Saturday, October 25, 2014

"trust => legitimacy => social capital"

- ယုံကြည်မှု ၊ တရားနည်းလမ်းကျအာဏာ၊ လူမှုအရင်း။ ဒီသုံးခုဟာ သံတူကြောင်းကွဲ စကားတွေ။ တစ်ခုနဲ့ တစ်ခု အပြန်အလှန်အတွင်းကျ ကျ ဆက်စပ်ပတ်သက်နေတာ။ မြန်မာပြည်ဟာ ခုလို အောက်ကျနောက်ကျ ဖြစ်။အိမ်နီးချင်းတွေရဲ့ မယားငယ် ရေအိမ်ဘ၀ ရောက်ရတာ ဒီသုံးခုကို နားမလည်တဲ့သူတွေ တစ်မိုးလုံးဖျောက်ဆိပ် ခေါင်းဆောင်တက်လုပ်ခဲ့လို့ ။
- ကမ္ဘာ့အရှည်ကြာဆုံးပြည်တွင်းစစ်၊ ကမ္ဘာ့လက်နက်ကိုင်အင်အားအများဆုံးတိုင်းပြည်၊ ကမ္ဘာ့အဆင်းရဲဆုံးတိုင်းပြည်တွေထဲက တစ်ခု၊ ကမ္ဘာ့လူ့ အခွင့်အရေးချိုးဖေါက်ဆုံး၊ ကမ္ဘာ့ ခြစားမှုအရှိဆုံးအစိုးရတွေထဲက တစ်ခု စသဖြင့် ကမ္ဘာနဲ့ ချီ ညံ့ဖျင်းမှု ၊ ကျရှုံးမှု ၊ မိုက်မဲမှု တို့ ရဲ့ ပင်မရင်းမြစ် တရားခံ ဟာ အခြားမဟုတ်ဖူး။ ဆိုခဲ့တဲ့လူမှု သဘောတရားသုံးခုကို အလျင်းနားမလည်တဲ့ ရေဗူးပေါက်တာမလိုချင် ရေလိုချင်တာပဲသိတဲ့ ဘောင်းဘီဝတ်၊ ဘောင်းဘီချွတ်တွေ အဆက်ဆက် အုပ်ချု ပ်နေခဲ့လို့ ပဲ။ ဒီ ငမိုက်သား ပြည်သူ့ ချဉ်ဖတ်တွေ ဟာ အခုချိန်ထိလည်း ဒါကို သင်ယူတတ်မြောက်ဖို့ အားထုတ်ခြင်းပြုတာ မတွေ့ ရ။
သင်ယူလိုစိတ်လည်းမပြ။ လေးပွင့်ဆိုင် တွေ့ ဆုံရေးငြင်းပယ်တာ၊ ၅၉ နဲ့ ကန့် ထားတာ၊ ၄၃၆ ကို မပြင်လိုတာ။ ဟော အခု နေက်ဆုံး PR ထိ။ အခုချိန်ထိ ပြည်တွင်းငြိမ်းချမ်းရေးထားလို့  အပစ်အခတ်ရပ်ဆဲရေး ကိုတောင်မလုပ်နိုင်သေးတောဟာ ဒီလို ခေါက်ရိုးကျိုးစိတ်ဓါတ်နဲ့ လူတွေကြောင့်ပဲ။ ဒီမိုကရေစီဆိုတဲ့ အရာကို ဒီလူတွေက ဖေါ်ဆောင်မယ်ဆိုတာဟာ ကြာကူလီက ကာမေသုသိက္ခာပုဒ်ဟော သလိုဖြစ်မနေဖူးလား။
- လွှတ်တော်တိုင်းမှာ ဆွမ်းဆန်ထဲ ကြွက်ချေးရော ရွေးကောက်ခံမဟုတ်ဘဲ ၀င်ထိုင်နေတဲ့ ဒီအစိတ်သား ရှိနေတာကို ဘာအကြောင်းနဲ့ မျှ တရားနည်းလမ်းကျ ဖြစ်တဲ့လုပ်ရပ်လို့  ဆိုလို့ မရဘူး။ ဒါကို အကြောင်းအမျိုး မျိုး ပြ ဆင်ခြေဆင်လက် ဆင်နားရွက် တပ်ချင်နေတဲ့သူဟာ ဒီငမိုက်သားတွေကို လူမိုက်အားပေး အဖေါ်ကို ဗိုင်ယာဂရာကျွေးတဲ့ အခြောက်တွေမျှ။ ဒီလို အိမ်စောင့်ခွေးက ပလ္လင်ပေါ်တက်ထိုင် စီမံခန့် ခွဲမှု အစုစုကို လုပ်နေခြင်းသည်ပင်လျှင် ပြည်တွင်းငြိမ်းချမ်းရေးမရခြင်းရဲ့ အကြောင်းတရားအစစ်ဖြစ်တယ်။ အရာရာ ချွတ်ခြုံကျသွားခြင်းရဲ့ လက်သည်အစစ်ဖြစ်တယ်။ ပြဿ နာရဲ့ ပင်မအစိတ်အပိုင်းဖြစ်တဲ့ ဘောင်းဘီချွတ်တွေဦးဆောင်မှုကို ဖယ်ရှားဖို့ လိုအပ်နေခြင်းသည်သာလျှင်တကယ့် လိုအပ်နေတဲ့ အဖြေဖြစ်တယ်။ ဒါသည်သာလျှင် လက်တွေ့ ကျကျ အစစ်အမှန် လိုအပ်ချက် ဖြစ်တယ်။
- ပြောင်ကြီးအစိုးရ နဲ့ အာဏာရ ကြံ့ဖွတ် အုပ်စုဟာ ပြည်သူ့ ယုံကြည်မှုကို အမှန်တကယ်ရတဲ့အစိုးရဟုတ်ရဲ့ လား။ စိန်ခေါ်ရင် ဘွာမခတ်ရဲတဲ့ ယောကျာ်းစင်စစ်ဖြစ်တယ်ဆိုရင် လက်ရှိစာအုပ်စိမ်းကြီးရယ်၊ ပြောင်ကြီးအစိုးရရယ်၊ ကြံ့ဖွံ့ အုပ်စုတို့ ကို ပြည်သူ့ ဆန္ဒခံယူပွဲလုပ်ပြီး ဆုံးဖြတ်ကြည့်စေချင်တယ်။ ဒီလို မဟန်မယ်မှန်းသိလို့  ၂၀၁၅ အတွက် PR ခြေလှမ်းကို စလှမ်းတယ်ဆိုတာကိုလည်း ပြည်သူက သိတယ်။ ကြိုတင်မဲတန်ခိုးနဲ့ ဖြစ်လာတဲ့ မူလလက်ဟောင်းအစိုးရသစ် ဘောင်းဘီဝတ်၊ ဘောင်းဘီချွတ်တွေကို ဘယ်တုန်းကမှ မယုံတဲ့ ပြည်သူက သိနေတယ်။ PR သည်ကောင်းပင်ကောင်းလင့်ကစား ပြည်သူက မယုံရင် ဘာကြီးပဲလုပ်လုပ် တရားနည်းလမ်းကျတဲ့ လုပ်ရပ်မဖြစ်တော့ဘူး။ ဒါကို အတင်းအဓမ္မ လုပ်ဆောင်တာ ပြည်သူ့ အာဏာကို အလွဲသုံးစားပြုခြင်း ပဲ။ အာဏာခြစားခြင်းပဲ။
- ဒီလို အလွဲသုံးစားလုပ်တဲ့သူတွေ ခေါင်းဆောင်နေရာ ရောက်နေတဲ့ လူ့ အဖွဲ့ အစည်းဟာ တရားမျှတမှုရှိတဲ့ လူ့ အဖွဲ့ အစည်းဘယ်လိုမှမဖြစ်နိုင်တော့ဘူး။ တရားနည်းလမ်းတကျဖြစ်တဲ့ အာဏာကို ဘယ်တုန်းကမှ တန်ဖိုးထားရကောင်းမှန်းမသိတဲ့ အုပ်စု အထူးသဖြင့် ဘောင်းဘီဝတ်၊ ဘောင်းဘီချွတ် အုပ်စုဟာ လက်နက်အားကိုးနဲ့  အာဏာပိုင်ဖြစ်လာတဲ့အခါ အစိုးရနဲ့ အတိုက်အခံ၊ အစိုးရနဲ့ လက်နက်ကိုင်၊ အစိုးရနဲ့ ပြည်သူကြား စတာတွေမှာ ယုံကြည်မှုဟာ အဖတ်ဆယ်မရအောင်ပျောက်ဆုံးသွားတော့တာပဲ။ ဒီလိုအခြေအနေမှာ လူမှုအရင်းဆိုတာ ငရဲမီးပုံပေါ်က နှင်းစက် ဘ၀ရောက်တော့တာပေါ့။ ပဋိပက္ခ မျိုးစုံ (လက်နက်ကိုင်တိုက်ပွဲတွေ၊ ဆန္ဒပြမှုတွေ၊ မြေသိမ်းယာသိမ်းတွေ၊ စသဖြင့်) ဟာ ဒီလို တရားနည်းလမ်းတကျမဟုတ်တဲ့ အာဏာကို ဆုပ်ကိုင်ထားခြင်းမှာ အခြေတည်တယ်ဆိုတာကို ဒီငမိုက်သားတွေ ကြောင်တောင်ကန်းနေတာဟာ မြန်မာပြည်အတွက် ကံဆိုးမိုးမှောင်ကျတာပဲ။
- ကျန်းမာသန်စွမ်းတဲ့ အောင်မြင်တဲ့ လူ့ အဖွဲ့ အစည်းတွေမှာ ဆိုခဲ့တဲ့လူမှု သဘော သုံးခု မှန်မှန်ကန်ကန်အလုပ်လုပ်နိုင်တယ်။ မြန်မာပြည်လို မိုးကျရွှေကိုယ်နဲ့ စစ်ပဒေသရာဇ်အနွယ်တွေ ကြီးစိုးတဲ့ တိုင်းပြည်မှာ ကင်ဆာဆဲလ်တွေ ပဲ ပျံ နှံ့ နိုင်တော့တယ်။ ယုံကြည်မှု ရှိမှ တရားနည်းလမ်းတကျဖြစ်တဲ့အာဏာကို ရနိုင်တယ်။ တရားနည်းလမ်းကျဖြစ်လာတဲ့အာဏာပိုင်မှလည်း လူ့ အဖွဲ့ အစည်းတွင်းက လူမှုအရင်းကို ကြီးပွားတိုးတက်အောင်လုပ်နိုင်တယ်။ လူမှုအရင်းကြီးပွားမှလည်း ကျန်းမာသန်စွမ်းတဲ့ အောင်မြင်တဲ့ ငြိမ်းချမ်းတဲ့တိုင်းပြည်ကို တည်ဆောက်နိုင်တယ်။ လူမှု အရင်း ဟာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အရာအားလုံးရဲ့ မရှိမဖြစ်တဲ့ ကနဦးလိုအပ်ချက်ဖြစ်လေတော့ ဒါကို မတည်ဆောက်နိုင်တဲ့ အစိုးရဟာ ပဋိပက္ခမျိုးစုံနဲ့ ကျရှုံးတိုင်းပြည် ကိုဖန်တီးထုတ်လုပ်တော့တာပဲ။
- ဆိုတော့ ကနေ့ မြန်မာ့နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှု ရဲ့ အကြီးမားဆုံး အဟန့် အတားဟာ ဘောင်းဘီဝတ် ဘောင်းဘီချွတ်တွေ၊ မိုးကျရွှေကိုယ်တွေနဲ့ ပြောင်ကြီးအစိုးရကိုယ်တိုင်ပဲဖြစ်တယ်။ ဒီ သန္ဒေဆိုး ဗွေဆိုးကို လက်မခံ မတိုက်ဖျက် မပယ်ဖြတ်ပဲနဲ့ ဖြင့် လုပ်သမျှဟာ ဂျာအေးသူ့ အမေရိုက် ရွှေပြည်တော်မျှော်တိုင်းဝေး။ ပစ်တိုင်းထောင်အရုပ် ကြိုးရှုပ် မိုးချု ပ်ယုံမျှ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...