Wednesday, October 22, 2014

သစ်ထူးလွင် သတင်းစုစည်းမှု (၂၂-၁၀)

သစ်ထူးလွင်


Posted: 22 Oct 2014 05:19 AM PDT
ပဲခူးမြို့၊ အင်းတကော်နယ်မြေ ရဲစခန်း အပိုင်တွင်(၂၁.၁၀.၂၀၁၄)နေ့ ည(၈း၀၀ အချိန်ခန့်က လူသတ်မှု တစ်ခု ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ သာယာကုန်း ကျေးရွာအုပ်စု ပျဉ်းကတိုးကုန်း ကျေးရွာနေ စန်းဝင်းအောင်(၃၀)နှစ်သည် အတူနေဇနီးဖြစ်သူ မတင်မာခိုင်(၂၈)နှစ်ထံမှ အရက်သောက်ရန် ငွေတောင်းရာ မတင်မာခိုင်မှ မပေး၍ တစ်ယောက်တစ်ခွန်း စကားများကြပြီး စန်းဝင်းအောင်မှ အရှည်(၆)လက်မရှိ အ၀တ်ညှပ်သည့် ကတ်ကြေးဖြင့် ထိုးလိုက်ရာ
Posted: 22 Oct 2014 05:14 AM PDT
မြစ်ကြီးနား အောက်တိုဘာ ၂၁ မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက် နယ်မြေ (၁၃) တွင် ယခုလ ၁၆ ရက် နံနက် ၁ဝ နာရီက လူတစ်ဦး ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွားခဲ့ သည်။ ဖြစ်စဉ်မှာ နယ်မြေရဲစခန်း၌ ဒုရဲအုပ်စောမျိုးလင်းတာဝန်မှူး တာဝန်ထမ်းဆောင်နေစဉ်လူတစ်ဦး အိမ်ထဲတွင် ကြိုးဆွဲချသေဆုံးနေ ကြောင်းသတင်းအရ နယ်မြေရဲ စခန်းမှူး ရဲအုပ်အေးကျော်ဦးစီးအဖွဲ့ နှင့်ရမ်ပူရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်း၊ နယ်မြေမှူးနှင့်အတူ
Posted: 22 Oct 2014 04:54 AM PDT
ရန်ကုန်မြို့၊ လှိုင်သာယာစက်မှုဇုန် (၂ )၊ ဆရာစံလမ်းမှာရှိတဲ့ ဧရာဝတီ ဆန်နီအထည်ချုပ် စက်ရုံက အလုပ်သမား ၈ဝဝ နီးပါးဟာ မနေ့ကစပြီး စက်ရုံရှေ့မှာ ဆန္ဒပြနေကြပါတယ်။ ဆန္ဒပြ အလုပ်သမား တွေဟာ အကြောင်းမဲ့ အလုပ်မထုတ်ဖို့၊ ချုပ်လုပ်တဲ့ အထည်အရေ အတွက်ပေါ် မူတည်ပြီးပေးတဲ့ ချုပ်ခကို အပြည့်အဝရရှိဖို့နဲ့ အချိန်ပိုအဓမ္မ အလုပ်မဆင်းခိုင်းဖို့ စတဲ့ အချက်တွေကို တောင်းဆို နေကြပါတယ်။ ဒီစက်ရုံမှာရှိတဲ့ အလုပ်သမားတွေဟာ တစ်ရက်လုပ်ခ
Posted: 22 Oct 2014 04:22 AM PDT
