ်တဲ့ အစိတ်သားတွေ လွှတ်တော်မှာ ၀င်ထိုင်တယ်။ ပြည်သူ က ဘာလုပ်လုပ် မယုံတော့ဘူး။ ရလဒ်က ဘာ မူဝါဒ မှ ထိထိရောက်ရောက် အကောင်အထည်ဖေါ်လို့ မရတော့ဘူး။ ဒါက လက်ရှိ ဘောင်းဘီချွတ်၊ ဘောင်းဘီဝတ်တွေနဲ့ ပြည်သူကြားက ပဋိပက္ခနဲ့ တရားနည်းလမ်းတကျဖြစ်မှု အဆက်အစပ်။
နောက်တစ်ခုက တရားနည်းလမ်းတကျဖြစ်မှု နဲ့ လွှတ်တော်နိုင်ငံရေးပဋိပက္ခ။ တရားနည်းလမ်းတကျ မဟုတ်တဲ့ ကြိုတင်မဲ တန်ခိုးနဲ့ ဖြစ်လာတဲ့ လူများစုအမတ်တွေက ပြည်သူလူထုမရင်းနှီးတဲ့ ရွေးကောက်ပွဲစံနစ်ကို ပြင်ဖို့ စိုင်းပြင်းလာတယ်။ ပြင်မယ့် ရွေးကောက်ပွဲစံနစ်ကို ပြည်သူကလက်ခံမခံ ပြည်သူ့ ဆန္ဒ ကောက်ယူမယ့် referendum လုပ်ဖို့ လေသံတောင် မဟရဲ။ referendum ဆိုတာ ပြည်သူကို ကိုယ်စားပြုမယ်ဆိုတဲ့ အမတ်တွေ ဖေါက်လွဲဖေါက်ပြန် ဖြစ်မှု ကို ထိန်းချု ပ်ဖို့ လုပ်ထားတဲ့ယန္တရား။ တရားနည်းလမ်းတကျဖြစ်မှု ကိုဖေါ်ဆောင်ပေးတယ့် ကိရိယာ။ ဒါကိုပဲ တရားနည်လမ်းတကျ ဖြစ်လာတာမဟုတ်တဲ့ ၂၀၀၈ နဲ့ ညီရင် လုပ်မယ်ဆိုတော့ ပြင်ဆင်မယ့် ရွေးကောက်ပွဲစံနစ်ဟာ တရားနည်းလမ်းကျခြင်းမကျခြင်းက အရေးမပါဘူးဆိုတဲ့သဘော။ ဒီအနေအထားမှာ ပြည်သူ့ှဆန္ဒခံယူပွဲမပါ၊ ပီအာကို ပဲ တစာစာလုပ်ချင်တဲ့ NLD ခွဲထွက်တွေ၊ ဒီမိုကရက်ပါတီငယ်တွေဟာ အထက်က ၆၀ အစောပိုင်း ဦးနေ၀င်းရဲ့ ကြမ္မာမျိုးငင်မယ့် လမ်းကြောင်းပဲ။ ၂၀၁၅ အလွန်မှာ တရားမျှတမှု တရားနည်းလမ်းတကျဖြစ်မှု ကို ဖေါ်ဆောင်ပေးဖို့ ပျက်ကွက်တဲ့ လူမိုက်အားပေးဖြစ်လာမယ်။ တဖက်မှာလည်း တရားနည်းလမ်းတကျဖြစ်လာတာမဟုတ်တဲ့ အစိတ်သားက စစ်တပ်လွှမ်းမိုးမှုကို အာမခံပေးမယ့် ကမ္ဘာမှာ မကြားဖူးတဲ့ အခြေခံဥပဒေပြင်ဆင်ချက်တွေ တင်သွင်းလားတယ်။ ၅၉၊ ၄၃၆ တို့ လို စစ်တပ်လူတန်းစား သာလျှင် ကြီးမြတ်တယ်လို့ ခံယူတယ့် အမြင်ကို ဖေါ်ဆောင်တဲ့ ပုဒ်မတွေကို မပြင်လိုကြောင်း တင်ပြလာတယ်။ ဒီလို အရာရာ ငါတို့ သာအမြတ်ဆုံးဆိုတဲ့ တရားနည်းလမ်းတကျဖြစ်မှုကို တန်ဖိုးမထားသူတွေနဲ့ ယုံကြည်မှု တည်ဆောက်ရေးဆိုတာဖြစ်နိုင်မလား၊ အမျိုးသားရင်ကြားစေ့ရေးဆိုတာဖြစ်လာနိုင်မလား။ ကိုယ့်ဟာကိုယ် စဉ်းစားကြည့်လေ။
- သွားလေသူကြီးတွေက သူတို့ ကိုယ်သူတို့ လူရာမ၀င်မှန်း၊ တရားနည်းလမ်းတကျမဖြစ်မှန်းသိတယ်။ ဒီ့ အတွက် ဒေါ်စု တို့ ကို မျောက်ပြဆန်တောင်း နိုင်ငံတကာ ပလက်ဖေါင်းမှာ ပြောင်ကြီးတို့ အဖွဲ့ နဲ့ မျက်လှည့်ပြတာပါဘဲ။ ဒါပေမယ့် ခွေးမြီးကောက်ဟာ ဖြောင့်လို့ မှမရတဲ့ အမျိုးပဲ။ ဆိုတော့... မြန်မာနိုင်ငံအတွက် တရားနည်းလမ်းကျဖြစ်မှု ကို ဖေါ်ဆောင်ပေးနိုင်မယ့် နည်းလမ်းဟာ ICJ နဲ့  ICC တို့ နဲ့ သာလျှင် အဆုံးသတ်မယ့်အဖြစ်မျိုး ကို ရောက်လာနိုင်တယ်။ အတိုက်အခံတွေအနေနဲ့ ဒါကို နောက်ဆုံးရွေးခြယ်ခွင့်အဖြစ်ကိုင်စွဲလာနိုင်တယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...