Monday, October 20, 2014

#‎ဟာသလေးတစ်ပုဒ်ပါ‬


တစ်ခါက ကူးတို့ဆိပ်တစ်ခုတွင် လှေထွက်ရန် အသင့် ရှိနေသည်။ လှေပေါ်တွင်လည်း တစ်ဖက်ကမ်းသို့ လိုက်ကြမည့်သူ အပြည့်ဖြစ်လေသည်။ လှေသမား လူငယ်ကလေးသည် သူ့လှေ လူပြည့်နေပြီမို့ လှော်တက်နှစ်ချောင်းကိုကိုင်၍ ခတ်သည်။
တဖြည်းဖြည်း ကမ်းကခွာသည်။

ထိုစဉ် ၀၀ဖိုင့်ဖိုင့် အမျိုးသမီးကြီးတစ်ယောက်သည် သုတ်သီးသုတ်ပျာဆင်းလာသည်။ ခါးတွင်လည်း ခါးစောင်းတင်ထားသည့် ခံတောင်းကြီးတစ်လုံးပါလေသည်။ ဈေးသည်နှင့်တူသည်
အမျိုးသမီးကြီးက…..
“ဟဲ့……. ဟဲ့….. မောင်ဟိုဒင်း။ ခဏ..ခဏ ။ငါလိုက်ခဲ့မလို့ပါ ’’
လှေသမားကလည်း..
“ဟာ၊ မရတော့ဘူး၊ ဒေါ်ကြီး။ ကျွန်တော့်လှေ လူပြည့်နေပြီ’’


“ မလုပ်ပါနဲ့ ကောင်လေးရ။ ငါ့ ငါးတွေ ဟိုဖက်ကမ်းမှာ ပေးဖို့မှာထားလို့ပါ။ လုပ်ပါ။ ငါတစ်ယောက်တည်း လိုက်မှာပါ’’
တရရ ခေါ်နေသဖြင့် လှေသမားလူငယ်ကလေးမှာ သနား၍ ကမ်းကပ်ပေးလိုက်သည်။ အမျိုးသမီးကြီးမှာ လူတွေကြားထဲ
တိုးဝင်ကာ ထိုင်လိုက်သည်။ သို့နှင့်လှေထွက်လာရာ မြစ်လယ်သို့ပင် ရောက်လာသည်။
ထိုစဉ် လှေပေါ်ပါလာသည့် လူတစ်ဦးမှာ လေလည်သွားတော့သည်။ လေလည်သည်မှာ ကျယ်ကျယ်လောင်လောင်မဟုတ်
သဖြင့် မည်သူ့ကို အတက်ဆွဲရမှန်း မသိအောင်ဖြစ်သည်။
နောက်ဆုံး ရောက်လာသော အမျိုးသမီးကြီးမှာ ခပ်စွာစွာ ဖြစ်သည်။ မျက်နှာ ရှုံ့မဲ့ရင်း…….
“ ဟင်း၊ ….မသေခင် ကတည်းက ပုပ်ပွနေတာပဲ။ လူကြားထဲ လေလည်သတဲ့ နံလိုက်တာ…..” ဟု ကျိန်ဆဲလေသည်။
ထိုကဲ့သို့ ကျိန်ဆဲလိုက်သောအခါ ရှေ့တည့်တည့်တွင် မျက်နှာချင်းဆိုင်ထိုင်နေသည့် အဘိုးကြီးက….
“ အမယ်။ ခင်ဗျားက ကျုပ်ကလို စွပ်စွဲတာလား”
“ ရှင့်ကို စွပ်စွဲရအောင် ရှင်ပေါက်လို့လား၊ ပေါက်ရင်နာ၊ မပေါက်ရင်မနာနဲ့”
“ ခင်ဗျားက ကျုပ်မျက်နှာကို စေ့စေ့ကြည့်ပြောနေလို့ မေးတာ”
“ မျက်နှာ မကြည့်လို့ ကျွန်မက ဘယ်သူ့မျက်နှာကြည့်ရမှာလည်း”
“ ခင်ဗျား….။တော်တော် မိုက်ရိုင်းတယ်”
“ ဘာပြောတယ်၊ ကျွန်မကို ဘယ်လိုကောင်မအောက်မေ့နေလို့လည်း။ မိတုတ်ကို ဒီလိုသွေားမစမ်းနဲ့။ အကြောင်း သိသွား
စေမယ်”
“အောင်မာ………။ ကျုပ်ကိုလည်း ဘယ်လိုကောင်မှတ်သလဲ”
တစ်ယောက်တစ်ခွန်း စကားများရာမှာ ထ သတ်တော့မည့် အတိုင်း ဖြစ်လာ၏၊ လှုပ်လှုပ်ရွရွ ဖြစ်လာသဖြင့် လှေမှာ လူးနေ
သည်။ ထို့ကြောင့် လှေသမားလူငယ်မှာ မနေနိုင်တော့။ ၀င်တားသည်။
“နေကြပါ၊ နေကြပါ။ ရန်မဖြစ်ပါနဲ့။ ခင်ဗျားတို့ ရန်ဖြစ်လို့ လှေမှောက်သွားရင် အားလုံးဒုက္ခရောက်မှာ။ ဒီပြဿနာကို ကူးတို့
ဆိပ်ရောက်မှ ကျွန်တော် ရှင်းပေးပါ့မယ်”
ထိုကဲ့သို့ သတိပေးတော့မှ အားလုံးငြိမ်သွားသည်။ လှေသမားကလည်း ယခုမှလှေကိုကောင်းကောင်းမွန်မွန်လှော်နိုင်၊ ခတ်
နိုင်တော့သည်။
မကြာခင်မှာပင် လှေသည် ကူးတို့ဆိပ်သို့ ကပ်လေသည်။ ဆိပ်ကမ်းသို့ ကပ်မိပြီမို့ လှေစီးလာသူများသည် လှေပေါ်မှ အလျှို
လျှို ဆင်း၍ ကမ်းနဖူးပေါ်သို့ တက်သွားကြသည်။ သည်တော့မှ လှေသမားလူငယ်က သတိရစွာဖြင့် ကမ်းနဖူးသို့မော့ကြည့်ရင်း
“ ဗျို့…. အီးပေါက်တဲ့ ဆရာကြီး။ ခင်ဗျား ကူးတို့ခ ပေးမသွားရသေးဘူး”
ဟုအော်ပြောလိုက်ရာ ကမ်းနဖူးထိပ်သို့ ရောက်နေသည့် အဘိုးကြီးကလှည့်၍….
“ ဟေ့ ၊ ငါအရင်ဆုံးပေးတာလေကွာ”
ဟူ၏………………….။
Credit-Mr. QC

  1 comment:

  1. ပြုံးစိစိလေးဖြစ်ခဲ့ရတယ်

    ReplyDelete

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...