ထိုင်းနိုင်ငံ လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရတဲ့ မြန်မာလူငယ် ၂ ဦးဟာ တရားခံ မမြောက်သေးတဲ့အတွက် သူတို့ခြေထောက်မှာ ချည်နှောင်ထားတဲ့ သံခြေချင်းကို ဖြုတ်ပေးဖို့ လူ့အခွင့်အရေး အဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။ ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ ၂ ဦးဟာ လူသတ်မှု ကျူးလွန်ကြောင်း တရားရုံးရဲ့ စီရင်ချက် မထွက်မချင်း သူတို့ ၂ ဦးဟာ
Posted: 22 Oct 2014 04:05 AM PDT
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်နေ့က မကွေးမြို့နယ် ကမ်းရင်ကျေးရွာက ရေကြီးနစ်မြုပ်သွားတဲ့ တောင်သူတွေ သီးနှံစိုက်ခင်းတွေ ပျက်စီးခဲ့ပြီး စားဝတ်နေရေး အခက်အခဲကြုံတွေ့နေရတယ်လို့ ရွာသားတွေက ပြောပါတယ်။ ရေကြီးပြီး သဲဖုံးလွှမ်းသွားတဲ့အတွက် ယာနဲ့ ကိုင်းစိုက်ခင်းတွေပေါ်က ရိတ်သိမ်းခါနီးဆဲဆဲ ပဲနောက်နဲ့ ပဲစင်းငုံတွေ ပျက်စီးခဲ့ရသလို နွားစာအတွက် စိုက်ပျိုးထားတဲ့ နှံစားပြောင်းပင်တွေလည်း ပျက်စီးသွားခဲ့ရတာပါ။
Posted: 21 Oct 2014 10:45 PM PDT
လန်ဒန် အောက်တိုဘာ ၂၁ ရန်ပုံငွေရှာသည့် အဖွဲ့အစည်း တစ်ခုမှ ပရဟိတ ဝန်ထမ်းများ ဖန်တီးထားသည့် အသက်(၁ဝ)နှစ်အရွယ် လူသားအစစ် မဟုတ်သည့် မိန်းကလေး အတုနှင့် အင်တာနက်တွင် Webcan မှတစ်ဆင့် တိတ်တခိုး လိင်ဆက်ဆံရန်ကြိုးစား ခဲ့သူများစွာထဲမှ သြစတြေးလျနိုင်ငံ သားတစ်ဦး ပထမဆုံး အကြိမ်အဖြစ် အရေးယူခံထားရကြောင်း ဘီဘီစီ သတင်းဌာနက ယနေ့ဖော်ပြသည်။ အဆိုပါ မိန်းကလေး အတု၏ အမည် မှာ ဆွီတီဖြစ်ပြီး ပရဟိတဝန်ထမ်းများ ၏ေ
Posted: 21 Oct 2014 10:35 PM PDT
AFP၊ အောက်တိုဘာ ၂၂ အမေရိကန် ပြည်ထောင်စုမှ ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ်(၃)ဦးသည် ဆီးရီးယားရှိ အစ္စလာမ်မစ်နိုင်ငံ ထူထောင်ရန်ကြိုးစားနေသည့် စစ်သွေးကြွ အဖွဲ့များထံ ဆက်သွယ်ရန် ကြိုးစားခဲ့သည့် သံသယဖြစ်ဖွယ်ရာများ တွေ့ရှိ ရကြောင်း၊ အဆိုပါမိန်းကလေးငယ်များသည် မိဘများ၏ ပိုက်ဆံကို ခိုးယူပြီး ဂျာမနီကို သွားရောက်ရန် ကြိုးစားခဲ့ခြင်း ဖြစ်နိုင်ကြောင်း တာဝန်ရှိသူများက ထုတ်ဖော် ပြောဆိုလိုက်သည်။ အဆိုပါ
Posted: 21 Oct 2014 10:29 PM PDT
