Wednesday, October 29, 2014

နော်အုန်းလှသို့ ဦညွတ်ခြင်း

နော်အုန်းလှသို့ ဦညွတ်ခြင်း
By ခိုင်မာကျော်ဇော
--------------------------
ငြိမ်းချမ်းရေးဆုရှင် နော်အုန်းလှအား ဤကဗျာဖြင့် ဦးညွတ်ဂုဏ်ပြုပါတယ်

ခမောက်တချပ်
လွယ်အိတ်တလုံးနဲ့ 
အမြဲပြုံးနေတတ်တဲ့
အုန်းလှဆိုတဲ့ ကရင်မကို
အားကျကြစမ်းပါ။

အဲ့ဒီမိန်းမဟာ
ပညာတွေ အများကြီးမတတ်ပေမယ့်
ကရင့်အရေး သူ့ အရေး
လူထုအရေး သူ့ အရေး
တိုင်းပြည်အရေး သူ့ အရေးလို့ အမြဲသတ်မှတ်
ဘ၀တခုလုံးကို ထိုးအပ်ထားတဲ့သူ။

အမှန်တရားကို ချစ်တတ်တာလည်း
စံထားလောက်တယ်။

နေ့ မအား ညမအား
ထမင်းမစား ဟင်းမစား
လူမျိုးမခြား ဘာသာမခြား
မြွေမကြောက် ကင်းမကြောက်
ထောင်မကြောက် တန်းမကြောက်
အမှန်တရားအတွက်ဆို
တယောက်ထဲလည်း လျောက်ရဲတဲ့သူ။

ကရင်တွေထဲမှာတော့
တယောက်ဆို တယောက်
ဦးညွတ်လောက်တဲ့
ရဲရဲတောက်တဲ့ အာဇာနည်မ
အဲ့ဒါ နော်အုန်းလှ။

--------------------------------
ငြိမ်းချမ်းရေးဆုရှင် နော်အုန်းလှအား ဤကဗျာဖြင့် ဦးညွတ်ဂုဏ်ပြုပါတယ်
(အောက်တိုဘာ ၂၇၊ ၂၀၁၄)

ခမောက်တချပ်
လွယ်အိတ်တလုံးနဲ့ 
အမြဲပြုံးနေတတ်တဲ့
အုန်းလှဆိုတဲ့ ကရင်မကို
အားကျကြစမ်းပါ။


အဲ့ဒီမိန်းမဟာ
ပညာတွေ အများကြီးမတတ်ပေမယ့်
ကရင့်အရေး သူ့ အရေး
လူထုအရေး သူ့ အရေး
တိုင်းပြည်အရေး သူ့ အရေးလို့ အမြဲသတ်မှတ်
ဘ၀တခုလုံးကို ထိုးအပ်ထားတဲ့သူ။

အမှန်တရားကို ချစ်တတ်တာလည်း
စံထားလောက်တယ်။
နေ့ မအား ညမအား
ထမင်းမစား ဟင်းမစား
လူမျိုးမခြား ဘာသာမခြား
မြွေမကြောက် ကင်းမကြောက်
ထောင်မကြောက် တန်းမကြောက်
အမှန်တရားအတွက်ဆို
တယောက်ထဲလည်း လျောက်ရဲတဲ့သူ။

ကရင်တွေထဲမှာတော့
တယောက်ဆို တယောက်
ဦးညွတ်လောက်တဲ့
ရဲရဲတောက်တဲ့ အာဇာနည်မ
အဲ့ဒါ နော်အုန်းလှ။

By ခိုင်မာကျော်ဇော
--------------------------------
ငြိမ်းချမ်းရေးဆုရှင် နော်အုန်းလှအား ဤကဗျာဖြင့် ဦးညွတ်ဂုဏ်ပြုပါတယ်
(အောက်တိုဘာ ၂၇၊ ၂၀၁၄)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...