Monday, October 20, 2014

ယုတ္တိဗေဒ....

စာအုပ်တစ်အုပ်ကို ဖတ်နေသော လူတစ်ယောက်ကို ကိုဘမောင်က မေးသည်။
‘ဟေ့လူ ဘာစာအုပ်မို့လို့ ဒီလောက်သဲကြီးမဲကြီး ဖတ်နေရတာတုန်းဗျ’
‘ယုတ္တိဗေဒ ကကြီးခခွေးတဲ့’
‘ယုတ္တိဗေဒ ဆိုတာ ဘာလဲဗျ’
‘နားထောင်ရှင်းပြမယ်။ မင်းမှာ မီးခြစ်ရှိလား’
‘အင်း… ရှိတယ်’
‘မီးခြစ်ဆောင်ရင် ဆေးလိပ်သောက်လို့ပေါ့။
ဆေးလိပ်သောက်တဲ့လူဟာ အရက်လဲ သောက်တယ်။

အရက်သောက်ရင် ပိုက်ဆံရှိလို့ပေါ့။
ပိုက်ဆံရှိတဲ့လူဟာ မိန်းကလေးတွေနဲ့ တတွဲတွဲနေတက်တယ်။
မိန်းမတွေနဲ့ တတွဲတွဲနေတက်မှတော့
သူဟာ ယောက်ျား မပီသတဲ့သူ (အချောက်ဂန်ဒူး) မဖြစ်နိုင်တော့ဘူး။ မဟုတ်ဘူးလား’
‘သိပ်ဟုတ်တာပေါ့’
‘အေး… အဲ့ဒါကို ယုတ္တိဗေဒပဲ’
‘ကြိုက်သွားပြီဗျာ’
ထိုသို့ပြောပြီး ကျေနပ်သည့် အမူအယာဖြင့် ကိုဘမောင် အိမ်သို့ ပြန်အလာ လမ်းတွင်အသိတစ်ယောက်နှင့် တွေ့သည်။
‘ဟေ့… သူငယ်ချင်း မင်းယုတ္တိဗေဒ ဆိုတာ သိလား’
‘ဟင့်အင်း မသိဘူး’
‘အေး… ငါရှင်းပြမယ် နားထောင်မလား’
‘ပြော’
‘မင်းမှာ မီးခြစ်ရှိသလား’
‘ဟင့်အင်း မရှိဘူး’
‘ဟာ… ဒါဆို မင်း ဂန်ဒူးပဲ’
``တိန်----``

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...