မြန်မာရေပိုင်နက်အတွင်း တရားမ၀င် ငါးဖမ်းခွင့်ရရန် အတွက် လစဉ်ကြေး ပေးသွင်းရန် ပျက်ကွက်သော ဘင်္ဂလာဒေခ်ျ့ ငါးဖမ်းသမား (၆) ဦးကို မြန်မာနယ်ခြား စောင့်တပ်မှ ဖမ်းဆီးပြီး တစ်ရက်အကြာတွင် ပြန်လည် လွတ်ပေးလိုက်သည်ဟု ကော့စ်ဘဇားခရိုင်ထုတ် ဘင်္ဂလီ သတင်းစာ အများအပြားတွင် ရေးသား ဖေါ်ပြသည်။ လွတ်မြောက်လာသူ ငါးဖမ်းသမားများမှာ တက်ကနက်မြို့နယ် ဇာလီယာပါရာမှ နရူလ်အာလာမ် (၄၀)နှစ်၊ မူဇီလ် (၃၅)နှစ်၊ ကာလိုင်ယာ (၃၀) နှစ်၊
Posted: 21 Oct 2014 10:16 PM PDT
သဘာဝဘေး အန္တရာယ်ကြောင့် သီးနှံတွေ ပျက်စီးဆုံးရှုံးရင် တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေက မျိုးစပါးနဲ့ စိုက်ပျိုး စားရိတ်ကို နိုင်ငံတော် သမ္မတရဲ့သီးသန့်ရန်ပုံငွေကနေ ထောက်ပံ့နိုင်ကြောင်း လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်း ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးခင်ဇော်က ပြည်သူ့ လွှတ်တော်မှာ မနေ့က ပြောဆိုခဲ့ပါတယ်။ နွေစပါး စိုက်ပျိုး စရိတ်ချေးငွေဟောင်း အကြေပေးသွင်းပြီးမှ မိုးစပါး စိုက်ပျိုး စရိတ်ချေးငွေ အသစ်
Posted: 21 Oct 2014 10:07 PM PDT
ဒမတ်စကတ် ၊ ၂၂-၁၀-၂၀၁၄ ISIS စစ်သွေးကြွ များသည် ဆီးရီးယားနိုင်ငံ အရှေ့ပိုင်းရှိ ဒီယားအယ်လ်ဇောမြို့ ကို အစိုးရတပ်များ လက်မှ ယမန်နေ့တွင် သိမ်းပိုက်နိုင် ခဲ့ကြောင်း ဆီးရီးယား လူ့အခွင့်အရေး ဆိုင်ရာ စောင့်ကြည့် လေ့လာရေး အဖွဲ့ကြီးက ပြောကြား ခဲ့သည်။ ISIS စစ်သွေးကြွ များသည် နိုင်ငံအတွင်း တိုက်ခိုက်မှု များကို နှစ်လခန့် အကြာ ပြုလုပ် နေခဲ့သော်လည်း ပထမဆုံး အကြိမ် အဖြစ် အဆိုပါမြို့ကို သိမ်းပိုက် နို
Posted: 21 Oct 2014 10:04 PM PDT
နီယာမီ ၊ ၂၂-၁၀-၂၀၁၄ အမေရိကန် မောင်းသူမဲ့ လေယာဉ် တစ်စင်းသည် နိုင်ဂျီးရီးယား နိုင်ငံရှိ အဓိက လေဆိပ်တစ်ခု ၌ အောက်တိုဘာ ၂ဝ ရက်က ဆင်းသက်ရန် ကြိုးပမ်းစဉ် ပျက်ကျ ခဲ့ကြောင်း နှင့် ယင်း မတော်တဆမှု ကြောင့် ၄င်းလေဆိပ်ရှိ လေယာဉ် ပြေးလမ်းကို နာရီ ပေါင်းများ စွာကြာ ပိတ်ပစ် ခဲ့ရကြောင်း အမေရိကန် စစ်တပ်က ထုတ်ပြန် ခဲ့သည်။ MQ-9 Reaper အမျိုးအစား အဆိုပါ မောင်းသူမဲ့ လေယာဉ် သည် နီယာမီမြို့ရှိ Diori Hamoni နိုင်ငံတကာ
