Sunday, October 19, 2014

အာရှဖွံ့ဖြိုးရေးဘဏ်၏သုံးသပ်ချက်

Khin Maung Nyo  ADO 2014 Update Myanmar အာရှဖွံ့ဖြိုးရေးဘဏ်၏ သုံးသပ်ချက်


          ၂၀၁၅ခုနှစ်၊ မတ်လ(၃၁)ရက်နေ့တွင်ကုန်ဆုံးသော၂၀၁၄ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၅ဘဏ္ဍာရေးနှစ်တို့တွင် တိုးတက်မှု နှုန်းသည် (၇.၈)ရာခိုင်နှုန်းဖြစ်နိုင်သည်။ထိုတိုးတက်မှုနှုန်းကို စီးပွားရေးလုပ်ငန်းများ၏ ယုံကြည်မှုတိုးပွားလာခြင်းကြောင့် ပေါ်ပေါက်လာသောရင်းနှီးမြှပ်နှံမှု မြင့်မားလာခြင်း၊ ပို့ကုန်မြင့်မားလာခြင်း၊ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုမြင့်မားလာခြင်း၊ကမ္ဘာ့လှည့်ခရီသွားများပြားလာခြင်းနှင့် ချေးငွေတိုးတက်လာခြင်းတို့ကြောင့် ဖြစ်ထွန်းလာခြင်းဖြစ်ပြီး၎င်းတို့ကို အစိုးရ၏ ရည်မှန်းချက်ကြီးမားသော စီးပွားရေးအဆောက်အအုံပြုပြင်ပြောင်းလဲမှုများကအထောက်အကူပြုနေခြင်းဖြစ်သည်။ ၂၀၁၄ တွင် တိုင်းပြည်ဝင်ငွေ GDPတိုးတက်မှု (၇.၈)ရာခိုင်နှုန်း၊ငွေဖေါင်းပွမှုနှုန်း(၆.၆)ရာခိုင်နှုန်း၊ သာမန်စာရင်းလိုငွေသည် တိုင်း ပြည်ဝင်ငွေ၏ (၅.၁)ရာခိုင်နှုန်းရှိခဲ့ပြီး၂၀၁၅တွင်ငွေဖေါင်းပွမှုနှုန်းသည် (၆.၉)ရာခိုင်နှုန်းထိ အနည်းငယ်တက်ပြီး သာမန်စာရင်းလိုငွေသည် GDP၏ (၄.၈)ရာခိုင်နှုန်းအထိ ကျဆင်းသွားနိုင်သည်။



          ငွေဖေါင်းပွမှုနှုန်းသည်၂၀၁၄ဘဏ္ဍာရေးနှစ်၏ ပထမသုံးလပတ်တွင် (၆)ရာခိုင်နှုန်းရှိရာမှ တစ်နှစ်လုံးအနေဖြင့် (၆.၆)ရာခိုင်နှုန်းခန့်ဖြစ်ကာ၂၀၁၅ ၌အနည်းငယ်တက်လာနိုင်သည်။ထိုသို့ငွေဖေါင်းပွမှုနှုန်းဖြစ်နိုင်သည့် အကြောင်းတရားမှာ ပြည်သူပိုင်ကဏ္ဍတွင် လုပ်ခမြင့်တင်ခြင်း၊လျှပ်စစ်ဓာတ်အားခမြင့်မားခြင်းနှင့် မြို့ပြများတွင် အိမ် ယာမြေဈေးနှုန်းများမြင့်မားလာခြင်းကြောင့်ဖြစ်မည်။ယခုနှစ်တွင် ပို့ကုန်များသိသိသာသာတိုးတက်လာပြီး အဓိကအားဖြင့် ရေနံနှင့် သဘာဝဓာတ်ငွေ့တင်ပို့မှုတို့ကြောင့်ဖြစ်သည်။တစ်ဖက်တွင် သွင်းကုန်တင်သွင်းမှု မြင့်မားနေဆဲဖြစ်သည်။ အာရှဖွံ့ ဖြိုးရေးဘဏ်က ၂၀၁၄ခုနှစ်တွင်လက်ရှိGDP၏ (၅)ရာခိုင်နှုန်းဟူသော သာမန်စာရင်းလိုငွေအတိုင်းဆက်လက်ရှိနေမည်ဟု ခန့်မှန်းသည်။၂၀၁၄ခုနှစ်တွင် ကောက်ခံခဲ့သော အမျိုးသားသန်းခေါင်စာရင်း၏ ရှေ့ပြေးရလဒ်များအရ နိုင်ငံ၏လူဦးရေသည်ယခင်နှစ်က သန်း(၆၀)ခန့်ရှိမည်ဟုခန့်မှန်းခဲ့ရာမှာ ယခုအခါ၌(၅၁.၄)ရာခိုင်နှုန်းသာရှိမည်ဟုခန့်မှန်းသည်။ ထိုလူဦးရေ စာရင်းအင်းအသစ်ကို တစ်ဦးကျဝင်ငွေပြန်လည်တွက်ချက်ရာတွင် အသုံးပြုရန်လိုအပ်မည်။ စီးပွားရေးပြုပြင်ပြောင်းလဲမှု နယ်ပယ်၌အစိုးရသည်ဆက်သွယ်ရေးကဏ္ဍကိုဖြေလျော့ပေးခဲ့သကဲ့သို့ နိုင်ငံခြားဘဏ် (၉)ခုကိုလည်းဝင်ရောက်ခွင့်ပြုခဲ့ခြင်း သည် ဘဏ်လုပ်ငန်းကဏ္ဍ၏စွမ်းဆောင်ရည်ကို မြင့်မားစေသည်။ မြန်မာကကမ္ဘာ့ သယံဇာတထုတ်လုပ်မှု လုပ်ငန်း မြင်သာထင်သာလှုပ်ရှားမှု EITI၌ ဇူလိုင်လတွင်ဝင်ရောက်ရန်လက်ခံခဲ့ခြင်းသည်လည်း ရေနံသဘာဝဓာတ်ငွေ့နှင့် သတ္တု များ ထုတ်လုပ်ရေးကိုစီမံခန့်ခွဲရာ၌တာဝန်ယူမှုမြင့်မားရေးအတွက် ရှေ့တိုးလာသောခြေလှမ်းတစ်ခုဖြစ်သည်။

          ထိုအလားအလာများအတွက် အန္တရာယ်ဖြစ်နိုင်သည်မှာတိုင်းရင်းသားအုပ်စုများ၊ ဂိုဏ်းဂဏများအကြားပေါ်ပေါက် သော တင်းမာမှုများ၊ရာသီဥတုဆိုးဝါးမှုနှင့် ၂၀၁၅နောက်ပိုင်းတွင် ပြုလုပ်ရန်လျာထားသည့်အထွေထွေရွေးကောက်ပွဲကြောင့် ပြုပြင်ပြောင်းလဲမှုအရှိန်အဟုန်များလျော့ပါးသွားမည့်အလားအလာများဖြစ်သည်။


ADO 2014 Update Myanmar

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...