Friday, October 17, 2014

ဟာသစုစည်းမှု (၁၇)

..‪#‎အကြံကောင်း‬.
အရမ်းချမ်းသာတဲ့ အမျိုးသမီးတစ်ယောက် တစ်နေ့မှာ ပန်းချီဆရာ ဆီ လာပြီး သူ့ရဲ့ပုံတူကို ဆွဲခိုင်းပါတယ်။
သူ့ခင်ပွန်းအတွက် လက်ဆောင်ပေါ့။ ပန်းချီဆရာက ပန်းချီဆွဲဖို့ သူ့ကို ထိုင်ခိုင်းလိုက်ပါတယ်။ အဲဒီမှာ အမျိုးသမီးက "ဆရာရေ ...ကျွန်မကို ခုအနေအထားအတိုင်း တစ်ပုံစံတည်းတူအောင်ဆွဲပေးပါနော်။ ကျွန်မ မျက်နှာကအရေးအကြောင်းတွေရော၊ ဟော့ဒီပါးထက်က မှဲ့လေးရော၊
တစ်ခုပဲ...။ ကျွန်မရဲ့ လည်ပင်းနဲ့ လက်တွေမှာ စိန်လည် ဆွဲတွေ၊ ဘယက်တွေ၊လက်ကောက်ကြီးတွေနဲ့စိန်လက်စွပ်ကြီးတွေ များများသာ ထည့်ပေးပါနော်"လို့ ပြောပါတယ်။
ဒါနဲ့ ပန်းချီဆရာလည်း နားမလည် နိုင်အောင်ဖြစ်ပြီး ဘာကြောင်လဲလို့ မေးတော့အမျိုးသမီးပြန်ဖြေတာက "တကယ်လို့ ကျွန်မသေပြီး ကျွန်မ ယောက်ျားနောက်အိမ်ထောင်ပြုခဲ့ရင် အဲဒီမိန်းမက ဒီလက်ဝတ်ရတနာ တွေ လိုက်ရှာရင်းနဲ့ ရူးမှာလေ"တဲ့။
(ရတနာထွန်း)

"‪#‎ရိုးရိုးလုပ်‬"
တခါက...
စာရူးပေရူး မန္တလေးသားလေး တစ်ယောက် ရှိခဲ့ဖူးတယ်။
သူက ရှမ်းတရုတ်မလေးတစ်ယောက်ကို ချစ်နေတာ။
တနေ့တော့...
အဲဒီရှမ်းတရုတ်မလေးကို သူကချစ်ရေးဆိုပါလေရော....
ချစ်ရေးဆိုရာမှာ ရိုးရိုး မပြောဘဲ စာသံပေသံလေးနဲ့ ပြောတာပေါ့... ...

"အာ့မေ... နင်ဟာ င့ါဘဝရဲ့ နေရောင်ခြည် အလင်းတန်းလေးပါ၊ နင်မရှိတဲ့ င့ါဘဝဟာ တိမ်သလ္လာတွေဖုံးနေတဲ့ လမိုက်ညလို ဖြစ်နေမယ်၊ နင့်ကြောင့် င့ါနှလုံးသားထဲမှာလည်း အချစ်မိုးတွေ စွေနေပြီကွယ်"
ဒီတော့...
ရှမ်းတရုတ်မလေးက ပြန်ပြောတယ်.... ....
"ကာနီနား... နိဟာက ရီးစားစဂါးပြောတလား၊ မိုးလေဝသသတင်း ကြေငြာနေတလား ဟမ်"
"ငင်..."
တိုတိုတို့လည်းအဲဒီလိုမကျောနဲ့အဲဒီလိုကျောခံရမယ်တတိထားဟိဟိ
Credit-Yoon Yoon

#‎အမျိုးသမီးတစ်ယောက်ရဲ့ယုံကြည်ချက်‬
အမျိုးသမီးတွေယုံကြည်ထားကြတာကတော့...လက်ထပ်ခြင်းဆိုတာ
Workshop တစ်ခုလိုပဲတဲ့ဗျာ...မှန်လိုက်လေခြင်း
ယောက်ကျားဖြစ်သူကအလုပ်ပင်ပင်ပန်းပန်းလုပ်နေရတဲ့အချိန်မှာ (When he works)
ဇနီးဖြစ်သူကတော့..ရှော့ပင်းထွက်နေလေရဲ့ဗျာ..(She shops)
He works, She shops…!! 


‪#‎ဆိုက်ကိုလော်ဂျီကယ်‬..
ယောက်ကျားတစ်ယောက်နဲ့မိန်းမတစ်ယောက်ရဲ့အကြားက
ဆက်ဆံရေးဟာ တကယ့်ကို Psychological. ကျလှပါတယ်..
ဘာလို့လဲဆိုတော့...တစ်ယောက်သောသူက ‘Psycho’
ဖြစ်နေတဲ့အချိန်မှာ
အခြားတစ်ယောက်က‘Logical’..!!ဖြစ်နေလို့ပါပဲ။
(ဘယ်သူကဘယ်သူဆိုတာတော့..ခင်ဗျားတို့သေချာပေါက်သိမယ်လို့ထင်တာပဲဗျာ)
Credit-မိုင်လင်းယုန်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...