Posted: 21 Oct 2014 09:55 PM PDT
ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ မှုခင်း ကျဆင်းရေးနှင့် ပြည်သူ့ ဘဝလုံခြုံရေး စီမံချက်အား အရှိန်မြှင့် ဆောင်ရွက်လျက်ရှိစဉ် လုယက်မှုမှ ပြစ်မှု ကျူးလွန်သူ များအား ဖမ်းဆီးရမိ စစ်ဆေးရာမှ လှိုင်သာယာမြို့နယ်အတွင်း လုယက်ခဲ့ မှု(၁၄)မှု ထပ်မံပေါ်ပေါက် ရန်ကုန်၊ အောက်တိုဘာ ၂၀ ၂၃.၉.၂၀၁၄ရက်နေ့ ၂၀၅၀ အချိန်ခန့်တွင် လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်(၁)၊ ဦးရွှေဘင်လမ်းသွယ်၌ အောင်ကိုချစ်နှင့် မမိုးသန္တာတို့(၂)ဦးအား လှိုင်သာယာ
Posted: 21 Oct 2014 09:42 PM PDT
လိပ်ကျွန်းက ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့ ကိစ္စမှာ စွပ်စွဲ ဖမ်းဆီးခံ ထားရတဲ့ မြန်မာလူငယ် ၂ ဦးက  သူတို့အနေနဲ့ လူသတ်မှုမှာ ပါဝင် ပတ်သက်ခြင်း မရှိဘဲ ထိုင်းရဲက နှိပ်စက်ပြီး အတင်း ၀န်ခံ ခိုင်းတာ ဖြစ်ကြောင်း လူ့အခွင့်အရေး ဆိုင်ရာ ထိုင်းရှေ့နေများ ကောင်စီ အဖွဲ့ဝင်ကို ပြောကြား ခဲ့တယ်လို့ ထိုင်းရုပ်သံ ချန်နယ် ၃ မှာ သတင်း ဖော်ပြ သွားပါတယ်။ လူ့အခွင့်အရေး ဆိုင်ရာ ထိုင်းရှေ့နေကောင်စီအဖွဲ့ဟာ အောက်တိုဘာ ၂၁
Posted: 21 Oct 2014 07:53 PM PDT
မြန်မာ ဗွီဒွီယို ဇာတ်ကားတွေကို ဆင်ဆာ အဖွဲ့က ပြန်လည် စိစစ်ရတာက မြန်မာ့ ရိုးရာ ယဉ်ကျေးမှု ဓလေ့နဲ့ မကိုက်ညီတဲ့ ဇာတ်ကားတွေ များလာတာကြောင့် ထိန်းကြောင်း ပေးတဲ့ သဘောသာ ဖြစ်တဲ့ အကြောင်း ဆင်ဆာဘုတ် အဖွဲ့ဝင်တဦးက ပြောဆိုလိုက်ပါတယ်။ မြန်မာ့ရုပ်ရှင်နဲ့ ဗွီဒီယိုဇာတ်ကားတွေကို လာမယ့် ဒီဇင်ဘာလ ၁ ရက်ကစပြီး ဆင်ဆာအဖွဲ့ထံ တင်ပြပြီးမှ ထုတ်လုပ်ခွင့် ရရှိတော့မှာ ဖြစ်ပါတယ်။ ဆင်ဆာအဖွဲ့က အခုလိုပြန်လည် စိစစ်ရတာဟာြ
Posted: 21 Oct 2014 07:53 PM PDT
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အနောက်တောင် ဘက်ခြမ်း ဘန်းဘော အရပ်မှာ ရှိတဲ့ ထိုင်းကုမ္ပဏီတခုက သူတို့ဆီမှာ အစုရှယ်ယာ ဝင်ရင် ၄ လအတွင်း အမြတ် ၄ ဆ ရမယ် ဆိုပြီး မက်လုံးပေး ခဲ့တာကို ယုံခဲ့မိတဲ့ မြန်မာ အလုပ်သမားတွေ ဘတ်ငွေ သန်း ၃၀ လောက် အလိမ်ခံလိုက်ရပါတယ်။ သူတို့ ကုမ္ပဏီမှာ အစုရှယ်ရာ တစ်စုကို ဘတ် ၁ သောင်းနှုန်းနဲ့ အစုဝင်ရင် ၄ လ အကြာမှာ ဘတ် ၄ သောင်းခွဲရမယ်၊ တခြား အခွင့်အရေးတွေလည်း ရမယ်လို့ ပြောတဲ့အတွက်
Posted: 21 Oct 2014 07:53 PM PDT
ထိုင်းနိုင်ငံ ​ကော့တောင်ကျွန်းကို ​လာရောက် လည်ပတ်တဲ့ ​ဗြိတိန်နှစ်ဦးကို ​သတ်ပစ်ကြောင်း ​မြန်မာနှစ်ဦးက ​ဝန်ခံခဲ့ပေမယ့် ​အဲဒီ ​ဝန်ခံချက်ကို ​ပြန်လည် ​ရုပ်သိမ်း လိုက်ပြီ ​ဖြစ်ပါတယ်။ မြန်မာနှစ်ဦးအတွက် ​ရှေ့နေလိုက်ပေးတဲ့ ​ထိုင်း ​ရှေ့ ​နေ ​တွေက ​ပြောလိုက်တာ ​ဖြစ်ပါတယ်။ ထိုင်းရဲတွေကတော့ ​မြန်မာနှစ်ဦးက ​ဗြိတိန်နှစ်ဦးကို ​သတ်ပစ်ကြောင်း ​ဝန်ခံထားတယ်လို့ ​ပြောဆိုခဲ့သလို ​သူတို့မှာ ​DNA ​သက်သေ 
Posted: 21 Oct 2014 07:53 PM PDT
ဗြိတိန်နိုင်ငံသား ၂ ဦးကို သတ်မှုနဲ့ ထိုင်း နိုင်ငံ ကော်စမွီကျွန်း ထောင်မှာ စွပ်စွဲ ချုပ်နှောင် ခံထားရတဲ့ ဝင်းဇော်ထွန်းနဲ့ ဇော်လင်း တို့က သူတို့ အနေနဲ့ ပြစ်မှု မကျူးလွန် ခဲ့ဘူး ဆိုပြီး နှစ်ဦးလုံးက ပြောလိုက် ပါတယ်။ ထိုင်း ရှေ့နေများကောင်စီ နဲ့ မြန်မာသံရုံးက တာဝန် ပေးထားတဲ့ ထိုင်းရှေ့နေ ၃ ဦးဟာ အောက်တိုဘာ ၂၁ ရက် အင်္ဂ࿿ါနေ့ က သူတို့ ၂ ဦးနဲ့ ၆ နာရီကြာ သွားရောက် တွေ့ဆုံခဲ့စဉ် အတွင်း အခုလို ပြောခဲ့တာြ
Posted: 21 Oct 2014 07:52 PM PDT
ဆီးရီးယား နယ်စပ်မြို့ဖြစ်တဲ့ Kobani ကို ခုခံ တိုက်ခိုက်နေတဲ့ Kurdish တိုက်ခိုက်ရေး သမားတွေ အတွက် ရည်ရွယ်ပြီး အမေရိကန်က လေကြောင်းကနေ ချပေးလိုက်တဲ့ လက်နက်တွေနဲ့ ခဲယမ်းမီးကျောက်တွေဟာ IS အစ္စလာမ်မစ် စစ်သွေးကြွတွေရဲ့ လက်ထဲကို ရောက်သွားခဲ့ကြောင်း ဆီးရီးယား တက်ကြွလှုပ်ရှား သူတွေက ပြောပါတယ်။ တနင်္ဂနွေနေ့ညတုန်းက အမေရိကန်လေတပ်က လေထီးနဲ့ ချပေးလိုက်တဲ့ လက်နက်တွေကို စစ်သွေးကြွတွေက ရရှိသွားတယ်လို့
Posted: 21 Oct 2014 07:52 PM PDT
ဟောင်ကောင်က ​ဆန္ဒပြခေါင်းဆောင်တွေနဲ့ ​အစိုးရ ​ကိုယ်စားလှယ်တွေ ​တွေ့ဆုံဆွေးနွေးမှု ​လုပ်ခဲ့ပေမယ့် ​ထူးခြားတဲ့ ​ရလဒ်တွေ ​မရခဲ့ပါဘူး။ ဆန္ဒပြသူတွေဟာ ​လမ်းတွေကို ​ပိတ်ဆို့ပြီး ​သုံးပတ်ကြာ ​ဆက်တိုက်ဆန္ဒပြပြီးနောက် ​အစိုးရ ​ကိုယ်စားလှယ်နဲ့ ​တွေ့ဆုံခဲ့တာပါ။ ဆန္ဒပြခေါင်းဆောင်တွေနဲ့ ​အစိုးရကိုယ်စားလှယ်တွေရဲ့ ​ဆွေးနွေးမှုကို ​ဆန္ဒပြသူတွေက ​ရုပ်မြင်သံကြား ​ဖန်သားပြင် ​အကြီးကြီးမှာ ​နှစ်နာရီကြာ ​ကြည့်ရှု 
Posted: 21 Oct 2014 07:52 PM PDT
Ebola ရောဂါကို ကုသဖို့အတွက် စမ်းသပ် ဆေးဝါး တမျိုးကို လာမယ့် ဇန်န၀ါရီလမှာ အသုံးပြုနိုင်လိမ့် မယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးဖြစ်တဲ့ WHO က ပြောဆို လိုက်ပါတယ်။ Ebola ဆေးဝါးကို လက်တွေ့ သုတေသန စမ်းသပ်မှုတွေ ပြုလုပ်နေသလို ဥရောပ၊ အမေရိကန် ပြည်ထောင်စုနဲ့ အာဖရိက စတဲ့ အရပ်တွေမှာ စမ်းသပ်ကုသမှုတွေလုပ်ဖို့ ပြင်ဆင်နေကြောင်း WHO လက်ထောက်ညွှန်ကြားရေးမှူး Dr. Marie Paule Kieny က အင်္ဂါနေ့မှာ ပြောဆိုလိုက်ပါတယ်။
Posted: 21 Oct 2014 07:51 PM PDT
ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က ​အီဘိုလာ ​ရောဂါ ​ကာကွယ်ဆေး ​နှစ်မျိုးကို ​စတင်စမ်းသပ် ​နေပြီလို့ ​ပြောပါတယ်။ Chimpanzee ​ကနေ ​ရထားတဲ့ ​ကာကွယ်ဆေးကို ​အမေရိကန်၊ ​ဗြိတိန်နဲ့ ​မာလီနိုင်ငံမှာ ​အနည်းငယ် ​စမ်းသပ်မှုလုပ်ပြီးနောက် ​ဒီလကုန်လောက်ကျရင် ​ဆွစ်ဇာလန်နိုင်ငံမှာ ​စမ်းသပ်မှု ​လုပ်မှာ ​ဖြစ်ပါတယ်။ VSV ​လို့ခေါ်တဲ့ ​ကာကွယ်ဆေး ​နောက်တစ်မျိုးကိုလည်း ​အမေရိကန်မှာ ​စမ်းသပ်မှုတွေ ​စတင်ပြုလုပ်နေပြီလို့ ​ပြောပါတယ်။
Posted: 21 Oct 2014 05:43 PM PDT
မြောက်ကိုရီးယား အစိုးရဟာ သူတို့ ဖမ်းဆီး ထိန်းသိမ်း ထားတဲ့ အမေရိကန် နိုင်ငံသား ၃ ဦးထဲက တဦးဖြစ်တဲ့ Jeffrey Fowle ကို ရုတ်တရက် ပြန်လွှတ် ပေးလိုက်ပါတယ်။ ဒါပေမဲ့ ကျန်တဲ့ ၂ ဦးကိုတော့ ဆက်ပြီး ထိန်းသိမ်း ထားဆဲ ဖြစ်ပါတယ်။ Mr. Fowle ဟာ မြောက်ကိုရီးယားကနေ ထွက်လာပြီး အမေရိကန် ပြည်ထောင်စု ကို ပြန်လာနေပြီလို့ အမေရိကန် အရာရှိတွေက အင်္ဂါနေ့မှာ ကြေညာသွားပါတယ်။ မြောက်ကိုရီးယားနိုင်ငံကို အလည်အပတ် ပြည်ဝင်ခွင့်နဲ့
Posted: 21 Oct 2014 03:40 PM PDT
အောက်တိုဘာ ၂၁ ရက် ၂၀၁၄ သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် တာ့ဖါဆောင်တပ်စခန်းအား သျှမ်းပြည်တပ်မတော်မှ တပ်ဆုတ် လိုက်သည့် နောက်ပိုင်း အစိုးရတပ်များလည်း တပ်ဆုတ်မည်ဟု လားရှိုးတွေ့ဆုံပွဲတွင် ရလခ တိုင်းမှူး ကတိပေး သော်လည်း တပ်များ မဆုတ်သေးဘဲ အင်အား ထပ်ဖြည့်နေသည်ဟု ဆိုသည်။ အောက်တိုဘာ ၂၀ ရက်နေ့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ရပခ တောင်ကြီး လက်အောက်ခံတပ်ရင်း များက အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှတဆင့်
Posted: 21 Oct 2014 03:26 PM PDT
အောက်တိုဘာ ၂၁ရက်၊၂၀၁၄ခုနှစ်။ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်၊ ကမမောင်းမြို့နယ်ခွဲအတွင်း အောက်တိုဘာလ ၁၉ရက်နေ့က နယ်ခြားစောင့်တပ် BGF (၁၀၁၄)တပ်ရင်း စီးနင်းလာသော ကားတစ်စီးသည် မဲသနခီးရွာနှင့် ပေပင်ဆိပ်ကျေးရွာအကြားတွင် အမည်မသိ လက်နက် ကိုင်အဖွဲ့ ပစ်ခတ်ခံရပြီး BGF ဗိုလ်ကြီး ၁ဦး ဒဏ်ရာရရှိပြီး တပ်သား ၁ဦး သေဆုံးသွားခဲ့သည်ဟု သိရသည်။ ၎င်းအမည်မသိ လက်နက်ကိုင်အဖွဲ့သည် BGF (၁၀၁၄)တပ်ရင်းမှ ဗိုလ်ကြီးတင်ဝင်း
Posted: 21 Oct 2014 03:23 PM PDT
ပြီးခဲ့တဲ့ ဇူလိုင်လက မန္တလေး မြို့မှာ ဖြစ်ခဲ့တဲ့ ဘာသာရေး ဆန်တဲ့ ပဋိပက္ခအတွင်း အစ္စလာမ် သင်္ချိုင်းကို ဖျက်ဆီးတယ်ဆိုပြီး တရားစွဲခံထားရတဲ့ လူငယ်၁၅ ယောက်ကို အစ္စလာမ် သင်္ချိုင်း အုပ်ချုပ်မှု ကော်မတီက ခွင့်လွှတ်ကြောင်း ပြောပါတယ်။ ဘာသာပေါင်းစုံ ပါဝင်တဲ့ မန္တလေးမြို့ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး ကော်မတီက အစ္စလာမ် သင်္ချိုင်းအုပ်ချုပ်မှု ကော်မတီကို စာနဲ့ရေးသားပြီး မေတ္တာ ရပ်ခံခဲ့လို့ သူတို့ ဘက်ကလည်း နားလည်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...